Stay spicy!
ဒီေန႔ေတာ့ စားေသာက္ဆိုင္ေလးေတြ တင္ဆက္ေပးပါမယ္။^^
ဂ်ပန္ေရာက္လို႔ အခ်ဥ္အစပ္စားခ်င္ရင္
အလည္သြားရင္း စားခ်င္ရင္
ခ်ဥ္ခ်ဥ္စပ္စပ္ဆိုင္ေလးေတြ မိတ္ဆက္ေပးသြားပါမယ္။

စားရင္ဘယ္ေလာက္ကုန္မလဲ


တိုက်ိဳဘက္မွာ အျပင္ တစ္ခါ စားရင္ ယန္းေငြ ၁ေထာင္ ၂ေထာင္ေလာက္ေတာ့ ကုန္တာပါပဲ။
ဆိုင္တိုင္းလိုလိုကေတာ့ ေန႔လည္စာနဲ႔ ညစာကို အဓိကထားေရာင္းတာေပါ့။
သာမန္စားေသာက္ဆိုင္ေတာ္ေတာ္မ်ားမ်ားက မနက္ ၁၀ နာရီ ဒါမွမဟုတ္ ၁၁နာရီမွာ စတင္ဖြင့္ေလ့ရွိပါတယ္(အလင္းေပါက္ဆိုင္ေတြလည္းေပါပါတယ္)။
အဲ့ထဲကမွ ညစာဆိုရင္ ဘယ္မွာစားစား ေစ်းႀကီးၿပီး ယန္း၃၀၀၀မွ၅၀၀၀ ဝန္းက်င္၊ေန႔လည္စာကေတာ့ ယန္း၁၀၀၀ႏွင့္ ၁၅၀၀အတြင္း စားနိုင္ပါတယ္။

အရသာက


ပံုမွန္ ဂ်ပန္အစားအစာဆိုရင္ အေပါ့၊အခ်ိဳခ်က္တာ မ်ားပါတယ္။ အျပင္စားရင္ ဂ်ပန္ေခါက္ဆြဲ၊ ပံုစားထမင္း (ဝက္သား၊အမဲသား၊ၾကက္သား ခ်ိဳခ်က္)၊အသားကင္၊ အီတလီေခါက္ဆြဲ စတဲ့ ဆိုင္ေတြမ်ားပါတယ္။ ခ်ဉ္ငံစပ္ စားဖို႔ဆိုရင္ အာရွအစားအစာဆိုင္ ရွာရတာေပါ့။ အဲ့လိုဆိုင္ေတြကလည္း ပံုမွန္ထက္စာရင္ ေစ်းနည္းနည္းႀကီးတာေပါ့။
ခ်ဥ္ခ်ဥ္စပ္စပ္ဆိုင္ေလးေတြ ၊အာရွအစားအစာဆိုင္ မိတ္ဆက္ေပးမယ္ဆိုေပမဲ့ ဒီမွာက ဂ်ပန္အရသာႏွင့္ညႇိထားတာမ်ားပါတယ္။ ညႇိထားတယ္ဆိုတာက၊ ဥပမာ တုန္ယန္းဟင္းခ်ိဳဆိုပါေတာ့ ခ်ဥ္စပ္ျဖစ္ရမဲ့အစား၊ ခ်ဥ္ခ်ိဳေလးျဖစ္ေနပါတယ္။ နည္းနည္း င႐ုပ္သီး စပ္ရွိန္းဆိုတာနဲ႔ကို ဂ်ပန္အမ်ားစုက မစားႏိုင္ၾကလို႔တဲ့။
တစ္ခုကေတာ့ ရွင္းဂ်ဳခုမွာက ျမန္မာဆိုင္မရွိေတာ့ ေန႔လည္စာဆို ထိုင္းအစားအစာ၊အိႏၵိယ၊ကိုရီးယား၊ဂ်ပန္၊တ႐ုတ္ ၾကဳံရာပဲစားတာေပါ့။အထဲက စပ္ရွိန္ရွိန္းကေတာ့ ထိုင္းႏွင့္ ကိုရီးယားေပါ့။
အဲ ေစာေစာကေျပာဖို႔ေမ့သြားလို႔ ေန႔လည္စာႏွင့္ ညစာ ဘာလို႔ကြာရလဲဆိုေတာ့ ေန႔လည္ဆိုရင္ lunch menu သပ္သပ္ထားရွိၿပီး၊ ဟင္း၃၊၄မ်ိဳးေလာက္ပဲ ေရြးခ်ယ္စားနိုင္လို႔ပါ။ ျမန္မာမွာဆို တစ္ပြဲျပင္၊ပုံစား လိုမ်ိဳးပဲ။ ညဘက္ေရာက္ရင္ေတာ့ dinner menu ေျပာင္းၿပီး၊ ႀကိဳက္တာမွာစားနိုင္ပါတယ္။course နဲ႔လည္းခြဲထားတာရွိပါတယ္။

