စကားပြောရခက်သူများနဲ့ အလုပ်အတူတူလုပ်တဲ့အခါ စကားအသုံးအနှုန်း(အပိုင်း-၁)

【Zawgyi】  Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

Shin Moe

မင်္ဂလာပါ ဂျပန်သည်းကျော်ချန်တို့ရေ…..

ယခုအပတ်မှာတော့ ကျွန်မတက်ရောက်ခဲ့တဲ့seminar တခုကနေ သိရှိခဲ့ရတဲ့ လူမှုဆက်ဆံရေး ဗဟုသုတများကို ဝေမျှပေးမဲ့အချိန်ရောက်ရှိလို့လာပြန်ပါပြီ။

လူမှုဆက်ဆံရေးနဲ့ မလွတ်ကင်းနိုင်တဲ့ လူသားတွေအနေတဲ့၊ လုပ်ငန်းခွင်မှာကြုံတွေ့နိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တို့ရဲ့ စိတ်နေသဘောထားကို ကြိုတင်နားလည်ထားမယ်ဆိုရင် လုပ်ငန်းခွင်ဟာချောမွေ့အဆင်ပြေမယ်ဆိုတာ မဟုတ်ပါဘူးလားရှင်။

ဒီစာမူလေးဟာဆိုရင် ဂျပန်၊မြန်မာနိုင်ငံကအလုပ်ခွင်ထဲသာမကပဲ နေ့စဉ်ဘဝတွေထဲမှာကြုံတွေ့နေရတဲ့ လူတချို့ရဲ့ အကြောင်းပဲဖြစ်ပါတယ်။လူတိုင်းအတွက်ရည်ရွယ်ပြီးရေးထားတာဖြစ်လို့ သည်းကျော်ချန်တို့ အားလုံးကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။

ဒီနေ့ပြောပြချင်တာကတော့ လုပ်ငန်းခွင်မှာကြုံတွေရမဲ့လူတချို့ရဲ့အကျင့်စရိုက်များနဲ့ ၊ ထိုသူများနဲ့ အလုပ်အတူတူလုပ်ရမယ်ဆိုရင် မိမိအနေနဲ့ပြင်ဆင်ထားသင့်တဲ့အရာတချို့ကို ဖော်ပြပေးပါ့မယ်။

⚠️အထက်ကစကားကိုသာနားထောင်သူヒラメ上司(じょうし)

အကျင့်စရိုက်……

ဒီလူမျိုးကတော့ အထက်ကဆုံးဖြတ်ချက်အတိုင်းသာလုပ်မယ့်လူဖြစ်ပြီး၊ လက်အောက်ငယ်သားတွေရဲ့ဆုံးဖြတ်ချက်ကို စဉ်းစားမပေးချင်သူပါ။လက်အောက်ငယ်သားဆိုရင် တင်းတင်းကြပ်ကြပ်စည်းကမ်းထုတ်ချင်ကြသူများပါ။အစည်းအဝေးလုပ်လို့ အားလုံးကအဖြေကိုAလို့ ဆုံးဖြတ်ကြလိုက်ပါတယ်။ အဖြေAကို ထိုသူက သူ့ရဲ့အထက်ကလူကိုတင်ပြစဉ်မှာ၊ အဲဒီအထက်ကလူကြီးကAမဟုတ်ဘူးBလို့ပြန်ပြောပါတယ်။ဒါကိုသူကသယ်လာပြီး သူ့ရဲ့အောက်ကလူတွေကို “လူကြီးBလို့ဆုံးဖြတ်လို့Bအတိုင်းလုပ်ကြဟေ့”လို့အမိန့်ပေးတာပါ။ဒီလိုလူမျိုးကမိမိအထက်လူကြီးဖြစ်နေမယ်ဆိုရင်

ထိုသူနဲ့အဆင်ပြေပြေနဲ့ အလုပ်လုပ်ချင်တယ်ဆိုရင်တော့…..

သူပြောတဲ့ဆုံးဖြတ်ချက်ကို

🔹 နားလည်ပါပြီ = わかりました
🔹 Bအတိုင်းလုပ်ကြမယ် = Bにしましょう
🔹 ဒီတခါတော့သူဆုံးဖြတ်တဲ့အတိုင်းလုပ်မယ်၊နောက်တခါဆိုရင်တော့သေသေချာချာစဉ်းစားပေးပါနော် = ただし次回(じかい)は確(たし)かめてくださいね
🔹 ဌာနမှူးကိုမေးလို့ရမလား =部長(ぶちょう)に聞(き)いてもいいですか

-ဒီတခါဆုံးဖြတ်ချက်ချခဲ့တဲ့Bနဲ့ပက်သတ်ပြီး ၊ အဲဒီလူဆီကိုမေးပို့ပါ။အကြောင်းကတော့ သူတို့တွေဟာဆုံးဖြတ်ချက်တွေကိုခဏခဏပြောင်းတတ်လို့ပါပဲ။ မေးရဲ့ccနေရာမှာ ထိပ်ဆုံးကလူကြီးရဲ့မေးလိပ်စာ၊ပြီးတော့ အတူတူလုပ်မဲ့သူတွေရဲ့မေးလိပ်စာပါထည့်ပြီး မေးပို့ပေးပါ။

