ラーメンRamen စားရေအာင္

(zawgyi)

Ramen ဆိုတာ ဘာလဲ။ရွင္းရွင္းေျပာရရင္ ေခါက္ဆြဲရည္ေဖ်ာ္လို႔ ေျပာရမလားပဲ။

Ramen က ဂ်ပန္ရိုးရာအစားအစာ မဟုတ္ပါဘူး။‘ဂ်ပန္မဟုတ္လား။’ လို႔ေတြးမိတဲ့သူလည္းရွိမွာပါ။ ဂ်ပန္လူမ်ိဳးထဲမွာေတာင္ ဂ်ပန္အစားအစာဆိုၿပီး ထင္တဲ့သူေတြ ရွိပါတယ္တဲ့။

ကၽြန္မကိုယ္တိုင္လည္း အရင္က ဂ်ပန္အစားအစာထဲမွာ ဘာႀကိဳက္လဲလို႔ အေမးခံရဖူးတယ္။အဲ့တုန္းက ramen ဆိုၿပီး ေျဖလိုက္တာေပါ့။ ေျဖလိုက္ေတာ့ ramen က ဂ်ပန္ မဟုတ္ဘူးေလ လို႔ ျပန္အေျပာခံရဖူးပါတယ္။တကယ္က တ႐ုတ္ေခါက္ဆြဲျပဳတ္ကေန အဆင့္ဆင့္ေျပာင္းလဲလာတဲ့ Japanese soup noodles ျဖစ္ပါတယ္။ ေျပာမယ္ဆို ဂ်ပန္မႈျပဳထားတာေပါ့။

Ramen အမ်ိဳးမ်ိဳးရွိတာ သိပါသလား။

ဟုတ္ပါတယ္။ Ramen မွာ အရသာ အမ်ိဳးမ်ိဳးရွိပါတယ္။ ေဒသအလိုက္ ထြင္ထားတဲ့ ရာမန္အျပင္၊ အဓိက ကြဲျပားတာကေတာ့ ‘ဟင္းရည္’ျဖစ္ပါတယ္။

ဟင္းရည္မွာ (၄)မ်ိဳး ရွိၿပီး

醤油ラーメン( shoyu )  ပဲငံျပာရည္ အရသာ

塩ラーメン  ( shio )  ဆားအငန္ အရသာ

味噌ラーメン ( miso ) ပဲအႏွစ္ အရသာ

豚骨ラーメン( tonkotsu ) ဝက္ရိုးျပဳတ္ အရသာ

ဒီေလးမ်ိဳးအေပၚအေျခခံၿပီး ေဒသအလိုက္ အနည္းငယ္ကြဲျပားသြားတာပါ။

ဥပမာ- tonkotsuဆိုေပမဲ့ ယိုကိုဟားမားမွာေတာ့ ေရညႇိဖတ္ပိုပါၿပီး၊ ဟကတမွာေတာ့ မုန္ညင္းခ်ဥ္ပိုပါတာမ်ိဳးေပါ့ ။ေဒသအလိုက္ ရာမန္ေတြကို ၾကည့္ရင္

via http://www.raumen.co.jp/rapedia/study_japan/

နာမည္ႀကီးတာ19မ်ိဳးေတာင္ ရွိတယ္ေနာ္။ တကယ္တမ္း ဒီထက္ပိုမ်ားပါတယ္။စိတ္ဝင္စားရင္ ရွာၿပီးစားၾကည့္ၾကပါ။

သမိုင္းေၾကာင္းျပန္ေကာက္ရင္

Ramen က ၁၄၈၈ခုႏွစ္မွာ chukamen (တ႐ုတ္ေခါက္ဆြဲ)အေနႏွင့္ ဂ်ပန္နိုင္ငံကို စဝင္လာပါတယ္တဲ့။

ထိုစဥ္က သိပ္မစားၾကေပမဲ့၊ ကမၻာစစ္ၿပီးေခတ္မွာေတာ့ ေဒသတိုင္းလိုလို အစားမ်ားလာၿပီး၊ ရာမန္ဆိုင္ေတြလည္းေပါမ်ားလာတာေပါ့။ ေဒသတိုင္းမွာ တြင္က်ယ္လာေတာ့ အရသာလည္း တျဖည္းျဖည္းကြဲလာတာ။ ဂ်ပန္မႈျပဳတာ တြင္က်ယ္လာတယ္လို႔ေျပာရမွာပဲ။