ရွင္းဂ်ဳခုမွ အာရွအစားအစာ


ရွင္းဂ်ဳခုမွာက ကုမၸဏီ႐ုံးေတြမ်ားေတာ့၊ ေန႔လည္ဆို lunch menu (၁၁နာရီမွ ၂နာရီ/၃နာရီထိ), ညဆိုရင္( nomikai) dinner menu ေျပာင္းပါတယ္။
ေစ်းႏႈန္းမေျပာင္းတာဆိုလို႔ ေခါက္ဆြဲဆိုင္ ramen ေတြနဲ႔ အသင့္စားဆိုင္ေတြပါပဲ။
ကိုယ္တိုင္စားဖူးတဲ့ ဆိုင္ေလးေတြကို မိတ္ဆက္ရရင္ ထိုင္းဆိုင္
၁။ Ban Thai (バンタイ本格タイ料理)
ရွင္းဂ်ဳခု ကဘုခိရပ္ကြက္မွာရွိပါတယ္။ ကဘုခိေခ်ာဆိုတာ ရွင္းဂ်ဳခုမွာ စားေသာက္ဆိုင္တန္းအေနနဲ႔ နာမည္ႀကီးေနရာေပါ့။ရိုးရိုးစားေသာက္ဆိုင္ကေန ဘား၊ကလပ္အထိ အစုံရွိတဲ့ေနရာ၊ ေစ်းဝယ္စရာေတြလည္း ေပါပါတယ္။
နိုမိကိုင္ေတြ ေပါမွေပါေလ။
ဒီထိုင္းဆိုင္ကေတာ့ iccho-me ဝင္ဝင္ခ်င္းမွာ ဆိုင္းဘုတ္တန္းေတြ႕နိုင္ပါတယ္။ ဒုတိယထပ္မွာရွိတဲ့အတြက္ ဝင္ေပါက္ေတာ့ ေသခ်ာရွာဦးေနာ္။
ညပိုင္းသြားမယ္ဆိုရင္ေတာ့ ႀကိဳတင္ ဘိုကင္ခ်ိတ္ရပါမယ္။ ႀကိဳတင္မခ်ိတ္ရင္ ထိုင္ခုံေနရာမရတာ၊ လူအမ်ားႏွင့္ ေပါင္းထိုင္ရတာ ရွိလို႔ပါ။ ကၽြန္မသြားတုန္းက ဘိုကင္မခ်ိတ္မိလို႔ အမ်ားႏွင့္ေရာစားလိုက္တာေပါ့။ဘိုကင္ခ်ိတ္တာကေတာ့ ဝက္ဘ္ဆိုဒ္ကေန လုပ္လို႔ရပါတယ္။
ထိုင္းဟင္းလ်ာအမ်ိဳးစုံရနိုင္ပါတယ္။ထိုင္းလူမ်ိဳးႏွင့္အတူ သြားစားရင္ေတာ့ ပိုေကာင္းတာေပါ့။ မပါလည္း စိတ္မပူပါနဲ႔။ လြယ္ပါတယ္၊ပုံေလးသာ ေထာက္ျပလိုက္။ ^^ ခ်ိဳခ်ဥ္ငန္စပ္ အကုန္ရနိုင္ပါတယ္။
၂။som-o Thai & Vietnam Restaurant (ソムオー)
ဒီဆိုင္ေလးကေတာ့ ကၽြန္မအႀကိဳက္ထဲက တစ္ဆိုင္ပါပဲ။ ထိုင္းသူငယ္ခ်င္းနဲ႔သြားစားတာကေတာ့ ထိုင္းအရသာစစ္စစ္လို႔ ေျပာတာပဲ။တကယ္လည္း အရသာေကာင္းပါတယ္။ ခ်ဥ္စပ္ႀကိဳက္တဲ့သူေတာ့ အိုေကစိုျပည္ေပါ့။
Ministry of Commerce ကေပးတဲ့Thai Select ဆုကိုလည္းပိုင္ဆိုင္ထားတဲ့ဆိုင္ပါ။အဲ့ေတာ့ အရသာေကာင္းတာေပါ့။
တုန္းယမ္းဟင္းခ်ိဳႏွင့္ ယိုးဒယားသေဘၤာသီးေထာင္းေကာင္းေကာင္းေလး စားနိုင္ပါတယ္။ 鉄板သံဒယ္အိုးေလးနဲ႔ Gaprao ( ၾကက္ပင္စိမ္း) မွာလို႔ရၿပီး၊ေဟာ့ေပါ့နဲ႔ ငါးေပါင္းလည္းရနိုင္ပါတယ္။
ရွင္းအိုးခုဘိုဘူတာနားမွာရွိၿပီး ရွင္းဂ်ဳခုဘူတာကေန လမ္းေလၽွာက္သြားရင္ မိနစ္၂၀ေလာက္၊ ရထားစီးသြားရင္ ၅မိနစ္ေလာက္နဲ႔ ေရာက္ပါတယ္။ရွင္းအိုးခုဘိုဘူတာ ထြက္ေပါက္ကေန ဘယ္ဘက္သြားၿပီး ပထမဆုံးေတြ႕တဲ့ လမ္းၾကားေလးထဲ ဘယ္ေကြ႕သြားလိုက္ရင္ေရာက္ပါတယ္။ ဘူတာကဆို တစ္မိနစ္ေတာင္မၾကာပါဘူး။ ဒီဆိုင္လည္း ဘိုကင္ႀကိဳခ်ိတ္ရမွာမို႔ ေသခ်ာခ်ိတ္ၿပီးမွ သြားပါေနာ္။ သြားၾကည့္ၾကည့္ေနာ္။
၃။Bangkok Spice (バンコクスパイス)
ဒီဆိုင္ကေတာ့ ေန႔လည္စာပဲ သြားစားဖူးတာပါ။ ဆိုင္ကေတာ့ ေသးေပမဲ့ ရွင္းဂ်ဳခုမွာေတာ့ လူသိမ်ားတဲ့ဆိုင္လို႔ ေျပာရမွာပဲ။ အျမဲလူျပည့္ေနတတ္လို႔ပါ။ေန႔ရက္အလိုက္ ဟင္းလ်ာသတ္မွတ္ထားၿပီး၊ တစ္ရက္ကို ၄/၅မ်ိဳးသတ္မွတ္ထားပါတယ္။ ဆိုင္ေရွ႕မွာ ဒီေန႔အတြက္ဟင္းလ်ာကို ခ်ိတ္ထားလို႔ ၾကည့္ၿပီး စားမစားဆုံးျဖတ္နိုင္ပါတယ္။
ေန႔လည္စာေစ်းႏႈန္းကေတာ့ ယန္း၁၀၀၀ ဝန္းက်င္ပါ။
၄။Bangkok Garden(バンコクガーデン)
ဆိုင္ကေတာ့ လူသိပ္မသိေလာက္ပါဘူး။ အရသာကေတာ့ ေကာင္းပါတယ္။ေနရာက နည္းနည္းေခ်ာင္က်ေပမဲ့ ေန႔လည္ဆိုရင္ လာေရာက္စားသူေတြနဲ႔ အျပည့္ပါပဲ။ဆိုင္ဝန္ထမ္းေတြက သေဘာေကာင္းၿပီး၊ျပဳံးရႊင္ေနတာကို ေတြ႕ရပါတယ္။
တစ္ခုကေတာ့ ဂ်ပန္လူမ်ိဳးေတြ စားနိုင္ေအာင္ အရသာညႇိထားပါတယ္။ညႇိထားရင္ေတာ့ သိပ္စားမေကာင္းဘူးေပါ့ေနာ္။
ဒီဆိုင္မွာက ဝက္သားပင္စိမ္းေၾကာ္ ဆို စားလို႔ေကာင္းပါတယ္။
၅။Sukhumvit Soi 55(スクンビットソイ55)
ဒီထိုင္းဆိုင္ေလးကေတာ့ ေန႔လည္စာမွာ အရံဟင္းဘူေဖး(မိနစ္၆၀စာ)တြဲပါပါတယ္။ဘူေဖးကေတာ့ ဟင္း၂မ်ိဳးနဲ႔အရြက္သုပ္၊ဟင္းရည္၊အခ်ိဳပြဲ ပါတာပါ။ ဘူေဖးဆိုေတာ့ ယန္း၁၂၀၀ေလာက္ေတာ့ ကုန္တာေပါ့။ တျခားထက္ေစ်းနည္းနည္း ႀကီးေပမဲ့ ဘူေဖးစားရတာတန္ပါတယ္။တစ္ခ်က္ဂ႐ုစိုက္ရမွာက ဘူေဖးက ေန႔လည္၂နာရီခြဲအထိဆိုတာပါပဲ။ကိုယ့္ဘာသာ ထယူရတာဆိုေတာ့ အခ်ိန္ကပ္မွသြားရင္ မတန္ပါဘူး။ အရသာကေတာ့ အစပ္ရယ္လို႔ မဟုတ္ေပမဲ့ စားလို႔ေကာင္းပါတယ္။ျမန္မာဟင္းခ်က္ပုံနဲ႔ နည္းနည္းဆင္တယ္လို႔လည္း ခံစားမိပါတယ္။
ေနရာကေတာ့ Tochomae station (Tokyo Metropolitan government building) ေရွ႕ mitsui buildingရဲ့ ေျမေအာက္ထပ္မွာပဲ ျဖစ္ပါတယ္။

