ဂျပန်မှ အရေးပေါ်ဖုန်းအကြောင်း

【Unicode】⇒Zawgyi Font ဖြင့် ဖတ်ရန်(စာပေါ်နှိပ်ပါ)

■MJ

မြန်မာများအတွက်  ဂျပန် အကြောင်း သိကောင်းစရာ များထဲမှ အရေးကြီးတဲ့ နံပါတ်လေး ၂ ခု အကြောင်းရေးပြလိုက်ပါတယ်ရှင်။

အဲ့ဒါကတော့ ၁၁၀ နဲ့ ၁၁၉ ဆိုတဲ့ဖုန်းနံပါတ်လေးပါပဲ။

အရေးပေါ် ဖုန်းနံပါတ် 緊急通報(きんきゅうつうほう)ပါရှင့်။

 

 👮🚔🚨 ၁၁၀ ဆိုတာ ရဲစခန်းရဲ့ အရေးပေါ် ဖုန်းနံပါတ်ကို ဆိုလိုတာပါ။

ကိုယ့်အတွက် အသက်လုံခြုံရေး၊အရှက်လုံခြုံရေး စတဲ့ အရေးပေါ်အပြင်၊သူတစ်ပါးအတွက် အကူအညီပေးရန်အတွက်လဲ အသုံးပြုနိုင်ပါတယ်၊

●လမ်းဘေးဖုန်းမှ ဆက်လျှင်

အကယ်၍ပေါ့။

ကိုယ်ဆက်တဲ့ဖုန်းဟာ အစိမ်းရောင်၊မီးခိုးရောင်တို့လို လမ်းဘေးဖုန်းကို အသုံးပြုခဲ့ရင်

ဖုန်းတိုင်နံပါတ် ဘယ်လောက်က  ဆက်တာပါလို့ ပြောလိုက်ရင် ရဲတို့ နားလည်ပါတယ်။ ကိုယ့်ထံသို့ ၁၀-၃၀ မိနစ်အတွင်း ရောက်လာပါလိမ့်မယ်။

●လက်ကိုင်ဖုန်းဖြင့် ဆက်သော်

လက်ကိုင်ဖုန်းဖြင့် ဆက်ရာတွင် ကိုယ်၏ လိပ်စာကို တိကျမှန်ကန်စွာ ပြောပြပါ။ အကောင်းဆုံးကတော့ ကိုယ့်ထံ ရဲမလာမခြင်း ဖုန်းမပိတ်ထားပါနဲ့။နေရာမပ​ြောင်းပါနဲ့။ ဘာလို့လဲဆိုတော့ ရဲတွေက ကိုယ့်ဖုံးနေရာကို အခြေခံပြီး  လာနေလို့ပါဘဲ။

ဖုန်းဆက်ပြောနည်း
၁ ။ ကိုယ့်အမည်

၂ ။ ကိုယ့်လိပ်စာ

၃ ။ဘာလို့ ခေါ်နေပါကြောင်း

ဖုန်းပြောတဲ့ အခါမှာ စိတ်ပူထူ၍ စကားပြော အပေါက်အလမ်း မတည့်ခြင်း၊ ကိုယ်၏ စကားပြော မှားတတ်ခြင်း၊ ကိုယ့် အမည် နေရပ်လိပ်စာ ပြောပြရာ မှားခြင်းတို့ဖြစ်တတ်ပါတယ်။

ဒါကြောင့် စိတ်ကို အအေးဆုံး ထား၍ အပြော မမှားအောင် ဂရုစိုက်ပါ။

 

🚒🚑🚨၁၁၉ ရဲ့ ဖုန်းနံပါတ်က

အဓိပ္ပါယ် ၂ မျိုးဆောင်ပါတယ်။

၁ ။ ဆေးရုံ အရေးပေါ်ကား တောင်းခံခြင်း

၂ ။ မီးသတ်ကား တောင်းခံခြင်း

တို့ ဖြစ်ပါတယ်။

ဖုန်းဆက်ပြောနည်း

အထက်ပါအတိုင်းတူတူပင် ဖြစ်သော်လည်း

၁၁၉ ကို ဖုန်းဆက်တဲ့အခါ အရင်ဆုံး ပြောရမှာက

  • ၁ ။ဆေးရုံသို့ အရေးပေါ်ကား တောင်းဆိုပါတယ်။
    ( 救急車 Kyukyū sha お願いします onegashimasu)
    (ဆိုလိုသည်မှာ ဆေးရုံသို့ အရေးပေါ်ကား / လူနာတင်ယာဉ် တောင်းဆိုခြင်းဖြစ်လို့ တစ်ဖက်မှ သဘောပေါက်ပါတယ်) ။/li>
  • ၂ ။ မီးလောင်မှုအတွက် မီးသတ်ကားတောင်းဆိုရင်
    ( 消防車 Shōbōsha お願いします、onegashimasu)လို့ အရင်ဆုံး တောင်းဆိုပါ။

