အိမ်ခန်းရွှေ့ပြောင်းကြမည်။ကုန်ကျငွေ မည်မျှနည်း။^^🤗

အိုဟိကိုရှိ ( お引越し、おひっこし、အိုဟိ ကိုရှိ ) အိမ်ခန်းပြောင်းခြင်း အကြောင်းလေးပါ။

【Unicode】⇒Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

MJ

MJ ရေးပြချင်တာကတော့ ဂျပန်ရှိ မြန်မာများ အတွက် ဂျပန်နိုင်ငံရဲ့ အိမ်ပြောင်းတဲ့အခါ အရွေ့အပြောင်းကုန်ကျစရိတ်လေးပါပဲ။
အိမ်ပြောင်းတဲ့ အခါ လူဦးရေပေါ် မူတည်ပြီး ပစ္စည်း၊အနည်းအများအလိုက်  ပစ္စည်းသယ်ပေးမယ့် ကုမ္ပဏီ၊ဌာနက ကျသင့်ငွေကို တွက်ချက်ပေးပါတယ်။ဒါ့အပြင် ပြောင်းမယ့်လိပ်စာသစ်က ဘယ်လောက်ဝေးလဲကိုလည်း တိုင်းတာကြပါသေးတယ်။ပစ္စည်း နဲ့ လိပ်စာသစ် ပေါ် မူတည်ပြီး ကုန်ကျငွေ ကွာပါမယ်။
ဒါကြောင့် အကွာအဝေးအလိုက် ကုန်ကျစရိတ်သတ်မှတ်ထားတဲ့အပြင် တစ်ချို့ကုမ္ပဏီတွေမှာက ပက်ကေ့ချ်အလိုက် သတ်မှတ်ထားတာလည်း ရှိပါတယ်။

အိမ်ခန်းရွှေ့ပြောင်း ကုမ္ပဏီကိုသုံးရင် ခန့်မှန်းချေ ငွေပမာဏက

■ ၁ယောက်စာ
ခရီး နီး၊ပစ္စည်းနည်း ၃-၅ သောင်းကြား
■ ၂ ယောက်စာ
ခရီး နီး၊ပစ္စည်းနည်း  ၅-၁၀ သောင်းကြား
■ ၃ ယောက်စာ
ခရီး နီး၊ ပစ္စည်းနည်း  ၁၀-၂၀ သောင်းကြား
ခရီး ဝေး၊ပစ္စည်းအနဲငယ် ပိုများ ၃၀-၃၅ သောင်းကြား လောက်ကုန်ကျပါတယ်။

အလေးချိန်အပေါ်လည်း မှုတည်တာမို့  အနည်းအများကတော့ ကွာပါတယ်နော်။
တစ်ချို့ တိုကျိုကနေ အင်မတန် ဝေးတဲ့ ဟော့ကိုင်းဒိုး အိုခီနာဝါဘက် ရွေ့ပြောင်းကြ။ တစ်ချို့ကြတော့ အနီးအနား၊တစ်ရပ်ကွက်တည်းပြောင်းကြတာ(အရမ်းနီးရင်တော့ ကိုယ့်ဘာသာ လက်သယ်ပေါ့နော်^^)

ရွှေ့ပြောင်းနည်း  အကြမ်းမျဉ်းအားဖြင့် ဝန်ဆောင်မှု ၄ မျိုး ရှိပါတယ်။

၁။ အိမ်ဟောင်းမှ ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းပေးသည့်အပြင် အိမ်သစ်တွင်လည်း ပစ္စည်းများအား အသေးစိတ် ပြန်လည်နေရာချထားပေးခြင်း

၂။ အိမ်ဟောင်းမှ ပစ္စည်းများ သိမ်းဆည်းထုပ်ပိုး ပေးခြင်း နှင့် အိမ်သစ်တွင် ပစ္စည်းအကြီး၊အလေး ကိုသာ ကူညီခြင်း

၃။ အိမ်ဟောင်းမှ ပစ္စည်းများ သိမ်းဆည်းထုပ်ပိုး ပေးခြင်း မရှိ။ သို့သော် အိမ်သစ်တွင်  ပစ္စည်းများအား  သေချာ နေရာတကျ ပြန်လည် ထားပေးခြင်း။

၄။ ပစ္စည်းလာသယ်သူက အိမ်ပေါက်ဝ မှ ကားပေါ် သို့သာ သယ်ပေးခြင်း။ အိမ်သစ်တွင်လည်း အိမ်တွင်း အဝင်ဝ တွင် ထားရှိပေးခဲ့ခြင်း။
ထိုအထဲမှ နံပါတ်(၁) သည် စျေးအကြီးဆုံးဖြစ်၍ နံပါတ်(၄) သည် ကုန်ကျစရိတ်အနည်းဆုံး  ဖြစ်ပါသည်။

အိမ်ခန်းရွှေ့ပြောင်းကုမ္ပဏီက တော့အသေးစားမှ အစ ၊ နာမည်ကြီးကုမ္ပဏီတွေအထိ အမျိုးမျိုး

⇒နာမည်ကြီး ကုမ္ပဏီတွေကတော နာမည် မပျက်ဖို့ အရေး အဓိက ထားတာမို့ ပြောင်းတဲ့ အခါ အာမခံ စိတ်ချရတယ်ပေါ့။ဒီ့တော့ ကုန်ကျ စရိတ်က ပိုများတတ်ပါတယ်။
⇒နာမည်သိပ်မရှိလှတဲ့ ဝန်ဆောင်မှုတွေကတော့ သိပ်စိတ်မချရပါဘူး။စျေးကတော့ သက်သာပါတယ်။

ဒီတော့ ဂျပန်ရောက်လို့ အိမ်ပြောင်းနေရာပြောင်းတဲ့အခါ
ကုန်ကျငွေ နည်းအောင် ဘယ်လို စုံစမ်းမလဲ?!