ကိုရီးယားဆိုင္
၆။shinchan(辛ちゃん)
တိုက်ိဳၿမိဳ႕ရဲ႕  Korean town လို႔ေခၚဆိုတဲ့  Shin-okubo (ရွင္းအိုးခုဘို) တစ္ဝိုက္က ဆိုင္ေလးပါ။ ရွင္းဂ်ဳခုကေနလည္း လမ္းေလၽွာက္ရင္ ၁၅မိနစ္ေလာက္ပဲဆိုေတာ့ လမ္းေလၽွာက္ရင္း သြားစားတာေပါ့။ ဒီဆိုင္ရဲ့ အဓိက မီႏူးကေတာ့ ၾကက္ေၾကာ္ပါ။ ၾကက္ေၾကာ္အမ်ိဳးမ်ိဳးရၿပီး၊အခ်ိဳမွ အစပ္အထိ မွာလို႔ရပါတယ္။အရသာစုံေပါ့။အလင္းေပါက္ဖြင့္တဲ့ဆိုင္ျဖစ္ၿပီး၊ညေနပိုင္း လာစားၾကတဲ့သူမ်ားလို႔ တစ္ခါတေလ ထိုင္ခုံမရပါဘူး။ၾကက္ေၾကာ္စပ္စပ္ေလးနဲ႔ ကိုလာေလးေပါ့။
စကားမစပ္ ၾကက္ေၾကာ္ဆိုရင္ KFC,Lotteria,Macdonaldမွာလည္း စားနိုင္ေပမဲ့၊ ဂ်ပန္အႀကိဳက္အရသာ( အခ်ိဳ)ပဲရွိလို႔ ကၽြန္မေတာ့ သိပ္မစားျဖစ္ပါဘူး။ ဒါအျပင္ ေဆာ့စ္ေတာင္ အလကားမရလို႔(ေဆာ့စ္မ်ိဳးစုံထပ္ဝယ္ရတယ္)၊ တစ္ခါက ၾကက္သားတုံးႀကီးပဲ ကိုက္ျပန္လာရလို႔ပါ။(ဝမ္းနည္းမွတ္တမ္းေပါ့ ဟင္း ။။။ကိုယ္ပိုက္ဆံအပို မပါသြားတာလည္းပါတာေပါ့ )
ဒါ့ေၾကာင့္ ၾကက္ေၾကာ္စားမယ္ဆိုရင္ ကိုရီးယားဆိုင္တို႔၊ ၾကက္ေၾကာ္နဲ႔နာမည္ႀကီးတဲ့ စားေသာက္ဆိုင္တို႔ကို ညႊန္းပါရေစ။