ေနာက္ပိုင္း ၁၉၅၈ခုႏွစ္မွာ အသင့္စားရာမန္ ထုတ္လုပ္လာနိုင္ၿပီး(စကားမစပ္ အသင့္စားေခါက္ဆြဲေျခာက္ထုပ္ေပၚလာတာက ဂ်ပန္က ပထမဦးဆုံး စတင္ထြင္လိုက္တာပါတဲ့)၊ ေဒသတိုင္းမွာေတာ့ မိမိေဒသရဲ့ ဂုဏ္ယူဖြယ္ရာ အရသာမ်ား တီထြင္လာၾကပါတယ္။ ေဒသတိုင္းလိုလို ကိုယ္ပိုင္အရသာ ရွိတယ္ေနာ္။

အေသးစိပ္ကိုသိခ်င္ရင္ ရာမန္ျပတိုက္လည္းရွိလို႔ အခ်ိန္ရရင္ သြားၾကည့္ၾကည့္ပါေနာ္။ Shin-yokohamaမွာ ရွိပါတယ္။ အသင့္စားရာမန္ ထုတ္လုပ္နိုင္တဲ့ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့တဲ့ ျပတိုက္ေလးပါ။ နာမည္က Ramen hakubutsukan (nick name က Ra-haku) ပါတဲ့ေနာ္။

ရာမန္ ကို အစားမ်ားဆုံးက ဘယ္သူေတြမ်ား ျဖစ္မလဲ။

အစားမ်ားတာကေတာ့ ကုမၸဏီဝန္ထမ္းေတြမ်ားပါတယ္။ ျမန္လည္းျမန္ၿပီး အရသာရွိတဲ့အျပင္ ေစ်းႏႈန္းကလည္း ယန္း၁၀၀၀ေအာက္ ျဖစ္ပါတယ္။ စားရတာ တန္တယ္ေလ။ထူးဆန္းတာတစ္ခုက ရာမန္ဆိုင္သြားတိုင္းေတြ႕ ရတာက ေယာက္်ားေလးေတြ မ်ားတာပါပဲ။ salary-man တို႔ အႀကိဳက္လို႔ ေျပာရမွာေပါ့ေနာ္။

ကၽြန္ုပ္ စားဖူးေသာ ရာမန္!

ကၽြန္မကေတာ့ ေန႔လည္စာႏွင့္ ညစာမွာ ရာမန္သြားစားေလ့ရွိပါတယ္။ ဘယ္ဆိုင္မဆို ယန္း၁၀၀၀ေအာက္ ကုန္က်ၿပီး၊ ပုံမွန္စားျဖစ္တာကေတာ့ ယန္း၈၀၀ ေလာက္ပါ။

ယိုကိုဟားမားရာမန္ (တြန္းကိုဆု ႏွင့္ ေရွာယု အမ်ိဳးအစား)


ေခါက္ဆြဲသားအထူ ★ ★ ★ ★ ☆
စြပ္ျပဳတ္ပ်စ္ႏႈန္း(အရသာ ေလးေလး) ★ ★ ★ ★ ☆


ထူးျခားခ်က္ေတာ့ ဝက္သားျပားႏွင့္ ေခါက္ဆြဲအမာ ျဖစ္ၿပီး၊ စြပ္ျပဳတ္အေပါ့အငန္၊ေခါက္ဆြဲအမာအေပ်ာ့ကို သီးသန႔္မွာစားလို႔ရပါတယ္။ မူလအရသာကေတာ့ အရသာေလးေလးႏွင့္ ေခါက္ဆြဲခပ္မာမာ၊ဝက္သားတုံးႀကီးႀကီး၊ ေရညႇိဖတ္၊မုန္ညင္းခ်ဥ္ ပဲျဖစ္ပါတယ္။
ယိုကိုဟားမားထဲမွာမွ ရွိအို နာမည္ႀကီးဆိုင္ရွိပါတယ္။ေခါက္ဆြဲကိုက အရသာရွိၿပီး၊ စားလို႔ေကာင္းပါတယ္။ အရသာထဲမွာ ပုစြန္ေျခာက္အရသာနဲ႔ အခ်ိဳအငန္ ညႇိထားၿပီး၊ ဝက္သားျပားႏွင့္ ၾကက္သြန္ၿမိတ္၊င႐ုပ္ေကာင္း အရသာ၊ မီးမီးႀကိဳက္ႀကိဳက္လို႔ ေျပာရေအာင္ စားလို႔ၿမိန္ပါတယ္။

