【Unicode】

■ Ever Smile

ကျောင်းသားအလုပ်ချိန်ပိုခြင်းနှင့် ဗီဇာတိုးမရခြင်း

ကျနော်ဒီတစ်ခါ ပြောပြချင်တာက ကျောင်းသားတွေဗီဇာတိုးတဲ့အခါမှာ ဒုက္ခရောက်နေကြတဲ့ တချို့သောအကြောင်းအရာလေးတွေပါ။

ဂျပန်မှာ ကျောင်းသားတစ်ယောက်က တစ်ပတ်အလုပ်လုပ်ချိန်28နာရီပဲလုပ်ခွင့်ရှိပါတယ်။ 

ကျောင်းရက်ရှည်ပိတ်တဲ့အခါမှာလည်း တနေ့ကို 8နာရီနဲ့တပတ်ကို နာရီ40လုပ်လို့ရပါတယ်။ တနေ့10နာရီနဲ့4ရက်လုပ်တာကလည်းဥပဒေနဲ့မညီပါဘူး။

ကျောင်းသားတစ်ယောက်က တစ်နေ့ကို 8နာရီထက်ပို လုပ်လို့မရပါဘူး။

အလုပ်ပိုလုပ်မလုပ်ကို ဘယ်လိုသိမှာလဲ။ မပြောရင်မသိနိုင်ဘူးလို့ထင်နိုင်ပါတယ်။ဒါပေမယ့်

ဂျပန်နိုင်ငံမှာ 2015 ခုနှစ်ကစပြီး MY NUMBER စနစ်စတင်အကောင်အထည်ဖော်နေကြတာကို အားလုံးလည်းသိကြမှာပါနော်။

အလွယ်ဆုံးပြောရရင်MY NUMBERကဒ်က  မိမိဘာတွေလုပ်နေကိုင်နေလဲဆိုတာကို သိစေနိုင်တဲ့၊စာရင်းမှတ်ထားတဲ့ နံပါတ်တစ်ခုပါ။ မှတ်ပုံတင်ကဒ်လိုပေါ့။ ဘာလုပ်လုပ် ကဒ်ပြရပါတယ်။

🔹အခုလောလောဆယ်ကျောင်းသားတွေဗီဇာတိုးတဲ့အချိန် My Number စာရင်းအရ အလုပ်ပိုလုပ်ထားတာတွေပေါ်ပြီး အသစ်ဗီဇာမရပဲ မြန်မာ ပြန်ရပါတယ်။(ကျနော့်အသိထဲမှာကို ၄ယောက်ရှိပါတယ်)

🔹သူတို့ဖြစ်ခဲ့တဲ့ပြဿနာကတော့ မိမိအလုပ်လုပ်နေတဲ့အလုပ်အားလုံးက My Number ပေးပြီးလုပ်ရတဲ့နေရာတွေမလို့ပါဘဲ။

🔹အလုပ်လုပ်ရင်  My Number မပေးရလည်းဘဲ နေထိုင်ခွင့်ကဒ်(ဇိုင်လျူးကဒ်)ပေးရယုံနဲ့လည်း အလုပ်ဘယ်လောက်လုပ်လဲဆိုတာပေါ်ပါတယ်။

ကျနော်သိသလောက်ပြောရရင်တော့

လုပ်ငန်းကြီးများဟာ ကိုယ့်ဆီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအားလုံးရဲ့ အလုပ်ချိန်နှင့်လုပ်အားခကို အခွန် တင်ပါတယ်။အလုပ်သမားရုံးကို တင်ပြရတာပေါ့။ ဝင်ငွေ၊ထွက်ငွေ၊သုံးငွေ အစုံပေါ့။

ဘယ်လောက်လုပ်အားခဆိုရင် အခွန်တင်ရမယ်ဆိုတဲ့ ဥပဒေလည်း ရှိတာကြောင့်ပါ။

■ အလုပ် ပိုင်ရှင်ပေါ်မူတည်၍ အခွန်တင်မတင် တပ်အပ်မသိနိုင်ပေမယ့် ကုမ္ပဏီလုပ်ငန်းကြီးတော်တော်များများတွင် အလုပ်လုပ်ကိုင်သူတွေကတော့ ကိုယ်ဘယ်လောက်အလုပ်လုပ်ထားလဲဆိုတာ ပေါ်ပါတယ်။

