ဂျပန်မှာ နေထိုင်စဉ် သတိထားနိုင်စေရေး

【Unicode】⇒ Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■MJ

MJရေးပြချင်တာကတော့ သဘာဝဘေးအန္တရာယ်အကြောင်း အဆက် “ဆူနာမီအကြောင်း”ပါ။

ဂျပန်မှာ နေထိုင်နေစဉ်ကတော့ အမြဲမပြတ်သတိထားရမှာမို့

စာဖတ်သူတို့ ဗဟုသုတရ၊ဘေးရှောင်ရှားနိုင်စေရန် တင်ပြလိုက်ပါတယ်။

🙏 ဆူနာမီ ဘာလို့ဖြစ်

ဂျပန်နိုင်ငံဟာ ရေပါတ်လည် ဝိုင်းရန်တဲ့ ကျွန်းနိုင်ငံ ဖြစ်နေလေတော့ ဆူနာမီ ကြုံတွေ့ရတာပေါ့ကွယ်။

ဆူနာမီ ဘယ်ကစလဲ ဆိုတဲ့ အခြေခံ ကတော့ ငလျင်က စ။ ငလျင် မြေလွှာ လူပ်ရှားမူ့တွေက စတယ်ပေါ့။

များသောအားဖြင့် ဆူနာမီဟာ ငလျင်နဲ့အတူ ရှေ့ဆင့်နောက်ဆင့် ဖြစ်နေကြတာပါပဲ။ ငလျင်တုန်ခါနူန်း သေးတော့ ဆူနာမီဖြစ်နိုင်ချေနည်းပါတယ်။ ငလျင်တုန်ခါနှုန်း ပြင်းရင် ဆူနာမီ လှိုင်း ကြီးတယ်ပေါ့။

၂၀၁၁ က ဂျပန်ငလျင်လူပ်ခတ်ချိန်မှာ ဖြစ်ပွားခဲ့တဲ့ ဆူနာမီလည်း အကြီးဆုံး အဖြစ် သတ်မှတ် ခံရပါတယ်။

ဂျပန်မှာ ငလျင်လှုပ်ပြီဆိုတာနဲ့ ဆူနာမီ ဖြစ်ပွားနိုင်ချေကို ပူးတွဲတင်ပြ၊

မိုးလေဝသသတင်းအဖြစ် ကြေညာလေ့ရှိပါတယ်။ပင်လယ်နှင့် နီးတဲ့ ဒေသတွေဆိုပါက အထူး သတိပေးကြေညာပေးတာပေါ့။

 

🙏 ဆူနာမီ သဘာဝဘေး ဘယ်လို ကာကွယ်ကြပါမလဲ

၁ ။ မိမိနေရာနှင့် အကွာအဝေး

ကိုယ့်လိပ်စာက ပင်လယ်နဲ့ နီးမနီး။ ဝေးရင် စိတ်အေးရပေမဲ့။နီးရင်တော့ ငလျင်လူပ်တိုင်း ဆူနာမီ
ဖြစ်ပွားတတ်ပါတယ်
ငလျင်ဖြစ်ရာ အရပ်ဒေသနဲ့ ငလျင်တုန်ခါနူန်းကို ကြည့်ပါ။ (breaking news အဖြစ် သတင်းထုတ်ပြန်လေ့ရှိပါတယ်)

၂ ။ ရေဒီယို တီဗီ သတင်းများ၏ သတင်းကို နားထောင်ပါ၊ကြည့်ပါ။

၃ ။ ငလျင်၏နောက်ဆက်တွဲမှ ဆူနာမီ စိုးရိမ်ဖွယ်ပါ ရှိ မရှိ ကို လေ့လာပါ။

၄ ။ ကိုယ်နှင့်ဝေးရာ အရပ်ဒေသဆို ကိုယ့်အတွက် စိတ်အေးရပေမယ့် ထိုဒေသမှ အသိမိတ်ဆွေများအတွက်ပါ သတိထားမိစေရန် သတိပေးပါ။

၅ ။ ဖြစ်ပွားတဲ့အခါ ဘေးကင်းနိုင်မယ့်နေရာ စုံစမ်းထားပါ။

မိမိအိမ်က အဆင်မပြေရင်၊နေထိုင်ရာဒေသအလိုက် ဘေးရှောင် နေရာ သတ်မှတ်ထားတာတွေ ရှိပါတယ်။ (မြို့အမည်၊ဘေးရှောင်နေရာဆိုပြီး အင်တာနက်မှာ ရှာရင် တွေ့ပါလိမ့်မယ်)