ဟကတ ရာမန္ (တြန္းကိုဆု အမ်ိဳးအစား)


ေခါက္ဆြဲသားအထူ  ★ ☆ ☆ ☆ ☆
စြပ္ျပဳတ္ပ်စ္ႏႈန္း(အရသာ ေလးေလး)  ★ ★ ★ ★ ☆


ဝက္စြပ္ျပဳတ္ရည္ရဲ့ အရသာကကို ထူးျခားၿပီး၊ ႂကြက္နားရြက္(ေက်ာက္ပြင့္)၊မုန္ညင္းခ်ဥ္ႏွင့္ ဝက္သား၊ ခံတြင္းေတြ႕ေစမွာပါ။ စြပ္ျပဳတ္ရည္ထဲမွာ ႏွမ္းအရသာပါဝင္ၿပီး အနံ့ အရသာႏွင့္ ျပည့္စုံတဲ့ ရာမန္လို႔ ေျပာပါရေစ။

ကိတကတ ရာမန္ (ရွိအို အမ်ိဳးအစား)


ေခါက္ဆြဲသားအထူ  ★ ★ ★ ★ ★
စြပ္ျပဳတ္ပ်စ္ႏႈန္း(အရသာ ေလးေလး)  ★ ★ ★ ☆ ☆


ေခါက္ဆြဲသားထူေပမဲ့ ဆိုင္မွာသြားစားရင္ေတာ့ နည္းနည္းေသးတဲ့ ေခါက္ဆြဲလည္း ေရြးလို႔ရပါတယ္။ မငန္လြန္း မေပါ့လြန္းတဲ့ စြပ္ျပတ္ပါ။ အသားမ်ားမ်ားႏွင့္ ၾကက္သြန္ၿမိတ္မ်ားမ်ား ေရာထားတဲ့ ရာမန္ပါ။

ခုမမိုတို ရာမန္ (တြန္းကိုဆု)


ေခါက္ဆြဲသားအထူ  ★ ★ ☆ ☆ ☆
စြပ္ျပဳတ္ပ်စ္ႏႈန္း(အရသာ ေလးေလး) ★ ★ ★ ☆ ☆


စြပ္ျပဳတ္ရည္ ခပ္ပ်စ္ပ်စ္မွာ အသားမ်ားမ်ား၊ ဟင္းရြက္မ်ားမ်ားပါဝင္ပါတယ္။ ၾကက္သြန္ျဖဴဆီၾကက္ႏွင့္ င႐ုပ္ဆီကိုလည္း သုံးတာေၾကာင့္ အနံ့ေမႊးေမႊးေလးေပါ့။ဟင္းရြက္မွာက ႂကြက္နားရြက္(ေက်ာက္ပြင့္)၊ေဂၚဖီ၊ပဲပင္ေပါက္ စသျဖင့္ ေခါက္ဆြဲသားကေတာ့ ခပ္မာမာပါပဲ။

တကရာမ ရာမန္ (ေရွာယု)