မပြောသင့်တဲ့စကားများကတော့

🔹 ဘာများပါလိမ့် = なんですか
🔹 တဖက်သက်ဆုံးဖြတ်တာပဲနော = 勝(か)てですね
🔹 ဘယ်သူကလုပ်မှာလဲ = 誰(だれ)がやるの
🔹 ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူးလား၊မာနမရှိဘူးလား = プライドないの
🔹 သေသေချာချာစဉ်းစားပြီးပြီလား = ちゃんと考(かんが)えたか
🔹 ကိုယ်ပိုင်ယုံကြည်မှုမရှိဘူးလား = 自信(じしん)ないんですか
🔹 အရင်ကAလို့ဆုံးဖြတ်ထားခဲ့တာနော = Aって決(き)まりましたよね

 

⚠️ ကိုယ်ပြောသောစကားကိုတာဝန်မယူနိုင်သောသူ はしご上司(じょうし)

အကျင့်စရိုက်……

ဒီလိုလူမျိုးကတော့ တခုခုမေးလိုက်ရင် လွယ်လင့်တကူဖြေကြားသူပါ။ထိုသူများဟာ အကြံပေးသလိုလိုပြောလေ့ရှိပါတယ်။”မင်းအတွက်ဒီနေရာကမကောင်းဘူး၊ ဟိုနေရာရောက်အောင်ကြိုးစားလို့ပြောပါမယ်”။အကယ်၍မိမိကကြိုးစားပြီးပြီဆိုရင် သူကိုသွားပြောတယ်ဆိုရင်ဖြင့် ထိုလူရဲ့တုံ့ပြန်မှုက”မင်းကိုဘယ်သူက အဲဒီလိုလုပ်ခိုင်းလို့လဲ ၊ မင်းဘာမင်းလုပ်တာ ငါနဲ့မဆိုင်ဘူး”လို့ဆိုတဲ့သူတွေပါ။သူတို့ဟာလူတဦးကို အပေါ်ရောက်အောင် လှေကားထောင်ပေးတတ်သူပါ၊မိမိကအပေါ်တက်သွားရင် ပြန်ဆင်းမရအောင်လှေကားဖြုတ်ချလိုက်ပါတယ်။ထိုသူများရဲ့ အပြောများတဲ့စကားတွေကတော့”……လို့ငါပြောခဲ့တာပါ””ကိုယ်လုပ်တဲ့လုပ်ရပ်အပေါ်တာဝန်ယူပါ၊ အဲဒီကိစ္စငါနဲ့မဆိုင်ပါ”

ဒီလိုလူမျိုးကမိမိအထက်လူကြီးဖြစ်နေမယ်ဆိုရင်

မပြောသင့်တဲ့စကားများကတော့

🔹 …….လို့ပြောခဲ့တာမဟုတ်ဘူးလား = ○○を言った(い)じゃないですか
🔹 လိမ်ပြောနေတာမဟုတ်လား = ウソをついたんですか
🔹 လှည့်စားနေတာပါ = だましたか
🔹 တာဝန်ယူပါ = 責任(せきにん)取って(と)くださる

ထိုသူနဲ့အဆင်ပြေပြေနဲ့ အလုပ်လုပ်ချင်တယ်ဆိုရင်တော့…..

-သူ့ဆီကတခုခုနဲ့ပက်သက်ပြီး ညွှန်ကြားခံရရင် အသေးစိတ်ကိုချပြီးရေးပြီးမှတ်ပါ။ပြီးရင်သူ့ဆီမှာ မှန်မမှန်ပြန်စစ်ခံပါ။ စကားပြောရာမှာယဉ်ကျေးတဲ့အသုံးသုံးဖို့မမေ့ပါနဲ့။

🔹 ”ဒီလိုပြောခဲ့တာပါနော်”    =  ○○とおっしゃいましたよ

– ညွှန်ကြားခံရတဲ့ အကြောင်းအရာကိုအသေးစိတ်ရေးပြီး သူ့ဆီကိုမေးပို့ပါ။ မေးရဲ့ccမှာ ဌာနတူတဲ့လူတချို့ရဲ့မေးလိပ်စာပါထဲ့ပါ။

သည်းကျော်ချန်တို့ရေ…..ဒီတခါတော့လူ၂မျိုးအကြောင်းကို ရေးသားပေးလိုက်ပါတယ်။နောက်တခါမှာလည်း ဆက်လက်တင်ဆက်ပေးပါ့မယ်။ခေတ္တစောင့်ဆိုင်းပေးကြပါလို့ တောင်းဆိုရင်း……

ချစ်တဲ့ သျှင်မိုး

Author Profile

Hikari Moe
Hikari Moe
👩🏻‍💻တိုကျိုကကုမ္ပဏီတခုရဲ့ ဝန်ထမ်းတဦးပါ။
🖊စာရေးခြင်းရဲ့ ရည်ရွယ်ချက်ဟာ အသိပညာနဲ့ ကိုယ်တွေ့ အတွေ့အကြုံများကို မျှဝေပေးဖို့ပါ။
📚လက်ရှိလဲ ဂျပန်နိုင်ငံရဲ့ ဗဟုသုတများကို စုစည်းနေပါတယ်။
🤗ဂျပန်သည်းကျော်ချန်အားလုံးအတွက် အသုံးဝင်သော ဗဟုသုတများနဲ့ အကြံဉာဏ်များလဲပေးချင်ပါတယ်။
🙋🏻သိလိုသောအကြောင်းအရာများရှိလျှင် comment တွင်ရေးသားနိုင်ပါတယ်။
အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်။
ချစ်တဲ့💖သျှင်မိုး