အလုပ်/ကုမ္ပဏီဆီ ဂျပန်လို ဖုန်းဆက်မေးမယ်ဆိုရင်???

■Ever Smile

【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

ဒီတစ်ခါ ပြောချင်တာက
မိမိအလုပ်လျှောက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ကျောင်းလျှောက်ထားတဲ့အခါမှာပဲဖြစ်ဖြစ်
မိမိလျှောက်ထားမည့် ကုမ္ပဏီဆီကို ဖုန်းမဖြစ်မနေဆက်ရမည့် အကြောင်းလေးတွေ ရှိပါတယ်နော်။


ဘယ်အချိန်တွေမှာ ကုမ္ပဏီကို ဖုန်းဆက်ကြလဲ

(အချက်လေးတွေပေါ်နှိပ်ပြီး အသေးစိတ်ရှင်းလင်းချက်လေး ကြည့်နိုင်ပါတယ်။)

မိမိလျှောက်ထားချင်တဲ့ အလုပ်၊ကျောင်း၊ Seminar တွေကို တက်ရောက်ဖို့ ဖုန်းဆက်တဲ့အခါ
Appointment ယူလိုသောအခါ။
appointment ယူပြီးနောက် ဖုန်းဆက်ဖို့ကြုံလာတဲ့အခါ
မိမိအင်တာဗျူးရက် ရွှေဆိုင်းလိုသောအခါ၊ ရပ်နားလိုသောအခါ၊ ရက်မသေချာလို့ နောက်တစ်ခါ သေချာအောင်မေးလိုသောအခါ

(ရက်မေးတဲ့အခါမှာ သတိထားရမှာက အင်တာဗျူးရက်က မိမိဘာသာ အင်တာနက်ကနေ မိမိအင်တာဗျူးချင်တဲ့ရက်ကို ရွေးထားပါလျက်နဲ့ ရက်မေ့သွားလို့ ဖုန်းဆက်မေးခြင်းကို တော့ ရှောက်ကြဉ်ပါ)

▲ မေ့သွားလျှင် မိမိမေးထဲမှာ ပြန်စစ်ပါ။ Company တွေက Seminarတို့ အင်တာဗျူးတို့ဆိုတာက လူပေါင်းများစွာက လျှောက်ထားကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ဌာနတွေအများကြီးကအသုံးပြုနေတဲ့ ဖုန်းကိုဆက်ပြီးမေးတဲ့ အခါမှာ တဖက်ကလည်း ပြန်မဖြေပေးနိုင်တာတွေရှိပါတယ်။ မိမိနာမည်ပဲကျန်ခဲ့ပါလိမ့်မယ်။ မိမိရွေးခဲ့တဲ့ ရက်ကို မသိလို့ ဖုန်းပြန်ဆက်တယ်ဆိုတဲ့ နာမည်ကျန်ခဲ့တာမကောင်းပါ။

▲ သို့ပေမယ့် တဖက်က ဖုန်းနဲ့ အင်တာဗျူးရက်ပြောတုန်းက ကိုယ်က အကြောင်းအမျိုးမျိုးကြောင့် မှတ်စုမမှတ်နိုင်လိုက်ပါက ရှင်းပြ၍ ဖုန်းဆက်မေးလို့ရပါတယ်။

အလုပ်၊ကျောင်း၊ seminar သွားရင်း နေရာမသိလို့ အကြောင်းကြားတဲ့အခါ
ဒါကလည်း နေရာမသိလို့ ဖုန်းဆက်တာဖြစ်တဲ့အတွက်ကြောင့် အနည်းဆုံးတော့ ကိုယ်က ဘူတာကိုတော့ရောက်နေတာပဲဖြစ်ဖြစ်၊ နေရာနဲ့ အနီးဆုံးကိုရောက်နေပြီးမှ ဘယ်လိုမှ ရှာမရတဲ့အခါ ဆက်ရမှာပါ။

အိမ်ကအထွက်ဆက်တာမျိုးကမဖြစ်သင့်ပါ။ လမ်းညွှန်မည့်သူက သင့်ဘယ်နားမှာ ရှိနေလဲမေးတဲ့အခါ အလုပ်နဲ့အနီးတဝိုက်မှာ သင်ရှိနေရင် သူတို့က လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။

ချိန်းထားတဲ့အချိန်ကို အချိန်မီ မရောက်နိုင်သောအခါ
ဖုန်းဆက်ကိုဆက်ရပါမည်။

(သတိထားရမှာက ချိန်းထားတဲ့အချိန်ထက အနည်းဆုံး ၁၅ကြို တင်ပြီးဖုန်းဆက်ရပါတယ်)

ချိန်းထားတာ နေ့လည်၁နာရီဆိုပါတော့။ သင်အနည်းဆုံးဖုန်းဆက်သင့်တာက ၁၂နာရီ၄၅မိနစ်ပါ။

အဘယ့်ကြောင့်ဆိုသော် သင်ဆက်သော ဖုန်းက ရုံးချုပ်ကိုပဲဝင်မှာပါ။ ရုံးချုပ်ကနေမှ သင်သွားမည့်နေရာမှာ တာဝန်ကျတဲ့သူဆီကို သတင်းရောက်ဖို့ အချိန်လိုအပ်ပါမယ်။

