ရှင်သန်ခြင်းအနုပညာ အင်တာဗျူးအစီအစဉ်

【Zawgyi】⇒ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

■သၽွင္မိုး

သည်းကျော်ချန်များအားလုံး မင်္ဂလာပါ။

🚩ဒီတစ်ခါမှာလည်း ရှင်သန်ခြင်းအနုပညာအစီအစဉ်လေးကို တင်ဆက်ပေးဖို့ရောက်ရှိလို့လာပြန်ပါပြီ။

🚩working friends ရဲ့စာဖတ်ပရိတ်သတ်တွေအတွက်ကြိုးစားပေးနေတဲ့ဒီကဏ္ဍရဲ့နောက်ကွယ်က အယ်ဒီတာ မအိအိမိုးထက်ကို အင်တာဗျူးမေးမြန်းဖြစ်ခဲ့ပါတယ်။
စာမူတွေလည်း အမြဲရေးသားနေသလို၊ အင်တာဗျူးတွေလည်း တာဝန်ယူတင်ဆက်ပေးနေတဲ့
သူရဲ့ ယခုလိုကြိုးစားရှင်သန်ပုံလေးကိုနားထောင်ရင်း စာဖတ်သူတွေနဲ့လည်း ပိုမိုရင်းနှီးစေမယ်လို့ယုံကြည်မိတာကြောင့်
ကျွန်မသျှင်မိုးကယခုလိုမျိုးတင်ဆက်ဖို့စိတ်ကူးလေးရရှိခဲ့ပါတယ်။ပထမဆုံးတင်ဆက်တဲ့အင်တာဗျူးအစီအစဉ်ဖြစ်လို့အဆင်မပြေမှုများရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးကြပါလို့ပြောပါရစေလားရှင်။ကဲဒါဆို…..ကျွန်မနဲ့အတူတူကြည့်ကြရအောင်နော်…….

Moe
အိအိရေ မင်္ဂလာပါ။
Ei Ei
မင်္ဂလာပါ အစ်မ။
Moe
working friends ရဲ့ပရိတ်သတ်တွေအားလုံးကတော့ EM လို့ပဲသိထားကြတယ်ဆိုတော့ မိမိကိုယ်ကိုစပြီးမိတ်ဆက်ကြရအောင်လား😊။ပြီးတော့ဂျပန်လာဖြစ်ခဲ့ပုံလေးကို အစချီပြီးပြောကြရအောင်နော်။
Ei Ei
ဟုတ်ကဲ့။
နာမည်ကတော့ အိအိမိုးထက်ပါ။ ယခုလက်ရှိ working friends ရဲ့တာဝန်ခံအဖြစ်လုပ်ကိုင်နေပါတယ်။ စာမူတွေလည်း ရေးဖြစ်သလို အင်တာဗျူးတွေလည်း တင်ဆက်ပေးနေပါတယ်။ဇာတိကတော့ မန္တလေးကပါ။MUFLဂျပန်စာနဲ့ကျောင်းပြီးခဲ့ပါတယ်။၂၀၁၇မှာဂျပန်ကို အလုပ်နဲ့တိုက်ရိုက်လာခဲ့ပြီး ဒီကုမ္ပဏီမှာအလုပ်စဝင်ခဲ့ပါတယ်။

မန္တလေးမှာဂျပန်စာတက်ရင်း scholarship ရလို့ တတိယနှစ် ခဏနားပြီး၊ ဂျပန်နိုင်ငံ အိုဆာကာတက္ကသိုလ်မှာ ၁နှစ်လောက်ကျောင်းလာတက်ခဲ့ပါသေးတယ်။Research Student အဖြစ်နဲ့လာခဲ့တာပါ။ဒီလိုလာခဲ့လို့ဂျပန်အကြောင်းကိုတော်တော်လေ့လာဖြစ်ခဲ့ပါတယ်။ပြီးတော့မြန်မာမှာပြန်ပြီးကျောင်းဆက်တက်ကာ ၂၀၁၆မှာကျောင်းပြီးပါတယ်။ မြန်မာနိုင်ငံမှာ ကျောင်းပြန်တက်ချိန်ကတည်းက အင်တာနက်ကနေအလုပ်သတင်းအချက်အလက်တွေ ရှာတယ်၊အရင်အိုဆာကာမှာဆုံခဲ့တဲ့မိတ်ဆွေတွေဆီကလည်း သိချင်တာတွေမေးဖြစ်ခဲ့ပါတယ်။ကုမ္ပဏီအလုပ်ခန့်စာက နောက်ဆုံးနှစ်တက္ကသိုလ်စာမေးပွဲမဖြေခင်တစ်လအလိုထဲကရခဲ့ပါတယ်။