ဂ်ပန္ဆိုင္
၇။ sekaino yamachan(世界の山ちゃん)
လာပါၿပီဗ်ာ ဒီဆိုင္က ၾကက္ေၾကာ္နဲ႔ နာမည္ႀကီးတဲ့ဆိုင္ပါဗ်ား။တိတိက်က်ေျပာရရင္ ၾကက္ေတာင္ပံေၾကာ္ေပါ့။ င႐ုပ္ေကာင္းမႈန႔္ျဖဴးထားတဲ့ ၾကက္ေတာင္ပံေၾကာ္၊ အစပ္အရသာ မရွိေပမဲ့ င႐ုပ္ေကာင္းစပ္ရွိန္းေလးနဲ႔ ခပ္ငံငံေလးေပါ့ေနာ္။ ကၽြန္မတို႔အဖြဲ႕လိုက္သြားရင္ ရွက္မေနေတာ့ပဲ လက္နဲ႔ပဲ ယူစားတာေပါ့(ဂ်ပန္မွာေတာ့ ထူးဆန္းေနမလားပဲ၊ ဘာမွမျဖစ္ပါဘူး၊ဂ်ပန္လူမ်ိဳးေတြလည္း လက္နဲ႔ပဲ ကိုင္စားတာပဲ) လက္နဲ႔ လွလွေလးယူစားေပါ့ေနာ္။^^

: Via google map

ဆိုင္တိုင္းလိုလိုက ဘူတာနဲ႔ မနီးမေဝးပါပဲ။လမ္းေလၽွာက္ရင္ေတာ့ မိနစ္၂၀ ဝန္းက်င္ေပါ့။လမ္းေလၽွာက္လိုက္ပါ၊က်န္းမာေရးေကာင္းပါတယ္ေလ။

ေနာက္ဆုံးတစ္ခုကေတာ့ စားေသာက္ဆိုင္မဟုတ္ပါဘူး။
ကိုယ္တိုင္ခ်က္စားခ်င္တဲ့သူေတြအတြက္ပါ။
cookpad
https://cookpad.com/
ဒီဝက္ဘ္ဆိုဒ္ေလးကေတာ့ ဂ်ပန္ဟင္းမ်ိဳးစုံႏွင့္ နိုင္ငံတကာဟင္း ခ်က္နည္းေတြကို ပုံႏွင့္တကြ တင္ေပးထားတာပါ။ လူႀကိဳက္မ်ားတဲ့ ဟင္းလ်ာ top ranking လည္း တင္ထားေတာ့ ဟင္းခ်က္ဝါသနာပါသူေတြအတြက္ အဆင္ေျပတာေပါ့။
ဂ်ပန္ဟင္းခ်က္နည္းမ်ားေတာ့ ခံတြင္းေတြ႕မလားမေျပာနိုင္ေပမဲ့၊ ထြင္ခ်က္ၾကည့္ခ်င္သူမ်ားအတြက္
Registerဝင္ထားရင္ ပရီမီယမ္ဟင္းခ်က္နည္းေတြလည္း ၾကည့္နိုင္ပါတယ္တဲ့။

