အလုပ်အကိုင်အခွင့်အလမ်းအတွက်  ဂျပန်ကုမ္ပဏီအင်တာဗျူးအစီအစဉ်

【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

WF

နိုင်ငံတကာမှ ITပညာရှင်များ အလုပ်လုပ်ကိုင်နေသော Human Resocia Co., Ltd. မှ

Ms. Barani Win Min Htwe မဘရဏီဝင်းမင်းထွေး နှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

မြန်မာနိုင်ငံမှ အင်ဂျင်နီယာများ ခန့်အပ်သွားမယ့် အကြောင်းကို အခုလို ပြည့်ပြည့်စုံစုံပြောပြပေးပါတယ်။

GIT Website Link

*******************

WF

ကုမ္ပဏီလုပ်ငန်းအကြောင်းလေးကို မိတ်ဆက်ပေးပါရှင့်

Human Resocia

ကျွန်မတို့ကုမ္ပဏီကတော့ Human Resocia ဖြစ်ပါတယ်။ Human Resocia အနေဖြင့် လူ့စွမ်းအားအရင်း အမြစ်နှင့်သက်ဆိုင်သောလုပ်ငန်းများကိုလုပ်ဆောင်နေပါတယ်။

ပင်မကုမ္ပဏီကတော့ Human Holdings ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှု၊ ကလေးသူငယ်ပြုစုစောင့်ရှောက်ဝန်ဆောင်မှု၊ ITလုပ်ငန်းများဝန်ဆောင်မှု၊ ဘာသာစကားနှင့် ပညာရေးဝန်ဆောင်မှု၊ အလှအပရေးရာ ဝန်ဆောင်မှု နှင့်အားကစား နှင့်ပတ်သက်သောလုပ်ငန်းဆောင်တာများစသဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေသော Group ကုမ္ပဏီဖြစ်ပါတယ်။ကုမ္ပဏီသက်တမ်းကတော့ ၁၉၈၈ ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်လို့၊ ယခုနှစ်မှာနှစ်၃ဝပြည့်ပြီဖြစ်ပါတယ်။

အခုလက်ရှိကတော့ Global IT Talent Team「GIT」 အနေဖြင့် နိုင်ငံတကာမှIT အင်ဂျင်နီယာများကိုခန့်အပ်ခြင်းနှင့် ခန့်အပ်ပြီးအင်ဂျင်နီယာများကို ရုံးတွင်းနှင့် ကုမ္ပဏီရဲ့စီးပွားဖက်ကုမ္ပဏီတွေရဲ့ ပရောဂျက်တွေမှာ သွားရောက်လုပ်ကိုင်ဖို့ကို လုပ်ဆောင်ပေးနေပါတယ်။

တစ်ခြားသောနိုင်ငံတွေမှIT အင်ဂျင်နီယာတွေရှိသလို၊ မြန်မာနိုင်ငံသားIT အင်ဂျင်နီယာများကိုလည်းခန့်အပ်ထားပြီး လုပ်ငန်းဝင်နေကြပြီးဖြစ်ပါတယ်။ ရှေ့လျှောက်လည်းထပ်မံခန့်အပ်သွားဖို့ရှိပါတယ်။ ယခုနောက်ပိုင်းမှာတော့IT အင်ဂျင်နီယာများသာမကပဲ Civil Engineer(BIM,CIM,2D/3D,Auto CAD)လည်းခန့်ထားနေပါတယ်။

WF

Global IT Talent ဆိုတာက ဘယ်လိုအဖွဲ့ပါလဲ။

Human Resocia

Global IT Talent Team「GIT」 ဆိုတာကတော့ နာမည်အတိုင်း နိုင်ငံတကာမှIT အရည်အချင်းမြင့်မားသော အင်ဂျင်နီယာများ နှင့်ဖွဲ့စည်းထားပါတယ်။ ဂျပန်နိုင်ငံရဲ့လူဦးရေကျဆင်းမှုကြောင့် လုပ်သားမလုံလောက်မှုပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး စတင်ခဲ့တာပါ။

ဂျပန်နိုင်ငံကိုစိတ်ဝင်စားပြီး ဂျပန်နိုင်ငံရဲ့ မြင့်မားတဲ့နည်းပညာအတွေ့အကြုံတွေကို လိုလားတဲ့ အင်ဂျင်နီယာတွေကိုခန့်အပ်နေပါတယ်။ အားသာချက်ကတော့ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရမှာပါ။

ဂျပန်စာ၊ ဂျပန်လူမျိုးများ၏Business Manner နှင့် နည်းပညာတိုးတက်ဖို့လေ့လာရန်လည်း ထောက်ပံ့ပေးပါတယ်။ ဂျပန်စာကို တစ်ယောက်ချင်းစီရဲ့ Levelအလိုက်အတန်းခွဲပြီး သင်ပေးပါတယ်။ ရုံးတွင်းသင်ယူမှုကတော့ တစ်ယောက်နဲ့တစ်ယောက် ကာလမတူကြပါဘူး။

