ဂျပန်တို့အလေးထားတဲ့ ခေါင်းဆောင်စိတ်ဓါတ် 

လုပ်ငန်းခွင်ဝင်ရောက်သည့်အခါ ရှိသင့်ရှိထိုက်သောခေါင်းဆောင်တစ်ယောက်၏အရည်အချင်း၊စိတ်ဓါတ်များ

【Unicode】 Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■ Ever Smile

ဒီတစ်ပတ်မှာတော့ Leadership ဆိုတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ထိုက်သော အရည်အချင်းများဆိုတဲ့ ခေါင်းစဉ်လေးကိုတင်ပြပါရစေနော်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်တဲ့အခါမှာ ခေါင်းဆောင်စိတ်ဓါတ်ကို အလေးပေးကြတာတ​ွေ့ရပါတယ်။ အရည်အချင်းရှိတဲ့သူကိုပဲ အလုပ်ခန့်ချင်ကြတာပါပဲ။ လူတိုင်းကတော့ ပြီးပြည့်စုံတာမရှိပေမယ့် ခေါင်းဆောင်စိတ်ဓါတ်များများတွေ့ရသူဟာ အားကိုးယုံကြည်ခံရတာချည်းပါပဲ။

ဒီခေါင်းဆောင်စိတ်ဓါတ်နှင့်ပတ်သတ်ပြီး ကယ်လီဖိုးနီးယားတက္ကသိုလ်က Gary Yuki က Organization Theory (組織論そしきろん) ဆိုတဲ့ဘာသာရပ်နဲ့ပတ်သတ်ပြီး သူ့ရဲ့လေ့လာသုံးသပ်ချက်တွေက ကမ္ဘာကျော်ခဲ့ပါတယ်။

ဂျပန်အလုပ်ခွင်မှာလည်း ဒီအကြောင်းအရာတွေကို တန်ဖိုးထားတာတွေ့ရလို့ တင်ဆက်ခွင့်ပြုပါ။

ခေါင်းဆောင်ဆိုတာဘယ်လိုလူလဲ? Gary Yuki က Leader ဖြစ်သင့်တယ်လို့ထင်ထားတဲ့ အချက်၁၆ချက်ကို အဆင့်အလိုက်တင်ပြပါရစေနော်။

1. 適応能力がある(てきおうのうりょくがある)
လိုက်လျောညီထွေနေတတ်ခြင်း

2. 仲間への配慮(なかまへのはいりょ)
လုပ်ဖော်ကိုင်ဖက်ကိုကိုယ်ချင်းစာနာတတ်ခြင်း

3. 野心がある(やしんがある)
ကြီးပွားတိုးတက်လိုစိတ်ရှိခြင်း

4. 自己主張ができる(じこしゅちょうができる)
ဆိုလိုရင်းကို သေချာပြောဆိုနိုင်ခြင်း၊ချေပပြောဆိုနိုင်ခြင်း

5. 協調性がある(きょうちょうせいがある)
ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခြင်း

6. 決断力がある(けつだんりょくがある)
စိတ်ပိုင်းဖြတ်မှုပြတ်သားခြင်း

7. 信頼できる(しんらいできる)
ယုံကြည်ရခြင်း

8. エネルギーシュである
ခွန်အားပြည့်ဝခြင်း

9. 継続する力がある(けいぞくするちからがある)
ဆက်တိုက်လုပ်ဆောင်နိုင်စွမ်းရှိခြင်း

10. 自信を持ってる(じしんをもってる)
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်း

11. あきらめない
ဇွဲကောင်းခြင်း၊လက်မလျှော့ခြင်း

12. プレシャーに強い
ဖိအားပေးမှုကို မမှုခြင်း

13. 責任感がある(せきにんかんがある)
တာဝန်ယူမှုရှိခြင်း

14. 経験と知識がたくさんある(けいけんをちしきがたくさんある)
အတွေ့အကြုံနဲ့ အသိဉာဏ်မြင့်မားခြင်း

15. 話し上手である(はなしじょうずである)
စကားပြောပြေပြစ်ခြင်း

16. 説得力がある(せっとくりょくがある)
ဖျောင်းဖျတတ်ခြင်း
စသည့်အချက်များကတော့ Gary ကသူယူဆထားတဲ့ ခေါင်းဆောင်ဖြစ်သင့်သော အရည်အချင်းတွေ ဖြစ်ပါတယ်။

သူငယ်ချင်းတို့ဆိုရင်ရော ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အခုဖော်ပြထားတဲ့ ၁၆ချက်အထဲက ဘယ်အချက်တွေမိမိနှင့်ကိုက်ညီသည်ကို ဆန်းစစ်ကြည့်ကြပါနော်။

ဒီ၁၆ချက်မှာဆိုရင်တော့ သူငယ်ချင်းတို့ ထင်တဲ့ခေါင်းဆောင်တစ်ယောက်ပါရှိသင့်တဲ့အရေးအကြီးဆုံးအချက်က ဘယ်အချက်လို့ ထင်မိပါသလဲ? သူငယ်ချင်းတို့ လေးစားအားကျတဲ့ခေါင်းဆောင်က ဘယ်လိုအချက်တွေနှင့်ပြည့်စုံတဲ့သူပါလဲ?

