ကြုံတွေ့သမျှ ဂျပန်စီးပွားရေးအိုင်ဒီယာ

【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

ဒီတစ်ပါတ်က MJ ကြုံရ၊လေ့လာရသမျှ
ဂျပန်လူမျိုးများရဲ့ စီးပွားရေးအိုင်ဒီယာတစ်ချို့ကို ကြည့်ကြည့်ရအောင်။

Ⅰ. ပထမတစ်ခုကတော့
ဂျပန်လက်ဖက်matcha 抹茶မှ စားဖွယ်စုံ

ဂျပန်ဟာ လက်ဖက်စိမ်းနှင့် နာမည်ကြီးတာသိကြပါမယ်နော်။ မြန်မာတို့လို လက်ဖက်စို စားတဲ့ အလေ့အထ မရှိ၊လက်ဖက်ခြောက်လည်း နည်းပါတယ်။ လက်ဖက်ရွက် အစိမ်းရောင်ကို ကြိတ်ပြီး သောက်လေ့ ရှိပါတယ်။
Green Tea (or) Matcha
သူတို့ရဲ့ ရိုးရာ လက်ဖက်ရည်သောက်ပွဲ(Tea ceremony ) ဟာ လက်ဖက်ရွက် အစိမ်းရောင်မူန့်ကို ရေနွေးနဲ့ဖျော် သောက်တဲ့ ဓလေ့ တစ်ခုပါ။ နောက်ပိုင်းမှ တခြားနိုင်ငံမှ Teaအမျိုးမျိုး၊သောက်နည်း အမျိုးမျိုးဝင်ရောက်လာပေမယ့်၊ တခြားနိုင်ငံတိုင်းနဲ့ မတူတဲ့ Green Tea ကို အလေးထားကြပါတယ်။
နောက်ပိုင်းမှာ
တစ်ခြားစားနည်း၊အိုင်ဒီယာကတော့  Matcha အမှုန့်ကို တခြား စားစရာများနဲ့ ရော၍ ချက်နယ် ရောင်းခြင်း ဖြစ်ပါတယ်။
■ ဂျပန်ရိုးရာမုန့်တွေအပြင်၊ကိတ်မုန့်၊ ကွတ်ကီး စသည့် baked confectioneries.
■ ရေခဲခြစ်၊Matcha ice-cream ကဲ့သို့ အအေးနှင့် ဖျော်ရည်များ၊
■ ပူတင်း၊ချောကလက်မုန့် စသည်တို့တွင် ဂျပန်အရသာအဖြစ် ထည့်ခြင်း
■ နောက် တန်ပူရာကြော် အကြော်မှုန့်မှာ matcha ထည့်တာရှိပါတယ်တဲ့။
နဂိုရှိပြီးသားပစ္စည်းကို အိုင်ဒီယာအမျိုးမျိုးပေါင်းပြီး စီးပွားပိုဖြစ်အောင် ဆောင်ရွက်ကြပါတယ်။
Kyoto, Nara, Shizuoka ဘက်တို့မှာ များစွာ တွေ့နိုင်ပါသေးတယ်။ကြုံရင် စားကြည့်ပါနော်။


Ⅱ. နောက်ထပ်တစ်ခုက
ပန်ဒါ ဝက်ဝံလေးများနှင့် စီးပွားဖြစ် ပွဲအမျိုးမျိုး

တိုကျိုမှာရှိတဲ့ Ueno park မှာ ဆိုရင် ပန်ဒါ ဝက်ဝံလေးတွေကြည့်ဖို့ နာမည်ကြီးပါပဲနော်။ ဝက်ဝံလေးမွေးဖွားချိန်ပေါက်စ (နို့ဗူးတိုက်တာအစ)မှ၊ ကြီးပြင်းသည့်အချိန်ထိ ပွဲအမျိုးမျိုးကျင်းပ ပြသလေ့ရှိပါတယ်။ မွေးကာစ ပန်ဒါဝက်ဝံပေါက်လေးမှအစ ဘာလို့ပြတာလဲပေါ့။
ဘာလို့လဲဆိုတော့ ဂျပန်မှ ပန်ဒါလေးများဟာ ကိုယ်ပိုင်မဟုတ်ဘဲ တရုတ်နိုင်ငံမှ ငှားထားတာပါတဲ့။
ငှားခ၊ ပန်ဒါငယ်လေး ပြုစုခ ကုန်ငွေ၊ ပြန်ရဖို့ ကာမိစေဖို့ ၊
စီးပွားရေး အမြင့်ဖြင့် ပန်ဒါလေးရဲ့ ပြုစုပုံ၊ ပွဲထုတ်ပြမဲ့နေ့ စတာတွေကို ပြသကြော်ငြာလို့ လူအများစိတ်ဝင်စားအောင် ဆွဲဆောင်ကြပါတယ်။ဒါ့အပြင် ပန်ဒါပုံစံ မုန့်များကိုလည်း ပြုလုပ် ရောင်းချကြပါသေးတယ်။
ပန်ဒါလေးများကလည်း ကမ္ဘာမှာ တရုတ်ပြည်မှာပဲ ရှိပြီး၊ဂျပန်မှမဟုတ်ပါဘူး၊ နိုင်ငံ တိုင်းရဲ့ တိရိစ္ဆာန်ရုံတိုင်းက သူတို့ဆီမှာ ပန်ဒါဝက်ဝံ မရှိတဲ့အတွက် သူတို့နိုင်ငံက ကလေးများ ကြည့်ဖို့  ပန်ဒါ ဝက်ဝံကို ငှားရပါတယ်။
အငှားစာချုပ်ဖြစ်တော့  ငှားထားတဲ့ပန်ဒါမှ မွေးတဲ့ သားပေါက်ကလည်း ပိုင်ရှင်က တရုတ်နိုင်ငံပါတဲ့နော်။