ဒီအကြောင်းအရာ၎ခုကတော့ အလုပ်ကို သင်မဖြစ်မနေဖုန်းဆက်သင့်တဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။


ဖုန်းထဲမှာ ဘာတွေပြောမလဲ…

(၁) စစဖုန်းဝင်တဲ့အခါမှာ အောက်မှာ ရေးပေးထားတဲ့ စကားသင်ကြိုက်နှစ်သက်ရာ တစ်ခုခုကို ပြောလို့ ရပါတယ်။

お世話(おせわ)になります。
お忙しい(おいそがしい)ところ申し(もうし)訳(わけ)ありません。
お忙しい(おいそがしい)ところ失礼(しつれい)します。

※သတိပြုရန်
အလုပ်ကို ဖုန်းဆက်တဲ့အခါမှာ もしもしမသုံးရပါ။ ဒါက ဖုန်းသံသိပ် မကြားရတဲ့အခါမှာ သုံးလို့တော့ ရပါတယ်။

(၂) မိမိအကြောင်းကို ပြောပါ။

わたくし、●●大学(だいがく)の△△と申します。
ကျောင်းနာမည်နှင့် မိမိရဲ့နာမည်ကိုပြောပါ။

(၃) ဆက်သွယ်ချင်တဲ့သူရဲ့ နာမည်ကို ပြောပါ။

人事部(じんじぶ)の●●様(さま)はいらっしゃいますでしょうか?
●●担当(たんとう)の○○様(さま)はいらっしゃいますか?
●●担当(たんとう)の○○方(かた)をお願い(おねがい)いたします。
~ဌာနမှ ~~ရှိပါသလား။

(၄) မိမိဖုန်းဆက်ချင်တဲ့သူနဲ့ တိုက်ရိုက်တွေ့သောအခါ

မိမိနာမည်ပြောပြီး လိုရင်းကို သေချာပြောပြပါ။ အသံပြတ်ပြတ်သားသားဖြစ်အောင်ပြောပါ။ ယဉ်ကျေးတဲ့အသုံးအနှုန်းကိုသုံးပါ။

ဥပမာ- အလုပ်လျှောက်ရန် ပထမဆုံးအကြိမ် ဖုန်းဆက်ခြင်းဖြစ်ပါက အလုပ်ခေါ်စာကို ဘယ်လို တွေ့ခဲ့တယ်ဆိုတာကို အရင်ရှင်းပြပါ။
(အင်တာနက်ကတွေ့တာပါ၊ ကျောင်းကစာအလုပ်ခေါ်စာမှာ တွေ့တာပါ၊ သူငယ်ချင်းက မိတ်ဆက်ပေးတာပါ စသည်ဖြင့်) ရှင်းပြပြီးမှ မိမိကိုယ်ကိုယ်မိတ်ဆက်ပေးပါ။
ပြီးလျှင် လိုရင်းကို ပြောပြပါ။

အထူးသတိပြုရန် ။
Company ကို ပထမဆုံးအကြိမ်ဖုန်းဆက်ပါက

× ​အောက်ပါအချိန်များကို ရှောင်နိုင်ပါက ပိုမိုသင့်တော်ပါမည်။
နေ့လည်နားချိန် ၁၂မှ ၁နာရီခွဲလောက်အတွင်း
ညနေရုံးဆင်းခါနီးအချိန်
မနက်ရုံးတက်ခါစ အချိန်
အကယ်၍ ထိုအချိန်များတွင် အင်တာဗျူးရှိ၍ နောက်ကျခြင်း လမ်းမျက်စိလည်နေပါက ဆက်လို့ ရပါတယ်။

(၅) ဖုန်းချတဲ့အခါ

お忙しい(おいそがしい)ところありがとうございました。
よろしくお願い(おねがい)いたします。失礼(しつれい)いたします。
ကျေးဇူးတင်ကြောင်းပြောပါ။
တစ်ဖက်လူက ဖုန်းချသွားတာ သေချာသွားမှ ဖုန်းချလိုက်ပါ။

(၆) မိမိဖုန်းဆက်ချင်တဲ့သူနှင့် မတွေ့နိုင်တဲ့အခါ

本日(ほんじつ)お戻り(おもどり)になる時間(じかん)は
何時(なんじ)頃(ごろ)になりますでしょうか?
ဒီနေ့ဘယ်အချိန်လောက် ပြန်ရောက်နိုင်မလဲ။
またこちらからお電話(おでんわ)させていただきます。
ပြန်လည် ဖုန်းဆက်လိုက်ပါမယ်။

အစဉ်လိုက် ဒီလိုပုံမျိုးနှင့် ဆက်သွယ်နိုင်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေနော်။

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