Zawgyi Font ျဖင့္ၾကည့္ရန္ (နောက်ပိုင်းတွင် ယူနီကုဒ်ဖောင့်ဖြင့်ဖော်ပြထားပါသည်)

တကယ္အလုပ္အကိုင္အခြင့္အေရးရွိရဲ့လား။

ဂ်ပန္လူမ်ိဳးေတြဟာ ဝန္ထမ္းေရြးခ်ယ္ရာမွာ ေစ့ေစ့စပ္စပ္ရွိလွပါတယ္။ေသခ်ာတြက္ခ်က္ၿပီး၊လူေရြးေခၚပါတယ္။
၃/၄ဆင့္ လူေတြ႕စစ္ေဆးေမးျမန္းၿပီး၊ကိုယ္ေရးအခ်က္အလက္စာရြက္စာတမ္းပိုင္းကိုလည္း ေသခ်ာစစ္ေဆးပါတယ္။
ေနာက္ၿပီး ဂ်ပန္နိုင္ငံရဲ့ အလုပ္ေခၚရာသီက မတ္လမွာ က်င္းပေလ့ရွိပါတယ္။
ဒီေနရာမွာ အခက္အခဲၾကဳံလာပါတယ္။နိုင္ငံျခားသား ဝန္ထမ္းေခၚယူရာမွာ သတ္မွတ္စည္းမ်ဥ္းေတြ မ်ားလြန္းလို႔ နိုင္ငံျခားသားကေကာ လာလုပ္ကိုင္ရဲ့လား။ တကယ္အလုပ္လုပ္ခ်င္တဲ့ နိုင္ငံျခားသားအေနႏွင့္ အလုပ္ရဖို႔အခြင့္အလမ္းရွိရဲ့လား။အထက္မွာ ေျပာခဲ့သလို ဂ်ပန္ကုမၸဏီဘက္မွ အလုပ္ခန႔္တာ မ်ားလာတယ္ဆိုေပမယ့္ အခက္အခဲေတြကေတာ့ ရွိေနပါေသးတယ္။ထိုအခက္အခဲေတြကို ေက်ာ္လႊားဖို႔လိုတာေပါ့ေနာ္။
အခက္အခဲကေတာ့
(၁) ဂ်ပန္စာအရည္အခ်င္း
ဂ်ပန္စာ အရည္အခ်င္းစာေမးပြဲ N3အထက္
(၂) သတင္းအခ်က္အလက္
ဂ်ပန္အလုပ္အင္တာဗ်ဴးသြားမယ္ဆိုရင္ မိမိအလုပ္ဝင္ခ်င္တဲ့ ကုမၸဏီအေၾကာင္းကို စ လယ္ ဆုံး ေျပးကြက္မရွိေအာင္ကို ေလ့လာထားဖို႔လိုအပ္ပါတယ္။ဘာေၾကာင့္ အလုပ္ေလၽွာက္ရတာလဲ၊ အေၾကာင္းျပခ်က္ကို ေမးျမန္းလို႔ပါ။)
ျမန္မာမွာေတာ့ ဂ်ပန္နိုင္ငံရဲ့ အလုပ္အကိုင္သတင္းအခ်က္အလက္ပိုင္းရရွိမႈ အားနည္းေသးတယ္ လို႔ ထင္မိပါတယ္။ႀကိဳးစားရွာၾကတာေပါ့။
(၃) အရည္အခ်င္းမိမိတတ္ကၽြမ္းတဲ့ အရည္အခ်င္းတစ္ခုေတာ့ရွိရပါမယ္။
ဂ်ပန္စာအရည္အခ်င္း၊အဂၤလိပ္စာ၊IT engineering စသည္အျပင္ စိတ္စြမ္းရည္
နားရႈပ္သြားရင္ ေတာင္းပန္ပါတယ္။ဂ်ပန္မွာက အလုပ္အင္တာဗ်ဴးမွာ ကိုယ္ဘာေတြလုပ္နိုင္လဲကို ေဖာ္ၾကဴးေျပာဆိုရလို႔ပါ။
ပညာရွင္အဆင့္ ဆရာႀကီးမွအလုပ္ခန႔္တယ္လို႔လည္း မဟုတ္ပါဘူး။
မိမိလုပ္နိုင္တဲ့အရာ၊ မိမိရဲ့ အားနည္းခ်က္၊အားသာခ်က္ကို ဂုဏ္ယူစြာ ထုတ္ေျပာရတာေပါ့။
ဂ်ပန္အလုပ္အင္တာဗ်ဴးမွာက စိတ္ဓါတ္ခြန္အားအပိုင္းကိုလည္း အရည္အခ်င္းအျဖစ္ယူဆထားလို႔ပါပဲ။စိတ္အားထက္သန္မႈကို လိုခ်င္တာေပါ့။
(၄) ဗီဇာအခက္အခဲ
ပညာသင္လာစဥ္ အလုပ္ေလၽွာက္ထားလိုက္လို႔ အလုပ္ရသြားခဲ့ရင္ေတာ့ ပူစရာမလိုပါဘူး။သို႔ေပမဲ့ ေက်ာင္းၿပီးခါနီးအထိ အလုပ္ရွာမေတြ႕ရင္ေတာ့ ေက်ာင္းသားဗီဇာကုန္ၿပီး၊မျပန္မျဖစ္ျပန္ရပါမယ္။
အလုပ္ကေန ထြက္ေျပးသူမ်ားလာလို႔ ဂ်ပန္လူဝင္မႈႀကီးၾကပ္ေရးကလည္း ပိုမိုတင္းၾကပ္လာပါတယ္။အလုပ္ရွာဖို႔အတြက္ ဗီဇာသီးသန႔္ထုတ္ေပးတာမရွိတဲ့အတြက္ အလည္အပတ္ဗီဇာနဲ႔ အလုပ္ျပန္လာရွာမွပါပဲ။ ပိုက္ဆံကုန္တာေပါ့ေနာ္။တျခားအခက္အခဲလည္း ရွိပါတယ္။