Moe
စာဖတ်သူတို့ရေ မြန်မာပြည်ကနေဂျပန်နိုင်ငံမှာကျောင်းလာတက်တဲ့သူတွေဟာ အများအားဖြင့် တက္ကသိုလ်ပြီးမှလာရောက်ကြသူတွေပါ။ သူကတော့ ဘွဲ့မရသေးခင်ဂျပန်ကိုလာရောက်ခဲ့တယ်ဆိုတာက ထူးခြားမှုလေးပါနော်။ ဒါဆိုဘာကြောင့်အိုဆာကာတက္ကသိုလ်မှာ ဂျပန်စာနဲ့ဂျပန်ယဉ်ကျေးမှုကိုလေ့လာဖို့ဆုံးဖြတ်ခဲ့ရသလဲဆိုတာလေးကိုမေးမြန်းကြည့်ရအောင်နော်။
Ei Ei
လက်တွေ့မှာဂျပန်လူမျိုးတွေနဲ့ ပြောဆိုဆက်ဆံဖို့ အခွင့်အရေးရချင်တယ်။ ဂျပန်ယဉ်ကျေးမှုနဲ့ထိတွေ့ကြည့်ချင်တာပါ။ ဂျပန်ကိုသွားကြည့်ချင်တယ်တဲ့ဆန္ဒရှိတယ်၊ကိုယ့်အရှေ့က scholar ရတဲ့စီနီယာအစ်ကိုအစ်မတွေကိုလည်း သဘောကျတယ်။နိုင်ငံခြားသွားရင်အတွေ့အကြုံတွေလည်းရမယ်၊ဗဟုသုတတွေလည်းရမယ်လို့တွေးခဲ့ပါတယ်။ဒါကြောင့်စာမေးပွဲတွေဝင်ဖြေဖြစ်ခဲ့ပါတယ်။တကယ်တမ်းလည်း မိမိမှန်းထားတဲ့အတိုင်း အတွေ့အကြုံတွေအများကြီးရခဲ့လို့ကျေနပ်မိပါတယ်။
Moe
အခုလက်ရှိအလုပ်လုပ်နေတဲ့ Aurora ကုမ္ပဏီနှင့် ချိတ်ဆက်ခဲ့ပုံလေးကိုကောပြောပြပေးပါအုံး အိရေ။
Ei Ei
ဟုတ်ကဲ့ပါရှင်။
ခုနကပြောခဲ့သလိုပါပဲ မြန်မာမှာကျောင်းပြီးခါနီးတော့ အင်တာနက်ကနေအလုပ်ရှာနေတုန်းမှာ သူငယ်ချင်းတစ်ယောက်ကနေ Nikkei Asian Recruiting Forum အကြောင်းပြောပါတယ်။
🚩အာရှတစ်ခွင်က ကျောင်းသူကျောင်းသားများ လျှောက်ထားနိုင်သော အလုပ်အကိုင်ပွဲပါ။ job fair ပေါ့နော်။
ဒါနဲ့စိတ်ဝင်စားလို့ ဆိုပြီးလျှောက်ကြည့်ဖြစ်ခဲ့ပါတယ်။

🚩ဖောင်ကတော့ဂျပန်လိုကောအင်္ဂလိပ်နဲ့ပါတင်လို့ရပါတယ်။

🚩အရင်ဆုံး လူစစ်ရွေးချယ်တဲ့ အင်တာဗျူးကတော့ Skype နဲ့လုပ်ပါတယ်။ အဝတ်အစားကအစသေသေချာချာဂရုစိုက်ခဲ့ပါတယ်။

