JP နေထိုင်မှုဘဝအတွက် 

■MJ

【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

ဂျပန်ရောက်စ မြန်မာမိတ်ဆွေများ၊ အလုပ်သင်ဗီဇာ ထရိန်နင်ဖြင့် လာသူများအတွက် MJ ရဲ့ အထူးမှာစရာ

နိုင်ငံခြားသား မှတ်ပုံတင်ကဒ် ဆောင်ထားပါ။

ဇိုင်းလရူး ကဒ် ( ざいりゅうカード/ 在留カード)

၁ ။ ကိုယ်ပိုင်မှတ်ပုံတင်ကဒ်ကို အပြင်သွားလေရာ တပါတည်း ပါသွားရန် ပိုက်ဆံအိတ်တွင် အမြဲထည့်၍သွားပါ။

၂ ။ တစ်ပါးသူအား ချေးငှားခြင်းမပြုပါနှင့်။

၃ ။ အပြင်သွားစဉ် ရဲ စသည် စစ်ဆေးခံရစဉ် တရားဝင် နေနေသောသူ ဖြစ်ကြောင်း သက်သေပြရမှာပါ။

၎ ။ ကဒ်မေ့ကျန်ခဲ့လျှင် ရှောင်ပြေးခြင်းများ မပြုဘဲ အိမ်တွင်မေ့​ကြောင်း အမှန်အတိုင်း ဝန်ခံပါ။ဒဏ်ကြေးပေးဆောင်ရပါတယ်။

၅ ။ ထွက်ပြေးခြင်းများ ပြုပါက ရဲက လိုက်ဖမ်းခြင်း စသည်ဖြင့် ပိုမို ရူပ်ထွေးစေပါသည်။

နေအိမ်မှာ ဂရုစိုက်စရာ

အိမ်မှာဆိုတော့ လွတ်လွတ်လပ်လပ်နေလို့ရပြီပေါ့။ဒါပေမယ့်

ဂျပန်နေအိမ်ဟာ နည်းနည်းတော့ ဂရုစိုက်ရပါမယ်။

သန့်ရှင်းရေးနှင့် အနှောက်အယှက်မဖြစ်စေရေး
ထရိန်နင်အလုပ်သင်ဖြင့်လာသောသူများဆိုလျှင် အလုပ်မှ ပေးထားသော ကိုယ့်အခန်းတွင် ကိုယ်နေရသည်ဟု ဆိုရသော်လည်း ကိုယ်အလုပ်သွားစဉ်တွင် အခန်းအား သန့်ရှင်းစွာ နေ မနေ ကို စစ်ဆေးတာလည်း ရှိပါတယ်။
သိထားပါသလား။

စစ်ဆေးတာထက်အရေးကြီးတာက ကျန်းမာရေးနှင့် ဆက်စပ်မှုပါ။ ဂျပန်ဟာ စိုစွတ်နှုန်းမြင့်မားတဲ့အတွက် အခန်းတွင်း မှို၊ပိုးကောင်ပေါက်ပွားဖို့လွယ်ပါတယ်။ (အထူးသဖြင့် ပူတဲ့အချိန်ပေါ့)

ရေချိုးခန်း
ရေချိုးပြီးလျှင် အပူငွေ့များ ထွက်သွားအောင် တခါး/ ပန်ကာ ဖွင့်ပေးပါ။ မဖွင့်ပေးလျှင် အပူငွေ့များ လှောင်၍ ရေပေါက်များမှ မှိုများဖြစ်ကာ ချောင်းဆိုးခြင်းမှအစ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။

မီးဖိုချောင်
အထူးသဖြင့် ဟင်းကျန်များအား ပလပ်စတစ်ဖုံးကာ သိမ်းခြင်း။ အဖုံးရှိ ဗူးများတွင်သိမ်းခြင်း အပြင်၊ ရေခဲသေတ္တာတွင် ထည့်သိမ်းခဲ့ခြင်းက ပိုကောင်းပါတယ်။

ဆူညံသံမပြု၊အနှောက်အယှက်မပြု

ဂျပန်နေအိမ်တွေကတော့ ဘေးအိမ်ကို ဆူညံသံ၊အနှောက်အယှက် မပြုတတ်ကြပါဘူး။ အထူးသဖြင့် ကျွန်မတို့  အလုပ်ပြန်ချိန်နောက်ကျလေ့ရှိပြီး မိုးချုပ်မှ ဖုန်းပြောလေ့ရှိကြပါတယ်။ အခန်းထဲ တခြားလူ အိပ်နေတာမို့ အခန်းပြင်လည်း ထွက်ပြောကြပါတယ်။ (သီချင်းကျယ်လောင်စွာ ဆိုခြင်း၊တူရိယာတီးခတ်ခြင်းစသည်)ဒီတော့ ဘေးခန်းကိုပါ အသံအနှောက်အယှက် ဖြစ်စေပြီး စိတ်တိုလို့ ရဲတိုင်ခံရပါတယ်။
ဂျပန်မှာက တစ်ခန်းနဲ့ တစ်ခန်း စကားများလေ့ မရှိပါဘူး။ မကြိုက်ရင် ရဲဖုံးဆက်ပြောတိုင်ကြလေ့ ရှိပါတယ်။

