ဂျပန်ရဲ့ အလုပ်ခွင်နှင့်လူနေမှု အဆင်ပြေစေရေး

【Unicode】⇒Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ MJ

မင်္ဂလာပါ

ဂျပန်နိုင်ငံဟာ စီးပွားရေးတိုးတက်ပြီး နိုင်ငံဆိုတာ သူငယ်ချင်းတို့ သိကြမှာပါ။

ဂျပန်မှာက အလုပ်အရမ်းဖိလုပ်တယ်၊ အချိန်ပိုတွေ ရှိတယ် ဆိုပေမယ့်

လက်ရှိဂျပန်မှာက အလုပ်ခွင်ကနေ လူနေမှုကိုပါ မြှင့်တင်ရန် ကူညီရေးအဖွဲ့အစည်းများနှင့် နည်းလမ်းအမျိုးမျိုး၊စနစ်အမျိုးမျိုး ကျင့်သုံးနေတယ်ဆိုတာ သိပါသလား။

စီးပွားရေးအပြင်၊ လူနေမှုဘဝမြှင့်တင်ရေးကိုပါ အထူးဂရုစိုက်လာကြပါတယ်။

ဘယ်လိုအချက်လေးတွေနှင့် အလုပ်ခွင်၊လူနေမှု ကောင်းမွန်အောင်ဆောင်ရွက်ကြပါသလဲ။

🎌အလုပ်လုပ်ကိုင်သူ မိဘများနှင့် လူမူကူညီစောင့်ရှောက်ရေး

ဂျပန်မှာ အိမ်ထောင်စုဆိုရင် အဖေ၊အမေ နှစ်ယောက်လုံး အလုပ်လုပ်ကြပါတယ်။ယခင်က အမျိုးသားတွေသာ အလုပ်လုပ်ကိုင်တဲ့ ဂျပန်လူနေမှုလောက ဆိုပေမယ့်၊ ယခုအခါ အမျိုးသမီးတွေလည်း နေရာတစ်နေရာယူ အလုပ်ဝင်နိုင်ကြပါပြီ။ ဒါပေမယ့် ကလေးရှိတဲ့မိသားစုဆိုရင်တော့ ကလေးထိန်းရတာနဲ့ အလုပ်ဖြောင့်အောင်မလုပ်နိုင်ပါဘူး။

ဂျပန်မှာ ကလေးမိခင်တွေ အလုပ်လုပ်နိုင်ဖို့ ရပ်ကွက်အတွင်း အသင်းအဖွဲ့အမျိုးမျိုး ထူထောင်ပြီး၊ လူနေမှု အဆင်ပြေအောင် ထောက်ပံ့ပေးပါတယ်။

ဥပမာ – မူလတန်းကျောင်းရှိ မိဘများ အဖွဲ့အစည်းမှ လုပ်ဆောင်ပုံ အကြောင်းပေါ့။

-ကျောင်းမှ ကလေးထိန်းပေးခြင်း

ဂျပန်နိုင်ငံက သူငယ်တန်း ကလေးတွေဟာ အသက်မှာ ၅-၁၀ နှစ်အတွင်း ဖြစ်ကြပါတယ်။

ကလေးမိခင်တွေဟာ အလုပ်လုပ်နေလို့ ကလေးအား အချိန်မီ လာမကြိုနိုင်ခြင်း၊ ကလေးတစ်ယောက်တည်း အိမ်ပြန်ရတာတို့၊ အိမ်မှာ ကလေး တယောက်ထဲ ဖြစ်မည်ကို စိတ်မချတဲ့ အတွက်
ကျောင်းဆင်းချိန်ပြီးပေမဲ့ ကျောင်းချိန်ပြီး ၂နာရီကြာ မိဘများလာကြိုသည်အထိ စောင့်ပေးသော ၊ ကလေးများအား ကြည့်ပေးသော လူမှုအဖွဲ့အစည်းများ ရှိပါတယ်။