🚩အဲ့ကမှ နောက်ပိုင်းဂျပန်မှာအင်တာဗျူးဖြေဖို့တစ်ပတ်ခေါ်ခဲ့ပါတယ်။ကုမ္ပဏီ၅ခု၊၆ခုလောက်ဝင်ဖြေခဲ့ပါတယ်။ကုမ္ပဏီတစ်ခုကိုအင်တာဗျူး၃ခါလောက်လုပ်ပါတယ်။လက်ရှိကုမ္ပဏီဆို ၄ခါလောက်လုပ်ပါတယ်။

🚩ထူးခြားတာကတော့ အင်တာနက်ကနေလျှောက်လို့ရတာပါပဲ၊ဒါကြောင့်မြန်မာမှာနေရင်းနှင့် ဂျပန်မှာအလုပ်လုပ်ဖို့လျှောက်ချင်တယ်ဆိုရင်လည်း အခွင့်အလမ်းတွေရှိပါတယ်လို့ပြောချင်ပါတယ်။

Moe
အခုလက်ရှိ Aurora မှာ ဘယ်အပိုင်းကိုတာဝန်ယူနေပါသလဲ။ Working Friends စလုပ်ဖို့အိုင်ဒီယာရခဲ့ပုံလေးကိုကောပြောပြပေးပါအုံး။
Ei Ei
ညီမဒီကိုစဝင်တော့ marketing ပိုင်းနဲ့စဝင်ခဲ့တာပါ။

🍀အလုပ်ဝင်ပြီးသတိထားမိတာကတော့ မြန်မာဂျပန်ဆိုင်ရာ သတင်းအချက်အလက်ကနည်းသေးတာတွေ၊ အလုပ်လုပ်တဲ့အခါမှာ ဂျပန်နိုင်ငံက ယဉ်ကျေးမှုအမူအကျင့်တွေနဲ့ပတ်သက်ပြီး လက်တွေ့မှာအသုံးဝင်မဲ့အကြောင်းအရာတွေရေးသားတဲ့ website ၊blog တွေ နည်းသေးတာကိုပါ။ကိုယ်တိုင်အလုပ်ရှာတုန်းကလည်း သတင်းအချက်အလက် နည်းပါးခဲ့ပါတယ်။

🍀ပြီးတော့လက်ရှိလုပ်ငန်းခွင်ဝင်နေတဲ့သူတွေကော အလုပ်ကိုဘယ်လိုလုပ်နေကြသလဲဆိုတာတွေကောရေးထားတာသိပ်မရှိဘူးပေါ့နော်။တကယ်လို့များလက်တွေ့မှာအသုံးဝင်မဲ့အကြောင်းတွေများများရေးမယ်ဆိုရင် ဂျပန်လာမယ့်သူတွေအတွက်ပိုပြီးအသုံးဝင်မယ်လို့ထင်ပါတယ်။ ဂျပန်ကိုလာသင့်မလာသင့်လည်း ဆုံးဖြတ်နိုင်မယ်ထင်လို့ ဒီ working friends ကိုစလုပ်ဖြစ်ခဲ့ပါတယ်။

Moe
စာဖတ်သူတို့ရေ နိုင်ငံရပ်ခြားမှာမိမိရဲ့အိုင်ဒီယာကိုသုံးပြီး နိုင်ငံခြားသားများနဲ့အတူတူအလုပ်လုပ်ဖို့ဆိုတာက သိပ်လွယ်လှတဲ့အလုပ်တော့မဟုတ်ပါဘူးနော်။ဆက်ပြီးသူဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို ကျွန်မတို့အတူတူမေးမြန်းကြည့်ရအောင်နော်။အိရေ အလုပ်စခဲ့တုန်းကအချိန်တွေမှာကောဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။
Ei Ei
အစပိုင်းကတော့အထက်လူကြီးနဲ့ဆွေးနွေးခဲ့ပါတယ်။အဓိကကတော့ဂျပန်မှာမိမိလုပ်ချင်တဲ့အကြောင်းပြချက်ကိုသေသေချာချာရှင်းပြနိုင်ရပါတယ်။ညီမတုန်းကဆိုရင် ဂျပန်မလာခင်ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ယှဉ်ပြီး လူကြီးတွေလက်ခံအောင်ပြောပြခဲ့ပါတယ်။မြန်မာအကြောင်း presentation တွေလုပ်ပြရတယ်။

