ဂျပန်ကုမ္ပဏီဝန်ထမ်းနှင့် အမှုအကျင့်(2)

【Unicode】 ⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ သျှင်မိုး

သည်းကျော်ချန်တို့ရေ……
မင်္ဂလာပါ။
ဒီတခါမှာလဲ ရုံးဝန်ထမ်းများရဲ့ အမူအကျင့်လေးများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။သူတို့လေးတွေဘယ်လိုနေထိုင်ကြသလဲဆိုတာ ကြည့်ကြရအောင်နော်။

🗣စကားပြောခြင်းအတတ်ပညာ

အလုပ်ဝင်ခါစကနေပြီး မလွှဲမသွေဖိတ်ခြင်းခံရတာကတော့ ပါတီပွဲတွေဖြစ်ပါတယ်။ အလုပ်နဲ့သက်ဆိုင်သောပွဲများရှိသလို၊ ခင်မင်ရာသူတွေမှ မွေးနေ့၊ မင်္ဂလာပွဲစသဖြင့်တက်ရောက်ရန် ဖိတ်ကြားကြပါတယ်။ပါတီပွဲမှာ အားလုံးပျော်ဖို့ရာ စကားပြောအရည်အသွေးဟာ အဓိကကျပါတယ်။

အားလုံးစိတ်ဝင်စားမဲ့အကြောင်းအရာဖြစ်ဖို့လိုသလို၊ဟန်ပန်အမူအရာဟာလဲ အရေးကြီးပါတယ်။မိမိဘေးနားမှာထိုင်သူက အကြီးတယောက်ဆိုရင် ကိုယ်ကနေစပြီးသူ့ကိုပြောရပါမယ်။ဂျပန်နိုင်ငံက အမျိုးသားရုံးဝန်ထမ်းများဟာ အားကစားလုပ်ကြပြီး၊ ဂေါက်ရိုက်ခြင်း၊ ဂျင်း(မ်)ကစားခြင်းများလဲပြုလုပ်ကြပါတယ်။

ဂေါက်ရိုက်တဲ့သူဆိုရင်”အခုတလောဂေါက်ရိုက်ဖြစ်တယ်”ဆိုပြီး စကားအစချီလို့ရပါတယ်။ အရေးကြီးတာက သူကောကိုယ်ပါ စိတ်ဝင်စားမဲ့အရာကိုရွေးချယ်တတ်ဖို့ပါ။ဒီနေရာမှာဆိုရင် သည်းကျော်ချန်တို့က မြန်မာလူမျိုးဖြစ်လို့ သူတို့နဲ့နှီးနှောစရာအတွေ့အကြုံတွေအများကြီးရှိတာဖြစ်လို့ အားငယ်စရာမလိုပါဘူး😊

ကိုယ်ကစပြီးဘာပြောရမှန်းမသိရင် သူတို့ပြောတာကို နားထောင်ပေးတတ်ဖို့လိုပါလိမ့်မယ်။ နားနဲ့နားထောင်ယုံသက်သက်ပဲမဟုတ်ပဲနဲ့၊တစ်လုံးစ၊နှစ်လုံးစပြောပေးပါ။”အဲဒါနဲ့ဘယ်လိုဆက်ဖြစ်သွားလဲ””ဟယ်”စသဖြင့်ပြောဆိုနိုင်ပါတယ်။သတိထားရမှာတော့”ကျွန်တော်……ကျွန်တော်…..ကျွန်တော်…..”ကဆိုပြီး မိမိအကြောင်းပဲ မပြောမိဖို့ပါ။

မိမိမဟုတ်ပဲအခြားသူတယောက်ကသူ့အကြောင်းကြီးပဲပြောနေတယ်ဆိုရင်ဖြင့် ဝိုင်းထဲကအခြားသူများဘက်ကိုမျက်နှာမူပြီး”မင်းတို့တွေကရောဘယ်လိုလဲ”စသဖြင့်မေးနိုင်ပါတယ်။ ရုတ်တရက်အားလုံးစကားပြောတာငြိမ်သွားတဲ့အခါမျိုးတွေမှာတော့ မိမိကိုင်ထားတဲ့ဖုန်းထဲကapplication တခုခုကိုပြရင်း စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုရှင်းပြတာမျိုး၊ ရှုခင်းလေးကလှလိုပ်တာလို့ပြောလဲရပါတယ်။

