ဗီဇာတိုးရန်အတွက်ကြိုတင်ပြင်ဆင်မှု

【Unicode】 ⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ Ever Smile

ဂျပန်တွင်နေထိုင်ခွင့် ဗီဇာတိုးရန်အတွက် ဖောင်ဖြည့်သည့်အခါ မိမိ၏ဝင်ငွေနှင့် ထွက်ငွေကို ရေးရတဲ့စာရွက်ထပ်တိုးအနေနဲ့ထည့်တင်ပေးရပါတယ်။ မိမိအလုပ်လုပ်နေသော အလုပ်နာမည်  ၊ လုပ်ဆောင်ရသောအလုပ်အမျိုးအစား ထိုအလုပ်မှမိမိ၏တစ်လဝင်ငွေကို ရေးပေးရပါတယ်။

🌸🌸🌸🌸🌸🌸

ဥပမာ-

တစ်လဝင်ငွေ = 12သောင်း
အိမ်လခ = 3သောင်း(ရေ၊မီး၊ဂတ်စ်အပါ)
ဖုန်း = 1သောင်း
စားသောက်စားရိတ် = 2သောင်း
အထွေထွေ = 2သောင်း
ပိုငွေ = 4သောင်း *12လ 48သောင်း
မိမိတနှစ်ကျောင်းလခ = 80သောင်း
မိမိထောက်ပံ့သူဆီမှ ရရှိငွေ = 35 သောင်း

စသည်ဖြင့်ရေးပေးရပါတယ်။

 မိမိ၏ဝင်ငွေကို ပြရသည်မှာ ဘဏ်စာအုပ်ဖြစ်ပါသည်။

(၁) ကျောင်းသားတစ်ယောက်သည်အနည်းဆုံးဘဏ်စာအုပ်2အုပ်ထားသင့်ပါတယ်။ နောက်ပြီးမိမိဗီဇာလျှောက်ထားသောအခါအသုံးပြုမည့်စာအုပ်ကို သီးသန့်ထားသင့်ပါတယ်။

(၂) ဝင်ငွေ 8သောင်းမှ 12သောင်းလောက်ရှိသော အလုပ်ကို ပေးထားသောဘဏ်စာအုပ်ပြသင့်ပါတယ်။

သတိထားရသည်မှာ မိမိ တင်ပြသော ဘဏ်စာအုပ်ထဲတွင် အလုပ်ချိန်အိုဗာဖြစ်မနေရခြင်းပါ။

(၃)  နောက်တစ်ခုက မိမိအလုပ်၂ခုလုပ်ပါက မိုင်နံဘာပေးရသော အလုပ်ဘဏ်စာအုပ်ကို ပြရပါမည်။

အကယ်၍ မိမိအလုပ်မှာလက်ပေးဖြစ်ပါက ဘဏ်ထဲသို့ ထည့်ပြီးမှ ပြန်ထုတ်သုံးတာ အကောင်းဆုံးနည်းဖြစ်မည်ဟုထင်ပါတယ်။

(၄) ဗီဇာသက်တမ်းတိုးသောအခါ ဘဏ်အဝင်အထွက်မရှိသော ဘဏ်စာအုပ်ပိုင်ရှင်များ ဒုက္ခရောက်တတ်ကြပါတယ်။

ဥပမာ-ဘဏ်ထဲသို့လစာဝင် ဖုန်းဘေဖျက် စသည်တို့သည် လစဉ်အဝင်အထွက်ရှိနေပါက ပိုအဆင်ပြေနိုင်ပါသည်။

 🚩 ပုံမှန်မဟုတ်တဲ့ သေနေတဲ့ဘဏ်စာအုပ်တင်သော ကျောင်းသားများကို သံရုံးမှ ထပ်ခေါ်မေးမြန်းခြင်းများလည်းရှိတတ်ပါတယ်။

