ဂျပန်နိုင်ငံတွင် သင်ယူဖြေဆိုနိုင်သော (Certificate) လက်မှတ်များအကြောင်း(၂)

【Unicode】⇒ Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■Ever Smile

သူငယ်ချင်းများအားလုံး မင်္ဂလာပါနော်။

ကျနော်ကအခုဆန်းမွန်းကျောင်းသူ ဒုတိယနှစ်ကို ဒီနှစ်လေးလပိုင်းမှ စ၍တက်ရောက်နေပါပြီ။

သူငယ်ချင်းတို့လည်းဂျပန်နိုင်ငံတွင် ကျောင်းပြီ၍ အလုပ်ဝင်ရောက်လိုသူများ၊ မိမိနိုင်ငံသို့ပြန်၍ အလုပ်လုပ်လိုသူများ စသည်ဖြင့် ရည်ရွယ်ချက်တွေ ကိုယ်စီကိုယ်စီ ရှိကြမယ်လို့ ထင်ပါတယ်နော်။

ဂျပန်နဲ့ပတ်သတ်သော အလုပ်လုပ်လိုသည်ဆိုရင်တော့ သူတို့လူမျိုးတွေ သိထားတဲ့ လက်မှတ်တွေ ယူထားပြီး CV မှာရေးမယ်ဆိုရင်တော့ First Impression ကောင်းတာပေါ့နော်။

အင်တာဗျူးမဝင်ခင် CV ကအရင်တင်ထားရမယ်မလား။ နောက်ပြီးတော့ လက်တွေ့လုပ်ငန်းခွင်မှာလည်း အသုံးဝင်မယ်လို့ ထင်ပါတယ်။ ကျနော်အပိုင်း(၁) အနေနဲ့ကတော့ စီးပွားရေးမေဂျာသမားတွေအတွက် အဓိကကျတဲ့ Accounting နဲ့ဆိုင်တဲ့ လက်မှတ်တွေအကြောင်းကို ပြောပြပေးထားခဲ့ပါတယ်နော်။

ဒီတစ်ခေါက်မှာတော့ ဘယ်မေဂျာမဆို ယူထားသင့်သော အထူးသဖြင့် ဟိုတယ်နှင့် ခရီးသွား မေဂျာသမားတွေ မဖြစ်မနေယူထားသင့်တဲ့ TOEIC လို့ ခေါ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲအကြောင်းလေးတင်ပြပါရစေနော်။

TOEIC

TOEIC ဆိုတာကတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ TOFEL & IELTS တို့နဲ့အတူတူလောက်ပါပဲ။

ဂျပန်မှာတော့ TOEIC တိုးအိခု လို့ လူခေါ်များတာပေါ့နော်။ နှစ်စဉ် ဖြေဆိုမှုအများဆုံးအဆင့်၃အတွင်း ရှိပါတယ်။ လူကြိုက်များသော လက်မှတ်ဖြစ်ပါတယ်။

ဂျပန်တွင် TOFEL & IELTS ကို သိပ်မသိကြပါ။ ဒါကြောင့် ကိုယ့်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းကို စစ်ဆေးပြသချင်တယ်ဆိုရင်တော့ မဖြစ်မနေဝင်ရောက်ဖြေဆိုထားသင့်သော စာမေးပွဲတစ်ခုဖြစ်တယ်လို့ ထင်မိပါတယ်။

TOEIC သည် အောင်/ရှုံး မရှိပါ။ မိမိရရှိသောအမှတ်အလိုက် ဘယ်အရည်အချင်းရှိသည်ဆိုတာကို သတ်မှတ်ကြပါတယ်။

🔺TOEIC အမှတ် သုညမှ ၃၉၉ မှတ်အထိကိုတော့ စကားလုံးအနေဖြင့်ဘဲ ထွက်ဆိုနိုင်ပြီး တဖက်သားနှင့် အင်္ဂလိပ်လိုစကားပြောဆိုနိုင်သော အရည်အချင်းမရှိသေးဟု သတ်မှတ်ထားပါတယ်။