ကျနော်ပြောနေတဲ့လုပ်ငန်းကြီးဆိုသည်မှာ ကွန်ဗီနီစတိုးများ၊ စူပါမားကဒ်များ၊ နေရာတိုင်းတွင်ရှိသောစားသောက်ဆိုင်များ(Sukiya, Matsuya, yoshinoya, Kokokare, Saizeriya, Dennis, KFC, MC, Star Buck, etc;) , Yamato, Sagawa, ထမင်းဘူးစက်ရုံများ စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။

■ လက်ပေးမလို့ အခွန်အတင်မခံရဘူးလို့မထင်ကြပါနဲ့နော်။လက်ပေးလည်း အခွန်တင်ပါတယ်။

အခွန်တင်တဲ့အခါ မိမိနာမည်ထည့်တင်မတင်တော့ သေချာမသိနိုင်ပါ။

■ လက်ပေးအလုပ်တွင်အလုပ်လုပ်သူများအားလုံးကို အခွန်မတင်ပါက ထိုလုပ်ငန်းက တကယ်ကော လုပ်ငန်းလည်ပတ်နေရဲ့လား။ Black list စာရင်းဝင်နေလားဆိုပြီး အမျိုးမျိုးဖြစ်နိုင်ပါတယ်။

   ဗီဇာသက်တမ်းတိုးမရတော့တဲ့အကြောင်းရင်း

ဗီဇာသက်တမ်းအသစ်မရတော့၍ ပြန်ရမည့်ကျောင်းသားများအကြောင်းကို သူငယ်ချင်းတို့လည်းသတိထားမိစေရန် အနည်းငယ်ပြောပြချင်ပါတယ်။

🚩၁။ 2015ခုနှစ်10လပိုင်း ကျောင်းသား (လက်ရှိဆန်းမွန်းသက်မွေးဝမ်းကျောင်း ပထမနှစ်)

ဆန်းမွန်းကျောင်းပြောင်းစဉ် ဗီဇာသက်တန်းတိုး၁နှစ်သာရခဲ့လို့  ဒုတိယနှစ်အတွက်သက်တမ်းထပ်တိုးရန်လျှောက်ထားစဉ် အလုပ် Overworking ပေါ်၍ ဗီဇာမရပါ။

လုပ်ခဲ့သောအလုပ်

ပထမအလုပ် My Number ပေးရ တပတ်25နာရီလုပ်

ဒုတိယအလုပ် Zairyu Card ပေးရ တပတ်နာရီ20ကျော်လုပ်။

ဗီဇာရုံးမှ စာထပ်ပို့၍ သံရုံးသို့လာ၍ ထပ်တိုးဖောင် ဖြည့်ခိုင်း၊ ထပ်တိုးဖောင်ဆိုသည်မှာ ဂျပန်ကို ရောက်ကတည်းက လုပ်ခဲ့သော အလုပ်အကုန် ရိုးသားစွာချရေးခိုင်းပါတယ်။ ကျောင်းသားက မရေးပါ။

➡️ထိုအခါ သံရုံးဝန်ထမ်းမှ –ခုနှစ်–လမှ –ခုနှစ်–လအထိ အလုပ်လုပ်ထားသည်များကို မည်သည့်ဆိုင်တွင် မည်မျှလုပ်ထားသည်။

➡️ဒါကြောင့်နောက်ထပ်ဗီဇာထပ်မပေးပါ။

➡️တစ်လအတွင်းပြန်ခိုင်းပါတယ်။


ဗီဇာက

🔹ဆန်းမွန်းကျောင်းဗီဇာသက်တမ်းတိုးချိန်တွင် မိမိ၏ ကျောင်းခေါ်ချိန် နဲ့ CPR ကောင်း

🔹မိမိတက်မည့်ကျောင်းနာမည်ကောင်းရှိလျင် ၂နှစ်တမ်းရ။

🔹ကျောင်းသား(သို့)ကျောင်းဘက်မှ အရည်အချင်းမပြည့်စုံပါက ၆လမှ ၁နှစ်သာချပေးပါသည်။


🚩 ၂။ 2016ခုနှစ်4လပိုင်းကျောင်းသား ဆန်းမွန်းတက်ရန်ဗီဇာတိုးစဉ် အလုပ်ချိန် Overworking ပေါ်၍ ဗီဇာမရပါ။