ဘိုကင္ကေတာ့
websites,
https://tabelog.com/
https://www.hotpepper.jp/
https://www.gnavi.co.jp/
https://retty.me/
ဆိုင္နာမည္ေတြကို တည္ေနရာနဲ႔တြဲၿပီး စာရိုက္ထည့္လိုက္ရင္ ဆိုင္ေနရာ သိနိုင္ၿပီး၊ ဘိုကင္ခ်ိတ္နိုင္တဲ့ စနစ္ပါရွိပါတယ္။
ရွာၾကည့္ၾကည့္ပါ။ ဆိုင္ဓါတ္ပုံက copy rightနဲ႔ညိမွာစိုးလို႔ မတင္လိုက္ေတာ့ဘူးေနာ္။
တည္ေနရာက Shinjuku, Shin-okubo
ကဲ စားၾကမယ္ေဟ့ ေကာင္းေကာင္းေနာ္။

ဂ်ပန္ရိုးရာ ဟင္းလ်ာလည္း စားဖို႔မေမ့ပါနဲ႔ဦးေနာ္။




(Unicode)

Stay spicy!
ဒီနေ့တော့ စားသောက်ဆိုင်လေးတွေ တင်ဆက်ပေးပါမယ်။^^
အလည်သွားရင်း စားချင်ရင်
ချဉ်ချဉ်စပ်စပ်ဆိုင်လေးတွေ မိတ်ဆက်ပေးသွားပါမယ်။

စားရင်ဘယ်လောက်ကုန်မလဲ


တိုကျိုဘက်မှာ အပြင် တစ်ခါ စားရင် ယန်းငွေ ၁ထောင် ၂ထောင်လောက်တော့ ကုန်တာပါပဲ။
ဆိုင်တိုင်းလိုလိုကတော့ နေ့လည်စာနဲ့ ညစာကို အဓိကထားရောင်းတာပေါ့။
သာမန်စားသောက်ဆိုင်တော်တော်များများက မနက် ၁၀ နာရီ ဒါမှမဟုတ် ၁၁နာရီမှာ စတင်ဖွင့်လေ့ရှိပါတယ်(အလင်းပေါက်ဆိုင်တွေလည်းပေါပါတယ်)။
အဲ့ထဲကမှ ညစာဆိုရင် ဘယ်မှာစားစား စျေးကြီးပြီး ယန်း၃ဝဝဝမှ၅၀၀၀ ဝန်းကျင်၊နေ့လည်စာကတော့ ယန်း၁ဝဝဝနှင့် ၁၅ဝဝအတွင်း စားနိုင်ပါတယ်။

အရသာက


ပုံမှန် ဂျပန်အစားအစာဆိုရင် အပေါ့၊အချိုချက်တာ များပါတယ်။ အပြင်စားရင် ဂျပန်ခေါက်ဆွဲ၊ ပုံစားထမင်း (ဝက်သား၊အမဲသား၊ကြက်သား ချိုချက်)၊အသားကင်၊ အီတလီခေါက်ဆွဲ စတဲ့ ဆိုင်တွေများပါတယ်။ ချဉ်ငံစပ် စားဖို့ဆိုရင် အာရှအစားအစာဆိုင် ရှာရတာပေါ့။ အဲ့လိုဆိုင်တွေကလည်း ပုံမှန်ထက်စာရင် စျေးနည်းနည်းကြီးတာပေါ့။
ချဉ်ချဉ်စပ်စပ်ဆိုင်လေးတွေ ၊အာရှအစားအစာဆိုင် မိတ်ဆက်ပေးမယ်ဆိုပေမဲ့ ဒီမှာက ဂျပန်အရသာနှင့်ညှိထားတာများပါတယ်။ ညှိထားတယ်ဆိုတာက၊ ဥပမာ တုန်ယန်းဟင်းချိုဆိုပါတော့ ချဉ်စပ်ဖြစ်ရမဲ့အစား၊ ချဉ်ချိုလေးဖြစ်နေပါတယ်။ နည်းနည်း ငရုပ်သီး စပ်ရှိန်းဆိုတာနဲ့ကို ဂျပန်အများစုက မစားနိုင်ကြလို့တဲ့။
တစ်ခုကတော့ ရှင်းဂျုခုမှာက မြန်မာဆိုင်မရှိတော့ နေ့လည်စာဆို ထိုင်းအစားအစာ၊အိန္ဒိယ၊ကိုရီးယား၊ဂျပန်၊တရုတ် ကြုံရာပဲစားတာပေါ့။အထဲက စပ်ရှိန်ရှိန်းကတော့ ထိုင်းနှင့် ကိုရီးယားပေါ့။
အဲ စောစောကပြောဖို့မေ့သွားလို့ နေ့လည်စာနှင့် ညစာ ဘာလို့ကွာရလဲဆိုတော့ နေ့လည်ဆိုရင် lunch menu သပ်သပ်ထားရှိပြီး၊ ဟင်း၃၊၄မျိုးလောက်ပဲ ရွေးချယ်စားနိုင်လို့ပါ။ မြန်မာမှာဆို တစ်ပွဲပြင်၊ပုံစား လိုမျိုးပဲ။ ညဘက်ရောက်ရင်တော့ dinner menu ပြောင်းပြီး၊ ကြိုက်တာမှာစားနိုင်ပါတယ်။course နဲ့လည်းခွဲထားတာရှိပါတယ်။

