သတိထားစရာ ဂျပန်သတိပေးကြော်ငြာစာ

【Unicode】  ⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ MJ

🌹 နားလည် လွယ်သော ပုံများနဲ့ ကြော်ငြာများ

ဂျပန်နိုင်ငံ နေရာ အနှံ့အပြားတွင် သတိပေးစာ ကြော်ငြာစာများ တွေ့ရလေ့ ရှိပါတယ်။

အများစည်းကမ်းလိုက်နာရန် သတိပေးစာများ ကပ်ထားလေ့ ရှိပြီး၊

အထူးသဖြင့် ဂျပန်ရှိ နိုင်ငံခြားသားများ သိစေရန် ထို သတိပေးစာများကို ပန်းချီပုံ ဆွဲခြင်း၊ နားလည်လွယ်သော အမှတ်အသားများ ဖေါ်ပြခြင်းတို့ဖြင့် သတိပေးလေ့ ရှိပါတယ်။

🌹 ဖုံးမပြောရ နေရာများ 

ဥပမာ ( ၁ ) မြို့ပါတ်ရထားစီးကြရာဝယ်  ရထားတွင်းဖုန်း မပြောရဟု သတိပေးကြော်ငြာအား အတွဲတိုင်းတွင် ကပ်ထားပါတယ်။ ဂျပန် ပြည်သူတို့သည် ကျောင်း အလုပ် အပြင် ခရီးသွားသူများ ရထားစီးချိန်က ထိုင်နားချိန်လည်း  ဖြစ်တော့၊ ထိုနားနေချိန်တွင် ကိုယ်၏ ဖုန်းပြောသံဖြင့် တစ်ပါးသူ၏ နားချိန်အား အနှောက်အယှက်မဖြစ်စေရန် ရည်ရွယ်ပါတယ်။

ဆေးရုံမှာဆိုရင်လည်း ဖုန်းကန့်သတ်နေရာရှိပါတယ်။နောက် လူများတဲ့နေရာမှာ ဖုန်းပြောရင်လည်း သိပ်အဆင်မပြေပါဘူး။

🌹 ဆေးလိပ် မသောက်ရ နေရာ… စသည်

ဥပမာ ( ၂ ) ဆေးလိပ် မသောက်ရ။ ထို သတိပေးကြော်ငြာ ဆိုင်းဘုတ်ကို မြို့ထဲ လမ်းလျှောက်စဉ်တွင် တွေ့နိုင်ပါတယ်။ ဂျပန်နိုင်ငံသည် ကျန်းမာရေး အဓိကဦးစားပေးသောကြောင့် နေရာတိုင်း မှာ ဆေးလိပ်သောက်ခြင်းကို အားမပေးတော့ပါ။ ထို့ကြောင့် ခေတ်မီသူတိုင်း ဆေးလိပ် မသောက်ကြတော့ပါ။ ဆေးလိပ်သောက်သော သူများအားလည်း လွယ်ကူ လွတ်လပ်စွာ သောက်ခွင့်မပြုတော့ပေ။ ဆေးလိပ်သောက်ရန် Smoking Area နေရာ သတ်မှတ်ပေးခြင်းများ၊ ထို သတ်မှတ်ပေးထားသော နေရာတွင် ဆေးလိပ်ပြာခွက်ပါ တပါတည်း ထားရှိပေးပါသည်။
ထို့ အပြင် ဂျပန်တွင် လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ရပါ။ သောက်လျှင် ဒါဏ်ငွေ ၂၀၀၀ ယန်းခန့် ရိုက်ခံရပါမည်။ ဘေးလူများကိုပါ အန္တရာယ်ဖြစ်စေလို့ပါ။

🌹  အမှိုက်ပစ်ပါက

ဂျပန်မှာ အမှိုက်ပစ်ရာတွင် အမှိုက်အမျိုးအစားခွဲပြီး ပစ်ကြပါတယ်။

အမှိုက်ပစ်တဲ့အခါမှာ အမှိုက်ပုံးက လမ်းဘေး နေရာတကာမှာ မရှိပါဘူး။  အများသုံး ဘူတာ၊ပန်းခြံ၊စျေးဝယ်စင်တာများရဲ့(မုန့်ဆိုင်ဘေး၊ အလိုအလျောက်စျေးရောင်းစက်ဘေး၊ သန့်စင်ခန်းအတွင်း) စသဖြင့်    လိုအပ်တဲ့နေရာမှာပဲ ထားရှိပါတယ်။ 

ဘူတာမှာ ရှိတဲ့ အမှိုက်ကလည်း အမှိုက်အမျိုးအစားအလိုက် ပုံးခွဲထားလို့ သေချာကြည့်စေချင်ပါတယ်။ များသောအားဖြင့် 3ပုံးခွဲထားလေ့ရှိပြီး