ထိုကျောင်းသားလုပ်နေသော အလုပ်သည် My Number မပေးရ။ ဇိုင်းလျူးကဒ်သာပေးရသည်။

အလုပ်၂ခု အလုပ်ချိန်တပတ်50နာရီကျော်လုပ်။

🚩 ၃။ 2017ခုနှစ်12လပိုင်း မိမိလုပ်နေသောဆိုင်သို့ ရုတ်တရက်လာစစ်၊ Time Card စစ်တော့ 12လပိုင်းက တပတ်ကို နာရီ40လောက်ဒီဆိုင်မှာလုပ်ထားတာမိ။

ဆိုင်ရှင်ရော၊ ထိုဆိုင်တွင်အလုပ်လုပ်နေသူများအားလုံးအစစ်ခံရ။

နာမည်မှတ်ခံရပြီး ဗီဇာတိုးသောအခါ Overworking နဲ့ မရပါ။

ထိုကဲ့သို့ လာစစ်ခံရသည်မှာ မိမိလုပ်နေသောဆိုင် သည် နာမည်ဆိုးရှိ၍ မသင်္ကာ၍ ရုတ်တရက်ဝင်စစ်ဆေးခြင်းဖြစ်ပါတယ်။

🚩 ၄။ 2015ခုနှစ်10လပိုင်းကျောင်းသား ဆန်းမွန်းပထမနှစ်လက်ရှိတက်နေ၊ ဒုတိယနှစ်အတွက်သက်တမ်းတိုးစဉ်ဗီဇာမရ။

အလုပ်၃ခုလုပ်၊၂ခု My Number ပေးရ၊ ဗီဇာတိုးသောအခါ Overworking မို့ ဗီဇာမရပါ။

သံရုံးသို့ ဗီဇာလျှောက်ထားသောကျောင်းသားများထံ

ပုံမှန်ဆိုလျင်2ပတ်မှ2လအတွင်း အသစ်ဗီဇာလာထုတ်ယူရန် စာလာပါသည်။

အကယ်၍ သံရုံးမှ ထပ်မံဖြည့်သွင်းရန်လိုအပ်ပါသည်ဟု အကြောင်းကြားခံရပါက အနည်းငယ်စိုးရိမ်ရပါသည်။

အထက်ဖော်ပြပါကျောင်းသားများကို နမူနာယူပြီး မိမိအခြေအနေကို သုံးသပ်ကာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ကြပါစေနော်။

အားလုံးပဲအဆင်ပြေကြပါစေနော်။  ဗီဇာလျှောက်ထားရန်ပြင်ဆင်နည်းများကိုလည်းတင်ဆက်ပေးပါမယ်။




【Zawgyi】

■ Ever Smile

ေက်ာင္းသားအလုပ္ခ်ိန္ပိုျခင္းႏွင့္ ဗီဇာတိုးမရျခင္း

က်ေနာ္ဒီတစ္ခါ ေျပာျပခ်င္တာက ေက်ာင္းသားေတြဗီဇာတိုးတဲ့အခါမွာ ဒုကၡေရာက္ေနၾကတဲ့ တခ်ိဳ႕ေသာအေၾကာင္းအရာေလးေတြပါ။

ဂ်ပန္မွာ ေက်ာင္းသားတစ္ေယာက္က တစ္ပတ္အလုပ္လုပ္ခ်ိန္28နာရီပဲလုပ္ခြင့္ရွိပါတယ္။ 

ေက်ာင္းရက္ရွည္ပိတ္တဲ့အခါမွာလည္း တေန႔ကို 8နာရီနဲ႔တပတ္ကို နာရီ40လုပ္လို႔ရပါတယ္။ တေန႔10နာရီနဲ႔4ရက္လုပ္တာကလည္းဥပေဒနဲ႔မညီပါဘူး။