ေခါက္ဆြဲသားအထူ  ★ ★ ☆ ☆ ☆
စြပ္ျပဳတ္ပ်စ္ႏႈန္း(အရသာ ေလးေလး)  ★ ☆ ☆ ☆ ☆ 


တကရာမ ရာမန္ကေတာ့ ေနရာတိုင္းမွာေတာ့ ဆိုင္မေတြ႕မိပါဘူး။ ဟိဒတကရာမ သြားလည္တုန္းက စားဖူးတာပါ။ပုံစံကေတာ့ ရိုးရိုးေလးပါပဲ။ ေရွာယုစြပ္ျပဳတ္ရည္၊အသား၊ၾကက္သြန္ၿမိတ္၊မၽွစ္ခ်ဥ္(ခ်ဥ္ေတာ့မခ်ဥ္ပါဘူး)၊နာ႐ူတို၊ရိုးရိုးေလးဆိုေပမဲ့ ေခါက္ဆြဲရဲ့ပင္ကိုယ္အရသာကိုက စားေကာင္းပါတယ္။ ေခါက္ဆြဲလုပ္နည္း ကြာလို႔ပဲထင္ပါတယ္။

အရသာ ကေတာ့ နယ္ေျမေဒသအလိုက္ ကြဲျပားပါတယ္။ မိမိေဒသရဲ့ ကိုယ္ပိုင္အရသာကို ဂ်ပန္အႏွံ့မွာ မိတ္ဆက္ၾကေတာ့ ၊ေဒသလည္းလူသိမ်ားလာတယ္။ နိုင္ငံတြင္း ယဥ္ေက်းမႈ ဖလွယ္တာပဲေပါ့

။ျမန္မာမွာတူညီတာျပပါဆိုရင္ မႏၲေလးမုန႔္တီ၊ရခိုင္မုန႔္တီ စတာေတြ ေျပာရမွာပဲ။မုန႔္ဖတ္ဆိုေပမဲ့ ခ်က္လုပ္ပုံကြဲတယ္ေလ။ တျခားေဒသေတြမွာဆို မုန႔္တီလို႔ ဆန္မုန႔္ဖတ္၊ ႏွင့္ ဘယ္လို စားစရာေတြလုပ္စားၾကလဲ မသိဘူးေနာ္။ ေဒသတိုင္းက နာမည္ႀကီးစားစရာမဟုတ္ဘဲ၊ တစ္နိုင္ငံလုံး တူမလိုလိုႏွင့္ ကြဲျပားတဲ့ စားစရာ၊

(စီးပြားေရးအိုင္ဒီယာရွိရင္ ေရာင္းရမလားပဲ)^^ေရးတာလည္း ရွည္သြားပါၿပီ။အခ်ိန္ရရင္ ရာမန္အမ်ိဳးမ်ိဳးစားၾကည့္ၾကပါေနာ္။




(Unicode)

ラーメンRamen စားရအောင်
Ramen ဆိုတာ ဘာလဲ။ရှင်းရှင်းပြောရရင် ခေါက်ဆွဲရည်ဖျော်လို့ ပြောရမလားပဲ။

Ramen က ဂျပန်ရိုးရာအစားအစာ မဟုတ်ပါဘူး။‘ဂျပန်မဟုတ်လား။’ လို့တွေးမိတဲ့သူလည်းရှိမှာပါ။ ဂျပန်လူမျိုးထဲမှာတောင် ဂျပန်အစားအစာဆိုပြီး ထင်တဲ့သူတွေ ရှိပါတယ်တဲ့။

ကျွန်မကိုယ်တိုင်လည်း အရင်က ဂျပန်အစားအစာထဲမှာ ဘာကြိုက်လဲလို့ အမေးခံရဖူးတယ်။အဲ့တုန်းက ramen ဆိုပြီး ဖြေလိုက်တာပေါ့။ ဖြေလိုက်တော့ ramen က ဂျပန် မဟုတ်ဘူးလေ လို့ ပြန်အပြောခံရဖူးပါတယ်။တကယ်က တရုတ်ခေါက်ဆွဲပြုတ်ကနေ အဆင့်ဆင့်ပြောင်းလဲလာတဲ့ Japanese soup noodles ဖြစ်ပါတယ်။ ပြောမယ်ဆို ဂျပန်မှုပြုထားတာပေါ့။

Ramen အမျိုးမျိုးရှိတာ သိပါသလား။

ဟုတ်ပါတယ်။ Ramen မှာ အရသာ အမျိုးမျိုးရှိပါတယ်။ ဒေသအလိုက် ရာမန်အပြင်၊ အဓိက ကွဲပြားတာကတော့ ‘ဟင်းရည်’ဖြစ်ပါတယ်။

