အလုပ်ရှာမယ်ဆိုဘာတွေပြင်ဖို့လိုလဲ အပိုင်း(၁)

【Unicode】⇒  Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ SM

အလုပ်ရှာမဲ့သည်းကျော်ချန်တို့ရေ……
ဂျပန်မှာ အလုပ်ရှာရင် မဖြစ်မနေရှိသင့်တဲ့ အသုံးအဆောင်တွေနဲ့ ပက်သက်လို့
အကြံပေးချင်ပါတယ်။ပစ္စည်းလေးတွေကများလို့
နည်းနည်းချင်းဝယ်စုကြရအောင်နော်။စျေးချိုတဲ့နေရာလေးတွေကိုလဲ သိသလောက်ညွှန်ကြားပေးပါ့မယ်။ကဲ….လိုအပ်တဲ့အသုံးအဆောင်တွေကဘာတွေလဲဆိုရင်

👔ကုတ်အင်္ကျီနဲ့ဘောင်းဘီ

အမျိုးသားနဲ့အမျိုးသမီး သက်သက်စီပြောပါ့မယ်။

👨💼အမျိုးသား
👉🏻ကုတ်အင်္ကျီ-အနက်ရောင်
❗ကုတ်ကို၂စုံဝယ်ထားတာကောင်းပါတယ်။တစုံကိုယမ်း၁သောင်းကနေ၊၅သောင်းအထိရှိပါတယ်။ပွဲဆက်
များရင်၂စုံရှိမှအဆင်ပြေမှာမို့ ၁စုံကိုစျေးချိုတာနဲ့ နောက်တစ်စုံကို
စျေးမြင့်တာဝယ်သင့်ပါတယ်။အလုပ်ဝင်ရင်လဲဆက်သုံးလို့ရပါတယ်။အကျႌအသားမှာအဆင်းပါတာနဲ့
မပါတာရှိပါတယ်။ ပုံမှန်ကအဆင်းမပါတာပါ။အကြေမလွယ်တဲ့အသားကကောင်းပါတယ်။
👉🏻ရှပ်အင်္ကျီ-အဖြုရောင်
👉🏻လည်စီး-အရောင်မှိုင်း
👉🏻ခြေအိတ်-အနက်ရောင်၊နက်ပြာရောင်
👉🏻ခါးပတ်-အနက်ရောင်
👉🏻ဖိနပ်-အနက်ရောင်

👩💼အမျိုးသမီး
👉🏻ကုတ်အင်္ကျီ-အနက်ရောင်
❗ကုတ်ကို၂စုံဝယ်ထားတာကောင်းပါတယ်။တစုံကိုယမ်း၁သောင်းကနေ၊၅သောင်းအထိရှိပါတယ်။

ပွဲဆက်များရင်၂စုံရှိမှအဆင်ပြေမှာမို့ ၁စုံကိုစျေးချိုတာနဲ့ နောက်တစ်စုံကို
စျေးမြင့်တာဝယ်သင့်ပါတယ်။အလုပ်ဝင်ရင်လဲဆက်သုံးလို့ရပါတယ်။အမျိုးသမီးကုတ်အင်္ကျီမှာ
ရှေ့ကြယ်သီး၂လုံးပါတာဝယ်ပါ။ ခုနောက်ပိုင်းကြယ်သီး၁လုံးတွေပေါ်တာများပါတယ်။
သတ်မှတ်ထားတာကကြယ်သီး၂လုံးပါ။

ကုတ်အင်္ကျီအသားမှာအဆင်းပါတာနဲ့ မပါတာရှိပါတယ်။
ပုံမှန်ကအဆင်းမပါတာပါ။အကြေမလွယ်တဲ့အသားကကောင်းပါတယ်။စကတ်ကော၊ဘောင်းဘီရှည်ပါဝယ်
သင့်ပါတယ်။ အလုပ်ပေါ်လိုက်ပြီးဝတ်တာကွဲတာမျိုး ရှိပါတယ်။

👉🏻ဘလောက်စ်အင်္ကျီ-အဖြူရောင်
❗အများအားဖြင့်
အကျႌကပါးတတ်ပါတယ်။မပါးတာဝယ်ပါ။အောက်ကချွေးစုတ်မဲ့အကျႌဝတ်လဲကောင်းပါတယ်။ကော်လံမှာ
အတွန့်တွေပါတာမရပါ။

👉🏻အသားကပ်ခြေအိတ်-အသားရောင်
❗အရမ်းပါးတဲ့အသားမဖြစ်ပါစေနဲ့။

နင်းပါများရင်ဖိနပ်နဲ့ခြေဖဝါးကြားကခြေအိတ်ဟာ၊
တိုက်မိရင်းခြေဖဝါးဟာနာလာတတ်ပါတယ်။ဒါကြောင့်ကော်တွန်လိုမျိုးအသားတွေကခြေဖဝါးကိုပိုသက်ေ
တာင့်သက်သာရှိစေမှာပါ။