အလုပ်ဝင်တဲ့အခါမှာ မိမိလေ့လာလိုသော နည်းပညာစာအုပ်ကိုရွေးချယ်စေပြီး ရုံးမှလက်ဆောင်အနေနဲ့ ပေးပြီးလေ့လာခွင့်ပေးပါတယ်။Project အနေနဲ့ကတော့ တစ်ဦးချင်းစီရဲ့ Skill နဲ့ကိုက်ညီတဲ့၊ ကိုယ့်မှာရှိပြီးသားSkill ကိုပိုမိုပြီးမြှင့်တင်ပေးနိုင်တဲ့Project နှင့်Customer siteတွေမှာသွားရောက်ပြီးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Human Resocia
Training ပုံလေးပါ။

 

WF

ဘယ်လို ဝန်ထမ်းမျိုးခန့်အပ်သွားဖို့ ရည်ရွယ်ထားပါသလဲ။

Human Resocia

နိုင်ငံ၊လူမျိုး၊ကျားမရွေး လျှောက်ထားနိုင်ပါတယ်။ITအလုပ်ဖြစ်တဲ့အတွက် မိမိနိုင်ငံမှာ (သို့) ဂျပန်မှာ ၄နှစ်တမ်းဒီဂရီ ITဘာသာရပ်(Software engineering, information engineering, data science, computer science) ပြီးမြောက်ထားသူလျှောက်ထားနိုင်ပါတယ်။။IT Skill အပြင်၊ ဂျပန်ဘာသာကို N3လောက် ပြောနိုင်နားလည်နိုင်ရင် ပို အဆင်ပြေပါတယ်။

Civil Engineerလည်းလိုအပ်ချက်ကတော့အတူတူပါပဲ။

Communication ကောင်းတဲ့သူ၊ Team Workကောင်းတဲ့သူလည်းဖြစ်ဖို့လိုပါတယ်။

ဂျပန်စာကလည်း အောင်လက်မှတ်ရှိရုံမဟုတ်ပဲနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ လူမျိုးခြားတွေနဲ့ပဲအလုပ်လုပ်ရမှာဖြစ်တာကြောင့် ဘာသာစကားကိုလည်း သေချာပြင်ဆင်ထားဖို့ အရမ်းအရေးကြီးပါတယ်။ ဘာသာစကား မကျွမ်းကျင်တဲ့အခါ လုပ်ငန်းခွင်မှာရော၊ နေ့စဉ်လူနေမှုဘဝမှာရော အဆင်မပြေမှုတွေအများကြီး ကြုံတွေ့နိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ မိမိတတ်ကျွမ်းပြီးသား နည်းပညာကို ပိုမိုတိုးတက်အောင်လေ့လာနေဖို့အရေးကြီးသလို၊ တစ်ဖက်မှာလည်း ဂျပန်စကားကို အတတ်နိုင်ဆုံး တိုးတက်အောင်ကြိုးစားပြင်ဆင်လာကြဖို့ပြောချင်ပါတယ်။

WF

နိုင်ငံတကာမှ IT အင်ဂျင်နီယာ ဘယ်နှယောက်ရှိပါသလဲ။

Human Resocia

ယခုလက်ရှိအလုပ်ဝင်ပြီးတာကတော့ အာရှ၊အရှေ့အလယ်ပိုင်း၊အာဖရိက၊အမေရိက၊ဥရောပ  နိုင်ငံပေါင်း၃ဝကျော်မှ အင်ဂျင်နီယာအားလုံးပေါင်း အရောက်၂ဝဝနီးပါး ရှိပါတယ်။ ဒီနှစ်အတွင်းမှာလည်း နိုင်ငံအလိုက် Job Fairတွေ Seminarတွေကျင်းပသွားဖို့ရှိပါတယ်။

မြန်မာလူမျိုးကတော့ အလုပ်ခန့်ထားပြီးသူနှင့် ဂျပန်ကို လာဖို့ပြင်ဆင်နေတဲ့သူ အားလုံးပေါင်း ၅ဝနီးပါး ဖြစ်ပြီး၊ နိုင်ငံအနေနဲ့တော့အရေအတွက်အများဆုံးပါ။

