ဖုန္းဝယ္မယ္ဆိုရင္

ဂ်ပန္ေရာက္ရင္ျဖင့္

အသံေလးမၾကားရရင္ေတာ့ မေနနိုင္တယ္

^^

မိမိမိသားစု အဆက္အႏြယ္ေတာ္မ်ားကို ဆက္သြယ္ဖို႕ဆို ဖုန္း႐ွိမွျဖစ္မွာပါေလ

ဒါေပမဲ့ ဘယ္လိုလုပ္ရမလဲ

ဂ်ပန္မွာဆို ဘယ္လိုဖုန္း sim card ႐ွိတယ္ ဘယ္လိုဝယ္ယူၾကလဲ?

ဆိုတာ

ေဖာ္ျပေပးသြားပါမယ္

ဒီေန႕ေခါင္းစဥ္က…

※ကိုက္ညီတဲ့ဖုန္းကိုသံုးၾကစို႕

ဂ်ပန္မွာေတာ့ ဖုန္းဆက္သြယ္ေရးကုမၸဏီၾကီး၃ခု႐ွိ္ပါတယ္

Docomo, au, Softbank ဆုိတဲ့ ကုမၸဏီေတြပါ

ဒီကုမၸဏီေတြက ဖုန္းေတြမွာ sim lock ခ်ထားလို႕ ကိုယ့္ႏိုင္ငံျပန္တဲ့အခါ သံုးမရတတ္ပါဘူး။။ ဒါေပမဲ့ ယခုကေတာ့ ဝယ္ယူျပီး ရက္၁၀၀ျပည့္ပါက တရားဝင္ lock ေျဖေပးတယ္လုိ႕သိရပါတယ္။ ဆက္သြယ္ေရးကုမၸဏီအလုိက္ေတာ့ ေစ်းႏႈန္း၊ဝန္ေဆာင္မႈကြာျခားပါတယ္။

ဝယ္ယူတဲ့အခါ ဖုန္းဟန္းဆက္ႏွင့္ sim card တြဲဝယ္ရျပီး ဖုန္းသံုးခြင့္စာခ်ဳပ္၂ႏွစ္စာခ်ဳပ္ဆိုရပါတယ္။ကိုယ္ဝယ္ယူထားတဲ့ packageအလိုက္ လစဥ္ေငြေပးေခ်ရပါတယ္။

ေစ်းကေတာ့ လစဥ္Yen 7000ေက်ာ္ပါတယ္။

ဂ်ပန္ကို ကာလတိုပဲလာမယ္ တစ္ႏွစ္အတြင္းပဲဆိုရင္ေတာ့ အဆင္မေျပႏိုင္ပါဘူး။

ဘာလို႕လဲဆိုေတာ့ ၂ႏွစ္စာခ်ဳပ္သက္တမ္း ဖ်က္သိမ္းခ ေပးေခ်ရလို႕ပါ။ လက္ရွိ ၂ဝ၁၇ခုနွစ္မွာေတာ့ ဖ်က္သိမ္းခ ယန္း ၁ဝ၂၆ဝ က်သင့္ပါတယ္။

ဒါဆို ဖုန္းမဝယ္ရေတာ့ဘူးလား။ အိမ္နဲ႕ဘယ္လိုဆက္သြယ္မလဲ?

ဆိုတဲ့သူေတြအတြက္

အေမး      ဂ်ပန္မွာ ဆင္းမ္ကဒ္တစ္မ်ိဳးတည္း ဝယ္လို႕ရပါသလား။

စာခ်ဳပ္သက္တမ္းမရွိဘဲ ေစ်းသက္သက္သာသာ ဖုန္းဝယ္လို႕ရပါသလား။

အေျဖ   ဝယ္လို႕ရပါတယ္။

အေဆြေတာ္တို႕ သံုးစြဲခ သက္သာေစမယ့္ careerမ်ားကို မိတ္ဆက္ေပးသြားပါမယ္။

sim card အမ်ိဳးအစားကေန စေျပာရေအာင္။

ဖုန္းsim card အမ်ိဳးအစား ၃မ်ိဳး႐ွိပါတယ္။

(၁) call function with data plan

音声(おんせい)通話(つうわ)機能付き(きのうつき)格安(かくやす)SIM<ဖုန္းေခၚဆိုျခင္း+ အင္တာနက္+sms>

(နံပါတ္၁ အမ်ိဳးအစားကေတာ့ ကုမၸဏီအလိုက္ စာခ်ဳပ္ဖ်က္သိမ္းခ ကုန္က်ပါတယ္)