၆ ။ ဆူနာမီ စိုးရိမ်ဖွယ်ရာ ရှိလျင်… (တစ်ခြားနေရာ ရှောင်လို့ မရတော့ရင်)

( က) အမြင့်ဆုံးသို့ တက်ပြေးပါ။

( ခ ) အနည်းဆုံး ၅ ထပ်တိုက် အမြင့်ခန့်သို့ တက်ပြေးပါ။ ( အကြောင်းမှာ ယခင် ဆူနာမီ အမြင့်မှာ ၄

ထပ်တိုက် မြုပ်သည်အထိ လိုင်းအမြင့် ရှိခဲ့ဖူးတာကြောင့်ပါ )။

( ဂ ) ဖြစ်နိုင်လျင် သဘာဝဘေး အန္တရာယ်နှင့် ကြုံတွေ့လျင် အိတ်တစ်လုံး အလွယ်ဆွဲ၍ ထွက်ပြေးနိုင်ရန် အဆင်သင့်ရှိလေ ပိုကောင်းလေပင် ဖြစ်ပါသည်။

( ဃ ) ထိုအိတ်ထဲတွင် ဆောင်ထား၊ ထည့်ထား သင့်သည်များမှာ

ဆောင်ထားရမည့် ပစ္စည်း
① ဘီစကစ်

② ၂လီတာ ရေသန့်ဗူး ၃ဗူး
( ပြဌာန်းထားသော်လည်း သယ်နိုင်သလောက်ပေါ့)

③ ဆေး

④ mask နှာခေါင်းစီး
( ငလျင်, မီးဘေး တို့တွင် အဆောက်အဦး အမှုန်များ၊ မီးဘေးမှ မီးခိုးများ ဒါဏ်
ကာကွယ်နိုင်ရန်)

⑤ ဆက်သွယ်ရန် လိပ်စာ
( လူပျောက်ဆုံး သေဆုံး သည် အခါ တွေ့ရှိသူက ဆက်သွယ် ပေးနိုင်ရန်)

⑥ အချက်ပြကိရိယာ ၊ခရာ၊alarm whistle
( ကူပါ ကယ်ပါ အော်ရန် အသံထက် ပို စူးရှသည် )

⑦ ရေဒီယို
( ညအချိန် သို့မဟုတ် တိုက်တာကြား ပိတ်မိနေလျှင် အပြင်အခြေအနေသိရန်
နားထောင်နိုင်ရန် )

⑧ ဓါတ်မီး
( အမှောင်အတွင်း အသုံးဝင်စေပါသည် )

 

☆ဆူနာမီ ဘေးဒါဏ်သင့်စဉ်မှ ရရှိသော သင်ခန်းစာ

၁ ။ အရေးပေါ် ဓါတ်မီးဘက်ထရီ ၊ဖုန်းဘက်ထရီတွေဝယ်ရာတွင် ဝယ်စရာ ဆိုင်တွေ မရှိတော့တာကြောင့်  အခက်တွေ့ခြင်း

🔔 ဒါကြောင့်ခုဆို နေရောင်ခြည်အားသွင်း ဓါတ်မီး သို့မဟုတ် လက်လှည့်ဓါတ်မီး ကိုသာ အဓိက ဆောင်ကြပါတော့သည်။

၂ ။ နေထိုင်ရာ တိုက်ခန်း ၅ ထပ်မှ ၇ ထပ် အတွင်း နေထိုင်လိုသူများလာကြပါသည်။

🔔 အကြောင်းမှာ နိမ့်လျှင် ရေဘေးကြောက်သလို မြင့်လွန်းလျှင်လည်း လျှပ်စစ်ပြတ်တောက်၍ ဓါတ်လှေကား ခက်စေသောကြောင့်။

၃ ။ လက်ကိုင်ဖုန်းများ၏ ဘက်ထရီကို ၂၅% ချန်သုံးစေသည်။

🔔 အရေးပေါ်ဖုန်းဆက်ရန် ဖုန်းအားချန်ထားသော အလေ့အထ ရလာပါတယ်။

 

MJ ရဲ့ စာဖတ်မိတ်ဆွေများ ဘေးရန်ခပ်သိမ်း ကင်းဝေးပါစေလို့ ဆုတောင်းမေတ္တာ ပို့အပ်ပါသည်။

MJ🌸

Author Profile

MJ
MJ
မဂၤလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။