အလုပ်အကိုင်အခွင့်အလမ်းအတွက်  ဂျပန်ကုမ္ပဏီအင်တာဗျူးအစီအစဉ်

【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

WF
ITအင်ဂျင်နီယာများ ခန့်အပ်သွားမယ့်Human Resocia Co., Ltd. မှာ Php developerအဖြစ် အလုပ်လုပ်ကိုင်နေသော မလှငြိမ်းဌေးနှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

GIT Website Link

WF
နာမည်လေး မိတ်ဆက်ပေးပါနော်။

Human Resocia

မင်္ဂလာပါ။ကျွန်မနာမည် လှငြိမ်းဌေး လို့ခေါ်ပါတယ်။Human Resocia Co., Ltd. မှာPhp developerအဖြစ် လုပ်ကိုင်နေပါတယ်။
ဂျပန်ရောက်ရှိတာကတော့ ၆လကျော်ရှိပါပြီ။ ရန်ကုန်မှာ Human Resociaမှ လာရောက်ကျင်းပတဲ့ Japan Job Fair မှတစ်ဆင့် ဖြေဆိုဝင်ရောက်ခဲ့ပါတယ်ရှင့်။

WF
ကုမ္ပဏီကိုရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းကဘာဖြစ်မလဲ။

Human Resocia

ဂျပန်နည်းပညာ၊ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ချင်ပါတယ်။
အိုင်တီအတွေ့အကြုံကတော့ မုံရွာကွန်ပျူတာတက္ကသိုလ်ဘွဲ့ရပြီးနောက် ရန်ကုန်ကlocal အိုင်တီကုမ္ပဏီမှာ ၂နှစ်၊အဲဒီနောက် ရန်ကုန်မှာပဲ ဂျပန်ကုမ္ပဏီမှာ ၁နှစ်ခန့် အလုပ်ဝင်ခဲ့ပါတယ်။ ဂျပန်ကုမ္ပဏီဝင်လုပ်ရင်း ဂျပန်နှင့် ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားလာတဲ့အတွက် ဂျပန်စာစသင်ဖြစ်ခဲ့ပါတယ်။

ယခုကုမ္ပဏီဝင်ရောက်ဖြစ်ပုံကတော့ မြန်မာမှာ Japan Job Fair ကျင်းပပေးတဲ့အတွက် စသိခဲ့ပါတယ်။ သွားတက်တဲ့အခါ GITမှာ နိုင်ငံအသီးသီးက ITအင်ဂျင်နီယာတွေ ရှိကြောင်း သိရပါတယ်။ ဂျပန်မှာ နေရင်း နိုင်ငံတကာမှ လူမျိုးစုံနှင့် ပေါင်းသင်းဆက်ဆံနိုင်တယ်၊ ပညာအမျိုးမျိုးသင်ယူနိုင်တယ်လို့ စဉ်းစားဆုံးဖြတ်ပြီး ရွေးချယ်ဖြစ်တာပါ။
ဂျပန်စာအားနည်းတော့ အဓိကပြင်ဆင်ခဲ့တာက ဂျပန်စာ၊ ဂျပန်ရဲ့ အနေအထိုင်၊စည်းမျဉ်းတွေကို ကြိုတင်လေ့လာခဲ့ပါတယ်။ကုမ္ပဏီဘက်မှလည်း ဂျပန်ရောက်တဲ့အထိရော၊ရောက်ပြီးနောက်ပိုင်းအထိရော အစစ ပံ့ပိုးပေးလို့ အဆင်ပြေပါတယ်။

WF
တာဝန်ယူလုပ်ကိုင်နေတဲ့အပိုင်းလေးကို ရှင်းပြပေးပါ။

Human Resocia

Home page၊Php developer အဖြစ် တာဝန်ယူပါတယ်။
ပရောဂျက်မှာ ကိုယ်လုပ်ရမယ့်အပိုင်းတွေကို အဖွဲ့ မန်နေဂျာကရှင်းပြ၊ပြောပြပါတယ်။
လုပ်ငန်းစဉ်ကို သေချာ နားလည်အောင်လုပ်ပြီး Codingရေး၊ testing အထိ အစဆုံး တာဝန်ယူလုပ်ကိုင်ပါတယ်။

