
အလုပ်အကိုင်အခွင့်အလမ်းအတွက် ဂျပန်ကုမ္ပဏီအင်တာဗျူးအစီအစဉ်
【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)
မဂၤလာပါ
Seattle Consulting မွ
တာဝန်ရှိသူ ၃ဦးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
●Global Solution & Product Solution အဖွဲ့မှူး Mr.Shintaro Yokouchi
●Corporate Div. Human Resources Dept. မှ Ms. Hitomi Shibutani
●Global Solution အဖွဲ့မှ Ms. Su Mon Kyaw Sann နှင့် တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။
*******************
ကုမ္ပဏီအကြောင်း စိတ်ဝင်စားရင်
အောက်ပါခလုပ်လေးကို နှိပ်လိုက်ပါနော်။
စလိုက်ကြရအောင်နော်
စီးပွားဖက်လုပ်ငန်းရှင်တွေနှင့် ချိတ်ဆက်ပြီး အိုင်တီနည်းပညာပိုင်း ပံ့ပိုးပေးခြင်း စသဖြင့် အမျိုးမျိုး ဆောင်ရွက်နေပါတယ်။ ဂျပန်လူမျိုးတွေသာမကဘဲ နိုင်ငံတကာကို အိုင်တီနည်းပညာနှင့် ထိုးဖောက်ဝင်ရောက်နိုင်စေရန် ကြိုးပမ်းလျက်ရှိပါတယ်။
စီးပွားဖက်လုပ်ငန်းရှင်၊clientတွေကတော့ လုပ်ငန်းမျိုးစုံ၊နယ်ပယ်မျိုးစုံပါပဲ။ ငွေကြေးလုပ်ငန်းများ၊အင်တာနက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊အင်တာနက်ကြေညာလုပ်ငန်းများ၊လုပ်ငန်းရှင်ကြီးများ ဖြစ်ပြီး၊အိုင်တီအကြံပေး၊ အိုင်တီနည်းပညာ services လုပ်ငန်းများ ဝန်ဆောင်မှုပေးနေပါတယ်။
မြန်မာနိုင်ငံမှာ အိုင်တီကုမ္ပဏီခွဲအနေနှင့် ရုံးစဖွင့်ဖြစ်တာကတော့ ၂၀၁၄ခုနှစ်ဖြစ်ပါတယ်။ အထူးသဖြင့် Web Developmentလုပ်ငန်း ဖြစ်ပြီး၊ offshore development အပြင် Mobile Development အပိုင်းပါ တာဝန်ယူ ဆောင်ရွက်နေပါတယ်။
လက်ရှိမြန်မာရုံးခွဲမှ အိုင်တီဝန်ဆောင်မှုများကလည်း ဂျပန်ကုမ္ပဏီတွေအတွက် နည်းပညာဝန်ဆောင်မှုများပါတယ်။ နောင်အနာဂတ်မှာတော့ မြန်မာနိုင်ငံမှာ အကောင်းဆုံး အိုင်တီဝန်ဆောင်မှုများ၊စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သွားပါမယ်။ မြန်မာနိုင်ငံကလည်း ရှေ့လျောက် အမျိုးမျိုး တိုးတက်လာမယ်လို့ ထင်မိပါတယ်။
မြန်မာကုမ္ပဏီခွဲမှာဆိုရင် စာရွက်စာတမ်းတွေ၊ ပရောဂျက်အကြောင်းအရာတွေအားလုံး ဂျပန်လိုဆောင်ရွက်ပါတယ်။ အိုင်တီအရည်အချင်းမြင့်မားတဲ့သူကို အလေးထားတာမို့ ဂျပန်မရလည်း ဂျပန်စာလေ့ကျင့်ပေးပါတယ်။ အလုပ်လုပ်ရင်း ဂျပန်စာသင်ကြားစေပါတယ်။