ဟင်းရည်မှာ (၄)မျိုး ရှိပြီး

醤油ラーメン( shoyu )  ပဲငံပြာရည် အရသာ

塩ラーメン  ( shio )  ဆားအငန် အရသာ

味噌ラーメン ( miso ) ပဲအနှစ် အရသာ

豚骨ラーメン( tonkotsu ) ဝက်ရိုးပြုတ် အရသာ
ဒီလေးမျိုးအပေါ်အခြေခံပြီး ဒေသအလိုက် အနည်းငယ်ကွဲပြားသွားတာပါ။

ဥပမာ- tonkotsuဆိုပေမဲ့ ယိုကိုဟားမားမှာတော့ ရေညှိဖတ်ပိုပါပြီး၊ ဟကတမှာတော့ မုန်ညင်းချဉ်ပိုပါတာမျိုးပေါ့။ဒေသအလိုက် ရာမန်တွေကို ကြည့်ရင်

via http://www.raumen.co.jp/rapedia/study_japan/

နာမည်ကြီးတာ19မျိုးတောင် ရှိတယ်နော်။ တကယ်တမ်း ဒီထက်ပိုများပါတယ်။စိတ်ဝင်စားရင် ရှာပြီးစားကြည့်ကြပါ။

သမိုင်းကြောင်းပြန်ကောက်ရင်

Ramen က ၁၄၈၈ခုနှစ်မှာ chukamen (တရုတ်ခေါက်ဆွဲ)အနေနှင့် ဂျပန်နိုင်ငံကို စဝင်လာပါတယ်တဲ့။

ထိုစဉ်က သိပ်မစားကြပေမဲ့၊ ကမ္ဘာစစ်ပြီးခေတ်မှာတော့ ဒေသတိုင်းလိုလို အစားများလာပြီး၊ ရာမန်ဆိုင်တွေလည်းပေါများလာတာပေါ့။ ဒေသတိုင်းမှာ တွင်ကျယ်လာတော့ အရသာလည်း တဖြည်းဖြည်းကွဲလာတာ။ ဂျပန်မှုပြုတာ တွင်ကျယ်လာတယ်လို့ပြောရမှာပဲ။

နောက်ပိုင်း ၁၉၅၈ခုနှစ်မှာ အသင့်စားရာမန် ထုတ်လုပ်လာနိုင်ပြီး(စကားမစပ် အသင့်စားခေါက်ဆွဲခြောက်ထုပ်ပေါ်လာတာက ဂျပန်က ပထမဦးဆုံး စတင်ထွင်လိုက်တာပါတဲ့)၊ ဒေသတိုင်းမှာတော့ မိမိဒေသရဲ့ ဂုဏ်ယူဖွယ်ရာ အရသာများ တီထွင်လာကြပါတယ်။ ဒေသတိုင်းလိုလို ကိုယ်ပိုင်အရသာ ရှိတယ်နော်။

အသေးစိပ်ကိုသိချင်ရင် ရာမန်ပြတိုက်လည်းရှိလို့ အချိန်ရရင် သွားကြည့်ကြည့်ပါနော်။ Shin-yokohamaမှာ ရှိပါတယ်။ အသင့်စားရာမန် ထုတ်လုပ်နိုင်တဲ့ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ပြတိုက်လေးပါ။ နာမည်က Ramen hakubutsukan (nick name က Ra-haku) ပါတဲ့နော်။

ရာမန် ကို အစားများဆုံးက ဘယ်သူတွေများ ဖြစ်မလဲ။

အစားများတာကတော့ ကုမ္ပဏီဝန်ထမ်းတွေများပါတယ်။ မြန်လည်းမြန်ပြီး အရသာရှိတဲ့အပြင် စျေးနှုန်းကလည်း ယန်း၁ဝဝဝအောက် ဖြစ်ပါတယ်။ စားရတာ တန်တယ်လေ။ထူးဆန်းတာတစ်ခုက ရာမန်ဆိုင်သွားတိုင်းတွေ့ ရတာက ယောက်ျားလေးတွေ များတာပါပဲ။ salary-man တို့ အကြိုက်လို့ ပြောရမှာပေါ့နော်။

ကျွန်ုပ် စားဖူးသော ရာမန်!