 🚩 အိမ်မှပေးသော ပိုက်ဆံမှာ အသိမှာယူလာပေးသည်ဟုရေးကြသော ကျောင်းသားများတော်တော်များပါတယ်။

🔹ယခုဥပဒေသည် ကျောင်းသားအချင်းချင်းယူလာပေးလို့မရပါ။🔹

ကျောင်းသားတစ်ယောက်သည်ပိုက်ဆံအများကြီးသယ်ယူခွင့် မရှိသဖြင့် မိမိက သူငယ်ချင်းမှယူလာပေးသည်ရေးပြီး ထိုသူငယ်ချင်းနိုင်ငံပြန်ထားသော ပက်စ်ပို့ မိတ္တူကို တင်ပါက ထိုသူငယ်ချင်း ဗီဇာတိုးသောအခါ အခက်တွေ့နိုင်ပါသည်။

🍀 ဒါကြောင့် အသိမှပိုက်ဆံသယ်လာပေးသည်ကို ကျောင်းသားမဟုတ်သော ဝန်ထမ်းများဆီမှအကူအညီယူသည်မှာ အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်

🍀 နောက်တစ်ခုက ယူလာပေးသောသူ ဂျပန်သို့ပြန်ရောက်သောနေ့သည် မိမိကျောင်းလခသွင်းသော နေ့ထက်စောရပါမည်။

ဖြစ်နိုင်ပါက ထိုသူဂျပန်သို့ပြန်လာသောနေ့နောက်1ပတ်အတွင်း အိမ်မှတောင်းသော ပိုက်ဆံပမာဏ ဘဏ်ထဲထည့်ရပါမည်။

စာအုပ်ကို Update လုပ်ပြီး ပိုက်ဆံက ချက်ချင်းပြန်ထုတ်သုံးလို့ရပါတယ်။ ပိုက်ဆံမလောက်ပါက သူငယ်ချင်းအချင်းချင်းအတူတူထည့်ပြီး စာရင်းဝင်ပြီဆိုတာနဲ့ ငွေပြန်ထုတ်သုံးလို့ရပါတယ်။

ထိုကဲ့သို့ မိမိဘက်မှ အဆင်သင့်ပြင်ဆင်ထားပါက အခက်အခဲမရှိ ဗီဇာသက်တမ်းတိုးနိုင်မည်လို့ထင်ပါတယ်။

ဗီဇာသက်တမ်းတိုးသောအခါ မိမိဘာသာတိုးရမည်ဆိုပါက ပိုက်ဆံယူလာပေးသော သူငယ်ချင်းပက်စ်ပို့ ကော်ပီကို တင်စရာမလိုပါဘူး။ သူတို့တောင်းမှသာ ထုတ်ပြရပါမည်။

ကျောင်းက တိုးပေးမည့်သူများကတော့ တင်ရပါမည်။

အိမ်က ပိုက်ဆံပေးလိုက်တယ်ပြောပြီး ယူလာပေးတဲ့သူဂျပန်ပြန်လာသောနေ့နဲ့ ကျောင်းလခ သွင်းသောနေ့ကြား ဘဏ်ထဲပိုက်ဆံအဝင်မရှိပါက လက်မခံသောကျောင်းများပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့ ဗီဇာသက်တန်းတိုးသောအခါအခက်အခဲမရှိစေရန်လိုအပ်သော ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ လေ့လာသိရှိရသမျှကို တင်ပြအပ်ပါသည်။

အရေးကြီးဆုံးကတော့ မိမိလက်ရှိလုပ်နေတဲ့ /ဆက်လက်လုပ်ဆောင်နေတဲ့ Activities၊ မိမိအခြေအနေ၊ဂျပန်မှာ ဆက်နေဖို့ လုံလောက်တဲ့ အကြောင်းပြချက်၊ တရားဥပဒေနှင့် မညိစွန်း၊အကြောင်းအရာမှန်ကန်မှု တွေပါပဲနော်။

အဆင်ပြေပါစေ။

Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