(၂) data plan & sms function

SMS機能付き(きのうつき)格安(かくやす)SIM<အင္တာနက္+ sms>

(၃) data plan only

データ(でーた)通信(つうしん)専用(せんよう)格安(かくやす)SIM<အင္တာနက္သီးသန္႕>

simအမ်ိဳးအစားဖုန္းေခၚဆိုျခင္းsms စနစ္အင္တာနက္
call function
with data plan
OKOKOK
data plan
& sms function
×OKOK
data plan only××OK

sim cardပုံစံကေတာ့ အားလံုးသိၾကတဲ့အတိုင္း regular, micro, nano sim ၾကိဳက္တာဝယ္လို႕ရပါတယ္။

လိုအပ္တာကေတာ့ ကိုယ့္မွာ sim free ဖုန္းရွိထားဖို႕ပါပဲ (သံုးမရတဲ့ဟန္းဆက္လည္းရွိပါတယ္)

အရင္ဆံုး ဘယ္လိုကြာျခားလဲ

 ဖုန္းကုမၸဏီႀကီး
softbank
au
docomo
တန္ဖိုးနည္း simကဒ္
bill per monthယန္း၇၀၀၀ေက်ာ္ယန္း၂၀၀၀ေက်ာ္
period၂ႏွစ္လပိုင္းမွ ၁ႏွစ္(သို႔) ၂ႏွစ္
စာခ်ဳပ္ဖ်က္သိမ္းခ10,260 JPY①အင္တာနက္ဖုန္း/sms sim ⇒ဖ်က္သိမ္းခမေပးရ
②call function sim ⇒ယန္း၁ေသာင္းဝန္းက်င္
သံုးစြဲသူဂ်ပန္မွာ ၂ႏွစ္အထက္ ေနမည့္သူ

ဂ်ပန္မွာ ၃လအထက္ ၊ ၂ႏွစ္ေအာက္ေနထိုင္မည့္သူ
ဖုန္းေခၚေျပာမ်ားသူဖုန္းအေခၚအေျပာနည္းသူ
အိုင္ဖုန္းသုံးခ်င္သူမ်ားဖုန္းေဘလ္ေခၽြတာခ်င္သူ
ဝန္ေဆာင္မႈ
sim card တစ္မ်ိဳးတည္း ဝယ္သုံးခ်င္သူ

では、本番紹介^^

ႏိုင္ငံျခားသားလညး္ဝယ္ယူလို႕ရႏိုင္တဲ့တန္ဖိုးနည္း sim card

● Line mobile

LINEမွာကေတာ့ LINE, Facebook, Twitter, Instargram စသျဖင့္ လူမူကြန္ယက္app သံုးစြဲႏိုင္ျပီး  အင္တာနက္သံုးစြဲမႈအလုိက္ data plan ကြာျခားပါတယ္။

LINE free plan, Communication plan (LINE,Facebook,Twitter,Instargram) စသည္

LINE free ဆိုရင္ လစဥ္ 1GB ၅ဝဝယန္း~

Communication plan ကေတာ့ LINEအျပင္ Facebook,Twitter, Instargaram သံုးနုိင္ျပီး လစဥ္ Yen 1110~ ျဖစ္ျပီး၊3GB plan,5GB plan, 7GB plan,10GB plan ေရြးႏုိင္ပါတယ္။ အင္တာနက္ အျပင္ ရိုးရိုးဖုန္းေခၚဆိုႏိုင္တဲ့ plan ဆိုရင္ေတာ့ စသံုးျပီး  ၁ႏွစ္အတြင္း စာခ်ဳပ္ဖ်က္မယ္ဆိုရင္ေတာ့ အခေၾကးေငြ ကုန္က်ပါမယ္။