-ရပ်ကွက် မိခင်များကျန်းမာရေး

ကလေးကျောင်းတက်နေစဉ် မိခင်များ၏ ကိုယ်၊စိတ် ကျန်းမာရေးကို အလေးထားကာ ကိုယ်ကာယ ကျန်းမာရေး လူပ်ရှား အသင်း စသည် အားကစား အသင်းများလည်း ရှိကြပါတယ်။

မိခင်များ၏ အဖွဲ့အစည်းတင်မဟုတ်၊ ဖခင်များပါ စုပေါင်း ပါဝင်နိုင်ရန် ၁လ တစ်ခါ မိသားစု စုပေါင်းဟင်းချက်ပွဲ စသည်တို့ ပြုလုပ်ကြပါတယ်။ ရပ်ကွက်မိသားစုအချင်းချင်း ရင်းနှီးစေရေးအတွက် ရည်ရွယ်ပါတယ်။

🎌    အလုပ်ခွင် နှင့် လူမှုဖူလုံရေး

မိသားစု နှင့် အလုပ် အချိန်မမျှတဲ့သူများအတွက် Shift အလုပ်ချိန်အရွေ့အပြောင်းလုပ်နိုင်ခြင်း၊ အလုပ်မှာ ကလေးအပ်နှံ၍ ခြင်း၊ အထူးခွင့် ပေးခြင်း များလည်း ရှိပါတယ်။

ဒါ့အပြင် 衛生委員会(えいせいいいんかい)အလုပ်ခွင်သန့်ရှင်းကျန်းမာရေးထိန်းသိမ်းရေးအဖွဲ့ ဆိုတဲ့အဖွဲ့လည်း ရှိတတ်ပါတယ်။ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်တာပါ။

ဝန်ထမ်းဦးရေ ၅၀ အထက်ရှိတဲ့ ကုမ္ပဏီတိုင်းမှာ ဖွဲ့စည်းလေ့ရှိတဲ့ အဖွဲ့ပါ။ အလုပ်ပတ်ဝန်းကျင်ကို သန့်ရှင်းစေပြီး ၊ ဝန်ထမ်းတွေ ကျန်းမာရေးကို အလေးထားဖို့ပါတဲ့နော်။

🎌Teamwork ကြိုးစားမှုနှင့် အပြိုင် 

ဂျပန်ကုမ္ပဏီတိုင်းမှာ ကိုယ့်အဖွဲ့အလိုက် ဘယ်လောက်အထိ အဆင်ပြေပြေနှင့် ပူးပေါင်း ဆောင်ရွက်နိုင်လဲဆိုတာ အရေးပါပါတယ်။  လုပ်ဖော်ကိုင်ဖက်ရဲ့အခြေအနေကို နားလည်သဘောပေါက်ပြီး၊တိုင်ပင်သင့်တာတိုင်ပင်၊လက်တွဲခေါ်ယူကာ မိမိအဖွဲ့ တိုးတက်ရေးအတွက် ကြိုးစားကြပါတယ်။

Teamworkစိတ်ဓါတ်အပြင်၊မိမိအဖွဲ့တိုးတက်အောင် အကျိုးအမြတ်ရရှိအောင် အဖွဲ့အလိုက် သူ့ထက်ငါ ကြိုးစားကြပါတယ်။

တစ်ရုံးတည်း ဆိုပေမယ့် ဘယ်အဖွဲ့က အတော်ဆုံး၊အကောင်းဆုံးလဲ ဆိုတဲ့ အမှတ်ရရေး ဆုတံဆိပ် ရရေး အပြိုင်  ကြိုးစားကြတာပါ။

ပြိုင်တယ်ဆိုလို့ ရန်ဖြစ်နေကြတာမဟုတ်ပါဘူး။ကုမ္ပဏီအလိုက် ဝန်ထမ်းအမှတ်ပေးစနစ်၊ဆုကြေး စသဖြင့်ရှိတဲ့အပြင်၊