တစ်ခုကောင်းတာကဒီ blog ကကုမ္ပဏီကစီစဉ်တင်ဆက်တဲ့အတွက်ကြောင့် အလုပ်ချိန်တွင်းမှာပဲစာရေး၊တည်းဖြတ်လို့ရပါတယ်။ စဖို့ပြင်ခဲ့တာက ၂၀၁၇ခုနှစ်၇လပိုင်းကပါ။ စလုပ်ခဲ့တာကတော့၁၁လပိုင်းကပါ။အစပိုင်းကတော့ညီမတစ်ယောက်ထဲကနေပဲ စာမူတွေစရေးပါတယ်၊ နောက်ပိုင်းမှာတော့ ဂျပန်မှာနေထိုင်အလုပ်လုပ်ကိုင်နေသော ကလောင်ရှင်တွေနဲ့အတူတူလုပ်ခဲ့ပါတယ်။

အင်တာဗျူးတွေလည်း အခြေအနေပေးရင်ပေးသလိုတင်ဆက်နေပါတယ်။အင်တာဗျူးပိုင်းကတော့လူကိုယ်တိုင်ပါဝင်မှုရှိတော့အားလုံးရဲ့စိတ်ဝင်စားမှုလည်းရပါတယ်။ကုမ္ပဏီတွေကိုကောလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအင်တာဗျူးတွေလုပ်ထားပါတယ်။ဒါကလည်း အလုပ်လုပ်ချင်တဲ့သူတွေအတွက်အထောက်အပံ့ဖြစ်ဖို့ပါ။

Moe
တည်းဖြတ်တဲ့အပိုင်းနဲ့ပတ်သက်ပြီးအခက်အခဲတွေကကောဘယ်လိုရှိလဲ။
Ei Ei
စာမူတွေရဲ့အချက်အလက်တွေကိုစစ်ပါတယ်။ ပြီးတော့ဖောင့်ကအစစာဖတ်သူအဆင်ပြေစေဖို့ကြိုးစားရပါတယ်။
အခက်အခဲတွေကတော့အများကြီးပါပဲ။ လက်ရှိမှာအယ်ဒီတာက တစ်ယောက်ထဲဆိုတော့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်။
အရင်က ဈေးကွက်ပိုင်းတွေ ၊data ပိုင်းတွေပါတာဝန်ယူခဲ့တယ်။ ခုတော့မြန်မာနိုင်ငံဘက် သီးသန့်ဖြစ်သွားတော့ ပိုပြီးတော့လုပ်ဖြစ်မယ်ထင်ပါတယ်။
Moe
ဂျပန်မှာအလုပ်လုပ်ချင်တဲ့သူအတွက် ဘာကအလိုအပ်ဆုံးလို့ထင်ပါသလဲ။
Ei Ei
ဇွဲ၊လုံ့လ၊ ဝီရိယပါ။ ဂျပန်ရောက်ဖို့ကလွယ်ကောင်းလွယ်ပါမယ်။ဒါပေမယ့် ရှေ့ဆက်ပြီးသွားဖို့လိုပါတယ်။ လမ်းတစ်ဝက်မှာအားမလျှော့ဖို့ပါ။ ကုမ္ပဏီမှာအလုပ်လုပ်ချင်ရင် ကိုယ်ဘာလုပ်နိုင်သလဲဆိုတာပြရပါတယ်။ဒါမှလည်း တူညီတဲ့အခွင့်အရေး၊လစာရမှာပါ။

ခုဒီ blog မှာလည်း အတူတူပါပဲ။ အမြဲရှေ့ဆက်နိုင်ဖို့ စာမူတွေရေးသားတင်ဆက်ပေးနေရပါတယ်။တခါတလေစိတ်ဓာတ်ကျစရာတွေလဲကြုံရပါတယ်။ဒါပေမဲ့လည်း အားတင်းထားခဲ့တယ်။ဒီအထိရောက်လာခဲ့ပြီး၊ စာဖတ်သူလည်း ပိုများခဲ့ပါတယ်။

