အလုပ်အကိုင်များကို ဂျပန်လို ဘယ်လိုပြောမလဲ အပိုင်း(၄)

【Unicode】 ⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ EM

အလုပ်အမျိုးအစားလေးတွေကို ဂျပန်လိုသိထားရအောင်။ အခုအပိုင်းမှာက အင်တာနက် ဒီဇိုင်းနှင့်တီထွင်ရေးပိုင်း

ဂျပန်မှာကတော့ အိုင်တီပညာရှင်တွေ နည်းပါးနေတော့ အိုင်တီနယ်ပယ်မှာ လူခေါ်များတယ်ဆိုပေမယ့် ဒီ တီထွင်ရေးပိုင်းမှာလည်း စိတ်ဝင်စားသူများမယ်ထင်ပါတယ်နော်။

ယခင်က ရေးသားပြီး အကြောင်းအရာကတော့

(၁) 事務(じむ)・オフィス系(けい) – ရုံးထိုင်လုပ်ငန်း၊ အထွေထွေရုံးလုပ်ငန်း အမျိုးအစား
(၂) 販売(はんばい)・営業(えいぎょう)・飲食(いんしょく)・サービス系(けい) – အရောင်းအဝယ်၊ အစားအသောက်လုပ်ငန်း နှင့် ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစား
(၃) IT・エンジニア系(けい)   – အိုင်တီ၊ အိုင်တီအင်ဂျင်နီယာလုပ်ငန်း အမျိုးအစား ဖြစ်ပါတယ်။(စာပေါ်နှိပ်ပြီး အသေးစိပ် ကြည့်ရှုနိုင်ပါတယ်)

အခုကတော့

WEB・クリエイター系(けい) -အင်တာနက် ဒီဇိုင်းနှင့်တီထွင်လုပ်ငန်း အမျိုးအစား

၇မျိုးခွဲပြီး ဖော်ပြသွားပါမယ်။ ဒီဇိုင်းအတတ်ပညာပိုင်း အတွေ့အကြုံရှိ (သို့) သင်ယူထားတာရှိရပြီး ၊ဂျပန်စာလည်း မြင့်လေ ကောင်းလေပါနော်။

< ဝက်ဘ်ဆိုဒ်ပိုင်းဆိုင်ရာ >

WEB制作(せいさく)・編集(へんしゅう) -ဝက်ဆိုဒ်တည်ဆောက်ခြင်းနှင့် အင်တာနက်ဝန်ဆောင်မှု 

Website အသစ်တစ်ခု တည်ထောင်တဲ့အခါ၊ Website renewal ပြောင်းလဲတဲ့အခါနှင့် အကြောင်းအရာအသစ် ထပ်ဖြည့်တာတွေကို ပြုလုပ်ကြပါတယ်။ Website တစ်မျိုးတည်းမဟုတ်ဘဲ အင်တာနက်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေနှင့် Appတည်ဆောက်တာမှာလည်း ပါဝင်ရတဲ့ အလုပ်အမျိုးအစားဖြစ်ပါတယ်။စီမံထိန်းသိမ်းရေးပိုင်းလို့လည်း ပြောနိုင်ပါတယ်။ (တစ်ချို့လုပ်ငန်းတွေမှာတော့ ဆိုဒ်တည်ဆောက်တာကော၊ဒီဇိုင်းပိုင်းရေး အကုန်စွယ်စုံလုပ်ရတာလည်း ရှိသလို ၊ အခုလို သီးသန့်ခွဲထားတာလည်းရှိပါတယ်တဲ့။)

WEBデザイナー- ဝက်ဘ်ဆိုဒ်ဒီဇိုင်းရေးဆွဲတီထွင်ခြင်း

Website, Landing Page ဒီဇိုင်းပိုင်းကို လှပသပ်ရပ်အောင်နှင့် အမြင်အဆင်ပြေအောင် ထိန်းသိမ်းပြင်ဆင်ရတာပါ။HTML ၊ CSS ၊ ပုံဒီဇိုင်းစဖြင့် သိထားရပြီး ၊ကုဒ်ပိုင်းလည်း တာဝန်ယူပါတယ်။ သင့်တော်တဲ့ဒီဇိုင်းကို ရေးဆွဲတီထွင်ပေးရပါတယ်။

WEBディレクター – ဝက်ဘ်ဆိုဒ်ဒီဇိုင်းနှင့်တည်ဆောက်ခြင်းဆိုင်ရာ ကြီးကြပ်သူ

WEBデザイナーရဲ့ ကြီးကြပ်သူလို့ ပြောလို့ရပါတယ်။ လုပ်ငန်းဆောင်တာ ဆင်တူပြီး၊planning၊ဒီဇိုင်းပိုင်းအကုန် စီမံကြီးကြပ်ပါတယ်။ဒါရိုက်တာပေါ့နော်။

အခုနောက်ပိုင်း Web design , Web builder ပိုင်း မှာ နိုင်ငံခြားသား တွေ အများအပြားခေါ်ယူလာတာတွေ့ရပါတယ်။ အင်္ဂလိပ်စာအသုံးများတာလည်း ပါပါတယ်။ အလုပ်ကတော့ ဂျပန်စာ N2နှင့် ဒီဇိုင်းပိုင်း ကျွမ်းကျင်မှု လိုအပ်ပါတယ်တဲ့။