မြန်မာမှာကတော့ ဝန်ထမ်းဦးရေ ၃၅ယောက်ရှိပါတယ်။ အထူးခြားဆုံးက လက်ရှိမြန်မာရုံးမှာက အကြီးအကဲပိုင်းလည်း မြန်မာလူမျိုးဖြစ်ပြီး၊
ရုံးစဖွင့်ကာစကတော့ ဂျပန်လူမျိုးကြီးကြပ်သူ ထားရှိခဲ့ပေမယ့်၊ မြန်မာလူမျိုးအချင်းချင်းက အကြီးအကဲဖြစ်တာက ပိုမိုအလုပ်တွင်တယ်၊ ဘာသာစကားအခက်အခဲလည်း ကျော်လွှားနိုင်တယ်။Role model ရှိထားတော့ ပိုပြီး ကြိုးစားချင်စိတ်လည်းရှိကြတာကို သတိထားမိပါတယ်။
မြန်မာရုံးခွဲမှာ ဂျပန်လုပ်ငန်းအတွေ့အကြုံ၁၅နှစ်ရှိထားတဲ့ ဒါရိုက်တာနှင့်အတူ ဂျပန်ပြန်ပရောဂျက်ခေါင်းဆောင်အပြင် ၊ ဂျပန်မှ ကြီးကြပ်ရေးအဖွဲ့နှင့် ဆက်သွယ်ပြီး လုပ်ငန်းလုပ်ဆောင်ကြပါတယ်။ မြန်မာမှာ နေထိုင်ရင်း ဂျပန်လူမျိုးတွေရဲ့ အလုပ်လုပ်ပုံနှင့် ရင်းနှီးစေပါတယ်။
အဲဒါကတော့ Teamwork x IT အသင်းအဖွဲ့နှင့် သင့်မြတ်စွာ အိုင်တီနည်းပညာကိုပံ့ပိုးကြပါစို့။
အဖွဲ့အစည်းကို အလေးထားပါတယ်။ ဝန်ထမ်းအားလုံး သင့်မြတ်နေရင် အလုပ်လုပ်ကိုင်ရတာလည်း အဆင်ပြေချော့မွေ့မယ်။ တိုင်ပင်ဆွေးနွေးရာမှာလည်း ပွင့်ပွင့်လင်းလင်းရှိပါတယ်။
အခြေခံစိတ်ဓါတ်ကို အဓိကထားပြီး အလုပ်ကိစ္စအဝဝကို စည်လုံးအင်အားနှင့် အိုင်တီနည်းပညာနယ်ပယ်ရဲ့သော့ချက်ကို ကိုင်တွယ်ဖြေရှင်းသွားချင်ပါတယ်။
ကျွန်တော်တို့ရဲ့ တန်ဖိုးထားတဲ့ ဆောင်ပုဒ်လေးကို အတူတူမျှဝေခံစားပြီး အလုပ်လုပ်ကိုင်နိုင်သူကို ပိုမို ခန့်အပ်သွားချင်ပါတယ်။
ခံစားမိတာက မြန်မာလူမျိုးတွေဟာ မိသားစုကို ချစ်ခင်လေးစားပြီး အလေးထားတာကို တွေ့ရပါတယ်။ကျွန်တော်တို့ကုမ္ပဏီရဲ့ ဆောင်ပုဒ်ကလည်း အဖွဲ့အစည်းနှင့် သင့်မြတ်စွာ အလုပ်လုပ်ကိုင်နိုင်ခြင်းဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေရဲ့ စိတ်နေစိတ်ထားနှင့် အံဝင်ခွင်ကျ ဖြစ်မယ်လို့ ခံစားမိပါတယ်။
မြန်မာရုံးခွဲမှာကတော့ လက်ရှိဝန်ထမ်းဦးရေ ၃၅ယောက်မှ အယောက်၇ဝထိ တိုးမြှင့်ခန့်အပ်ထားဖို့ အစီအစဉ်ရှိပါတယ်။
ဒီလိုမျိုး မြန်မာလူမျိုးကို တိုးမြှင့်ခန့်အပ်ရခြင်း၏အကြောင်းပြချက်ကတော့ မြန်မာမှာ ရုံးခွဲရှိတာလည်းပါတယ်။မြန်မာမှာ အကောင်းဆုံးဂျပန်ကုမ္ပဏီအဖြစ်လည်း ရပ်တည်သွားချင်လို့ပါ။
အိုင်တီနှင့် ဂျပန်စာ နှစ်မျိုးစလုံး ကြည့်ပါတယ်။
အိုင်တီအရည်အချင်းကတော့ မဖြစ်မနေ၊Web Development, Mobile Development အပိုင်း အတွေ့အကြုံရှိသူ ဖြစ်ရပါမယ်။
ဂျပန်ဘာသာစကားဖြင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်သူ
