အလုပ်အပေါ် ဝခုဝခု ဖြစ်အောင်???

ワクワク  စိတ်လှုပ်ရှားသွားစေမယ့် ….“မိတ်ဆွေတို့ စိတ်အပန်းပြေစေဖို့ ဇာတ်လမ်းတစ်ပုဒ် မိတ်ဆက်စို့” ဆိုတဲ့ အစီအစဉ်လေးပါ

ပင်ပန်းနွမ်းနယ်နေပါသလားပင်ပန်းနေရင်တော့ အိပ်စက်ခြင်းက အကောင်းဆုံးဆိုပေမဲ့၊^^ တခြားနဲ့လည်း စိတ်အပန်းပြေနိုင်ပါတယ်နော်။
စကားမစပ်ဘေးနားက နှစ်ယောက် ဘာတွေပြောနေကြတာလဲ။
အေစံ။  ။ဘီချန် အခုတလော ဘာကားတွေကြည့်ဖြစ်လဲ။
ဘီစံ။  ။ အင်း လတ်တလောလား။အလုပ်ရှုပ်နေတော့ ဘာမှန်းကို မသိပါဘူးကြည့်ဖြစ်တဲ့အထဲကဆို ဒီကားလေးလေ
ဒီတစ်ခေါက် ကြည့်ထားတာက  မနှစ်တုန်းက ပြထားတဲ့ ဇာတ်ကားလေး မင်းသားရော မင်းသမီးရော ချစ်စရာလေးရယ်

အကြောင်းအရာမိုက်တယ်။ အလုပ်အကြောင်းပြောထားတာ။ ကိုယ်လုပ်ချင်တဲ့ နေရာ မရပေမဲ့ အစွမ်းကုန် ကြိုးစားတဲ့ အကြောင်း
အေစံ။  ။ ဘယ်လိုလေးလဲ
ဘီစံ။   ။ ဒီလိုလေ……………………..

ဘီစံပြောတဲ့ ဇာတ်ကားအကြောင်းကို ကျွန်မကပဲ ဆက်လက်ဖော်ပြပေးသွားပါမယ်နော်။

အလုပ်အပေါ်ထားရှိတဲ့ တာဝန်ဝတ္တရားအပြင် တခြားလိုအပ်မယ့်အချက်တွေကို အသိပေးတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ဂျပန်မလေး အလုပ်လျှောက်တာက စပြီး အလုပ်နှင့်ရင်းနှီးအကျွမ်းဝင်သွားသည်အထိ ဟာသနှောပြီးတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲလေးပါ။

နာမည်က

地味にスゴイ! 校閲ガール  

Jimini sugoi koetsu girl

Link ⇒ ဇာတ်လမ်း homepage

အထက်တန်းကျောင်းသူဘဝကတည်းက နှစ်သက်အားကျခဲ့ရတဲ့ ဖက်ရှင်မဂ္ဂဇင်း
အားကျလွန်းလို့ ကိုယ်ကိုတိုင်ရဲ့ ဖက်ရှင် ဒီဇိုင်းကို ပြောင်းပြီး၊နေ့စဉ်စမတ်ကျကျနှင့် နေထိုင်တဲ့ ကိုးနို အဲဆုကို ဆိုတဲ့ မိန်းကလေးတစ်ယောက်
ကျောင်းပြီးကတည်းက အိမ်မက်မက်အားကျခဲ့တဲ့ မဂ္ဂဇင်းမှာ အယ်ဒီတာလုပ်ဖို့ စာအုပ်တိုက်ကုမ္ပဏီကို အလုပ်လျှောက်။
အလုပ်လျှောက်သော်ငြား မအောင်မြင်။မအောင်ပေမဲ့ နောက်နှစ် ဆက်လျှောက်နှင့်

၁၀ခေါက်မြောက်အင်တာဗျူးမှာတော့ အလုပ်ခန့်ခံရကြောင်း ဖုန်းလက်ခံရရှိတဲ့အခါ ဝမ်းသာမဆုံးပေါ့။

လက်တွေ့ ဂျပန်မှာလည်းပဲ အလုပ်လျှောက်ရင် ကုမ္ပဏီပေါင်း ၄/၅၀ ဖြေဆိုကြပြီး ၊ အနည်းငယ်ပဲ အောင်ကြတာ။

ဒါပေမယ့် ဒီဇာတ်လမ်း မင်းသမီး ကတော့ သူ့လုပ်ချင်တဲ့ တစ်ကုမ္ပဏီထဲကိုပဲ  တစ်စိုက်မတ်မတ် ဇွဲမလျော့ပဲ ဖြေတာပေါ့။