သံုးစြဲရင္ေတာ့ အင္တာနက္ကေန ေလွ်ာက္ထားသံုးစြဲႏုိင္ေၾကာင္းပါ။

LINE ဖန္ေတြအတြက္ေတာ့ ဝမ္းသာစရာေပါ့။

ဒုတိယတစ္ခုကေတာ့

● Rakuten mobile

Rakuten ကလည္း ဆင္းမ္အမ်ိဳးအစား၃ခုလံုးဝယ္ယူႏိုင္ျပီး

ေစ်းသက္သက္သာသာနဲ့ အန္းဒရိြဳက္ဖုန္းသံုးစြဲႏိုင္မွာပါ။

ထူးျခားခ်က္ကလည္း ေစ်းခ်ိဳတာပါတဲ့။ အင္တာနက္dataအလိုက္ ေစ်းကြာျခားေပမဲ့ လစဥ္ဖုန္းသံုးရင္း Rakuten ေစ်းဝယ္ပိြဳင့္လည္းရ႐ွိမွာပါ။ လစဥ္ေပးေခ်တဲ့ေငြထဲက ယန္း100 တိုင္း 1ပိြဳင့္ရျပီး တျခားေစ်းဝယ္တဲ့အခါ ပိြဳင့္သံုးႏိုင္တဲ့စနစ္ပါ။ ေဒတာအကုန္မသံုးျဖစ္ရင္ ေနာက္လမွာ က်န္တဲ့ေဒတာ ေပါင္းေပးပါတယ္။ ဟန္းဆက္လညး္တြဲဝယ္ႏိုင္ပါေသးတယ္။ ဟန္းဆက္ကေတာ့ အန္းဒရြိဳက္(Hwawei, Asus Zen series စသျဖင့္ )ျဖစ္ျပီး အိုင္ဖုန္းလည္း သံုးႏိုင္ပါတယ္။

Data only sim ကဒ္ပဲဆိုရင္ေတာ့ ႏွစ္ခ်ဳပ္မလိုအပ္ေပမဲ့ call function plan ဖုန္းေခၚဆိုစနစ္ပါရင္ေတာ့ အနည္းဆံုး တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ႏိုင္ျပီး ကာလအတြင္းစာခ်ဳပ္ဖ်က္ရင္ေတာ့ ၉၈ဝဝယန္းက်သင့္မွာပါ။

Rakutenေစ်းဝယ္ခ်င္သူေတြအတြက္ေတာ့ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲေပါ့ေလ။ (ကိုယ့္အေတြးနွင့္ကိုယ္)

ေနာက္ထပ္ေစ်းသက္သာတဲ့ ဆင္းမ္ကဒ္ကေတာ့

● IIJmio

ေစ်းေပါတယ္ဆိုေပမဲ့ အထင္မေသးလိုက္ပါနဲ႕ဦးးးး

တန္ဖိုးနည္းဆင္းမ္ကဒ္၂ဝ၁၆မွာ သံုးစြဲသူမ်ားေက်နပ္မႈမွာ ပထမရခဲ့ပါတယ္တဲ့ ^^

အင္တာနက္လိုင္းစြဲအားလည္းတည္ျငိမ္လို႕ လူၾကိဳက္ၾကပါတယ္။

လစဥ္ေဒတာေတြကလည္း အမ်ိဳးမ်ိဳးေရြးခ်ယ္ႏိုင္ျပီး၊ ဒီတစ္လနဲ႕ေဒတာအကုန္မသံုးျဖစ္ရင္ ေနာက္လမွာ က်န္တဲ့ေဒတာ ေပါင္းေပးပါတယ္။ ဟုမ္းေပ့ခ်္မွာလည္း အဂၤလိပ္လို ရွင္းျပထားတာရွိလို႕ ဂ်ပန္စာ ခန္းဂ်ီးခက္လည္း စိတ္မပူပါနဲ႕။