ရှင်းဂျုခုမှ အာရှအစားအစာ (ချဉ်စပ်)


ရှင်းဂျုခုမှာက ကုမ္ပဏီရုံးတွေများတော့၊ နေ့လည်ဆို lunch menu (၁၁နာရီမှ ၂နာရီ/၃နာရီထိ), ညဆိုရင်( nomikai) dinner menu ပြောင်းပါတယ်။
စျေးနှုန်းမပြောင်းတာဆိုလို့ ခေါက်ဆွဲဆိုင် ramen တွေနဲ့ အသင့်စားဆိုင်တွေပါပဲ။
ကိုယ်တိုင်စားဖူးတဲ့ ဆိုင်လေးတွေကို မိတ်ဆက်ရရင် ထိုင်းဆိုင်

၁။ Ban Thai (バンタイ本格タイ料理)
ရှင်းဂျုခု ကဘုခိရပ်ကွက်မှာရှိပါတယ်။ ကဘုခိချောဆိုတာ ရှင်းဂျုခုမှာ စားသောက်ဆိုင်တန်းအနေနဲ့ နာမည်ကြီးနေရာပေါ့။ရိုးရိုးစားသောက်ဆိုင်ကနေ ဘား၊ကလပ်အထိ အစုံရှိတဲ့နေရာ၊ စျေးဝယ်စရာတွေလည်း ပေါပါတယ်။
နိုမိကိုင်တွေ ပေါမှပေါလေ။
ဒီထိုင်းဆိုင်ကတော့ iccho-me ဝင်ဝင်ချင်းမှာ ဆိုင်းဘုတ်တန်းတွေ့နိုင်ပါတယ်။ ဒုတိယထပ်မှာရှိတဲ့အတွက် ဝင်ပေါက်တော့ သေချာရှာဦးနော်။
ညပိုင်းသွားမယ်ဆိုရင်တော့ ကြိုတင် ဘိုကင်ချိတ်ရပါမယ်။ ကြိုတင်မချိတ်ရင် ထိုင်ခုံနေရာမရတာ၊ လူအများနှင့် ပေါင်းထိုင်ရတာ ရှိလို့ပါ။ ကျွန်မသွားတုန်းက ဘိုကင်မချိတ်မိလို့ အများနှင့်ရောစားလိုက်တာပေါ့။ဘိုကင်ချိတ်တာကတော့ ဝက်ဘ်ဆိုဒ်ကနေ လုပ်လို့ရပါတယ်။
ထိုင်းဟင်းလျာအမျိုးစုံရနိုင်ပါတယ်။ထိုင်းလူမျိုးနှင့်အတူ သွားစားရင်တော့ ပိုကောင်းတာပေါ့။ မပါလည်း စိတ်မပူပါနဲ့။ လွယ်ပါတယ်၊ပုံလေးသာ ထောက်ပြလိုက်။ ^^ ချိုချဉ်ငန်စပ် အကုန်ရနိုင်ပါတယ်။

၂။som-o Thai & Vietnam Restaurant (ソムオー)
ဒီဆိုင်လေးကတော့ ကျွန်မအကြိုက်ထဲက တစ်ဆိုင်ပါပဲ။ ထိုင်းသူငယ်ချင်းနဲ့သွားစားတာကတော့ ထိုင်းအရသာစစ်စစ်လို့ ပြောတာပဲ။တကယ်လည်း အရသာကောင်းပါတယ်။ ချဉ်စပ်ကြိုက်တဲ့သူတော့ အိုကေစိုပြည်ပေါ့။
Ministry of Commerce ကပေးတဲ့Thai Select ဆုကိုလည်းပိုင်ဆိုင်ထားတဲ့ဆိုင်ပါ။အဲ့တော့ အရသာကောင်းတာပေါ့။
တုန်းယမ်းဟင်းချိုနှင့် ယိုးဒယားသင်္ဘောသီးထောင်းကောင်းကောင်းလေး စားနိုင်ပါတယ်။ 鉄板သံဒယ်အိုးလေးနဲ့ Gaprao ( ကြက်ပင်စိမ်း) မှာလို့ရပြီး၊ဟော့ပေါ့နဲ့ ငါးပေါင်းလည်းရနိုင်ပါတယ်။
ရှင်းအိုးခုဘိုဘူတာနားမှာရှိပြီး ရှင်းဂျုခုဘူတာကနေ လမ်းလျှောက်သွားရင် မိနစ်၂ဝလောက်၊ ရထားစီးသွားရင် ၅မိနစ်လောက်နဲ့ ရောက်ပါတယ်။ရှင်းအိုးခုဘိုဘူတာ ထွက်ပေါက်ကနေ ဘယ်ဘက်သွားပြီး ပထမဆုံးတွေ့တဲ့ လမ်းကြားလေးထဲ ဘယ်ကွေ့သွားလိုက်ရင်ရောက်ပါတယ်။ ဘူတာကဆို တစ်မိနစ်တောင်မကြာပါဘူး။ ဒီဆိုင်လည်း ဘိုကင်ကြိုချိတ်ရမှာမို့ သေချာချိတ်ပြီးမှ သွားပါနော်။ သွားကြည့်ကြည့်နော်။

