【Unicode】 ⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

WRITER MJ 🌸

ဂျပန်ရုံးတွေရဲ့….. သူတို့အတွေး သူတို့အမြင် တချို့

🚩လစာပေးပုံ  💶💶💶

ဂျပန်မှာက ကျောင်းပီးလို့ အလုပ်ဝင်တယ် ဆိုရင်ပဲ  ၂၃,၂၅ နှစ် ဝန်းကျင်ပါ။(တက္ကသိုလ်ကနေ ၂၂ လောက်မှ ဘွဲ့ရကြလို့ပါ)

အလုပ်စဝင်ချိန်မှာလည်း လစာအားဖြင့် ၂၀-၂၅ သောင်းကြားပေးကြပါတယ်။ပျမ်းမျှ ၂၀-၂၃ သောင်း လောက်ပါဘဲ။MJ ပြောပြတာ ပုံမှန် သာမာန်ရုံး ကုမ္ပဏီတွေကို ပြောတာပါနော်။

■ တချို့ ကုမ္ပဏီကြီးတို့ ၊ အလုပ်ပိုလုပ်ရတာတို့ ကြောင့် လစာပိုရတာ၊ များတွေလည်း ရှိပါတယ်။

■ ကုမ္ပဏီသေး ၊ ရည်ရှည်ခန့် ဖြေးဖြေးသွား ဖြေးဖြေး မှန်မှန် လုပ် သိပ်မပင်ပန်း တဲ့ အလုပ်ကြပြန်တာ့ လစာအပေးနည်းတတ်ပါတယ်။

အလုပ်စဝင်ဝင်ချင်းလစာကတော့ အားလုံးနီးပါးတူညီတတ်ပါတယ်။

တချို့ကြပြန်တော့  အသက်တူရွယ်တူ ၊ ဝင်ဝင်ချင်း လစာ ရတာခြင်း တူနိုင်ကြပေမဲ့။ အတူတူခြင်းထဲကနေ တယောက်က ထောက်ပံ့ရမယ့် မှီခိုသူရှိတဲ့အခါ (သို့) အိမ်ထောင်ကျသွားတဲ့ အခါ…..

မှီခိုသူရှိတဲ့အခါ (သို့) အိမ်ထောင်ကျသွားတဲ့ အခါ……..လစာ 💑, 👪
ဂျပန်မှာ လစာကို ပေးတဲ့အခါ လူလွတ်၊ အိမ်ထောင်သည်ပေါ်မူတည်ပြီး ပေးကြပါတယ်။ မိသားစု စားဝတ်နေရေး ပြေလည်ရန် ကြည့်ပြီး။ ဇနီးသည်တိုးလာရင် ဇနီးသည်ဖိုး။ ကလေးတိုးရင် ကလေး မုန့်ဖိုး စသည်ဖြင့် အိမ်ထောင်ဦးစီးရဲ့ လခကို တိုးပေးရပါတယ်။ ဒါကြောင့် ဒီနေရာမှာတော့ အသက်ခြင်းတူ လည်း လစာ ကွဲပြားသွားပါသေးတယ်။

ကုမ္ပဏီဘက်က ကိုယ့်အတွက် အပိုငွေ ပေးလိုက်ရလေတော့ ကိုယ့်ကလည်း ရုံးအတွက် အလိုက်သိတတ်စွာဖြင့် အလုပ် ပို ကြိုးစား လုပ်ပေးရတယ်ပေါ့။

ဒါ့အပြင်

သူတို့နိုင်ငံ လစာပေးနှုန်းက အကြမ်းမျဉ်းတွက်ရင် လုပ်သက်နဲ့ ညီမျှသော လစာ ပေးတတ်ပါတယ်။ လုပ်သက် ဘယ်လောက်ရှိလဲ။ အတွေ့အကြုံဘယ်လောက်ရှိလဲ အပေါ်မူတည်ပါတယ်။ 

ဒါကြောင့်

လူတစ်ယောက်ရဲ့ အသက်၊ အတွေ့အကြုံ၊လုပ်သက်ကို သိရင် လစာလည်း အကြမ်းမျဉ်းကတော့ ခန့်မှန်း သိလို့ရပါတယ်။

🚩လစာဝင်ငွေ နှင့် နှစ်ချုပ်ဝင်ငွေ

တချို့ရုံး၊ကုမ္ပဏီတွေက လစာ အပေးနည်းတယ်။တချို့က များတယ်နဲ့ ကျွန်မတို့ သူငယ်ချင်း ရုံးဝန်ထမ်းများ စုံတဲ့ အခါ စကားစမြည် ပြောတတ်ကြပါတယ်။ ဒါပေမယ့် ဂျပန်ကုမ္ပဏီမှာက လူတိုင်းက မိမိရဲ့ လစာကို လျှို့ဝှက်ထားတတ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ကို မမေးမိပါစေနှင့်နော်။