စစခ်င္းသံုးတဲ့အခါမွာေတာ့ ယန္း၃ဝဝဝ ေပးရျပီး ေဒတာသီးသန္႕ plan က ယန္း၉ဝဝကေန စပါတယ္။

ေနာက္ထပ္ ေစ်းသက္သက္သာသာနဲ႕ သံုးလို႕ရတာကေတာ့ Ymobile ပါ။

● Y mobile

နာမည္ၾကီး Softbank ရဲ႕ ကုမၸဏီခြဲျဖစ္ျပီး အင္တာနက္လိုင္းေကာင္းမြန္ ေစ်းသက္သာတာကေတာ့ ထူးျခားခ်က္ပါ။

၂ႏွစ္စာခ်ဳပ္ေတာ့ ခ်ဳပ္ရေပမဲ့ လစဥ္ ယန္း၃ဝဝဝ ေလာက္နဲ႕ ေဒတာ ၆GB ေလာက္အထိသံုးလို႕ရတဲ့ အစီအစဥ္ေတြ႐ွိပါတယ္။စမတ္ဖုန္းဆိုရင္ လစဥ္သံုးစြဲခ ၁၉၈ဝယန္း ကေနစပါတယ္တဲ့။

Ymobile ရဲ႕ တျခားတန္ဖိုးနည္းဖုန္းနဲ႕ကြာျခားတာကေတာ့ ေရာင္းခ်တဲ့ဟန္းဆက္ေတြထဲမွာ အိုင္ဖုန္းSE ကို တရားဝင္ေရာင္းခ်တာပဲျဖစ္ပါတယ္။ တျခား Hwawei လို တံဆိပ္လည္းရွိျပီး ၾကိဳက္ႏွစ္သက္တာသံုးႏိုင္ပါတယ္။

Iphone, Samsung တို႕လို နာမည္ၾကီးတံဆိပ္ၾကိဳက္ႏွစ္သက္တဲ့သူအတြက္ေတာ့ sim card ပဲဝယ္ျပီး သံုးလို႕ရပါတယ္။ တန္ဖိုးနည္းsim card နဲ႕တြဲေရာင္းတဲ့ ဟန္းဆက္ေတြကေတာ့ Hwawei, Asus Zen series စသျဖင့္ ႐ွိပါတယ္။

ေနာက္ထပ္ကေတာ့

ဖုန္းသံုးစြဲဖို႕ ေလွ်ာက္ထားရင္ ဘာေတြလိုအပ္မလဲ?

(၁) သက္ေသခံကဒ္ျပား (ေနထိုင္ခြင့္ကတ္ျပား ၊ ႏိုင္ငံျခားသားမွတ္ပံုတင္၊ အျမဲေနထိုင္ခြင့္ကတ္ ၊ က်န္းမာေရးအာမခံကဒ္၊ passport ၊ ယာဥ္ေမာင္းလိုင္စင္ စသျဖင့္)

(၂) ခရက္ဒစ္ကဒ္ (သို႕) ဘဏ္ကဒ္

(၃) တံဆိပ္တံုး (သို႕) လက္မွတ္

(၄) ဟန္းဆက္ဝယ္ယူပါက ဟန္းဆက္တန္ဖိုး

(၅) ဝန္ေဆာင္ခ

စတာေတြ ရွိထားရင္ ဖုန္းဝယ္လို႕ရပါျပီ။

ဖုန္းဆိုင္မွာ သြားဝယ္မယ္ဆိုရင္ေတာ့ မနက္ေစာေစာသြားဖို႕တိုက္တြန္းခ်င္ပါတယ္။ လူ႐ႈပ္တဲ့အခ်ိန္ဆို ၂နာရီနီးပါးေစာင့္ရလို႕ပါ။ကိုယ့္အလွည့္ေရာက္ေတာ့လညး္ ဆိုင္ဝန္ထမ္းေတြ႐ွင္းျပတာေတြနဲ႕ ေလွ်ာက္လႊာေရးတာက ၁နာရီေလာက္ ၾကာပါတယ္။စုစုေပါင္း ၃နာရီေပါ့ေနာ္။