ေက်ာင္းသားတစ္ေယာက္က တစ္ေန႔ကို 8နာရီထက္ပို လုပ္လို႔မရပါဘူး။

အလုပ္ပိုလုပ္မလုပ္ကို ဘယ္လိုသိမွာလဲ။ မေျပာရင္မသိနိုင္ဘူးလို႔ထင္နိုင္ပါတယ္။ဒါေပမယ့္

ဂ်ပန္နိုင္ငံမွာ 2015 ခုႏွစ္ကစၿပီး MY NUMBER စနစ္စတင္အေကာင္အထည္ေဖာ္ေနၾကတာကို အားလုံးလည္းသိၾကမွာပါေနာ္။

အလြယ္ဆုံးေျပာရရင္MY NUMBERကဒ္က  မိမိဘာေတြလုပ္ေနကိုင္ေနလဲဆိုတာကို သိေစနိုင္တဲ့၊စာရင္းမွတ္ထားတဲ့ နံပါတ္တစ္ခုပါ။ မွတ္ပုံတင္ကဒ္လိုေပါ့။ ဘာလုပ္လုပ္ ကဒ္ျပရပါတယ္။

🔹 အခုေလာေလာဆယ္ေက်ာင္းသားေတြဗီဇာတိုးတဲ့အခ်ိန္ My Number စာရင္းအရ အလုပ္ပိုလုပ္ထားတာေတြေပၚၿပီး အသစ္ဗီဇာမရပဲ ျမန္မာ ျပန္ရပါတယ္။(က်ေနာ့္အသိထဲမွာကို ၄ေယာက္ရွိပါတယ္)

🔹 သူတို႔ျဖစ္ခဲ့တဲ့ျပႆနာကေတာ့ မိမိအလုပ္လုပ္ေနတဲ့အလုပ္အားလုံးက My Number ေပးၿပီးလုပ္ရတဲ့ေနရာေတြမလို႔ပါဘဲ။

🔹 အလုပ္လုပ္ရင္  My Number မေပးရလည္းဘဲ ေနထိုင္ခြင့္ကဒ္(ဇိုင္လ်ဴးကဒ္)ေပးရယုံနဲ႔လည္း အလုပ္ဘယ္ေလာက္လုပ္လဲဆိုတာေပၚပါတယ္။

က်ေနာ္သိသေလာက္ေျပာရရင္ေတာ့

လုပ္ငန္းႀကီးမ်ားဟာ ကိုယ့္ဆီမွာ အလုပ္လုပ္ေနတဲ့ ဝန္ထမ္းအားလုံးရဲ့ အလုပ္ခ်ိန္ႏွင့္လုပ္အားခကို အခြန္ တင္ပါတယ္။အလုပ္သမား႐ုံးကို တင္ျပရတာေပါ့။ ဝင္ေငြ၊ထြက္ေငြ၊သုံးေငြ အစုံေပါ့။

ဘယ္ေလာက္လုပ္အားခဆိုရင္ အခြန္တင္ရမယ္ဆိုတဲ့ ဥပေဒလည္း ရွိတာေၾကာင့္ပါ။

■ အလုပ္ ပိုင္ရွင္ေပၚမူတည္၍ အခြန္တင္မတင္ တပ္အပ္မသိနိုင္ေပမယ့္ ကုမၸဏီလုပ္ငန္းႀကီးေတာ္ေတာ္မ်ားမ်ားတြင္ အလုပ္လုပ္ကိုင္သူေတြကေတာ့ ကိုယ္ဘယ္ေလာက္အလုပ္လုပ္ထားလဲဆိုတာ ေပၚပါတယ္။

က်ေနာ္ေျပာေနတဲ့လုပ္ငန္းႀကီးဆိုသည္မွာ ကြန္ဗီနီစတိုးမ်ား၊ စူပါမားကဒ္မ်ား၊ ေနရာတိုင္းတြင္ရွိေသာစားေသာက္ဆိုင္မ်ား(Sukiya, Matsuya, yoshinoya, Kokokare, Saizeriya, Dennis, KFC, MC, Star Buck, etc;) , Yamato, Sagawa, ထမင္းဘူးစက္႐ုံမ်ား စသည္ျဖင့္အမ်ိဳးမ်ိဳးရွိပါတယ္။