၃။Bangkok Spice (バンコクスパイス)
ဒီဆိုင်ကတော့ နေ့လည်စာပဲ သွားစားဖူးတာပါ။ ဆိုင်ကတော့ သေးပေမဲ့ ရှင်းဂျုခုမှာတော့ လူသိများတဲ့ဆိုင်လို့ ပြောရမှာပဲ။ အမြဲလူပြည့်နေတတ်လို့ပါ။နေ့ရက်အလိုက် ဟင်းလျာသတ်မှတ်ထားပြီး၊ တစ်ရက်ကို ၄/၅မျိုးသတ်မှတ်ထားပါတယ်။ ဆိုင်ရှေ့မှာ ဒီနေ့အတွက်ဟင်းလျာကို ချိတ်ထားလို့ ကြည့်ပြီး စားမစားဆုံးဖြတ်နိုင်ပါတယ်။
နေ့လည်စာစျေးနှုန်းကတော့ ယန်း၁၀၀၀ ဝန်းကျင်ပါ။

၄။Bangkok Garden(バンコクガーデン)
ဆိုင်ကတော့ လူသိပ်မသိလောက်ပါဘူး။ အရသာကတော့ ကောင်းပါတယ်။နေရာက နည်းနည်းချောင်ကျပေမဲ့ နေ့လည်ဆိုရင် လာရောက်စားသူတွေနဲ့ အပြည့်ပါပဲ။ဆိုင်ဝန်ထမ်းတွေက သဘောကောင်းပြီး၊ပြုံးရွှင်နေတာကို တွေ့ရပါတယ်။
တစ်ခုကတော့ ဂျပန်လူမျိုးတွေ စားနိုင်အောင် အရသာညှိထားပါတယ်။ညှိထားရင်တော့ သိပ်စားမကောင်းဘူးပေါ့နော်။
ဒီဆိုင်မှာက ဝက်သားပင်စိမ်းကြော် ဆို စားလို့ကောင်းပါတယ်။

၅။Sukhumvit Soi 55(スクンビットソイ55)
ဒီထိုင်းဆိုင်လေးကတော့ နေ့လည်စာမှာ အရံဟင်းဘူဖေး(မိနစ်၆ဝစာ)တွဲပါပါတယ်။ဘူဖေးကတော့ ဟင်း၂မျိုးနဲ့အရွက်သုပ်၊ဟင်းရည်၊အချိုပွဲ ပါတာပါ။ ဘူဖေးဆိုတော့ ယန်း၁၂ဝဝလောက်တော့ ကုန်တာပေါ့။ တခြားထက်စျေးနည်းနည်း ကြီးပေမဲ့ ဘူဖေးစားရတာတန်ပါတယ်။တစ်ချက်ဂရုစိုက်ရမှာက ဘူဖေးက နေ့လည်၂နာရီခွဲအထိဆိုတာပါပဲ။ကိုယ့်ဘာသာ ထယူရတာဆိုတော့ အချိန်ကပ်မှသွားရင် မတန်ပါဘူး။ အရသာကတော့ အစပ်ရယ်လို့ မဟုတ်ပေမဲ့ စားလို့ကောင်းပါတယ်။မြန်မာဟင်းချက်ပုံနဲ့ နည်းနည်းဆင်တယ်လို့လည်း ခံစားမိပါတယ်။
နေရာကတော့ Tochomae station (Tokyo Metropolitan government building) ရှေ့ mitsui buildingရဲ့ မြေအောက်ထပ်မှာပဲ ဖြစ်ပါတယ်။

ကိုရီးယားဆိုင်
၆။shinchan(辛ちゃん)
တိုကျိုမြို့ရဲ့  Korean town လို့ခေါ်ဆိုတဲ့  Shin-okubo (ရှင်းအိုးခုဘို) တစ်ဝိုက်က ဆိုင်လေးပါ။ ရှင်းဂျုခုကနေလည်း လမ်းလျှောက်ရင် ၁၅မိနစ်လောက်ပဲဆိုတော့ လမ်းလျှောက်ရင်း သွားစားတာပေါ့။ ဒီဆိုင်ရဲ့ အဓိက မီနူးကတော့ ကြက်ကြော်ပါ။ ကြက်ကြော်အမျိုးမျိုးရပြီး၊အချိုမှ အစပ်အထိ မှာလို့ရပါတယ်။အရသာစုံပေါ့။အလင်းပေါက်ဖွင့်တဲ့ဆိုင်ဖြစ်ပြီး၊ညနေပိုင်း လာစားကြတဲ့သူများလို့ တစ်ခါတလေ ထိုင်ခုံမရပါဘူး။ကြက်ကြော်စပ်စပ်လေးနဲ့ ကိုလာလေးပေါ့။
စကားမစပ် ကြက်ကြော်ဆိုရင် KFC,Lotteria,Macdonaldမှာလည်း စားနိုင်ပေမဲ့၊ ဂျပန်အကြိုက်အရသာ( အချို)ပဲရှိလို့ ကျွန်မတော့ သိပ်မစားဖြစ်ပါဘူး။ ဒါအပြင် ဆော့စ်တောင် အလကားမရလို့(ဆော့စ်မျိုးစုံထပ်ဝယ်ရတယ်)၊ တစ်ခါက ကြက်သားတုံးကြီးပဲ ကိုက်ပြန်လာရလို့ပါ။(ဝမ်းနည်းမှတ်တမ်းပေါ့ ဟင်း ။။။ကိုယ်ပိုက်ဆံအပို မပါသွားတာလည်းပါတာပေါ့ )
ဒါ့ကြောင့် ကြက်ကြော်စားမယ်ဆိုရင် ကိုရီးယားဆိုင်တို့၊ ကြက်ကြော်နဲ့နာမည်ကြီးတဲ့ စားသောက်ဆိုင်တို့ကို ညွှန်းပါရစေ။

