အလုပ်အကိုင်အခွင့်အလမ်းအတွက်  ဂျပန်ကုမ္ပဏီအင်တာဗျူးအစီအစဉ်

【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

WF
နိုင်ငံတကာမှ ITအင်ဂျင်နီယာများကို ခန့်အပ်ထားတဲ့Human Resocia Co., Ltd. မှာ အိုင်တီအင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်နေသော မအိအိဖြိုးနိုင် နှင့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

GIT Website Link

WF
မင်္ဂလာပါ။မိမိအကြောင်းလေး မိတ်ဆက်ပေးပါရှင့်
Human Resocia

အိအိဖြိုးနိုင်လို့ခေါ်ပါတယ်။ Application developer အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်ရှင့်။

WF
ကုမ္ပဏီကို ဝင်ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ။
Human Resocia

ဂျပန်ကို သွားမယ်ဆိုရင် ဘဝအခွင့်အရေးပိုမို ရနိုင်တယ်ဆိုပြီး၊ သွားလို့ရမယ့် အခွင့်အလမ်းတွေရှာခဲ့ပါတယ်။ဒီလိုအချိန်မှာ Human Resocia မှ ကျင်းပတဲ့ Japan IT Job Fair ကို တက်ရောက်ဖြစ်ခဲ့ပါတယ်။

အဲဒီမှာ ကုမ္ပဏီက Global IT Talent Team အကြောင်းရှင်းပြတဲ့အခါမှာ အခွင့်အရေးတွေကိုလည်း သဘောကျတယ်။နောက်တစ်ခုက နိုင်ငံတကာလူမျိုးစုံ အလုပ်လုပ်နေတာတွေ့တဲ့အတွက်

ဒီမှာ အလုပ်လုပ်ရင် တစ်ခြားနိုင်ငံက နည်းပညာ၊အတွေ့အကြုံ ၊လူမှုဆက်ဆံရေးပိုင်းပညာတွေလည်း ရနိုင်တယ်ဆိုပြီး ရွေးချယ်ခဲ့တာပါ။

မန္တလေးကွန်ပျူတာတက္ကသိုလ်မှ ကျောင်းပြီးပြီးနောက်၊ ရန်ကုန်မှာ ၁နှစ်ကျော်ခန့် ITအလုပ်ဝင်ပြီးမှ Human Resocia ကို လျှောက်ပြီး ဂျပန်လာခဲ့တာပါ။

WF
တာဝန်ယူလုပ်ကိုင်နေတဲ့အပိုင်းလေးကို ရှင်းပြပေးပါ။

Human Resocia

Swift Languageကို အသုံးပြုပြီး ios application developလုပ်နေပါတယ်။

WF
ဂျပန်မှာ အလုပ်လုပ်ဖို့အတွက် ပြင်ဆင်ဖြစ်ခဲ့တာက

Human Resocia

ဂျပန်စာအဓိက လေ့လာခဲ့ပါတယ်။

အင်တာဗျူးမှာ ITပိုင်းရနေရင်တောင်မှာ ဂျပန်စာမရရင် ကိုယ်ပြောချင်တာမပြောနိုင်ပါဘူး။

အစအင်တာဗျူးအချိန်မှာ ဂျပန်စာအားနည်းတော့ အနည်းငယ်အခက်အခဲရှိခဲ့တယ်။ ဒါ့ကြောင့် ဂျပန်စာ ၊ နောက် ကိုယ်လုပ်ချင်တဲ့ ITပိုင်း ပြင်ဆင်ခဲ့ပါတယ်။

WF
ဂျပန်လုပ်ငန်းခွင်စဝင်တဲ့အချိန်မှာ ဘာတွေကြုံခဲ့ရလဲ။

Human Resocia

Developလုပ်တဲ့အခါမှာ customer site ဆီသွားလုပ်ရတာဖြစ်လို့၊ မသွားခင် ရုံးတွင်းမှာ ဂျပန်စာ၊ Business Manner ပိုင်းတွေ သေချာသင်ရပါတယ်။

Customer Projectတွေအတွက်ကတော့ ရုံး ကပဲ ရှာဖွေပေးပါတယ်။

Customer ဆီသွားမယ်ဆိုရင် Customer ရဲ့လိုအပ်ချက်ကို သိရအောင် သူတို့ဘက်မှ တာဝန်ရှိသူတွေနှင့် တွေ့ဆုံ စကားပြောရပါတယ်။