Moe
ဂျပန်နိုင်ငံကသင်ယူလေ့လာဖွယ်ရာတွေကကော
Ei Ei
တိကျမှုနဲ့ တာဝန်ယူလိုစိတ်ပါ။အကောင်းချည်းပဲလို့တော့ မဆိုလိုပါဘူး။ သင်ယူချင်ရင် ကောင်းတာတွေ အများကြီးပါ။
Moe
အနာဂတ်နဲ့ပတ်သက်ပြီးမျှော်လင့်ချက်ပန်းတိုင်ကကောဘာများဖြစ်မလဲ အိရေ။
Ei Ei
ခုချိန်ကစပြီးဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်သူတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေချိတ်ဆက်ပေးနိုင်ဖို့မျှော်လင့်ထားပါတယ်။ညီမကိုယ်တိုင်လည်း နောင်၎နှစ်၅နှစ်ကြာရင် ဂျပန်နိုင်ငံမှာအလုပ်လုပ်တဲ့အတွေ့အကြုံကိုအခြခံပြီး ဒီထက်ပိုတိုးတက်နေတဲ့ အနေအထားအထိ အရောက်သွားချင်ပါတယ်။
Moe
ဂျပန်ရောက်မြန်မာလူမျိုးများအပေါ် အိရဲ့အမြင်လေးကကော ဘယ်လိုပါလဲ။
Ei Ei
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေ အားလုံးဟာကြိုးစားကြပါတယ်။ ကြိုးစားလွန်းလို့အချိန်တွေလည်း မလောက်ကြပါဘူး။ ဒါကြောင့်တစ်ဦးနဲ့တစ်ဦးတွေ့ဆုံဖို့လည်း အချိန်နည်းကြလို့ အားလုံးတွေ့ဆုံနိုင်မဲ့ event လေးတွေလည်း များများလုပ်ချင်ပါတယ်။
Moe
ဂျပန်လာရောက်ချင်တဲ့သူတွေအတွက်ကော စကားလက်ဆောင်လေးပြောပေးပါအုံး အိရေ။
Ei Ei
ဂျပန်လာဖို့ ၂နှစ်ကနေ၄နှစ်အထိအချိန်၊ငွေတွေရင်းရလို့ မလာခင်ကတည်းက မိမိဘာလုပ်ချင်တယ်ဆိုတာကိုဆုံးဖြတ်ပါလို့ပြောချင်ပါတယ်။

ညီမလည်း ဂျပန်မှာအလုပ်ရသည်အထိ ဂျပန်စာသင်တဲ့အချိန်ကိုက MUFLပထမနှစ်မှစတွက်ရင် ၆နှစ်ကျော်ပါတယ်။ စာသင်ရင်း ရလာတဲ့အခွင့်အရေးကို ရနိုင်သလောက် ရယူပါတယ်။ ဂျပန်မှာ အလုပ်လုပ်နိုင်ဖို့ဆိုတာ လွယ်တဲ့အထဲမှာတော့ မပါပါဘူး။ဒါ့ကြောင့် ဂျပန်လာချင်တာ တကယ်ဟုတ်မဟုတ်မိမိကိုယ်ကိုဆန်းစစ်ပါ။တကယ်လုပ်ချင်တယ်လို့ ဆုံးဖြတ်ပြီးရင် မကြောက်ဖို့ပါ။ကြိုးစားရင်ကြိုးစားသလိုနေရာရပါတယ်။ကြိုးစားပါလို့။

Moe
working friends နဲ့ပတ်သက်ပြီး ခံစားချက်လေးတွေကလည်း ဘာများလဲဆိုတာ စာဖတ်သူတွေကိုပြောပြပေးပါအုံး။
Ei Ei
အရင်ကစာရေးဖို့တောင် တော်တော်ကြိုးစားရပါတယ်။ခုတော့လုပ်ရင်းလုပ်ရင်းနဲ့ယုံကြည်မှုတွေရှိလာတယ်။စာတွေစစ်ရင်းဗဟုသုတတွေလည်း အများကြီးရခဲ့ပါတယ်။အရင်ကထက်စာရင် ဂျပန်၊မြန်မာပတ်ဝန်းကျင်ကို ပိုပြီးသတိထားမိလာပါတယ်။
Moe
ရှေ့ဆက်လုပ်ဆောင်သွားမည့် Life plan လေးကောသိလို့ရမလား။
Ei Ei
ယခုလက်ရှိကတော့ working friends ကိုပိုပြီးကြိုးစားမယ်။