WF
မြန်မာနိုင်ငံမှာလည်း လုပ်ငန်းအတွေ့အကြုံရှိခဲ့တယ်ဆိုတော့ ဂျပန်လုပ်ပုံလုပ်နည်းမတူတာတွေရှိပါသလား။

Human Resocia

လုပ်ငန်းစဉ်နည်းနည်းကွာပါတယ်။ မြန်မာက Developing မှာ အဆင့်တွေသိပ်မထားပါဘူး။အဆင်ပြေပြေ ပြီးမြောက်ဖို့က အဓိကပေါ့နော်။
ဂျပန်မှာကြတော့ အလုပ် အဆင့်ဆင့်ကို အစီအစဉ်ခွဲလုပ်ရပါတယ်။
အဆင့်A ဆို ဘယ်နှစ်ရက်၊ အဆင့်Bဆို ဘယ်နှစ်ရက်၊ဘယ်လိုနည်းလမ်း စသဖြင့် အစဉ်အလိုက် အဆင့်အလိုက် လုပ်ရပါတယ်။
ဂရုစိုက်ရတာက Deadline schedule မတိုင်ခင် တစ်ရက်ကြိုပြီး အကုန်ပြီးထားဖို့ပါ။
Deadline မတိုင်ခင်မှာ ပြန်စစ်ဖို့အတွက် တစ်ရက်ကြို ပြီးရမယ်။ဒီလိုအလုပ်လုပ်ပုံဟာ
ဂျပန်မှာရှိတဲ့ အိုင်တီကုမ္ပဏီတိုင်းလိုလို တူညီကြပါတယ်။
အရေးကြီးဆုံးက အချိန်ကိုတိတိကျကျ လုပ်ပေးနိုင်ရပါမယ်။

WF
ဂျပန်မလာခင် မျှော်မှန်းထားတာနှင့် လက်တွေ့ကွာခြားချက်ရှိရင် ပြောပြပေးပါ။

Human Resocia

ဂျပန်မလာခင်မှာတော့ ဂျပန်စာနဲ့အဆင်ပြေပါ့မလားလို့ စိုးရိမ်မိတယ်။ တခြားနိုင်ငံခြားသားတွေနဲ့ကော အဆင်ပြေပြေ ဆက်ဆံနိုင်ပါ့မလား စသဖြင့်လည်း စိုးရိမ်မိခဲ့ပါတယ်။
တကယ်ဝင်လာပြီးနောက်ပိုင်း ရုံးမှာ ဂျပန်စာလည်း သင်ပေးတယ်၊Business mannerလည်း သင်ပေးပါတယ်။ နည်းပညာပိုင်းကိုလည်း မိမိကြိုက်ရာ လေ့လာခွင့်ပေးတဲ့အတွက် ကိုယ်ထင်ထားတာထက် ပိုလုပ်နိုင်လာတယ်။
အခုဆိုရင် အလုပ်အတွေ့အကြုံ ၆လအတွင်းမှာ ဂျပန်စာလည်း တိုးတက်လာပါတယ်။အတွေ့အကြုံများများရသလို၊
အိုင်တီပိုင်းကိုလည်း ယုံကြည်မှုရှိရှိ လုပ်နိုင်လာတယ်။