■ လက္ေပးမလို႔ အခြန္အတင္မခံရဘူးလို႔မထင္ၾကပါနဲ႔ေနာ္။လက္ေပးလည္း အခြန္တင္ပါတယ္။

အခြန္တင္တဲ့အခါ မိမိနာမည္ထည့္တင္မတင္ေတာ့ ေသခ်ာမသိနိုင္ပါ။

■ လက္ေပးအလုပ္တြင္အလုပ္လုပ္သူမ်ားအားလုံးကို အခြန္မတင္ပါက ထိုလုပ္ငန္းက တကယ္ေကာ လုပ္ငန္းလည္ပတ္ေနရဲ့လား။ Black list စာရင္းဝင္ေနလားဆိုၿပီး အမ်ိဳးမ်ိဳးျဖစ္နိုင္ပါတယ္။

   ဗီဇာသက္တမ္းတိုးမရေတာ့တဲ့အေၾကာင္းရင္း

ဗီဇာသက္တမ္းအသစ္မရေတာ့၍ ျပန္ရမည့္ေက်ာင္းသားမ်ားအေၾကာင္းကို သူငယ္ခ်င္းတို႔လည္းသတိထားမိေစရန္ အနည္းငယ္ေျပာျပခ်င္ပါတယ္။

🚩 ၁။ 2015ခုႏွစ္10လပိုင္း ေက်ာင္းသား (လက္ရွိဆန္းမြန္းသက္ေမြးဝမ္းေက်ာင္း ပထမႏွစ္)

ဆန္းမြန္းေက်ာင္းေျပာင္းစဥ္ ဗီဇာသက္တန္းတိုး၁ႏွစ္သာရခဲ့လို႔  ဒုတိယႏွစ္အတြက္သက္တမ္းထပ္တိုးရန္ေလၽွာက္ထားစဥ္ အလုပ္ Overworking ေပၚ၍ ဗီဇာမရပါ။

လုပ္ခဲ့ေသာအလုပ္

ပထမအလုပ္ My Number ေပးရ တပတ္25နာရီလုပ္

ဒုတိယအလုပ္ Zairyu Card ေပးရ တပတ္နာရီ20ေက်ာ္လုပ္။

ဗီဇာ႐ုံးမွ စာထပ္ပို႔၍ သံ႐ုံးသို႔လာ၍ ထပ္တိုးေဖာင္ ျဖည့္ခိုင္း၊ ထပ္တိုးေဖာင္ဆိုသည္မွာ ဂ်ပန္ကို ေရာက္ကတည္းက လုပ္ခဲ့ေသာ အလုပ္အကုန္ ရိုးသားစြာခ်ေရးခိုင္းပါတယ္။ ေက်ာင္းသားက မေရးပါ။

➡️ ထိုအခါ သံ႐ုံးဝန္ထမ္းမွ –ခုႏွစ္–လမွ –ခုႏွစ္–လအထိ အလုပ္လုပ္ထားသည္မ်ားကို မည္သည့္ဆိုင္တြင္ မည္မၽွလုပ္ထားသည္။

➡️ ဒါေၾကာင့္ေနာက္ထပ္ဗီဇာထပ္မေပးပါ။

➡️ တစ္လအတြင္းျပန္ခိုင္းပါတယ္။


ဗီဇာက

🔹 ဆန္းမြန္းေက်ာင္းဗီဇာသက္တမ္းတိုးခ်ိန္တြင္ မိမိ၏ ေက်ာင္းေခၚခ်ိန္ နဲ႔ CPR ေကာင္း၊

🔹 မိမိတက္မည့္ေက်ာင္းနာမည္ေကာင္းရွိလ်င္ ၂ႏွစ္တမ္းရ။

🔹 ေက်ာင္းသား(သို႔)ေက်ာင္းဘက္မွ အရည္အခ်င္းမျပည့္စုံပါက ၆လမွ ၁ႏွစ္သာခ်ေပးပါသည္။


🚩 ၂။ 2016ခုႏွစ္4လပိုင္းေက်ာင္းသား ဆန္းမြန္းတက္ရန္ဗီဇာတိုးစဥ္ အလုပ္ခ်ိန္ Overworking ေပၚ၍ ဗီဇာမရပါ။