ကိုယ်ပိုင်အချိန်တွေမှာတော့ ဂျပန်နိုင်ငံအကြောင်းကိုပိုပြီးသိအောင်လုပ်ချင်ပါတယ်။ခရီးတွေလည်း သွားချင်ပါတယ်။ပြီးတော့ကိုယ့်ရဲ့တိုးတက်မှုအတွက် စာမေးပွဲတွေဖြေချင်ပါသေးတယ်။ နောက်ငါးနှစ်လောက်ဆိုရင်တော့ ဒီအတွေ့အကြုံကိုအခြေခံပြီး တခြားအလုပ်တွေရော လုပ်ချင်ပါတယ်။

 

ပရိုဖိုင်

ကလောင်အမည် 🍀EM
အမည် 🍀အိအိမိုးထက်
အလုပ်အကိုင် 🍀Aurora Co.,Ltd.
ပညာအရည်အချင်း

 

🍀 Mandalay University of Foreign Languages
🍀大阪大学(日研生)
အလုပ်ဖြင့်ဂျပန်ရောက်ရှိသည့်ခုနှစ် 🍀 2017~
ပုံရိပ် 🍀 ကြိုးစားသူ
တိုကျိုမှာ အကြိုက်ဆုံးနေရာ 🍀Shinjuku
နှစ်သက်သည့် ဂျပန်ရဲ့အပြုအမူ 🍀 တာဝန်ယူစိတ်ရှိမှု
အကြိုက်ဆုံး ဂျပန်စကား 🍀 ありがとう ကျေးဇူးတင်ပါတယ်

ကဲ…သည်းကျော်ချန်တို့ရေ
🔸 ခုဆိုဂျပန်နိုင်ငံအခြေစိုက် working friends media ဟာဆိုရင် စာဖတ်သူတွေရဲ့ကျေးဇူးကြောင့်အားလုံးမြင်တွေ့ရတဲ့အတိုင်း like ကိုးသောင်းကျော်နဲ့ Follower ကိုးသောင်းကျော်ကိုရရှိခဲ့ပါပြီ။ ကလောင်ရှင်များကလည်း စာဖတ်သူတို့အသုံးတဲ့စေမဲ့စာမူအမျိုးမျိုး၊ အင်တာဗျူးအမျိုးမျိုးကိုတက်ဆက်ပေးနေပါတယ်။

🔸 ဒီအင်တာဗျူးကလည်း ဂျပန်နိုင်ငံလာရောက်ချင်တဲ့သူများ၊ ဂျပန်နိုင်ငံမှာအလုပ်လုပ်နေသူများအတွက်ကောဗဟုသုတများစွာကိုပေးနိုင်ဖို့အတွက်ရည်ရွယ်ထားပါတယ်။

🔸 ရှေ့ဆက်ခရီးမှာလည်း ချစ်သောစာဖတ်ပရိတ်သတ်များနှင့်အတူ working friends လည်း ထာဝရအဓွန့်ရှည်ပါစေကြောင်းအဖွဲ့ကိုယ်စားဆုတောင်းရင်း……
ချစ်တဲ့💝သျှင်မိုး (တင်ဆက်သူ)

Author Profile

Hikari Moe
Hikari Moe
👩🏻‍💻တိုကျိုကကုမ္ပဏီတခုရဲ့ ဝန်ထမ်းတဦးပါ။
🖊စာရေးခြင်းရဲ့ ရည်ရွယ်ချက်ဟာ အသိပညာနဲ့ ကိုယ်တွေ့ အတွေ့အကြုံများကို မျှဝေပေးဖို့ပါ။
📚လက်ရှိလဲ ဂျပန်နိုင်ငံရဲ့ ဗဟုသုတများကို စုစည်းနေပါတယ်။
🤗ဂျပန်သည်းကျော်ချန်အားလုံးအတွက် အသုံးဝင်သော ဗဟုသုတများနဲ့ အကြံဉာဏ်များလဲပေးချင်ပါတယ်။
🙋🏻သိလိုသောအကြောင်းအရာများရှိလျှင် comment တွင်ရေးသားနိုင်ပါတယ်။
အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်။
ချစ်တဲ့💖သျှင်မိုး