WF

မြန်မာလူမျိုးအင်ဂျင်နီယာတွေကို ခန့်အပ်သွားမယ့်အစီအစဉ်ကိုပြောပြပေးပါ။

Human Resocia

အစ်မတို့ရုံးအနေနဲ့ ဒီ Global IT Talent Team 「GIT」ကို၂၀၂ဝခုနနှစ်မှာ အယောက် ၁ဝဝဝ ထိတိုးမြှင့်သွားဖို့ ရည်မှန်းထားပါတယ်။ ခန့်အပ်ဖို့ရည်မှန်းထားတဲ့ အရေအတွက် များတဲ့အတွက် မြန်မာလူမျိုးအင်ဂျင်နီယာတွေအတွက် အခွင့်အလမ်းအများကြီးရှိပါတယ်။

မြန်မာနိုင်ငံ(ရန်ကုန်)မှာလည်း တစ်နှစ်ကို၎ကြိမ် JAPAN JOB FAIR ဆိုတဲ့အမည်ဖြင့် Job Fair ကျင်းပလျက်ရှိပါတယ်။

ဒီနှစ်ထဲမှာ Human Resocia အနေနဲ့ရန်ကုန်မှာJob Fairကို၂လပိုင်းနဲ့၆လပိုင်းတွေမှာကျင်းပခဲ့ပါတယ်။ လာမယ့်၉လပိုင်းနဲ့ ၁၂လပိုင်းတွေမှာလည်း ကျင်းပဖို့အစီအစဉ်ရှိပါတယ်။Job Fair ကတော့ရက်အတိအကျသတ်မှတ်ပြီးတဲ့အခါ ကြေညာပေးပါတယ်။Job Fair အတွက်Entry Form၊ CV Form ဖြည့်တဲ့အခါလည်းသေချာပြင်ဆင်ပြီး အချက်အလက်စုံစုံလင်လင်ဖြည့်ဖို့လိုအပ်ပါတယ်။အောက်ပါလင့်ခ်မှလည်းကြည့်ရှုလေ့လာပြီးတိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။

Entry Link

WF

developing မှာ ဘယ်လိုအပိုင်းလေးတွေ လုပ်ရပါသလဲ။

Human Resocia

လက်ရှိလုပ်ဆောင်နေကြတဲ့ ပရောဂျက်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

・machine learning, Deep Learning, Natural Language Processing, Python/R စတာတွေကိုအသုံးပြုတဲ့  AI (Artificial Intelligence) ပရောဂျက်တွေ၊

・ C, C++ကိုအသုံးပြုတဲ့ IoT(Internet of things) ပရောဂျက်တွေ၊

・ Hadoop, Python ကိုအသုံးပြုတဲ့ Big Data (Data analysis) ပရောဂျက်တွေ၊

・ Swift, Objective-C, Java, HTML5 ကိုအသုံးပြုတဲ့Mobile application development ပရောဂျက်တွေ၊

・ 画像認識(Image Processing)နည်းပညာကိုအသုံးပြုတဲ့ automatic operation /automatic driving (vehicle) ခေတ်ရှေ့ပြေးနည်းပညာပရောဂျက်တွေ၊

・ Communication · Robot developmentစတဲ့Robotပရောဂျက်တွေ၊

・ Java, C#, PHP, Rubyစတဲ့Languageတွေကိုအသုံးပြုတဲ့ Business Application developmentပရောဂျက်တွေ။

・Networkingနဲ့ပါတ်သက်၍ Network Design Construction (CISCO) စတာတွေရှိပါမယ်။

WF

ဝန်ထမ်းအတွက် ဘယ်လိုထောက်ပံ့ပေးပါသလဲ။

Human Resocia

အမြဲတမ်းဝန်ထမ်းဖြစ်တဲ့အတွက် အမြဲတမ်းဝန်ထမ်းအနေနဲ့ရသင့်ရထိုက်တဲ့လူမှုဖူလုံရေး ထောက်ပံ့မှု၊

ဂျပန်ကိုလာဖို့ လိုအပ်တဲ့အလုပ်လုပ်ခွင့်(နေထိုင်ခွင့်) နှင့်သက်ဆိုင်သောလုပ်ငန်းစဉ်များ၊လေယာဉ်လက်မှတ်၊ အိမ်ခန်းကြိုတင်ရှာဖွေ ပြင်ဆင်ပေးခြင်း၊ အိမ်ခန်းငှားရမ်းတဲ့အခါ ပေးဆောင်ရတဲ့ ကနဦး ကုန်ကျငွေစတာတွေထောက်ပံ့ပေးပါတယ်။ အိမ်ခန်းခ ကုန်ကျငွေထဲမှလည်းရုံးက ယန်း၂၅ဝဝဝပေးဆောင်ပေးပါတယ်။ ဂျပန်ရောက်တဲ့အခါမှာလည်း လေဆိပ်ကနေကြိုပေးပြီး၊ ဘဏ်အကောင့်ဖွင့်တာ၊ ဖုန်းဝယ်တာ၊ တံဆိပ်တုံးလုပ်တာ၊ သက်ဆိုင်ရာရပ်ကွက်ရုံးတွေမှာ မှတ်ပုံတင်တာ စတာတွေလည်းရုံးဘက်က လိုက်လုပ်ပေးပါတယ်။