< စာအုပ်စာပေထုတ်လုပ်ရေးပိုင်းဆိုင်ရာ>

制作(せいさく)・編集(へんしゅう)・校正(こうせい)・ライター – စာအုပ်ထုတ်လုပ်၊စာဒီဇိုင်းတည်းဖြတ်၊အယ်ဒီတာ၊စာရေးသူ

စာဒီဇိုင်းတည်းဖြတ်တာကတော့ စာအုပ်၊မဂ္ဂဇင်းစတာတွေမှာ ဒီဇိုင်းအစီအစဉ်ရေးဆွဲခြင်း၊ ထုတ်လုပ်ရေးပိုင်း စီမံကွပ်ကဲခြင်း၊ စာမူစစ်ဆေးခြင်း စသဖြင့် ထုတ်လုပ်ရေးပိုင်းအကုန်လုံးနီးပါးပါ။ စာအုပ်အကြောင်းအရာအလိုက် အိုင်ဒီယာထုတ်ရတာပါ။အကုန်လုံး တာဝန်ယူကြတာရှိသလို၊ စာရေးသူကတော့ သီးသန့် စာပဲရေးတာလည်း တွေ့ရပါတယ်။

DTPオペレーター – ပုံနှိပ်ဒီဇိုင်းစီစဉ်သူ

Desk Top Publishing – စာအုပ်ပုံနှိပ်ဒီဇိုင်းlayout မှသည် စာရွက်ထွက်လာသည်အထိ စီမံကွပ်ကဲမှုကို တာဝန်ယူရပါတယ်။စကားလုံးအစီအစဉ်၊အရောင်၊displayစသဖြင့် အမျိုးမျိုးသိထားရပါတယ်။ အခုနောက်ပိုင်းDTP လုပ်ပြီးသား ဒေတာကို စာအုပ်ပုံနှိပ်တာအပြင် ၊ ebook အနေနှင့် သုံးတဲ့အခါလည်း ရှိပါတယ်တဲ့။

グラフィックデザイナー – Graphic Designer

ဂရပ်ဖစ်ဒီဇိုင်းပိုင်းကတော့ သုံးတဲ့နယ်ပယ် ကျယ်ပြန့်ပါတယ်။ ပုံနှိပ်စာမှအစ၊ ဖက်ရှင်ပိုင်း၊စက်မှုပစ္စည်းပိုင်း ၊ထုပ်ပိုးမှုစသဖြင့် အမြင်ဒီဇိုင်းပိုင်း မျိုးစုံ အသုံးတွင်ပါတယ်။ တီထွင်မှု အိုင်ဒီယာ လိုအပ်ပါတယ်။ အသုံးနယ်ပယ်ကျယ်ပြန့်တော့ ထပ်ပြီး အသေးစိတ်ခွဲတာလည်း ရှိပါတယ်တဲ့။

ဒီအပိုင်းမှာ တစ်ခုစိုးရိမ်ရတာကတော့ ဘာသာစကားပိုင်းနှင့် အိုင်ဒီယာပိုင်းပါ။ client က အလိုရှိတာကို ကိုယ်တိုင်စဉ်းစားပြီးဒီဇိုင်း ရေးဆွဲတာဖြစ်တဲ့အတွက် ဘာသာစကားအခက်အခဲနားလည်မှုလွဲပြီး မှာတာတစ်မျိုး၊ ကိုယ့်ဒီဇိုင်းက တစ်မျိုးဖြစ်နိုင်ပါတယ်။နောက် ယဉ်ကျေးမှုပိုင်းလည်း နားလည်ရပါမယ်။ ခံစားချက်ပိုင်းပေါ့နော်။အဲ့တော့ ဂျပန်စာက မြင့်လေကောင်းလေ။ ဒီဇိုင်းအတတ်ပညာလည်း ကျွမ်းလေ ကောင်းလေပေါ့နော်။

< ရုပ်သံပိုင်းဆိုင်ရာ >

映像(えいぞう)・音響(おんきょう) – ရုပ်ရှင်နှင့် အသံပိုင်းတည်းဖြတ်

ရုပ်သံတည်းဖြတ်ပိုင်းဖြစ်ပါတယ်။ video editing ၊ရိုက်ကူးတည်းဖြတ်ခြင်း စသဖြင့်ပါ။ ဒီအပိုင်းကတော့ နိုင်ငံခြားသားခေါ်တာတော့ နည်းပါသေးတယ်။video editingပိုင်း ဆိုရင်တော့ မျှော်လင့်နိုင်မယ်ထင်ပါတယ်။

ဒီနေ့တော့ ဒီလောက်ပါပဲ။ ဂျပန်က အလုပ်အကိုင်အမျိုးအစားတွေကို ဂျပန်လိုပြောနိုင်၊သိထားရအောင် တင်ဆက်ခြင်းဖြစ်ပါတယ်။

သူငယ်ချင်းတို့ အသုံးဝင်မယ်ထင်ပါတယ်။

ဖိုက်တင်း

EM

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