မသြားခင္ အခ်ိန္ေသခ်ာညွိျပီးမွ အခ်ိန္းအခ်က္ျပဳၾကဖို႕ တိုက္တြန္းလိုက္ပါတယ္႐ွင္။

ဖုန္းဝယ္ျပီး မိသားစု မိတ္ေဆြေတြနဲ႕ ဆက္သြယ္ၾကပါစို႕။




(Unicode)

ဂျပန်ရောက်ရင်ဖြင့်

အသံလေးမကြားရရင်တော့ မနေနိုင်တယ်

^^

မိမိမိသားစု အဆက်အနွယ်တော်များကို ဆက်သွယ်ဖို့ဆို ဖုန်းရှိမှဖြစ်မှာပါလေ

ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ

ဂျပန်မှာဆို ဘယ်လိုဖုန်း sim card ရှိတယ် ဘယ်လိုဝယ်ယူကြလဲ?

ဆိုတာ

ဖော်ပြပေးသွားပါမယ်

ဒီနေ့ခေါင်းစဉ်က…

※ကိုက်ညီတဲ့ဖုန်းကိုသုံးကြစို့
ဂျပန်မှာတော့ ဖုန်းဆက်သွယ်ရေးကုမ္ပဏီကြီး၃ခုရှိ်ပါတယ်

Docomo, au, Softbank ဆိုတဲ့ ကုမ္ပဏီတွေပါ

ဒီကုမ္ပဏီတွေက ဖုန်းတွေမှာ sim lock ချထားလို့ ကိုယ့်နိုင်ငံပြန်တဲ့အခါ သုံးမရတတ်ပါဘူး။။ ဒါပေမဲ့ ယခုကတော့ ဝယ်ယူပြီး ရက်၁ဝဝပြည့်ပါက တရားဝင် lock ဖြေပေးတယ်လို့သိရပါတယ်။ ဆက်သွယ်ရေးကုမ္ပဏီအလိုက်တော့ စျေးနှုန်း၊ဝန်ဆောင်မှုကွာခြားပါတယ်။

ဝယ်ယူတဲ့အခါ ဖုန်းဟန်းဆက်နှင့် sim card တွဲဝယ်ရပြီး ဖုန်းသုံးခွင့်စာချုပ်၂နှစ်စာချုပ်ဆိုရပါတယ်။ကိုယ်ဝယ်ယူထားတဲ့ packageအလိုက် လစဉ်ငွေပေးချေရပါတယ်။

စျေးကတော့ လစဉ်Yen 7000ကျော်ပါတယ်။

ဂျပန်ကို ကာလတိုပဲလာမယ် တစ်နှစ်အတွင်းပဲဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။

ဘာလို့လဲဆိုတော့ ၂နှစ်စာချုပ်သက်တမ်း ဖျက်သိမ်းခ ပေးချေရလို့ပါ။ လက်ရှိ ၂ဝ၁ရခုနှစ်မှာတော့ ဖျက်သိမ်းခ ယန်း ၁ဝ၂၆ဝ ကျသင့်ပါတယ်။

ဒါဆို ဖုန်းမဝယ်ရတော့ဘူးလား။ အိမ်နဲ့ဘယ်လိုဆက်သွယ်မလဲ?

ဆိုတဲ့သူတွေအတွက်

အမေး      ဂျပန်မှာ ဆင်းမ်ကဒ်တစ်မျိုးတည်း ဝယ်လို့ရပါသလား။

စာချုပ်သက်တမ်းမရှိဘဲ စျေးသက်သက်သာသာ ဖုန်းဝယ်လို့ရပါသလား။

အဖြေ   ဝယ်လို့ရပါတယ်။

အဆွေတော်တို့ သုံးစွဲခ သက်သာစေမယ့် careerများကို မိတ်ဆက်ပေးသွားပါမယ်။

sim card အမျိုးအစားကနေ စပြောရအောင်။

ဖုန်းsim card အမျိုးအစား ၃မျိုးရှိပါတယ်။

(၁) call function with data plan

音声(おんせい)通話(つうわ)機能付き(きのうつき)格安(かくやす)SIM <ဖုန်းခေါ်ဆိုခြင်း+ အင်တာနက်+sms>

(နံပါတ်၁ အမျိုးအစားကတော့ ကုမ္ပဏီအလိုက် စာချုပ်ဖျက်သိမ်းခ ကုန်ကျပါတယ်)