👉🏻ဖိနပ်-အနက်ရောင်ဒေါက်မြင့်ဖိနပ်
❗ဒေါက်အမြင့်၃စင်တီထက်ပိုမမြင့်ရပါဘူး။
ရှေ့ပိတ်နောက်ပိတ်ပါဖိနပ်ဖြစ်ရပါမယ်။၂.၅စင်တီကစီးရတာအကောင်းဆုံးပါ။ဖိနပ်ရွေးရင်ထိပ်ချွန်တာမဝ
ယ်ပါနဲ့။ ပုံစံလှပေမဲ့ လမ်းလျှောက်တာများရင်ခြေထောက်နာစေပါတယ်။
ထိပ်နဲနဲဝိုင်းတာဝယ်ပါ။ခြေဖနောင့်နဲ့ခြေနောက်ပိတ်နေရာမှာ လက်တလုံးစာနေရာကျန်ပါစေ။
အဲဒီနေရာမှာခြေဖနောင့်ကပ်တဲ့ဖော့တုံးလေးထဲ့စီးရင်နာတာသက်သာစေပါတယ်။
ခြေဖဝါးအောက်မှာသရေပြားထဲ့ဝတ်တာလဲကောင်းပါတယ်။လိုရမယ်ရအနာကပ်ပလာစတာ၃ချပ်လောက်
ဆောင်လဲကောင်းတယ်။ခြေထောက်မှာအနာဖြစ်ရင်သုံးဖို့ပါ။

စျေးချိုတဲ့ကုတ်အင်္ကျီများကို နီးစပ်ရာကုန်တိုက်များမှာဝယ်ယူနိုင်ပါတယ်။ ကုတ်အင်္ကျီ၁ထည်၊
ဘောင်းဘီရှည်၁ထည်ပါပါတယ်။ အမျိုးသမီးဆိုရင်စကတ်အတို၁ထည်ပါပါတယ်။

seiyuကုန်တိုက်၊Apita
ကုန်တိုက်တို့မှာရှိပါတယ်။ စျေးကယမ်း၁သောင်းဝန်းကျင်ပါ။
စျေးမြင့်တဲ့ ကုတ်အင်္ကျီများကတော့ aoyama မှာရှိပ်တယ်။ ကုတ်အင်္ကျီ၁ထည်ကို
ယမ်း၁သောင်းကနေ၂သောင်း၊ ဘောင်းဘီ၁ထည်ကိုလဲ ယမ်း၁သောင်းကနေ၂သောင်းကြားရှိပါတယ်။
အလုပ်ရှာတဲ့ရာသီဆိုရင် စျေးလျှော့တာတွေလည်းရှိပါတယ်။

တစ်ခါတရံမှာ ကျောင်းမှာဖြစ်စေ၊
အလုပ်မိတ်ဆက်ပွဲတွေမှာဖြစ်စေ စျေးချပေးတဲ့
ကူပွန်တွေဝေတာမျိုးရှိပါတယ်။ဒါတွေသုံးရင်လည်း စျေးချိုပါတယ်။

👜💼လက်ကိုင်အိတ်-အနက်ရောင်
❗ပိတ်စသားထက် သားရေသားကကောင်းပါတယ်။မိုးရွာလည်း နည်းနည်း အစိုခံပါတယ်။A4စာရွက်ဆံ့သော
အရွယ်ဝယ်ပါ။

✍🏻စာရေးကိရိယာ
ဖောင်တိန်-အနက်ရောင်
❗ဖျက်လို့ရတဲ့ဘောပင်ကိုမသုံးပါနဲ့။အပူနဲ့တွေ့ရင်ပျက်သွားတတ်လို့ပါ။မှင်အနက်ပဲသုံးပါ။

👉🏻 Entry sheet

👉🏻 စာအိတ်

👉🏻မှတ်စုစာအုပ်-အနက်ရောင်

🕹တံဆိပ်တုံး
❗လိုအပ်ရင်သုံးရအောင်မိမိတံဆိပ်တုံးကိုဆောင်ထားပါ။

ဒီတစ်ခါတော့ဒီမှာနားကြစို့နော်……
နောက်တခေါက်မှာတော့အဆက်ရေးပေးပါ့မယ်။
ချစ်တဲ့💖သျှင်မိုး

Author Profile

Hikari Moe
Hikari Moe
👩🏻‍💻တိုကျိုကကုမ္ပဏီတခုရဲ့ ဝန်ထမ်းတဦးပါ။
🖊စာရေးခြင်းရဲ့ ရည်ရွယ်ချက်ဟာ အသိပညာနဲ့ ကိုယ်တွေ့ အတွေ့အကြုံများကို မျှဝေပေးဖို့ပါ။
📚လက်ရှိလဲ ဂျပန်နိုင်ငံရဲ့ ဗဟုသုတများကို စုစည်းနေပါတယ်။
🤗ဂျပန်သည်းကျော်ချန်အားလုံးအတွက် အသုံးဝင်သော ဗဟုသုတများနဲ့ အကြံဉာဏ်များလဲပေးချင်ပါတယ်။
🙋🏻သိလိုသောအကြောင်းအရာများရှိလျှင် comment တွင်ရေးသားနိုင်ပါတယ်။
အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်။
ချစ်တဲ့💖သျှင်မိုး