မိမိကိုယ်ကို မိတ်ဆက်ခြင်း၊developနယ်ပယ်၊မိမိက ဘယ်လောက်ထိဆောင်ရွက်နိုင်သလဲ စတဲ့ အကြောင်းအရာ

ကို ပြောရပါတယ်။

Customer ဘက်ကတော့ ပရောဂျက်အကြောင်း၊စည်းမျဉ်းတွေ၊skill၊လုပ်ရမယ့်အပိုင်းတွေ ကြိုရှင်းပြပါတယ်။ နှစ်ဦးနှစ်ဖက်အဆင်ပြေပြီး လိုအပ်ချက်နှင့် ကိုက်ညီပြီဆိုလျှင် customer site ရဲ့ projectကို စတင်လုပ်ဆောင်ရပါတယ်။

WF
ဒါဆို မိမိကုမ္ပဏီအပြင် တခြားကုမ္ပဏီအမျိုးမျိုးနှင့် ထိတွေ့ဆက်ဆံရတယ်ပေါ့နော်။ ဘာတွေတိုးတက်လာပါသလဲ။

Human Resocia

Customer siteတစ်ခု ပြီးသွားတိုင်း မိမိစွမ်းရည် တိုးတက်လာတယ်၊programming နှင့် ပတ်သက်ပြီးလည်း ပိုမိုကျွမ်းကျင်လာတယ်လို့ ခံစားရပါတယ်။

 

ဂျပန်လုပ်ငန်းခွင်မှာ ပိုပြီးအသေးစိတ်ကျတယ်။ စည်းစနစ် ရှိတယ်။အလွဲမခံဘူး။လွဲသွား၊မှားသွားရင်လည်း ကိုယ့်တာဝန်ကိုယ်ယူရပါတယ်။

နည်းပညာပိုင်းကတော့ အမြဲသင်ယူနေနိုင်ပါတယ်။အတွေ့အကြုံများလေ ကိုယ့်အတွက် အကျိုးရှိလေပါပဲ။

ဥပမာ ပရောဂျက်တစ်ခုစပြီဆိုရင်

ဘယ်လိုrule၊ ဘယ်လိုပုံစံနှင့် သွားမလဲသုံးမလဲဆိုတာ သိလာတယ်။အရင်ကဆို ကိုယ်လုပ်ရတဲ့ အပိုင်းလောက်ပဲ သိတာပေါ့နော်။

အခုတော့ ပရောဂျက်အောင်မြင်စွာ အချိန်မီ ပြီးဖို့အတွက် လိုအပ်မယ့်အချက်၊format စသဖြင့် အကုန်လေ့လာရင်း develop လုပ်သွားရပါတယ်။

WF
ဂျပန်မလာခင်က မျှော်မှန်းချက်နှင့် လက်တွေ့ကွာခြားချက်ရှိရင် ပြောပြပေးပါ။

Human Resocia

မြန်မာမှာလည်းအတွေ့အကြုံက ၁နှစ်ခွဲကျော်ကျော်ပဲဆိုတော့ အလုပ်လုပ်ရင်ကော အဆင်ပြေပါ့မလား၊ဂျပန်စကားနှင့် ပတ်သက်ပြီးလည်း အဆင်ပြေပါ့မလား ဆိုပြီး စိုးရိမ်ခဲ့ပါတယ်။

လက်တွေ့ ရောက်လာတော့ မြန်မာဝန်ထမ်းတွေ လည်းရှိတဲ့အတွက် အဆင်ပြေပါတယ်။ကိုယ့်ရုံးက ဂျပန်နိုင်ငံခြားသားဆိုပြီး မခွဲပဲ မသိတာရှိရင် ပေါပေါ့ပါးပါးဆွေးနွေးတိုင်ပင်လို့ ရတဲ့အတွက် စိတ်သက်သာရပါတယ်။ လုပ်ငန်းခွင်မှာလည်း တွဲကူပေးတော့ အဆင်ပြေပါတယ်။customer siteလုပ်ငန်းခွင်က ဝန်ထမ်းတွေဆိုလည်း ကိုယ်မသိတာတွေကို သေချာပြောပြပေးပါတယ်။