🔺အမှတ် ၄၀၀ မှ ၄၉၉ အထိကိုတော့ ဖြည်းဖြည်းခြင်းပြောလျင် နေ့စဉ်သုံးအင်္ဂလိပ်စကားလောက်တော့ ပြောနိုင်သည့်အဆင့်လို့ သတ်မှတ်ထားပါတယ်။

🔺အမှတ် ၅၀၀ မှ ၅၉၅ အထိရရှိသူများကိုတော့ ယခုနောက်ပိုင်း ဂျပန်ကုမ္ပဏီများဘက်က လိုအပ်သော အင်္ဂလိပ်စာ အရည်အချင်း level အဖြစ်သတ်မှတ်ထားပါတယ်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ Service ဝန်ဆောင်မှုလုပ်ငန်းများတွင် Customer နှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသော လုပ်ငန်းများတွင် လုပ်ကိုင်လိုသူများအတွက်ကတော့ မဖြစ်မနေရယူသင့်သော အမှတ်ဖြစ်ပါတယ်။

🔺၆၀၀ မှ ၆၉၅ အထိကတော့ တစ်ယောက်ထဲနိုင်ငံခြားခရီးသွားလာနိုင်သူဖြစ်တယ်လို့ သူတို့က အသိအမှတ်ပြုထားပါတယ်။

🔺အမှတ်၇၀၀ အထက်ကတော့ Business Level အဆင့်လို့ သတ်မှတ်ထားပါတယ်။

🔺အမှတ်၈၀၀ အထက်ရရှိထားပါက ဂျပန်ကလေးများကို အင်္ဂလိပ်စာသင်ပေးရသော အချိန်ပိုင်းဆရာအလုပ်လျှောက်ထားလို့ရပါတယ်။

TOEIC စာမေးပွဲက ဂျပန်မှာတော့ ၁လ၊၃လ၊၅လ၊၇လ၊၉လ၊၁၁လ နဲ့ ၈၊၁၀ ဆိုပြီးတနှစ်မှာ ၈ကြိမ်ဝင်ရောက် ဖြေဆိုနိုင်ပါတယ်။ မိမိတက်ရောက်နေသော ကျောင်းမှ ဖြေဆိုလိုသောကျောင်းသားများအား စုပေါင်း ဖောင်တင်ပေးပါက ကျောင်းသားလျှော့စျေးရှိပါတယ်။ ပုံမှန်ဆိုလျင်တော့ ၅၉၈၅ ယန်းစာမေးပွဲကြေးရှိပါတယ်။

အကယ်၍မိမိတက်ရောက်နေသောကျောင်းတွင် ဖြေဆိုရန်လူစုပေးပါက လျှော့စျေးရှိပါတယ်။ နောက်ပြီး သီးသန့်ဖြေဆိုရက်တွင် ဖြေဆိုနိုင်ပါတယ်။

ဂျပန်နိုင်ငံတွင် အလုပ်လျှောက်ထားလိုသူတွေအတွက် အသုံးအဝင်ဆုံးအောင်လက်မှတ်များကို အဆင့်အလိုက်တင်ပြရရင်

၁။ စာရင်းကိုင်လက်မှတ် (簿記ぼき)
၂။ TOEIC
၃။ အိမ်ခြံမြေအရောင်းအဝယ်လက်မှတ်(ဂျပန်လူမျိုးများသာ)
၄။ MOS (Microsoft Office Specialist) Word & Excel
၅။ Financial Planning
၆။ အင်္ဂလိပ်စာလက်မှတ် (実用英語技能検定)
၇။ ခန်းဂျီးအောင်လက်မှတ်(漢字能力検定)
၈။ IT・コンピュータ( 基本情報技術者)
၉။ IT・コンピュータ IT Passport
၁၀။ ကားလိုင်စင်運転免許 စသည်တို့ဖြစ်ပါတယ်။

၁မှ၁၀ အတွင်း နိုင်ငံခြားသားများဖြေဆိုခြင်းသိပ်မရှိသေးသည်မှာ ၃၊၅သာဖြစ်ပါတယ်။ ဖြေဆိုမှုအများဆုံးကတော့ ၁၊၂၊၈၊၉၊၁၀ တို့ဖြစ်ကြပါတယ်။

အားလုံးပဲအတူတူကြိုးစားကြရအောင်နော်။

Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