ဂျပန်ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုနှုန်း အများဆုံးက မြန်မာနိုင်ငံ!

【Zawgyi】 Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

☆Ever Smile

ကျနော်တို့လို ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် ဝမ်းသာစရာပါ။
ဂျပန်ကုမ္ပဏီရင်းနှီးမြှုပ်နှံမှု အများဆုံးက မြန်မာနိုင်ငံပါတဲ့။(2017ခုနှစ်အရ)

အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိတော့မှာပေါ့နော်။
မြန်မာပြည်ကို ဝင်ရောက်လာတဲ့ ဂျပန်ကုမ္ပဏီတွေလည်း တစ်နေ့တခြား များပြားလာနေတယ်ဆိုတာ သိကြပါသလား။
သတိထားမိသူလည်း ရှိမှာပါ။ ဂျပန်ကုမ္ပဏီ job fair ကျင်းပတာလည်း များလာပါတယ်နော်။

ဂျပန်နိုင်ငံမှာ လူငယ်လူရွယ်နည်းပါးလာတဲ့အတွက် အောက်ပါ(၃)ချက်ကို လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။
၁။ နိုင်ငံခြားသားလုပ်သားအင်အားတိုးချဲ့ ခေါ်ယူခြင်း
၂။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ပိုမိုတွင်ကျယ်စွာ လုပ်ဆောင်ခြင်း နှင့်
၃။ နိုင်ငံခြားသားခရီးသွားဧည့်သည် တိုးပွားလာအောင်စီစဉ်ဆောင်ရွက်နေခြင်းတို့ကို
အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။

အပေါ်ကအကြောင်းအရာထဲမှ တင်ပြလိုတာက နံပါတ်(၂)အကြောင်း…

မြန်မာနိုင်ငံမှာ ဂျပန်စာသင်နေတဲ့သူများနဲ့ အကြောင်းအမျိုးအမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်မည့်သူများအတွက် အခွင့်အလမ်းတွေ ရှာဖွေနိုင်အောင်ပါ။

※ရင်းနှီးမြှုပ်နှံမှု 10ဆ နီးပါးတစ်ဟုန်ထိုး မြင့်တက်※

TOYO စီးပွားရေးဂျာနယ်အရ
2011 ကနေ 2017 အထိ 5နှစ်ကျော်ကာလအတွင်း ဂျပန်ကုမ္ပဏီများမှနိုင်ငံခြားရင်းနှီးမြုပ်နှံမှု ရာခိုင်နှုန်းအများဆုံးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် နံပါတ်၁ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံများထဲတွင် ဂျပန်ရင်းနှီးမှု ငွေပမာဏများသော နိုင်ငံတွေကတော့ ထိုင်းနဲ့ ဗီယက်နမ် ဖြစ်ပါတယ်။
ဒါပေမယ့် 5နှစ်ကျော်အတွင်း ရာခိုင်နှုန်း အများဆုံးနိုင်ငံကတော့ မြန်မာနိုင်ငံဖြစ်ပါတယ်။
2011 ခုနှစ်မြန်မာတွင် ဂျပန်ကုမ္ပဏီ 11ခုမှ 2016ခုတွင် 105ခုအထိတိုးပွားလာကာ

5နှစ်အတွင်း ကုမ္ပဏီ94ခု၊ ရာခိုင်နှုန်းအားဖြင့် 855% တိုးလာခဲ့ပါတယ်။ ဒုတိယအနေနဲ့ကတော့ ကမ္ဘောဒီးယား(217%) ၊တတိယကTurkey(100%)ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဂျပန်လုပ်ငန်းတွေတိုးချဲ့နေတဲ့ အဓိကအကြောင်းအရာကတော့ ဂျပန်စီးပွားရေးဇုန်ဖြစ်တဲ့ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်နေတဲ့ အကြောင်းအရင်းလည်းပါဝင်ပြီး၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့နဲ့ အာဆီယံ 4 နိုင်ငံ ကို လမ်းတံတားတွေနဲ့ ဆက်သွယ်မယ့် အစီအစဉ်လည်း ရှိနေပါတယ်။

※ဒီလိုအချက်တွေကြောင့် တိုးပွားလာ※

ဂျပန်နိုင်ငံမှ မြန်မာတွင် ရင်းနှီးမြုပ်နှံမှုရာခိုင်နှုန်းတိုးစေသော အဓိကအချက်ကတော့…

အိမ်နီးချင်းတရုတ်နိုင်ငံဖြင့်ယှဉ်သော်လည်း လုပ်အားခအလွန်သက်သာသောကြောင့် ကားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်သွယ်ရေးလုပ်ငန်းတွေ ဖြစ်ကြတဲ့ ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင် ရင်းနှီးမှုများလုပ်ဆောင်နေကြပါတယ်။

※ဒါ့အပြင် ဂျပန်နိုင်ငံတွင်လည်း※

မြန်မာနိုင်ငံတွင် ဂျပန်လုပ်ငန်းများ တိုးပွားလာသည်သာမက၊ မြန်မာနိုင်ငံမှ အင်ဂျင်နီယာနှင့် IT ပညာရှင်အနေဖြင့် ပညာရှင်များကို Work Visa ဖြင့်တိုက်ရိုက်အလုပ်ခေါ်ယူမှုတွေလည်း အရင်ကထက်ပိုမိုများပြားလာတာကို တွေ့ရပါတယ်။
နိုင်ငံခြားသားလုပ်သားအင်အား တိုးချဲ့ခေါ်ယူမည့် အချက်တွင်လည်း မြန်မာနိုင်ငံမှနေ၍ ဂျပန်သို့ အလုပ်သင်အနေဖြင့် လာရောက်အလုပ်လုပ်ကိုင်လိုသူများအတွက်လည်း အရင်ကထက်ပိုမို အခွင့်အရေးများ ရရှိနေကြပါတယ်။ ပညာရှင်အဖြစ်၊အလုပ်သင်အဖြစ် လာရောက်လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးတွေ ပိုများလာတာပါ။
ဂျပန်ကို ပညာရှင်အနေဖြင့် လာချင်သောသူများနှင့် လုပ်သားအနေဖြင့် လာချင်သောသူများလည်း အင်တာနက်၊ FB မှ အခွင့်အလမ်းကောင်းများရှာဖွေ၍ လွယ်ကူစွာ လာရောက်နိုင်ရန်ဆုတောင်းပေးပါတယ်။

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ဂျပန်မှ မြန်မာနိုင်ငံသို့ ပြန်မည့်သူများလည်း နှစ်နိုင်ငံယဉ်ကျေးမှု ဓလေ့ထုံးစံများကို သိရှိနားလည် ထားသည့်အတွက် မိမိလူမျိုးနှင့် ဂျပန်လူမျိုးတို့အတွက် ပေါင်းကူးတံတားအနေဖြင့် ကိုယ်တတ်သည့် အားဖြင့် ပါဝင်ဆောင်ရွက်ရင်း မြန်မာနိုင်ငံတွင်လည်း အလုပ်အကိုင်ကောင်းများ ရရှိကြပါစေနော်။

ကိုးကား-TOYO စီးပွားရေးဂျာနယ် 2017 ထုတ်စာစောင်ကို ထုတ်နုတ်ရေးသားထားပါတယ်။

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