အလုပ်လုပ်ရတာပျော်ပါတယ်။

WF
လုပ်ငန်းခွင်မှာ အခက်အခဲတွေကော ရှိခဲ့လား။

Human Resocia

အလုပ်စဝင်တဲ့အချိန်မှာ တခြားသူတွေထက် နားမလည်တာတွေများခဲ့ပါတယ်။
ကိုယ်က သူတို့လောက်မလုပ်နိုင်တော့ အဆင်ပြေပါ့မလားဆိုပြီး အမြဲတွေးပြီး စိတ်ပူမိတယ်။
တကယ်တမ်း အလုပ်လုပ်တဲ့အခါမှာတော့ သူတို့ရဲ့အခြေခံနည်းစနစ်တွေကအစ ပြန်ပြီးပြောပြပေးတဲ့အတွက် အဆင်ပြေပြေ ဆောင်ရွက်နိုင်ပါတယ်။
ဒါပေမယ့်အမြဲတမ်း သူများကို မေးမြန်းနေရင်တော့ အဆင်မပြေပါဘူး။အလုပ်ကပြန်ရင် ပုံမှန်နားတဲ့ကိုယ့်ရဲ့အားလပ်ချိန်မှာလည်း ငါသူတို့လို တော်အောင် တစ်ခုခုလုပ်မယ်ဆိုပြီး စာဖတ်၊ပြန်လေ့လာရပါတယ်။

WF
နောင်အနာဂတ် ရည်မှန်းချက်က

Human Resocia

ဂျပန်လာကတည်းက ရည်မှန်းထားတာက နည်းပညာသစ်တွေ ရအောင်ယူမယ်။

ios professional developer တစ်ယောက်ဖြစ်အောင်လုပ်မယ်ဆိုပြီး လာခဲ့တာပါ။

ကိုယ်ဖန်တီးချင်တဲ့ Application ကို ကျွမ်းကျင်စွာ ဖန်တီးနိုင်ရမယ်လို့ ရည်မှန်းထားပါတယ်။

WF
ကိုယ်ပိုင်အချိန်တွေကို ဘယ်လိုဖြတ်ကျော်ပါသလဲ။

Human Resocia

သူငယ်ချင်းတွေစုပြီး မရောက်ဖူးတဲ့နေရာတွေ လျောက်သွားပါတယ်။ရုံးမှာ အတူလုပ်တဲ့ သူငယ်ချင်းတွေ၊ကိုယ့်မြန်မာလူမျိုးတွေကော တခြားနိုင်ငံခြားသားသူငယ်ချင်းတွေနှင့်စုပြီး အပြင်သွားတာ၊မုန့်လုပ်စားတာတွေရှိပါတယ်။ တစ်ခါတလေ အိမ်မှာ တစ်ယောက်တည်းနေပြီး၊အနားယူတာမျိုး၊ရတဲ့အချိန်မှာ ဂျပန်စာ၊နည်းပညာလေ့လာတာတွေလည်း လုပ်ပါတယ်။

WF
ဂျပန်မှာ အလုပ်လုပ်ချင်သူများအတွက် စကားလက်ဆောင်

Human Resocia

နည်းပညာပိုင်းဖြင့် ဂျပန်မျာ အလုပ်လုပ်ဖို့ ရည်ရွယ်ထားတဲ့သူ၊ကိုယ့်ရဲ့ လက်ရှိskillကို မြှင့်တင်ချင်တဲ့သူတွေအတွက် GITက တကယ်ကောင်းတဲ့ အခွင့်အလမ်းအစစ်အမှန်လို့ ထင်ပါတယ်။
လုပ်ငန်းသုံး ဂျပန်စာ၊ITအသုံးအနှုန်းများကို သိထားရင် ပိုအဆင်ပြေပါတယ်။
ရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံပဲ အကျိုးရှိရှိအသုံးချစေချင်ပါတယ်။

Entry Link

Human Resocia

Company profile

Company name
Human Resocia Co.,Ltd.

Tokyo Head Office
Nishi-Shinjuku Prime Square(old Nishi-Shinjuku Kimuraya Bldg). 1st Floor, 7-5-25 Nishi-Shinjuku, Shinjuku-ku, Tokyo, Japan 160-0023
Tel: +81-3-6846-9055

Established
February 1988

Capital
100 million yen

Representative
Representative Director :Mitsugu Otaya

Number of employees
738 (as of end March 2018)

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