အဖွဲ့အလိုက် အလုပ်ဖြစ်ထွန်းရင် ကုမ္ပဏီလည်း အကျိုးဖြစ်ထွန်း၊ပြိင်ဖက်ကုမ္ပဏီတွေနှင့်လည်း ယှဉ်ပြိုင်နိုင်တာမို့ပါ။

ကုမ္ပဏီအလိုက် ဆိုလျှင်လည်း လုပ်ငန်းနယ်ပယ်မှာ နံပါတ်၁ရရှိရေး ၊အကောင်းဆုံး ကုမ္ပဏီဖြစ်ရေး ကြိုးစားကြတော့တာပါပဲ။

ဂျပန်ပစ္စည်းတွေ ကောင်းတယ်၊ ပို ပို ကောင်းလာတယ် ဆိုတဲ့ အရည်အသွေးတွေဟာ  သူတို့နိုင်ငံရဲ့ ရုံး ကုမ္ပဏီတွေရဲ့ သူ့ထက် သူ့ထက် ပိုတော်အောင် ကြိုးစားခြင်းရဲ့ ရလဒ် တစ်ခုပါပဲ။ Teamwork စိတ်ဓါတ်ဖြင့် အလုပ်ခွင်အဆင်ပြေအောင် ထိန်းသိမ်းတာလို့ ပြောလို့ရပါတယ်။

🎌     စည်းလုံးခြင်း

အရောင်းကုမ္ပဏီ၊ထုတ်လုပ်ရေးကုမ္ပဏီ၊လူမှုရေးအဖွဲ့အစည်း သာမက ဘယ်လုပ်ငန်းမဆို သူ့ထက်ငါ  ကြိုးပမ်းလျက် တစ်နည်းအားဖြင့် ပြိုင်ဆိုင်လျက် ရှိကြတယ်ပေါ့။

ဒါပေမဲ့ သူတို့တွေဟာ ဘယ်လောက်ပင် ပြိုင်စေကာမူ လိုအပ်အချိန်မှာတော့ စည်းလုံးကြပါတယ်။ အားကျ စရာ သက်သေတွေ မိသားစု စိတ်ဓါတ်တွေလည်း တွေ့ရပါတယ်။

ဥပမာပေါ့…..

ဂျပန်မှာ  ငလျင်နဲ့ စုနာမိ ဖြစ်တဲ့ အချိန်ကဆို  ဂက်စ်ပိုက်လိုင်းတွေ ပျက်စီးကြပြီး၊ ဂက်စ်ပိုက်တွေ ပြန်လည်ပြုပြင်ရေး အတွက် ဂျပန်တနိုင်ငံလုံးရှိ ဂက်စ်ကုမ္ပဏီ ပေါင်းစုံဟာ  ရောက်ရှိလာကြပြီး ဂက်စ်ပိုက်လိုင်းတွေကို အားသွန်ခွန်စိုက် အမြန် ပြုပြင်ပေးကြပါတယ်။

ဒီအချိန်မှာ သူတို့ရဲ့ ယူနီဖောင်းတွေဟာ  ကိုယ်စီကိုယ်စီ ကွဲလွဲနေကြပေမဲ့ သူတို့ရဲ့ ဦးတည်ချက်ဟာ  တစ်ခုတည်းပါဘဲ။ ပြည်သူတွေ အမြန်ဆုံး အဆင်ပြေစေဖို့ပဲ ဖြစ်ပါတယ်။

ဒီလို စည်းလုံးတဲ့ သူတို့ရဲ့ အကြောင်းလေးတွေ တွေ့မြင်ကြား ရပြန်တော့  MJ လည်း မျက်ရည်စို့ ပြန်လည်တမ်းတမိပါတယ်။

ဘာလို့လဲ ဆိုတော့ ဆူနာမိဖြစ်တုန်းက MJ လည်း ကိုယ်တက်နိုင်တဲ့ ဘက်ကနေ ပါဝင် လုပ်အားပေးခဲ့လို့ပါပဲ။

အားလုံးကို ထာဝရ လေးစားလျက်

MJ🌸

Author Profile

MJ
MJ
မဂၤလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။