ဂျပန်စာကိုတော့ N level အမြင့်ကြီးရှိထားမှ မဟုတ်ပါဘူး။N3 မှစ၍ လျောက်ထားနိုင်ပါတယ်။ အဓိက စကားပြောနိုင်ဖို့ပါပဲ။ ဂျပန်စကားကောင်းကောင်းမွန်မွန်ပြောနိုင်တယ်ဆိုရင် ထည့်သွင်းစဉ်းစားပါတယ်။
ကျွန်တော်အနေနှင့်ကတော့ ကုမ္ပဏီကိုလျှောက်ထားတဲ့သူတိုင်းကို ကိုယ်တိုင်တွေ့ဆုံပြီး အလုပ်အင်တာဗျူးမေးပြီးမှ ခန့်မခန့်ဆုံးဖြတ်ပါတယ်။
Client ၏လိုအပ်ချက်ကို ဘယ်လောက်ထိ ဖြေရှင်းနိုင်လဲ နှင့် ကုမ္ပဏီအတွင်း တီထွင်မှုစွမ်းရည်အလိုက် ကွာခြားသွားပါမယ်။ ကြိုးစားမှုရဲ့ အသီးအပွင့်ခံစားရမှာပါ။
စဝင်ဝင်ချင်းtest, development, coding အခြေခံ စဝင်ခိုင်းပါတယ်။
နောက်ပိုင်း Development နည်းလမ်းတွေကို သင်ယူလေ့လာရင်းဖြင့် ရာထူးတဖြည်းဖြည်း မြင့်လာတာပေါ့နော်။
လက်ရှိအထိ ကြုံတွေ့ရတဲ့ ပုံစံကိုပြောမယ်ဆိုရင်
စဝင်ဝင်ချင်း N4 ဖြင့်ဝင်လာပေမယ့်၊ဂျပန်စာလည်း ကြိုးစားသင်ယူခဲ့ပြီး၊ အလုပ်ဝင်ပြီး ၁နှစ်ခွဲမှာပဲ project sub-leader အဖြစ် အဖွဲ့ဝင်တွေကို ထောက်ပံ့ပေး၊ clientကို ပြမယ့် စာရွက်စာတမ်း ပြင်ဆင်ခြင်း၊အစီအစဉ်ဇယားရေးဆွဲခြင်း၊ ပရောဂျက်ရဲ့အကြောင်းကို အစီရင်ခံစာရေးသားခြင်း စတဲ့ အလုပ်လုပ်နိုင်သည်အထိ တိုးတက်လာခဲ့ပါတယ်။
ပရောဂျက်လည်း သေချာအကျိုးဖြစ်ထွန်းပြီး၊ clientရဲ့ ယုံကြည်မှုလည်း တိုးလာ၊ကြိုးစားမှုရဲ့ ရလဒ်ပဲပေါ့နော်။
မြန်မာလူမျိုးတွေဟာ အလုပ်ကြိုးစားကြတယ်။ ကြိုးစားမှုနှင့်ထိုက်တန်တဲ့ နေရာကောင်းတစ်နေရာ၊ခေါင်းဆောင်ဖြစ်ချင်ကြတာ တွေ့ရပါတယ်။
ဒါ့ကြောင့် ထူးချွန်ထက်မြက်တဲ့ အိုင်တီအင်ဂျင်နီယာတွေကို ဂျပန်ရုံးချုပ်ကို ခေါ်ယူပြီး ဂျပန်ရဲ့အလုပ်လုပ်ပုံကို လက်တွေ့ သင်ယူလေ့လာစေပါတယ်။ ဂျပန်မှာ ၂နှစ်၃နှစ် အတွေ့အကြုံယူပြီး၊ မြန်မာပြည်ပြန်တဲ့အခါ ပရောဂျက်ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး မိမိ၏အတွေ့အကြုံကို ပြန်လည်အသုံးချနေတဲ့ ဝန်ထမ်းလည်းရှိပါတယ်။
တနည်းအားဖြင့် မြန်မာကုမ္ပဏီခွဲမှ ပရောဂျက်ခေါင်းဆောင်၊အကြီးအကဲတိုင်းဟာ ဂျပန်နိုင်ငံမှာ လုပ်ငန်းအတွေ့အကြုံယူပြီးသူတွေချည်းပါပဲ။
တစ်ရုံးလုံး ပါဝင်နိုင်တဲ့ business manner လေ့ကျင့်ရေးတွေလည်း ကျင်းပပေးပြီး၊ တစ်ပတ်ကို တစ်ကြိမ်(၂၊၃နာရီခန့်) ကျင်းပလျက်ရှိပါတယ်။ လူနေမှုဘဝပိုင်းဆိုရင် အိမ်ငှားဖို့ အတွက်လည်း အကြံဉာဏ်ပေးခြင်းများကို ဆောင်ရွက်ပါတယ်။