ပြီးမှ ကိုယ်၏ အမည်၊လိပ်စာပြောပြခြင်းများပြုလုပ်ပါ။ သို့သော် ကိုယ်က ပြောပြသော်လည်း တဖက်မှ သေချာအောင် ပြန်မေးလေ့ ရှိပါတယ်။

ဒီအခါ ပြန်ဖြေပေးရပါတယ်။လိပ်စာစသည် သေချာ မချာ ပြန်စစ်မေးနေခြင်းပဲ ဖြစ်ပါတယ်။

ထို့အပြင် ပထမ အကြိမ် ကိုယ်က ဖုန်းအပြောတွင်ပင် ထိုဌာနသည် ကယ်ဆယ်ရေး ပြင်နေပါပြီ။ ဒုတိယ အကြိမ် ပြန်စစ်နေချိန်တွင် ထိုသူများသည် နေရပ်လိပ်စာသို့ စထွက်လာနေပါပြီ။

ထို့နောက် ဌာနမှ မကြာခင်ရောက်တော့မှာပါ။ စိတ်မပူပါနဲ့ ။ဘယ်လိုဖြစ်တာလဲ ဘယ်လို ပြုစုပါလို့  ပြောနေချိန်တွင်ပင် အရေးပေါ်ကားက ရောက်ရှိလာပါလိမ့်မယ်။

လာနေစဉ်အတောအတွင်း မိမိဖုန်းကို  မပိတ်ဘဲ ထားပေးရင် ဖုန်းရဲ့ တည်ရှိရာ နေရာကို (ရေဒါ rader), 光線( Kōsen )မှ ခြေရာခံပြီး ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ကိုယ့်အတွက် အရေးပေါ်တင်မက တစ်ပါးသူအတွက်လည်း ကူညီပေးနိုင်ပါတယ်။

ကိုယ့်ရဲ့ နေရပ် လိပ်စာများလည်း သေချာပြောနိုင်အောင် လေ့ကျင့်ထားပါနော်။

 

▲ အထူးသဖြင့် အလုပ်အပြန်မှောင်တတ်၍ အပြန်လမ်း ဂရုစိုက်ပါလေ။

▲ နားကြပ်တတ် လမ်းလျှောက်ခြင်းများ ဂရုပြုပါ။

▲ ထို့အပြင် တိုက်ခန်းသို့ ဝင်ခါနီးလျှင် နောက်ရောင်ခံ လိုက်လာသူ ရှိမရှိ သုံးသပ်ပါ။ထို့အပြင် ဓါတ်လှေကား အသုံးပြုလျှင် တခြားသူနှင့် အတူစီးခြင်းကို ဂရုစိုက်ပါ။ အထူးသဖြင့် မိန်းကလေး ဖြစ်ပါက ပို၍ သတိထားပါ။

▲ ဓါတ်လှေကားအတွင်း ဖြစ်တတ်သော အန္တရာယ်များ ဂျပန်တွင် ပေါများလှပါသည်။

▲ အခန်းတခါး ဖွင့်ဝင်ချိန် စသည် ဂရုစိုက်ပါ။ ကိုယ်က အခန်းအတွင်းဝင်ပြီး တခါးပြန်မပိတ်ခင် အချိန်အတွင်း အခွင့်ကောင်းကြည့်နေသူများ ရှိပါက ကိုယ်ကလည်း အခန်းတွင်းရောက်နေချိန်မို့ ပြေးမရပါ။

ဂျပန်ဟာ လုံခြုံတဲ့နိုင်ငံဖြစ်ပေမယ့် မိမိဘက်က ဂရုစိုက်တာတော့ မလွန်ပါဘူး။

ကျန်းမာရေး ဂရုစိုက်ခြင်း နှင့် မီးလောင်ခြင်း အန္တရာယ် တို့ ကာကွယ် နိုင်ပါစေ။

ဂျပန်ရောက်မြန်မာများ ဘေးရန်ခပ်သိမ်း ကင်းဝေးကြပါစေ။ ကြုံလာခဲ့လျှင်လည်း စိတ်အေးအေးနှင့် ဖြေရှင်းနိုင်ပါစေ။

MJ

Author Profile

MJ
MJ
မဂၤလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။