ကျွန်မကတော့ နေ့လည်စာနှင့် ညစာမှာ ရာမန်သွားစားလေ့ရှိပါတယ်။ ဘယ်ဆိုင်မဆို ယန်း၁ဝဝဝအောက် ကုန်ကျပြီး၊ ပုံမှန်စားဖြစ်တာကတော့ ယန်း၈၀၀ လောက်ပါ။

အရသာလေးနဲ့အတူ အဆင့် တွဲပြောသွားမယ်နော်

ယိုကိုဟားမားရာမန် (တွန်းကိုဆု နှင့် ရှောယု အမျိုးအစား)


ခေါက်ဆွဲသားအထူ  ★ ★ ★ ★ ☆

စွပ်ပြုတ်ပျစ်နှုန်း(အရသာ လေးလေး)  ★ ★ ★ ★ ☆


ထူးခြားချက်တော့ ဝက်သားပြားနှင့် ခေါက်ဆွဲအမာ ဖြစ်ပြီး၊ စွပ်ပြုတ်အပေါ့အငန်၊ခေါက်ဆွဲအမာအပျော့ကို သီးသန့်မှာစားလို့ရပါတယ်။ မူလအရသာကတော့ အရသာလေးလေးနှင့် ခေါက်ဆွဲခပ်မာမာ၊ဝက်သားတုံးကြီးကြီး၊ ရေညှိဖတ်၊မုန်ညင်းချဉ် ပဲဖြစ်ပါတယ်။
ယိုကိုဟားမားထဲမှာမှ ရှိအို နာမည်ကြီးဆိုင်ရှိပါတယ်။ခေါက်ဆွဲကိုက အရသာရှိပြီး၊ စားလို့ကောင်းပါတယ်။ အရသာထဲမှာ ပုစွန်ခြောက်အရသာနဲ့ အချိုအငန် ညှိထားပြီး၊ ဝက်သားပြားနှင့် ကြက်သွန်မြိတ်၊ငရုပ်ကောင်း အရသာ၊ မီးမီးကြိုက်ကြိုက်လို့ ပြောရအောင် စားလို့မြိန်ပါတယ်။

ဟကတ ရာမန် (တွန်းကိုဆု အမျိုးအစား)


ခေါက်ဆွဲသားအထူ   ★ ☆ ☆ ☆ ☆

စွပ်ပြုတ်ပျစ်နှုန်း(အရသာ လေးလေး) ★ ★ ★ ★ ☆


ဝက်စွပ်ပြုတ်ရည်ရဲ့ အရသာကကို ထူးခြားပြီး၊ ကြွက်နားရွက်(ကျောက်ပွင့်)၊မုန်ညင်းချဉ်နှင့် ဝက်သား၊ ခံတွင်းတွေ့စေမှာပါ။ စွပ်ပြုတ်ရည်ထဲမှာ နှမ်းအရသာပါဝင်ပြီး အနံ့ အရသာနှင့် ပြည့်စုံတဲ့ ရာမန်လို့ ပြောပါရစေ။

ကိတကတ ရာမန် (ရှိအို အမျိုးအစား)


ခေါက်ဆွဲသားအထူ  ★ ★ ★ ★ ★

စွပ်ပြုတ်ပျစ်နှုန်း(အရသာ လေးလေး) ★ ★ ★ ☆ ☆


ခေါက်ဆွဲသားထူပေမဲ့ ဆိုင်မှာသွားစားရင်တော့ နည်းနည်းသေးတဲ့ ခေါက်ဆွဲလည်း ရွေးလို့ရပါတယ်။ မငန်လွန်း မပေါ့လွန်းတဲ့ စွပ်ပြတ်ပါ။ အသားများများနှင့် ကြက်သွန်မြိတ်များများ ရောထားတဲ့ ရာမန်ပါ။

ခုမမိုတို ရာမန် (တွန်းကိုဆု)