(၂) data plan & sms function

SMS機能付き(きのうつき)格安(かくやす)SIM <အင်တာနက်+ sms>

(၃) data plan only

データ(でーた)通信(つうしん)専用(せんよう)格安(かくやす)SIM<အင်တာနက်သီးသန့်>

simအမ်ိဳးအစားဖုန္းေခၚဆိုျခင္းsms စနစ္အင္တာနက္
call function
with data plan
OKOKOK
data plan
& sms function
×OKOK
data plan only××OK

sim cardပုံစံကတော့ အားလုံးသိကြတဲ့အတိုင်း regular, micro, nano sim ကြိုက်တာဝယ်လို့ရပါတယ်။

လိုအပ်တာကတော့ ကိုယ့်မှာ sim free ဖုန်းရှိထားဖို့ပါပဲ (သုံးမရတဲ့ဟန်းဆက်လည်းရှိပါတယ်)

အရင်ဆုံး ဘယ်လိုကွာခြားလဲ

 ဖုန္းကုမၸဏီႀကီး
softbank
au
docomo
တန္ဖိုးနည္း simကဒ္
bill per monthယန္း၇၀၀၀ေက်ာ္ယန္း၂၀၀၀ေက်ာ္
period၂ႏွစ္လပိုင္းမွ ၁ႏွစ္(သို႔) ၂ႏွစ္
စာခ်ဳပ္ဖ်က္သိမ္းခ10,260 JPY①အင္တာနက္ဖုန္း/sms sim ⇒ဖ်က္သိမ္းခမေပးရ
②call function sim ⇒ယန္း၁ေသာင္းဝန္းက်င္
သံုးစြဲသူဂ်ပန္မွာ ၂ႏွစ္အထက္ ေနမည့္သူ

ဂ်ပန္မွာ ၃လအထက္ ၊ ၂ႏွစ္ေအာက္ေနထိုင္မည့္သူ
ဖုန္းေခၚေျပာမ်ားသူဖုန္းအေခၚအေျပာနည္းသူ
အိုင္ဖုန္းသုံးခ်င္သူမ်ားဖုန္းေဘလ္ေခၽြတာခ်င္သူ
ဝန္ေဆာင္မႈ
sim card တစ္မ်ိဳးတည္း ဝယ္သုံးခ်င္သူ

では、本番紹介^^

နိုင်ငံခြားသားလညး်ဝယ်ယူလို့ရနိုင်တဲ့တန်ဖိုးနည်း sim card

● Line mobile
LINEမှာကတော့ LINE, Facebook, Twitter, Instargram စသဖြင့် လူမူကွန်ယက်app သုံးစွဲနိုင်ပြီး  အင်တာနက်သုံးစွဲမှုအလိုက် data plan ကွာခြားပါတယ်။

LINE free plan, Communication plan (LINE,Facebook,Twitter,Instargram) စသည်

LINE free ဆိုရင် လစဉ် 1GB ၅ဝဝယန်း~

Communication plan ကတော့ LINEအပြင် Facebook,Twitter, Instargaram သုံးနိုင်ပြီး လစဉ် Yen 1110~ ဖြစ်ပြီး၊3GB plan,5GB plan, 7GB plan,10GB plan ရွေးနိုင်ပါတယ်။ အင်တာနက် အပြင် ရိုးရိုးဖုန်းခေါ်ဆိုနိုင်တဲ့ plan ဆိုရင်တော့ စသုံးပြီး  ၁နှစ်အတွင်း စာချုပ်ဖျက်မယ်ဆိုရင်တော့ အခကြေးငွေ ကုန်ကျပါမယ်။