ဂျပန်ဆိုင်
၇။ sekaino yamachan(世界の山ちゃん)
လာပါပြီဗျာ ဒီဆိုင်က ကြက်ကြော်နဲ့ နာမည်ကြီးတဲ့ဆိုင်ပါဗျား။တိတိကျကျပြောရရင် ကြက်တောင်ပံကြော်ပေါ့။ ငရုပ်ကောင်းမှုန့်ဖြူးထားတဲ့ ကြက်တောင်ပံကြော်၊ အစပ်အရသာ မရှိပေမဲ့ ငရုပ်ကောင်းစပ်ရှိန်းလေးနဲ့ ခပ်ငံငံလေးပေါ့နော်။ ကျွန်မတို့အဖွဲ့လိုက်သွားရင် ရှက်မနေတော့ပဲ လက်နဲ့ပဲ ယူစားတာပေါ့(ဂျပန်မှာတော့ ထူးဆန်းနေမလားပဲ၊ ဘာမှမဖြစ်ပါဘူး၊ဂျပန်လူမျိုးတွေလည်း လက်နဲ့ပဲ ကိုင်စားတာပဲ) လက်နဲ့ လှလှလေးယူစားပေါ့နော်။^^

: Via google map

ဆိုင်တိုင်းလိုလိုက ဘူတာနဲ့ မနီးမဝေးပါပဲ။လမ်းလျှောက်ရင်တော့ မိနစ်၂၀ ဝန်းကျင်ပေါ့။လမ်းလျှောက်လိုက်ပါ၊ကျန်းမာရေးကောင်းပါတယ်လေ။

နောက်ဆုံးတစ်ခုကတော့ စားသောက်ဆိုင်မဟုတ်ပါဘူး။
ကိုယ်တိုင်ချက်စားချင်တဲ့သူတွေအတွက်ပါ။
cookpad
https://cookpad.com/
ဒီဝက်ဘ်ဆိုဒ်လေးကတော့ ဂျပန်ဟင်းမျိုးစုံနှင့် နိုင်ငံတကာဟင်း ချက်နည်းတွေကို ပုံနှင့်တကွ တင်ပေးထားတာပါ။ လူကြိုက်များတဲ့ ဟင်းလျာ top ranking လည်း တင်ထားတော့ ဟင်းချက်ဝါသနာပါသူတွေအတွက် အဆင်ပြေတာပေါ့။
ဂျပန်ဟင်းချက်နည်းများတော့ ခံတွင်းတွေ့မလားမပြောနိုင်ပေမဲ့၊ ထွင်ချက်ကြည့်ချင်သူများအတွက်
Registerဝင်ထားရင် ပရီမီယမ်ဟင်းချက်နည်းတွေလည်း ကြည့်နိုင်ပါတယ်တဲ့။

ဘိုကင်ကတော့
websites,
https://tabelog.com/
https://www.hotpepper.jp/
https://www.gnavi.co.jp/
https://retty.me/
ဆိုင်နာမည်တွေကို တည်နေရာနဲ့တွဲပြီး စာရိုက်ထည့်လိုက်ရင် ဆိုင်နေရာ သိနိုင်ပြီး၊ ဘိုကင်ချိတ်နိုင်တဲ့ စနစ်ပါရှိပါတယ်။
ရှာကြည့်ကြည့်ပါ။ ဆိုင်ဓါတ်ပုံက copy rightနဲ့ညိမှာစိုးလို့ မတင်လိုက်တော့ဘူးနော်။
တည်နေရာက Shinjuku, Shin-okubo
ကဲ စားကြမယ်ဟေ့ ကောင်းကောင်းနော်။

ဂျပန်ရိုးရာ ဟင်းလျာလည်း စားဖို့မမေ့ပါနဲ့ဦးနော်။

Author Profile

EM
EM
မိတ္ေဆြတို႔ ျပံဳးေပ်ာ္ႏိုင္ေစရန္ ဂ်ပန္အေၾကာင္းေရးသားတင္ဆက္လိုက္ပါတယ္။
🌼🌼🌼🌼🌼
ေရႊမႏၲေလးမွလာၿပီး တိုက်ိဳမွာ အလုပ္လုပ္ေနပါတယ္။ သိမွတ္ရသမွ် ေဝမွ်ေပးသြားပါမယ္ရွင္။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