ဂျပန်စာကိုလည်း N2 levelအထိရောက်အောင် ရုံးတွင်း သင်ကြားရေးစနစ် တစ်ပတ် ၁ကြိမ် (၁နာရီ၊၁နာရီခွဲခန့်)
ဂျပန်စာ စကားပြောမရသူများအတွက် free talk အစည်းအဝေးလည်း ကျင်းပလျက်ရှိပါတယ်။
ဒီအစီအစဉ်တွေဟာ ပုံမှန်ရှိတာတော့ မဟုတ်ပါဘူး။ ဂျပန်စာအရည်အချင်းအပေါ်လိုက်ပြီး၊ ကျင်းပသင့်တာတွေကို ဝိုင်းဝန်း အကောင်ထည်ဖော် ဆောင်ရွက်ကြပါတယ်။
ဝန်ထမ်းများအတွက်ကို အလုပ်စီမံခန့်ခွဲရေးပိုင်းမှအစ စားဝတ်နေရေးအထိ အဆင်ပြေဆုံးဖြစ်အောင် အားထုတ်နေပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အဖွဲ့မှာ အဖွဲ့မှူးတာဝန်ထမ်းဆောင်နေပြီး၊ လက်အောက် အင်ဂျင်နီယာ ၁၅ယောက်ရှိသည့်အနက် ၁၄ယောက်က မြန်မာနိုင်ငံသားဖြစ်ပါတယ်။ အလုပ်မှာဆိုလည်း အလုပ်တာဝန်ပြီးမြောက်အောင် စီမံခန့်ခွဲ၊ အလုပ်ပြီးချိန်ဆိုရင်လည်း အားလုံးနှင့်အတူ ထမင်းသွားစားတာတို့ ၊
နောက်ပြီး ဝန်ထမ်းတစ်ခုခုဖြစ်နေတယ်ထင်ရင် ဘာဖြစ်တာလဲကို လေ့လာစုံစမ်း အကြံပေးတာတွေလုပ်ဖြစ်ပါတယ်။
ဒါ့ကြောင့်လားမသိဘူး။ ရုံးထဲမှာ Pa Pa လို့ ခေါ်ခံရတာလည်း မနည်းပါဘူး(ရယ်လျက်)။
နောက်ပြီး နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တယ်ဆိုတာ လွယ်ကူတာမဟုတ်ပါဘူး။ စိတ်ပူပန်စရာအမျိုးမျိုးနှင့် ဒုက္ခတွေလည်း အမျိုးမျိုးလို့ ထင်ပါတယ်။ ဒါ့ကြောင့် အမြဲကြည့်မနေနိုင်တောင်မှ တတ်နိုင်တဲ့ဘက်ကနေ အကြံဉာဏ်ပေးဖြစ်ပါတယ်။
စုံစမ်းလိုသူများကတော့ အောက်ပါလင့်ကနေ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
နားမလည်တာရှိရင်လည်း ဆက်သွယ်နိုင်ပါတယ်။
မြန်မာရုံးခွဲမှာ အလုပ်ဝင်ချင်သူများလည်း လက်မနှေးနေဘဲ အမြန်ဆက်သွယ်လိုက်ပါလို့
PROFILE
Company Name:
Seattle Consulting, Inc.
Head Office:
Spline Aoyama Tokyu Building 3F, 3-1-3 Minami-Aoyama Minato Ward Tokyo
107-0062
Myanmar Subsidiary:
Seattle Consulting Myanmar Co., Ltd.
United Tower 10th Floor (A-10), 263/273 Shwe Bon Thar Road,
Pabedan Township, Yangon, Myanmar
Representative:
Masafumi Kyowa
capital:
50 million yen
URL:
http://www.seattleconsulting.co.jp/
Tel:
03-6804-3958
FAX:
03-6804-3959
လျှောက်ထားဖို့ စိတ်ဝင်စားသူတိုင်းအတွက်
အင်တာဗျူးစီစဉ်တင်ဆက်သူ – EM
Author Profile

-
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