သုံးစွဲရင်တော့ အင်တာနက်ကနေ လျှောက်ထားသုံးစွဲနိုင်ကြောင်းပါ။

LINE ဖန်တွေအတွက်တော့ ဝမ်းသာစရာပေါ့။

ဒုတိယတစ်ခုကတော့

● Rakuten mobile
Rakuten ကလည်း ဆင်းမ်အမျိုးအစား၃ခုလုံးဝယ်ယူနိုင်ပြီး

စျေးသက်သက်သာသာနဲ့ အန်းဒရွိုက်ဖုန်းသုံးစွဲနိုင်မှာပါ။

ထူးခြားချက်ကလည်း စျေးချိုတာပါတဲ့။ အင်တာနက်dataအလိုက် စျေးကွာခြားပေမဲ့ လစဉ်ဖုန်းသုံးရင်း Rakuten စျေးဝယ်ပွိုင့်လည်းရရှိမှာပါ။ လစဉ်ပေးချေတဲ့ငွေထဲက ယန်း100 တိုင်း 1ပွိုင့်ရပြီး တခြားစျေးဝယ်တဲ့အခါ ပွိုင့်သုံးနိုင်တဲ့စနစ်ပါ။ ဒေတာအကုန်မသုံးဖြစ်ရင် နောက်လမှာ ကျန်တဲ့ဒေတာ ပေါင်းပေးပါတယ်။ ဟန်းဆက်လညး်တွဲဝယ်နိုင်ပါသေးတယ်။ ဟန်းဆက်ကတော့ အန်းဒရွိုက်(Hwawei, Asus Zen series စသဖြင့် )ဖြစ်ပြီး အိုင်ဖုန်းလည်း သုံးနိုင်ပါတယ်။

Data only sim ကဒ်ပဲဆိုရင်တော့ နှစ်ချုပ်မလိုအပ်ပေမဲ့ call function plan ဖုန်းခေါ်ဆိုစနစ်ပါရင်တော့ အနည်းဆုံး တစ်နှစ်စာချုပ်ချုပ်နိုင်ပြီး ကာလအတွင်းစာချုပ်ဖျက်ရင်တော့ ၉၈ဝဝယန်းကျသင့်မှာပါ။

Rakutenစျေးဝယ်ချင်သူတွေအတွက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့လေ။ (ကိုယ့်အတွေးနှင့်ကိုယ်)

နောက်ထပ်စျေးသက်သာတဲ့ ဆင်းမ်ကဒ်ကတော့

● IIJmio
စျေးပေါတယ်ဆိုပေမဲ့ အထင်မသေးလိုက်ပါနဲ့ဦးးးး

တန်ဖိုးနည်းဆင်းမ်ကဒ်၂ဝ၁၆မှာ သုံးစွဲသူများကျေနပ်မှုမှာ ပထမရခဲ့ပါတယ်တဲ့ ^^

အင်တာနက်လိုင်းစွဲအားလည်းတည်ငြိမ်လို့ လူကြိုက်ကြပါတယ်။

လစဉ်ဒေတာတွေကလည်း အမျိုးမျိုးရွေးချယ်နိုင်ပြီး၊ ဒီတစ်လနဲ့ဒေတာအကုန်မသုံးဖြစ်ရင် နောက်လမှာ ကျန်တဲ့ဒေတာ ပေါင်းပေးပါတယ်။ ဟုမ်းပေ့ချ်မှာလည်း အင်္ဂလိပ်လို ရှင်းပြထားတာရှိလို့ ဂျပန်စာ ခန်းဂျီးခက်လည်း စိတ်မပူပါနဲ့။

စစချင်းသုံးတဲ့အခါမှာတော့ ယန်း၃ဝဝဝ ပေးရပြီး ဒေတာသီးသန့် plan က ယန်း၉ဝဝကနေ စပါတယ်။

နောက်ထပ် စျေးသက်သက်သာသာနဲ့ သုံးလို့ရတာကတော့ Ymobile ပါ။

● Y mobile
နာမည်ကြီး Softbank ရဲ့ ကုမ္ပဏီခွဲဖြစ်ပြီး အင်တာနက်လိုင်းကောင်းမွန် စျေးသက်သာတာကတော့ ထူးခြားချက်ပါ။