ထိုေက်ာင္းသားလုပ္ေနေသာ အလုပ္သည္ My Number မေပးရ။ ဇိုင္းလ်ဴးကဒ္သာေပးရသည္။

အလုပ္၂ခု အလုပ္ခ်ိန္တပတ္50နာရီေက်ာ္လုပ္။

🚩  ၃။ 2017ခုႏွစ္12လပိုင္း မိမိလုပ္ေနေသာဆိုင္သို႔ ႐ုတ္တရက္လာစစ္၊ Time Card စစ္ေတာ့ 12လပိုင္းက တပတ္ကို နာရီ40ေလာက္ဒီဆိုင္မွာလုပ္ထားတာမိ။

ဆိုင္ရွင္ေရာ၊ ထိုဆိုင္တြင္အလုပ္လုပ္ေနသူမ်ားအားလုံးအစစ္ခံရ။

နာမည္မွတ္ခံရၿပီး ဗီဇာတိုးေသာအခါ Overworking နဲ႔ မရပါ။

ထိုကဲ့သို႔ လာစစ္ခံရသည္မွာ မိမိလုပ္ေနေသာဆိုင္ သည္ နာမည္ဆိုးရွိ၍ မသကၤာ၍ ႐ုတ္တရက္ဝင္စစ္ေဆးျခင္းျဖစ္ပါတယ္။

🚩  ၄။ 2015ခုႏွစ္10လပိုင္းေက်ာင္းသား ဆန္းမြန္းပထမႏွစ္လက္ရွိတက္ေန၊ ဒုတိယႏွစ္အတြက္သက္တမ္းတိုးစဥ္ဗီဇာမရ။

အလုပ္၃ခုလုပ္၊၂ခု My Number ေပးရ၊ ဗီဇာတိုးေသာအခါ Overworking မို႔ ဗီဇာမရပါ။

သံ႐ုံးသို႔ ဗီဇာေလၽွာက္ထားေသာေက်ာင္းသားမ်ားထံ

ပုံမွန္ဆိုလ်င္2ပတ္မွ2လအတြင္း အသစ္ဗီဇာလာထုတ္ယူရန္ စာလာပါသည္။

အကယ္၍ သံ႐ုံးမွ ထပ္မံျဖည့္သြင္းရန္လိုအပ္ပါသည္ဟု အေၾကာင္းၾကားခံရပါက အနည္းငယ္စိုးရိမ္ရပါသည္။

အထက္ေဖာ္ျပပါေက်ာင္းသားမ်ားကို နမူနာယူၿပီး မိမိအေျခအေနကို သုံးသပ္ကာ အေကာင္းဆုံးျဖစ္ေအာင္ လုပ္ေဆာင္နိုင္ၾကပါေစေနာ္။

အားလုံးပဲအဆင္ေျပၾကပါေစေနာ္။  ဗီဇာေလၽွာက္ထားရန္ျပင္ဆင္နည္းမ်ားကိုလည္းတင္ဆက္ေပးပါမယ္။

Author Profile

Ever Smile
Ever Smile
☺️ဂ်ပန္မွာ ေနထိုင္စဥ္မွာ ၾကဳံေတြ႕ရတဲ့ အေတြ႕အၾကဳံ အခက္အခဲမ်ားႏွင့္ သာယာေပ်ာ္ရႊင္စရာမ်ားကို
ဂ်ပန္နဲ႔ပတ္သတ္တဲ့ သူမ်ားအားလုံး သိရွိနားလည္ေစေသာ ေစတနာျဖစ္ သိထားသေလာက္ ဗဟုသုတေလးမ်ားကို ေဝမၽွပါရေစေနာ္။😁
ကိုယ္တတ္စြမ္းသေလာက္ ဂ်ပန္ျမန္မာ ေပါင္းကူးတံတားတစ္စင္းအျဖစ္ တာဝန္ထမ္းေဆာင္ခ်င္ပါတယ္☺️
🍀🍀🍀