ခေါက်ဆွဲသားအထူ  ★ ★ ☆ ☆ ☆

စွပ်ပြုတ်ပျစ်နှုန်း(အရသာ လေးလေး) ★ ★ ★ ☆ ☆


စွပ်ပြုတ်ရည် ခပ်ပျစ်ပျစ်မှာ အသားများများ၊ ဟင်းရွက်များများပါဝင်ပါတယ်။ ကြက်သွန်ဖြူဆီကြက်နှင့် ငရုပ်ဆီကိုလည်း သုံးတာကြောင့် အနံ့မွှေးမွှေးလေးပေါ့။ဟင်းရွက်မှာက ကြွက်နားရွက်(ကျောက်ပွင့်)၊ဂေါ်ဖီ၊ပဲပင်ပေါက် စသဖြင့် ခေါက်ဆွဲသားကတော့ ခပ်မာမာပါပဲ။

တကရာမ ရာမန် (ရှောယု)


ခေါက်ဆွဲသားအထူ ★ ★ ☆ ☆ ☆

စွပ်ပြုတ်ပျစ်နှုန်း(အရသာ လေးလေး) ★ ☆ ☆ ☆ ☆ 


တကရာမ ရာမန်ကတော့ နေရာတိုင်းမှာတော့ ဆိုင်မတွေ့မိပါဘူး။ ဟိဒတကရာမ သွားလည်တုန်းက စားဖူးတာပါ။ပုံစံကတော့ ရိုးရိုးလေးပါပဲ။ ရှောယုစွပ်ပြုတ်ရည်၊အသား၊ကြက်သွန်မြိတ်၊မျှစ်ချဉ်(ချဉ်တော့မချဉ်ပါဘူး)၊နာရူတို၊ရိုးရိုးလေးဆိုပေမဲ့ ခေါက်ဆွဲရဲ့ပင်ကိုယ်အရသာကိုက စားကောင်းပါတယ်။ ခေါက်ဆွဲလုပ်နည်း ကွာလို့ပဲထင်ပါတယ်။

အရသာ ကတော့ နယ်မြေဒေသအလိုက် ကွဲပြားပါတယ်။ မိမိဒေသရဲ့ ကိုယ်ပိုင်အရသာကို ဂျပန်အနှံ့မှာ မိတ်ဆက်ကြတော့ ၊ဒေသလည်းလူသိများလာတယ်။ နိုင်ငံတွင်း ယဉ်ကျေးမှု ဖလှယ်တာပဲပေါ့။

မြန်မာမှာတူညီတာပြပါဆိုရင် မန္တလေးမုန့်တီ၊ရခိုင်မုန့်တီ စတာတွေ ပြောရမှာပဲ။မုန့်ဖတ်ဆိုပေမဲ့ ချက်လုပ်ပုံကွဲတယ်လေ။ တခြားဒေသတွေမှာဆို မုန့်တီလို့ ဆန်မုန့်ဖတ်၊ နှင့် ဘယ်လို စားစရာတွေလုပ်စားကြလဲ မသိဘူးနော်။ ဒေသတိုင်းက နာမည်ကြီးစားစရာမဟုတ်ဘဲ၊ တစ်နိုင်ငံလုံး တူမလိုလိုနှင့် ကွဲပြားတဲ့ စားစရာ၊

(စီးပွားရေးအိုင်ဒီယာရှိရင် ရောင်းရမလားပဲ)^^ရေးတာလည်း ရှည်သွားပါပြီ။

အချိန်ရရင် ရာမန်အမျိုးမျိုးစားကြည့်ကြပါနော်။

Author Profile

EM
EM
မိတ္ေဆြတို႔ ျပံဳးေပ်ာ္ႏိုင္ေစရန္ ဂ်ပန္အေၾကာင္းေရးသားတင္ဆက္လိုက္ပါတယ္။
🌼🌼🌼🌼🌼
ေရႊမႏၲေလးမွလာၿပီး တိုက်ိဳမွာ အလုပ္လုပ္ေနပါတယ္။ သိမွတ္ရသမွ် ေဝမွ်ေပးသြားပါမယ္ရွင္။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