၂နှစ်စာချုပ်တော့ ချုပ်ရပေမဲ့ လစဉ် ယန်း၃ဝဝဝ လောက်နဲ့ ဒေတာ ၆GB လောက်အထိသုံးလို့ရတဲ့ အစီအစဉ်တွေရှိပါတယ်။စမတ်ဖုန်းဆိုရင် လစဉ်သုံးစွဲခ ၁၉၈ဝယန်း ကနေစပါတယ်တဲ့။

Ymobile ရဲ့ တခြားတန်ဖိုးနည်းဖုန်းနဲ့ကွာခြားတာကတော့ ရောင်းချတဲ့ဟန်းဆက်တွေထဲမှာ အိုင်ဖုန်းSE ကို တရားဝင်ရောင်းချတာပဲဖြစ်ပါတယ်။ တခြား Hwawei လို တံဆိပ်လည်းရှိပြီး ကြိုက်နှစ်သက်တာသုံးနိုင်ပါတယ်။

Iphone, Samsung တို့လို နာမည်ကြီးတံဆိပ်ကြိုက်နှစ်သက်တဲ့သူအတွက်တော့ sim card ပဲဝယ်ပြီး သုံးလို့ရပါတယ်။ တန်ဖိုးနည်းsim card နဲ့တွဲရောင်းတဲ့ ဟန်းဆက်တွေကတော့ Hwawei, Asus Zen series စသဖြင့် ရှိပါတယ်။

နောက်ထပ်ကတော့

ဖုန်းသုံးစွဲဖို့ လျှောက်ထားရင် ဘာတွေလိုအပ်မလဲ?

(၁) သက်သေခံကဒ်ပြား (နေထိုင်ခွင့်ကတ်ပြား ၊ နိုင်ငံခြားသားမှတ်ပုံတင်၊ အမြဲနေထိုင်ခွင့်ကတ် ၊ ကျန်းမာရေးအာမခံကဒ်၊ passport ၊ ယာဉ်မောင်းလိုင်စင် စသဖြင့်)

(၂) ခရက်ဒစ်ကဒ် (သို့) ဘဏ်ကဒ်

(၃) တံဆိပ်တုံး (သို့) လက်မှတ်

(၄) ဟန်းဆက်ဝယ်ယူပါက ဟန်းဆက်တန်ဖိုး

(၅) ဝန်ဆောင်ခ

စတာတွေ ရှိထားရင် ဖုန်းဝယ်လို့ရပါပြီ။

ဖုန်းဆိုင်မှာ သွားဝယ်မယ်ဆိုရင်တော့ မနက်စောစောသွားဖို့တိုက်တွန်းချင်ပါတယ်။ လူရှုပ်တဲ့အချိန်ဆို ၂နာရီနီးပါးစောင့်ရလို့ပါ။ကိုယ့်အလှည့်ရောက်တော့လညး် ဆိုင်ဝန်ထမ်းတွေရှင်းပြတာတွေနဲ့ လျှောက်လွှာရေးတာက ၁နာရီလောက် ကြာပါတယ်။စုစုပေါင်း ၃နာရီပေါ့နော်။

မသွားခင် အချိန်သေချာညှိပြီးမှ အချိန်းအချက်ပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

ဖုန်းဝယ်ပြီး မိသားစု မိတ်ဆွေတွေနဲ့ ဆက်သွယ်ကြပါစို့။

iKa

 

Author Profile

EM
EM
မိတ္ေဆြတို႔ ျပံဳးေပ်ာ္ႏိုင္ေစရန္ ဂ်ပန္အေၾကာင္းေရးသားတင္ဆက္လိုက္ပါတယ္။
🌼🌼🌼🌼🌼
ေရႊမႏၲေလးမွလာၿပီး တိုက်ိဳမွာ အလုပ္လုပ္ေနပါတယ္။ သိမွတ္ရသမွ် ေဝမွ်ေပးသြားပါမယ္ရွင္။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