Ⅲ. နောက်ဆုံးတစ်ခုကတော့
လေ့လာရသမျှ ဂျပန်ရဲ့စီးပွားရေးနှင့် customer ဝန်ဆောင်မှုအတွေးအခေါ်

ဂျပန်ဆိုင်တွေမှာ မိမိရဲ့ customer အလေးပေးတာ ဘာဖြစ်လို့လဲ။
=ဈေးဝယ်သူကို ဂရုတစိုက် အလေးပေးကြတယ်ပေါ့။

ဘာလို့လဲ ဆိုတော့
ဥပမာ စားသောက်ဆိုင်/ ဟိုတယ်စားသောက်ဆိုင်၊ စားသောက်ကုန် ထုတ်လုပ်ရေး စတဲ့ လုပ်ငန်းတွေမှာ
အကယ်၍များ စားသောက်ကုန်ထဲ အမှိုက်၊ဆံပင်ချည်၊ပစ္စည်းဟောင်း အသုံးပြုမိလို့
ထိုအစားအသောက်စားရာက  ရောဂါရခြင်း ဝမ်းလျှောခြင်း ဆေးရုံရောက်ခြင်း စတာတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ၊လုပ်ငန်းနာမည်ထိခိုက်ပါတယ်
“အဲဒီကုမ္ပဏီ ပစ္စည်းကြောင့်ပေါ့” ဆိုပြီး သတင်းပေါ်ပေါက်၊ပျံ့နှံ့သွားတဲ့အခါ အဲ့ဒီ ကုမ္ပဏီ၊ဆိုင်၊စက်ရုံတွေဟာ အမည်ပျက်ခြင်း၊အရှုံးနဲ့ ရင်ဆိုင်ရခြင်း စသည်တို့ ဖြစ်လာပါတယ်။ဒါ့ကြောင့်

“မနက်ဖန် ဘာဖြစ်လာမယ်၊အမြတ်ဘယ်လောက် ဆိုတာထက် ယနေ့ယခု အချိန်အတွင်းမှာပဲ စီးပွားဖြစ်၊ ရောင်းအားများချင်”တော့တာပါပဲရှင့်။

စားသောက်ကုန်တင်သာမကပါဘူး။ ဝန်ဆောင်မှုလုပ်ငန်းတိုင်းဟာ customer ကို အလေးထားပါတယ်။customer လိုအပ်ချက် အလိုက် ဝန်ဆောင်မှု အသစ်တွေ ဖန်တီးကြတာလည်းမနည်းပါဘူး။ ဝန်ဆောင်မှု ဥပမာပြောရရင်…

ဥပမာ ၁ – ဈေးဝယ်ထွက်ဖို့ အဖော်မရှိသူအတွက် လူလွတ်ပြီး ဈေးဝယ်ဖော်အနေနှင့် ဝန်ဆောင်မှုပေးခြင်း။

ဥပမာ ၂ – တစ်ယောက်ထဲနေရတဲ့ အသက်ကြီးသူတွေ အတွက် စကားပြောဖော် ဝန်ဆောင်မှု။(စကားပြောဖော် ရှိတဲ့အခါ နေထိုင်ကောင်းခြင်း၊ ဦးဏှောက်ပိုမို ရွှင်လန်းစေခြင်းအကျိုးရှိတာမို့ ရပ်ကွက်ရုံးမှ အစ  သက်ကြီးရွယ်အို အိမ်တွေတစ်အိမ်ဝင် တစ်အိမ်ထွက် စကားပြောအဖော်အဖြစ်  ဝန်ဆောင်မှုပေးကြတာပါ။)

ဥပမာ ၃ – ဖွင့်တာ ကြာပြီဖြစ်တဲ့ ကာရာအိုကေ သီချင်းဆိုင်တစ်ဆိုင်မှ တစ်ခြားဆိုင်တွေနဲ့မတူ တစ်မူထူးလိုက်တာကတော့… ရထားမောင်းရင်း သီချင်းဆိုတဲ့ ပုံစံမျိုး၊ ဆိုင်တွင် ဂစ်တာ ဘေ့စ် တို့ပါ အသုံးပြု ငှားနိုင်ခွင့်၊ စသဖြင့် အမျိုးမျိုး ဝန်ဆောင်မှုတိုးလိုက်တာပါ။

ဒီလိုဝန်ဆောင်မှုများဟာ customerစိတ်ကျေနပ်မှုမရရင်၊ အမှားတစ်ခုခုဖြစ်သွားရင် ဆက်လက်လုပ်ငန်းဖြစ်ဖို့က ခဲယဉ်းပါတယ်။
ဒါ့ကြောင့်လည်း customer first ဆိုတာကို လက်ကိုင်ထားကြတာပါ။

စာဖတ်ပရိသတ်တို့လည်း အကြံသစ်များ ဖန်တီးနိုင်ပါစေ။

ပျော်ရွှင်ပါစေ။
MJ

Author Profile

MJ
MJ
မင်္ဂလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။