အင်တာနက် ခေတ်မို့ ဂူဂဲလ်၊Search engine မှာ အိုဟိကိုရှိ ( お引越し= おひっこし)လို့ စာရိုက် ရှာပါ။(ဂျပန်ကတော့ တစ်ခုခုသိချင်ရင် ဂူဂဲလ်မှာပဲ စာရိုက်ရှာလေ့ရှိပါတယ်)
ဆိုင်ရာ ဝက်ဆိုဒ်တွေ တန်းစီထွက်လာပါလိမ့်မယ်။ကုမ္ပဏီပေါင်း များစွာ ရှိလို့ ကောင်းနိုးရာရာ ကိုယ်ကြိုက်မယ်ထင်တာလေး ၃,၅ ခု ကုမ္ပဏီလောက်ရွေးပြီး…..

(၁) အင်တာနက် ဟုမ်းပေ့ချ်မှ စာရင်းပေးသွင်းခြင်း
(၂) ဖုန်းဖြင့်တိုက်ရိုက်ဆက်ခြင်း ဖြင့်ဆက်သွယ်နိုင်ပါတယ်။

▲လက်ရှိလိပ်စာ မှ လိပ်စာသစ်သို့ ပြောင်းလိုကြောင်း
▲တစ်ယောက်စာ/ (သို့) မိသားစု / … ယောက်စာ ဖြစ်ကြောင်း နှင့်
▲ခန့်မှန်းရက်စွဲ  ပြောပြပြီး

( ဖုန်းနှင့်ဆက်သွယ်ပြောဆိုတဲ့အခါမှာ  စပြောပြောခြင်း လိပ်စာများအား အတိအကျ ပြောပြစရာ မလိုပါ၊ ဘယ်မြို့၊ဘယ်နှယောက်စာ ဆိုပြီးပေါ့ )။
ဘာဖြစ်လို့လည်းဆိုတော့  တစ်ချို့ကြတော့ တစ်ယောက်စာထက်၊လူများတဲ့ မိသားစုကို  ဦးစားပေး ရွေ့ပေးချင်ကြတာလည်း ရှိပါတယ်။ သေချာစုံစမ်းမေးမြန်းရမှာပေါ့။ဒါကြောင့် မရွှေ့ပေးလိုတဲ့ ကုမ္ပဏီနဲ့ကတော့ လိပ်စာ အတိအကျ ကိုယ့်ဘက်ကလည်း စပြောပေးစရာ မလိုပါဘူး။ အကြမ်းအားဖြင့်ရဲ့ ရပ်ကွက်စာတိုက်နံပါတ်လောက်နဲ့ ပြည့်စုံပါတယ်။

စုံစမ်းလို့အဆင်ပြေပြီး၊ ကုမ္ပဏီက ကိုယ့်အိမ်ရဲ့ အိမ်ရဲ့ ပစ္စည်း အနည်းအများ အခြေအနေ လာကြည့်မယ် ဆိုတော့ မှသာ ရက်စွဲ၊အချိန် ညှိပြီးနောက်မှ လိပ်စာ အတိအကျ ပြောပြပါ။

⇒(မိမိစိတ်ကြိုက် ရွေးချယ်နိုင်စေဖို့ ဟိုဟိုဒီဒီ ကုမ္ပဏီလေးတွေ ၃,၅ ခုလောက် ဖုန်းဆက်ချိန်း၊အိမ်လာကြည့်ရက် အချိန်ကို မတူအောင်ချိန်းပြီး ဘယ်ကုမ္ပဏီက စျေးပိုသက်သာ ပြောင်းရွေ့ပေးမလဲ ဆိုပြီး ရွေးချယ်နိုင်ပါတယ်။)
တစ်ခုတော့ ရှိတယ်။ စျေးသက်သာတိုင်းလည်း ကောင်းတယ်ရယ်လို့ မဆိုလိုပါဘူး၊ တစ်ခါတလေ မိမိပစ္စည်း ကျိုးပဲ့ပျက်စီးတတ်ပါတယ်။ သတိထားပြီး ရွေးပါနော်။

အိမ်ခန်းရွှေ့ပြောင်းကုမ္ပဏီတချို့

■サカイ引越しセンター
■アリさんマークの引越社
■アート引越しセンター
■アーク引越しセンター
■ハトのマーク
■တခြား ပုဂ္ဂလိကကုမ္ပဏီ အသေးများ နှင့်
■Home delivery ပစ္စည်းပို့ ကုမ္ပဏီများ ဖြစ်ပါတယ်

ဂျပန်တို့ရဲ့  ထုံးစံ အရ  ဟိကိုရှိ ( 引越し season ) ဆိုတဲ့ အိမ်ပြောင်းရာသီကတော့  ၃,၈ လပိုင်းဖြစ်ပြီး၊ ကုမ္ပဏီတွေ အလုပ်များလို့ လက်မလည်၊ ကုန်ကျစရိတ်လည်းကြီးပါတယ်။

သင့်တော်သလို ရွေ့ပြောင်းနိုင်ကြပါစေလို့ ဂျပန်ရှိ မြန်မာတို့ အတွက် လက်လှမ်းမီသလောက် ရေးပေးလိုက်ပါတယ်ရှင်။

MJ

Author Profile

MJ
MJ
မဂၤလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။