လစာများတဲ့ ကုမ္ပဏီ နှင့် လစာနည်းတဲ့ကုမ္ပဏီ

ပုံမှန်အားဖြင့် လစဉ်ဝင်ငွေ တယောက်နဲ့ တယောက် အနဲအများ ကွာခြားသော်လည်း… နှစ်ချုပ်ဝင်ငွေ ကိုကြည့်ရင် အတူတူလောက်ပါပဲ။

နားရှုပ်သွားမှာစိုးလို့ ထပ်ရှင်းပါရစေ။

တစ်လချင်းလစာအပြင် ဘောနပ်စ် စတဲ့ အပိုဝင်ငွေတွေလည်း ရတတ်ပါတယ်။

ရုံးအလိုက် ဘောနပ်စ်ငွေ (အပိုဆုကြေး) ကကွာပေမယ့်

🔹တစ်နှစ်တစ်ကြိမ်လား

🔹တစ်နှစ်၂ကြိမ်လား

ဥပမာ –

(၁) တစ်လချင်းလစာက နည်းပေမယ့် တစ်နှစ်၂ကြိမ် ဘောနပ်စ်များများရတဲ့ ကုမ္ပဏီ

(၂) လစာများပေမယ့် တစ်နှစ်လျှင် ၁ကြိမ်သာ ဘောနပ်စ်ပေးတဲ့ကုမ္ပဏီ

ဆိုပြီး အမျိုးမျိုး ရှိပြီး၊ မတူညီကြပါဘူး

လစဉ်ဝင်ငွေ အနည်းအများ မတူသော်လည်း နှစ်ချုပ်ချုပ် ကြည့်တဲ့အခါ တစ်နှစ်ဝင်ငွေ ( 年収 ねんしゅう ) အတူနီးပါးပါပဲ။

ဒါကြောင့် ဂျပန်မှာတော့ လူတယောက်ရဲ့ လစာ တစ်လ ဘယ်လောက် ဝင်လဲ ဆိုတာထက် တစ်နှစ်ဘယ်လောက် ဝင်တယ် ဆိုတဲ့ စကားက အရေးပါပါတယ်။

အတွက်အချက် ဦးဏှောက်ပြေးတဲ့ ဂျပန် 🇯🇵

ဒို့ မြန်မာများလည်း ဂျပန် ရုံး/ ကုမ္ပဏီတွေမှာ အလုပ်ရှာတဲ့အခါ လစာ တစ်လ ဘယ်လောက်ပေးမှာလဲဆိုတာထက်  တနှစ်ဘယ်လောက် ပေးမှာပါလဲလို့ မေးကြည့်ရင်တော့ ပိုတိကျတယ်ပေါ့။သူငယ်ချင်းတို့လည်း လစဉ်ဝင်ငွေတင်သာမက နှစ်ချုပ်ကို လည်း ကြည့်ကြည့်ပါလို့။

တစ်ခါတခါ

ကုမ္ပဏီဘက်က လခများများ လိုချင်သူဆို လခကို များများပေးပြီး။ဘောနပ်စ် အပိုငွေကို မပေးဘဲ ထားလိုက်ပါတယ်။

တခုရှိတာက ကုမ္ပဏီ/ရုံးရဲ့ အရည်အသွေး၊အရည်အချင်းပါဘဲ။
တချို့ကုမ္ပဏီတွေက နံမည်အပျက်မခံဘူး။ ကိုယ့်ဝန်ထမ်းတွေ အပေါ် သေချာစောင့်ရှောက်တယ်။

တချို့ ကုမ္ပဏီတွေ ကြပြန်တော့ ကိုယ့်ဝန်ထမ်းအပေါ် ကျသင့်ငွေ တင်းပြည့်ကျပ်ပြည့် မပေးလိုပြန်ဘူး။

အမျိုးမျိုးပါပဲ။ သူငယ်ချင်းတို့လည်း သေချာစုံစမ်းစေချင်ပါတယ်။
မြန်မာတို့ ဂျပန်ကုမ္ပဏီတွေနဲ့ အလုပ်လုပ်တဲ့အခါ ကြိုတင်သိထားနိုင်ဖို့  MJ ရေးပေးလိုက်ပါတယ်။

အားလုံးအတွက်

WRITER MJ 🌸

Author Profile

MJ
MJ
မဂၤလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။