အကယ်၍သင်ဟာ လုပ်ငန်းတစ်ခုလုပ်ရန် ဒေတာတွေစုဆောင်းပြီး မိမိအလုပ်တွင် အသုံးချမည်ဆိုပါက မိမိစုဆောင်းထားသော ဒေတာများကို လိုအပ်ချက်မရှိရလေအောင် အမျိုးအစားအုပ်စုခွဲတတ်ဖို့လိုပါတယ်။ မိမိကိုယ်ကို ဆန်းစစ်တဲ့အခါမှာ အသုံးဝင်မှာပါ။ စဉ်းစားကြည့်ပါနော်။

ဥပမာ- ကျောင်းတက်ဖို့ စာသင်ကျောင်းများနှင့်ပတ်သတ်၍ အမျိုးအစားခွဲမည်ဆိုပါတော့။
ကျောင်းများသည် အစိုးရကျောင်း Public School နှင့် Private School ဆိုပြီးကျောင်းအမျိုးအစား ၂မျိုးရှိပါတယ်။ ထိုကျောင်းများတွင်မှ မိန်းကလေးကျောင်း၊ယောက်ျားလေးကျောင်းနှင့် ကျားမရောနေသောကျောင်းဟူ၍ အမျိုးအစား၃မျိုးထပ်ရှိပါတယ်။အဲ့ထဲမှာမှ ဘယ်လိုပညာရပ်တွေ အဓိက သင်နိုင်တဲ့ကျောင်းလဲ။ စသဖြင့်

ထိုကဲ့သို့အုပ်စုဖွဲ့ခြင်းကို分析 Bunseki လုပ်တယ်လို့ခေါ်ပါတယ်။ Bunseki လုပ်ပြီးရင်ဘာလုပ်မလဲဆိုတော့ မိမိက ဘယ်အုပ်စုထဲမှာ ပါနိုင်သည်ကို တွေးတော့မှန်းဆရပါတယ်။(自己分析 မိမိကိုယ်ကို ဆန်းစစ်ခြင်း)
အထက်ဖော်ပြပါကျောင်းများတွင် သင်ကျောင်းတက်မည်ဆိုပါက မည်သည့်အုပ်စုများတွင်တက် ရောက်နိုင်ပါသလဲ?စဉ်းစားတွေးခေါ်ပြီးမှ ကျောင်းရွေးကြသလိုပဲ

ထို့အတူအထက်တွင်ဖော်ပြထား ခေါင်းဆောင်ဖြစ်ထိုက်သော ၁၆ချက်ထဲတွင်လည်း သင်သည်အချက်မည်မျှတွင်အုပ်စုဝင်ဖြစ်နေပါသလဲ၊နောက်ပြီး မည်သည့်အချက်ကို လက်တ​ွေ့ဖြစ်ချင်ပါသလဲ မှန်းဆ တွေးတောနိုင်ပါတယ်။

လူတိုင်း ပညာတွေသင်ယူတက်မြောက်ပြီးစီးလို့ ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်ဝင်ကြရမည်ဖြစ်ပါသည်။ ငယ်ရွယ်စဉ်ကလေးဘဝက စာတော်ခဲ့ပေမယ့် လုပ်ငန်းခွင်ဝင်သောအခါ ဘာမှမတတ်၊နားမလည်၊ အများနှင့်မဆက်ဆံတတ်၍ ကျရှုံးနေသော လူငယ်များလည်းတချို့ရှိကြပါတယ်။ ကျောင်းနေစဉ်အရွယ်ကတော့ စာမကြိုးစားခဲ့သော်လည်း လုပ်ငန်းခွင်တွင်အောင်မြင်၍ သူဌေးဖြစ်နေသော ရာထူးကြီးနေရာဌာနများတွင်အလုပ်လုပ်ကိုင်နေကြသော တချို့သူများလည်းရှိကြပါတယ်။

ဒါကြောင့် ကျနော်တို့အားလုံး လုပ်ငန်းခွင်ဝင်သောအခါတွင်လည်း ပညာရေးတွင်အောင်မြင်နိုင်ခဲ့ရုံသာမက လုပ်ငန်းခွင်တွင်လည်း ဆက်လက်အောင်ပွဲခံနိုင်ပြီး ခေါင်းဆောင်စိတ်ဓါတ် ရအောင် အတူတူကြိုးစားကြရအောင်ပါနော်။

Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