တစ်လတစ်ခါ ညစာစားပွဲကိုလည်း ရုံးဘက်ကစီစဉ်ပေးထားပြီး ဝန်ထမ်းများအနေနဲ့ အခမဲ့တက်ရောက်နိုင်ပါတယ်။ဒီလိုစီစဉ်ပေးတဲ့အတွက် Customer siteတွေမှာ သွားရောက်လုပ်နေတဲ့သူတွေလည်း

အမြဲတမ်းမျက်နှာစုံညီတွေ့ဆုံနိုင်ပါတယ်။ ဒီလို တွေ့ဆုံတဲ့အတွက် ပျော်စရာကောင်းပြီး အချင်းချင်းလည်းပိုမိုရင်းနှီးလာသလို၊အားလုံးလွတ်လွတ်လပ်လပ်နဲ့စားသောက်ကြ၊ပြောကြဆိုကြနဲ့ ဆိုတော့ အခက်အခဲတွေ ရှိနေရင် အချင်းချင်းအကြံဉာဏ်ပေးလို့ ဖလှယ်လို့ရပါတယ်။အကြောင်းကြောင်းကြောင့် စိတ်ဖိစီးမှုတွေရှိနေရင်လည်း လျှော့ပါးစေပါတယ်။

 

WF

စိတ်ဝင်စားသူများအတွက် messageလေး

Human Resocia

ဒီမှာက ရွေးချယ်နိုင်တဲ့ လမ်းစဉ်လမ်းကြောင်းက ကျယ်ပြန့်တဲ့အတွက် အခွင့်အရေးအများကြီးရရှိမှာပါ။ လုပ်နိုင်ရင်လုပ်နိုင်သလောက် ဘဝတိုးတက်ဖို့ လမ်းအများကြီးပါပဲ။ ဂျပန်ရောက်ဖို့က ရည်ရွယ်ချက်မဟုတ်ပဲ၊ ဂျပန်လာပြီးဘာလုပ်ချင်တယ်၊ အနာဂတ်မှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်လေး ရှိစေချင်တယ်။ ကိုယ့်ရည်ရွယ်ချက်၊ခံယူချက်ကိုခိုင်ခိုင်မာမာရှိစေချင်တယ်။ အပေါ်မှာပြောထားသလိုပေါ့နော် ရုံးမှာဆိုရင်လည်း မြန်မာတွေချည်းပဲရှိတာမျိုးမဟုတ်ပဲ နိုင်ငံစုံ လူမျိုးစုံ အင်ဂျင်နီယာတွေရှိတဲ့အတွက် အသိမိတ်ဆွေ အများကြီးတိုးလာနိုင်တာလည်း သိပ်ကောင်းတဲ့အချက်တစ်ခုလို့မြင်ပါတယ်။

တစ်ဖက်မှာလည်းဒီလိုနိုင်ငံစုံ လူမျိုးစုံဝန်ထမ်းတွေကြားထဲမှာ ကိုယ့်မြန်မာနိုင်ငံကမောင်လေး၊ညီမလေးတွေကို သူများတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့သူတွေ၊ပိုတော်၊ပိုတတ်၊ထက်မြတ်တဲ့သူတွေ ဖြစ်စေချင်ပါတယ်။ အားလုံးအတူတူကြိုးစားကြရအောင်လည်းတိုက်တွန်းဖိတ်ခေါ်ပါတယ်။ ပိုပြီး ကြံ့ခိုင်စေချင်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့နေရာကို အရောက်လှမ်းနိုင်ပါစေ။

WF

ဒီအင်တာဗျူးလေးကတော့ မြန်မာလူမျိုးအင်ဂျင်နီယာများကို ခန့်အပ်ထားချင်တဲ့

GIT အဖွဲ့မှ တာဝန်ရှိသူနှင့် တွေ့ဆုံမေးမြန်းခြင်းဖြစ်ပါတယ်။

စိတ်ဝင်စားသူများ ဆက်သွယ်လိုက်ပါနော်။

Entry Link

Human Resocia

Company profile

Company name
Human Resocia Co.,Ltd.

Tokyo Head Office
Nishi-Shinjuku Prime Square(old Nishi-Shinjuku Kimuraya Bldg). 1st Floor, 7-5-25 Nishi-Shinjuku, Shinjuku-ku, Tokyo, Japan 160-0023
Tel: +81-3-6846-9055

Established
February 1988

Capital
100 million yen

Representative
Representative Director :Mitsugu Otaya

Number of employees
738 (as of end March 2018)

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