🙆အမူအရာ

ပစ္စည်းစာရွက်စာတမ်းများကို တဦးနဲ့တဦးပေးရင်မျက်လုံးကိုသေသေချာချာကြည့်ပေးရပါတယ်။ပြီးတော့စာရွက်ဆိုရင် တဖက်သူကမြင်ရအောင်အတည့်အနေအထား၊ လက်နှစ်ဘက်နဲ့ဂျိုင်းနှစ်ဖက်ကိုစိပြီးပေးရပါတယ်။နေရာတခုခုကိုညွှန်ပြရင်လက်ငါးချောင်းကို ဘဲလေးကချေသည်များလက်မြှောက်သလို သေသေချာချာညီညီညာညာလုပ်ကြပါတယ်။ထိုင်ခုံမှာထိုင်မယ်ဆိုရင် လက်နှစ်ဖက်နဲ့ခုံကိုယူပြီး၊ ထတဲ့အခါမှာလဲလက်နှစ်ဖက်ကိုစားပွဲပေါ်တင်ပြီးအားယူထပါတယ်။ဓာတ်လှေကားစီးရင် မိမိကခလုတ်တွေတပ်ထားတဲ့နေရာမှာရှိနေရင် သူတို့သွားချင်တဲ့အထပ်ကိုမေးပါ၊ နှိပ်ပေးပါ။စီးနေစဉ်မှာလဲ မျက်လုံးနဲ့အခြားသူများကိုကြည့်ခြင်းမျိုးရှောင်ပါ။ ကြည့်ရင်လဲ ထိုသူရဲ့ကျောဘက်ကို မိမိမျက်လုံးကိုအောက်ချပြီးကြည့်ပါ။

🤔ဆွေးနွေးတိုင်ပင်ခြင်း

မိမိကိုတိုင်ပင်စရာတခုရှိတယ်လို့ဆိုလာရင်ဒါတွေကိုအရင်မေးပါ။
👉🏻ကြာမဲ့အချိန်
👉🏻မိမိအနေနဲ့ဆုံးဖြတ်ပေးလို့ရမရ
👉🏻အလုပ်လား၊ကိုယ်ရေးကိုယ်တာလား
👉🏻ရုံးပြန်မှတနေရာရာမှာသွားပြောရင်ရလား
မိမိရဲ့ဂျူနီယာကအလုပ်မှာဖြစ်တဲ့ကိစ္စဆိုရင် မိမိတယောက်ထဲဆုံးဖြတ်ထားတဲ့အကြံကိုမပေးပါနဲ့။သူဘာလုပ်ချင်လဲမေးပါ။၁ပတ်လောက်အချိန်ယူစဉ်းစားခိုင်းပါ။နောက်အပတ်မှာပြန်နားထောင်မယ်ပြောပါ။နောင်လဲအကြောင်းရှိရင်လာတိုင်ပင်ပါပြောပါ။

😰ငြင်းဆန်ခြင်း

တစုံတယောက်ကမိမိကိုထိတယ်၊ တို့တယ်ဆိုရင် ဒါဟာစည်းကမ်းနဲ့မညီလို့အရေးယူရတယ်ဆိုတာကိုသူသိအောင်ပြောပါ။၂ယောက်ထဲ အပြင်သွားဖို့ပြောရင် အခြားသူများကိုပါဖိတ်ရန်ပြောပါ။ သူ့သူငယ်ချင်းကိုယ့်သူငယ်ချင်းပါ ခေါ်ရန်ကြိုးစားပါ။

ကဲ…….သည်းကျော်ချန်တို့ အဆင်ပြေကြပါစေ။
ချစ်တဲ့💖သျှင်မိုး

Author Profile

Hikari Moe
Hikari Moe
👩🏻‍💻တိုကျိုကကုမ္ပဏီတခုရဲ့ ဝန်ထမ်းတဦးပါ။
🖊စာရေးခြင်းရဲ့ ရည်ရွယ်ချက်ဟာ အသိပညာနဲ့ ကိုယ်တွေ့ အတွေ့အကြုံများကို မျှဝေပေးဖို့ပါ။
📚လက်ရှိလဲ ဂျပန်နိုင်ငံရဲ့ ဗဟုသုတများကို စုစည်းနေပါတယ်။
🤗ဂျပန်သည်းကျော်ချန်အားလုံးအတွက် အသုံးဝင်သော ဗဟုသုတများနဲ့ အကြံဉာဏ်များလဲပေးချင်ပါတယ်။
🙋🏻သိလိုသောအကြောင်းအရာများရှိလျှင် comment တွင်ရေးသားနိုင်ပါတယ်။
အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်။
ချစ်တဲ့💖သျှင်မိုး