မီးလောင်ကျွမ်းနိုင်တဲ့အမှိုက်၊ မလောင်ကျွမ်းနိုင်တဲ့အမှိုက်

နောက် ပလက်စတစ်ဗူးခွံ၊သံဗူး ဆိုပြီး ပုံးခွဲထားပါတယ်။ အမှိုက်ပုံးမှာလည်း သေချာ ရေးပေးထားပါတယ်။အမှတ်အသားလေးတွေလည်း သေချာကြည့်ပြီး ပစ်နိုင်ပါတယ်။

အိမ်က အမှိုက်ကို ပစ်တဲ့အခါမှာတော့
၁။မီးဖိုချောင်မှ အသား ငါး စသည် အနံ့ဆိုး ရသော အမှိုက်
၂။ ပလပ်စတစ်ဗူးခွံ လျှပ်စစ် ဖန်ချောင်း မီးသီး စသည်
၃။ပုလင်း သံဗူးခွံ
၄။ စာအုပ် စာရွက် သတင်းစာ စသည်
၅။ အိမ်တွင်းပစ္စည်း အကြီးများ ၊ကုတင် စားပွဲ ဘီဒို စာအုပ်စင်၊ ရေခဲသေတ္တာ အဝတ်လျှော်စက် စသည်
၆။ အထွေထွေ စသည်တို့ ဖြစ်ကြပါသည်။

အမှိုက်များကို သတ်မှတ်နေ့များတွင် သတ်မှတ်နေရာမှာ လွှင့်ရပါတယ်။ ဘယ်အမှိုက် ဘယ်နေ့ ဆိုပြီး နယ်မြေအလိုက် သတ်မှတ်နေ့များ ရှိပါတယ်။

သက်ဆိုင်ရာ အမှိုက်နေ့မှာ  သက်ဆိုင်ရာ အမှိုက်
ဥပမာ စာရွက်များ လွှင့် ရက်မှာ မီးဖိုချောင် အနံ့ပါ အမှိုက် ရောနေရင် အမှိုက်သိမ်းသူက ပေါင်းယူမသွားပါဘူး။

မသက်ဆိုင်တာ ချန်ထားခဲ့မှာပါ။ ဒီအခါ အနံ့ဆိုး အမှိုက်က ကျန်ခဲ့ပြီး။ ဒီအနံ့ဆိုး ကြောင့် ကြွက် ငှက်တို့လည်း ရောက်လာတတ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံဟာ အမှိုက်ကအစ စနစ်တကျ ခွဲခြမ်းပြီး ပစ်လွင့်ကြပါတယ်။

အပေါ်က နံပါတ် (၅) ကဲ့သို့ ပစ္စည်းကြီးများ လွှင့်တဲ့ အခါ သက်ဆိုင်ရာ ရပ်ကွက်ရုံးကို ဖုံးဆက်အကြောင်းကြားပြီး ရပ်ကွက်ရုံးက ပြောပြတဲ့ အတိုင်း ပစ်ရပါတယ်။ နယ်မြေအလိုက် လုပ်ပုံ လုပ်နည်းလေးတွေ ကွဲချင်ကွဲနိုင်သော်လည်း အခြေခံမှာ အတူတူ နီးနီးပဲ ဖြစ်ပါတယ်။

အကြမ်းအားဖြင့် ပြုလုပ်ပုံကတော့…
သက်ဆိုင်ရာသို့ ဖုန်းဆက်ပါ။ ဖုန်းနံပါတ် မသိလျှင် ရပ်ကွက်ရုံးကို ဖုန်းဆက်ပါ။ ပြီး ရှင်းပြတဲ့ အတိုင်း လုပ်နိုင်ပါတယ်။
၁။ ဖုန်းဆက်တဲ့အခါ ကိုယ့်လိပ်စာပြောပြထားပါ။
၂။ ၂၄ နာရီဆိုင်မှာ အမှိုက်အကြီးစား လွင့်ပစ် တံဆိပ် ( ၅ဝဝယန်းခန့် )ပေးဝယ်ရပါတယ်။
၃။ လွင့်မည့် အမှိုက်မှာ ထို တံဆိပ် ကပ်ပြီး
သတ်မှတ်သည့်ရက်တွင် နေအိမ် အောက်/ ရှေ့ /အနီးမှာ လွှင့်ထားနိုင်ပါတယ်။
အမှိုက်သိမ်းကားမှ လာယူပါလိမ့်မယ်။

ဒီတခါတော့ MJ ရဲ့ ဂျပန်ရှိ စာဖတ် မိတ်ဆွေများ အတွက် နေ့စဉ် သတိထားရတာလေးများနဲ့ အတူ၊ စည်းကမ်း မလိုက်နာရင်လည်း ဆိုင်ရာ ဒဏ်ကြေးများရှိကြောင်းကို အသိပေးရင်း ကြိုတင်ပြင်ဆင်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ရေးပေးလိုက်ပါတယ်ရှင်။

ရွှင်လန်းချမ်းမြေ့ပါစေ

MJ🌸

Author Profile

MJ
MJ
မဂၤလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။