အနံ့အသက်အားဖြင့်လည်း အနှောက်အယှက် ဖြစ်တတ်ပါသေးတယ်။ အထူးသဖြင့် သူတို့ မကြိုက်တတ်တဲ့ ငံပြာရည် ဒညင်းသီး ဆူးပုတ်ရွက်ကြော် အနံ့များ ဖြစ်ကြတယ်ပေါ့။

သွားလာရေးမှာ သိထားစရာ

ဂျပန်ရောက်သူများ စက်ဘီးလည်း အစီးများပါတယ်နော်။ဂျပန်ဒေသအလိုက် စက်ဘီးသုံးမှ အဆင်ပြေတဲ့နေရာတွေလည်း ရှိပါတယ်

စက်ဘီးမှာ လည်း ယာဉ်စည်းကမ်းသတ်မှတ်ထားတဲ့အကြောင်းလေး မှတ်ထားပါနော်။
၁ ။ ဘယ် ကပ်စီးပါ။
စက်ဘီးဆို ယာဉ်သွားလမ်းက သွားရပါတယ်။ ဒီအခါ ကားလမ်းပေါ်ရှိ အစွန်လိုင်းကို အသုံးပြုရပါတယ်။
ဒါပေမဲ့ လူတိုင်းနီးနီးက ကားများနဲ့ နီးလို့ လူသွားလမ်းပေါ်မှာ စီးကြတယ်ပေါ့။ စီးခွင့်လည်း ရှိပါတယ်။
စက်ဘီးစီးတဲ့ အခါ ကားများကဲ့သို့ ဘယ်ကပ်နင်းရပါမယ်။ဒါက စက်ဘီးစည်းကမ်းတခုပါဘဲ။

၂ ။ တစ်စီးဆီ ရှေ့နောက် ဆင့် စီးပါ။
ဘယ်ညာ အတူယှဉ်တွဲ မစီးပါနှင့်။

၃ ။ စက်ဘီး တစ်စီးကို လူ ၂ ယောက် မစီးရပါ။

၎ ။ ညနေ နှင့် ည မှောင်ချိန်တွင် စက်ဘီးမီး ထွန်း မောင်းပါ။

၅ ။ ကျော်တက်လိုသော် ရှေ့လူအား ကြားနိုင်ရုံ ဘဲလ်အသံပေးခြင်း ခွင့်ပြုပါ / すみません စသည် ယဉ်ကျေးစွာပြော၍ ကျော်တက်ပါ။ဆူညံသံမပြုလုပ်ရပါ။

၆ ။ စက်ဘီးစီးနေစဉ် ဖုန်း ပြောခြင်း သီချင်းနားထောင်ခြင်း ကဲ့သို့ နားကြပ်တတ်ထားခြင်းများ မပြု လုပ်ပါနှင့်။

၇ ။ ပစ္စည်း အရှည်များ စက်ဘီးနှင့် သယ်လိုသော်
( က) အရှည်မှာ စက်ဘီးနှင့်အတူ အရှည်ကိုသာ သယ်ခွင့်ရှိပြီး
( ခ ) အမြင့်မှာ စက်ဘီးနင်းသူ၏ ခေါင်းအမြင့်နှင့် ညီရပါမယ်။

၈ ။ လက်ကိုင် ဘရိတ်မိမမိ စစ်ဆေးပါ။

၉ ။ အမြင့် ဂုံးအဆင်း အရှိန်မြန်လွန်းခြင်းကို သတိထားပါ။
ဂျပန်မှာ အားလုံးနီးပါး ကျန်းမာရေး အာမခံ ဝင်ရောက်ထားသည့်အတွက် ကုန်ကျငွေစိုးရိမ်ရန်မရှိသော်လည်း ယာဉ်တိုက်မှု မရှိရလေအောင် ယာဉ်စည်းကမ်း လိုက်နာ စေလိုပါတယ်ရှင်။
ယာဉ်တိုက်မှုတွင်ကိုယ်က မှားလျှင် တဖက်သူ အတွက် ဆေးဖိုး ကုန်ကျငွေ ထုတ်ပေးရမည်မှာ သေချာပါပဲ။

သေချာမှတ်ထားရင် နေထိုင်ရေးမှာ အဆင်ပြေမှာပါ။

Author Profile

MJ
MJ
မင်္ဂလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။