WF
လုပ်ငန်းခွင်မှာ အခက်အခဲတွေကော ရှိခဲ့လား။

Human Resocia

ဂျပန်နှင့် အလုပ်လုပ်ရတဲ့အတွက် သူတို့စကား ပြောတဲ့အခါ သေချာနားထောင်ပေမယ့် နားမလည်လိုက်လို့ အချိန်ပိုကုန်သွားတာတို့၊ကိုယ်နားလည်သလို လုပ်လိုက်လို့ နည်းနည်း လွဲနေတာလေးတွေလည်း ရှိခဲ့ဖူးပါတယ်။
ဒီလောက်ပါပဲ။တခြား ကြီးကြီးမားမား အခက်အခဲတော့ မရှိပါဘူး။

WF
နောင်အနာဂတ် ရည်မှန်းချက်က

Human Resocia

ဂျပန်စာကို N1အောင်မြင် အောင်ကြိုးစားပါမယ်၊ စီးပွားရေးနယ်ပယ်အဆင့် ပြောနိင်အောင် ပိုမိုကျွမ်းကျင်အောင် လေ့လာသွားမှာပါ။ အနာဂတ်မှာ ဒီကနည်းပညာကို အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ပါတယ်။
ရသလောက်အတွေ့အကြုံယူသွားပါမယ်။
လက်ရှိမှာ အိုင်တီပိုင်းဆိုပေမယ့် တခြားစီးပွားရေးပိုင်းကိုလည်း အသုံးချနိုင်အောင် သင်ယူသွားမှာပါ။

WF
ကိုယ်ပိုင်အချိန်တွေကို ဘယ်လိုဖြတ်ကျော်ပါသလဲ။

Human Resocia

ပိတ်ရက်ဆိုရင် သူငယ်ချင်းတွေနှင့် လျှောက်သွားဖြစ်ပါတယ်။
ဂျပန်မှာက ရာသီဥတုအကူးအပြောင်းအလိုက် ပတ်ဝန်းကျင် ရှုခင်းလေးတွေ လှပသန့်ရှင်းအောင် ထိန်းသိမ်းထားတာကို သဘောကျတယ်။ကြည့်ရတာ စိတ်အေးမိတယ်။ရုံးမှာ ခင်တဲ့ သူငယ်ချင်းတွေ မြန်မာတွေရော၊တခြားနိုင်ငံသားတွေရောနှင့် အတူ အပြင်ခဏခဏသွားပါတယ်။ အားလုံးအတူဆုံပြီး တွေ့ကြ၊စကားပြောကြတော့ ပျော်စရာကောင်းပါတယ်။

နောက်ပြီး ကျန်အားတဲ့အချိန်မှာ ဂျပန်စာလုပ်ဖြစ်ပါတယ်။
အိုင်တီနှင့် ပတ်သက်တဲ့ မသိသေးတဲ့ နယ်ပယ် language တွေ လေ့လာဖြစ်ပါတယ်။

WF
ဂျပန်မှာ အလုပ်လုပ်ချင်သူများအတွက် စကားလက်ဆောင်

Human Resocia

ဂျပန်မှာ အိုင်တီအခွင့်အလမ်းတွေအများကြီးရှိပါတယ်။လာမယ်ဆိုရင် အနည်းဆုံး ဂျပန်စာ N3လောက်အောင်ထားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။
အင်္ဂလိပ်စာလည်း ထိုက်သင့်သလောက် လိုအပ်ပါတယ်။ clientဆီသွားပြီး အလုပ်လုပ်ရတဲ့အတွက် ဂျပန်စာအပြင်၊အပြုအမူအပြောအဆိုပိုင်းပါ သင်ယူတက်မြောက်ထားရင် အဆင်ပြေမှာပါ။
ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Entry Link

Human Resocia

Company profile

Company name
Human Resocia Co.,Ltd.

Tokyo Head Office
Nishi-Shinjuku Prime Square(old Nishi-Shinjuku Kimuraya Bldg). 1st Floor, 7-5-25 Nishi-Shinjuku, Shinjuku-ku, Tokyo, Japan 160-0023
Tel: +81-3-6846-9055

Established
February 1988

Capital
100 million yen

Representative
Representative Director :Mitsugu Otaya

Number of employees
738 (as of end March 2018)

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