အင်တာဗျူးလည်း အောင်ရော၊ အယ်ဒီတာ ဖြစ်ပြီဆိုပြီး ကုမ္ပဏီအသွားမှာ၊ တကယ်တမ်း အခန့်ခံရတာက မဂ္ဂဇင်းဌာနမဟုတ်ဘဲ kouetsuဆိုတဲ့ စာလုံးပေါင်းသတ်ပုံ၊အသုံးအနှုန်း စစ်ဆေးရတဲ့ဌာန ဖြစ်နေပါတယ်။
စာအုပ်တိုက် တစ်တိုက်လုံးက စာမူကြမ်းကို စာအုပ်မထုတ်မီ စစ်ပေးရတဲ့အလုပ်။ ဂျပန်လူမျိုးပင်ဖြစ်ပေမဲ့ မသိတဲ့ စကားလုံး၊ခန်းဂျီး သတ်ပုံတွေ အများကြီးပေါ့။

ပြီးတော့ ကိုးနိုအဲဆုကို ဆိုတဲ့ နာမည်ကြောင့် အလုပ်ခန့်လိုက်တာဆိုပြီးလည်း နောက်ပြောင်ကြပါသေးတယ်။ ကိုးနိုအဲဆုကို အတိုကောက် (ကိုးအဲဆု) စာစစ်ခြင်း ဆိုတဲ့ အဓိပ္ပာယ်ရောက်နေတာလေ။
တခြားဌာနက လူတွေကလည်း ဒီဌာနဆို အထင်မကြီးဘူးပေါ့။ အဲဆုကို ကိုယ်တိုင်ကလည်း ဖက်ရှင်ဘက် အားသန်တော့ စတိုင်အပြည့်နှင့် အလုပ်လာ၊ အလုပ်ကျ တစ်နေကုန် စာမူစစ်ဆေးတာလေးပဲဆိုတော့ နောက်ကွယ်မှာ ရယ်စရာကိုဖြစ်လို့။
ဒါပေမဲ့ အကောင်းမြင်စိတ်ရှိပြီး၊ တစ်ခုခုဆို ကိုယ်တိုင် နားလည်သဘောပေါက်မှ နေသာထိုင်သာရှိတဲ့ စိတ်ဓါတ်မျိုးဆိုတော့ စာစစ်တာကနေ ဘယ်လို ဘယ်ပုံ ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်ကြည့်ပေါ့နော်။
ဟာသနှောပြီး၊စိတ်ဓါတ်ခွန်အားပေးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာပါ။အပိုင်းကတော့ ၁၀ပိုင်းပါ

(အပိုင်း ၁ ) အပေါ်မှာ ပြောထားတဲ့ အကြောင်းအရာကတော့ အပိုင်း၁မှာ ပါပါတယ်။
ထပ်ဖြည့်ရမှာက အဲဆုကို ရဲ့ စာစစ်အလွဲတွေ၊(စာရေးဆရာရဲ့ နာမည်မဖတ်တတ်တာတွေ)၊ အဲဆုကိုရဲ့ မင်းသားလေးနှင့် စတွေ့တဲ့အခန်းပေါ့နော်။

(အပိုင်း၂ ) စာမူကို ကြိုးစားစစ်၊ စာရေးဆရာရဲ့ အိမ်ထိသွားပြီး စာအသုံးအနှုန်း၊ဆိုလိုရင်းတွေကို သွားရောက်ဆွေးနွေး၊မင်းသားနဲ့ထပ်တွေ့ပေါ့။
နောက်ပိုင်းတွေကတော့  တခြားသူတွေက ဘာပြောပြော ကိုယ်ယုံကြည်ရာတိုင်း ရှေ့ဆက်ပေမဲ့ ၊ စိတ်ပျက်စရာတွေလည်းရှိ၊ ကျော်လွှား စတဲ့ ဇာတ်ကွက် ဖြစ်ပါတယ်။

“မိတ်ဆွေတို့ရော အလုပ်ဆိုရင်ဘယ်လိုသဘောထားလဲ

ဝါသနာမပါတာနှင့်ပဲ အားလျော့စိတ်ပျက်နေမှာလား

သူများတွေက အထင်မကြီးတဲ့အရာမို့ စိတ်အားငယ်နေမှာလား

အကောင်းအဆိုးတွေထဲက ကိုယ်ဘာတွေရနိုင်လဲ

ကိုယ် ဘာတွေလုပ်နိုင်လဲ”
မိတ်ဆွေတို့လည်း ဇာတ်လမ်းကြည့်ပြီး၊အမောပြေ ရယ်မောကာ အတွေးသစ်အမြင်သစ်လေးများ ရရှိနိုင်ပါစေ
ဘီစံကတော့ သူအရမ်းကြိုက်တဲ့ဇာတ်ကားလေးပါတဲ့။ အေစံကလည်း ကြည့်ဖြစ်အောင် ကြည့်မယ်တဲ့။ရှာကြည့်ကြည့်လိုက်ပါနော်။

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