ဂ်ပန္ႏွင့္ ႏိုင္ငံျခားသား

ဂ်ပန္နိုင္ငံမွာအလုပ္လုပ္ကိုင္ေနတဲ့ နိုင္ငံျခားသား ဘယ္ေလာက္မ်ားပါသလဲ။
၂၀၁၆ခုႏွစ္မွာ နိုင္ငံျခားသားအလုပ္သမားအေရအတြက္က ၁၀သိန္း၈ေသာင္း ေက်ာ္သြားပါၿပီ။ ထိုအေရအတြက္ထဲ ပညာသင္ရင္း အခ်ိန္ပိုင္းလုပ္ကိုင္ၾကတဲ့ နိုင္ငံျခားသားက ၂သိန္းေက်ာ္ရွိပါတယ္တဲ့။
ကုမၸဏီဝန္ထမ္းအျဖစ္လုပ္ေနသူရွိသလို ပညာသင္ရင္းအခ်ိန္ပိုင္းအလုပ္ လုပ္ၾကသူမ်ားရွိပါတယ္။ အလုပ္ဗီဇာျဖင့္ လာေရာက္တဲ့ ကုမၸဏီဝန္ထမ္းဆိုလၽွင္ ဂ်ပန္လူမ်ိဳးနည္းတူ အလုပ္ခ်ိန္၊ကန႔္သတ္ခ်က္၊နည္းဥပေဒေတြကို လိုက္နာရပါတယ္။
ယခုဆိုလၽွင္ ဂ်ပန္ကုမၸဏီေတြကေန နိုင္ငံျခားသားဝန္ထမ္းမ်ားကို ပိုမိုခန႔္အပ္လာၾကပါၿပီ။၂၀၁၆ခုႏွစ္အတြင္းက နိုင္ငံျခားသားအလုပ္ခန႔္အပ္ႏႈန္းေဒတာကိုၾကည့္ရင္ ၂၀၁၅ထက္ (၁၃.၅)ရာခိုင္ႏႈန္း မ်ားျပားလာတာကိုေတြ႕ရပါတယ္။(ဂ်ပန္နိုင္ငံက်န္းမာေရးႏွင့္ အလုပ္သမားဝန္ႀကီးဌာနမွ)
ဂ်ပန္အစိုးရရဲ့စီမံခ်က္ထဲမွာလည္း ၂၀၂၀တိုက်ိဳအိုလံပစ္အထိ နိုင္ငံျခားသားပညာသင္ေက်ာင္းသားေက်ာင္းသူ ၃သိန္းအထိ လက္ခံသြားမယ္လို႔ ဆိုပါတယ္။
Japan Association for Promotion of Internationalization ရဲ့ စစ္တမ္းအရ ပညာေတာ္သင္နိုင္ငံျခားသားေတြရဲ့ ၂၂ရာခိုင္ႏႈန္းက ဂ်ပန္မွာ အလုပ္လုပ္ဖို႔ဆႏၵရွိၾကတယ္ လို႔သိရပါတယ္။ေရွ႕ေလၽွာက္လည္း နိုင္ငံျခားသား ပိုမ်ားလာမွာေပါ့။
ဘာ့ေၾကာင့္ နိုင္ငံျခားသား မ်ားျပားလာတာလဲ။
※တစ္အခ်က္
ဂ်ပန္နိုင္ငံရဲ့ လူဦးေရေလ်ာ့နည္းလာမႈ ျဖစ္ပါတယ္။
သက္ႀကီးရြယ္အိုမ်ားျပားလာတဲ့အတြက္ အလုပ္လုပ္ကိုင္နိုင္တဲ့ သူနည္းပါးလာပါတယ္။ထို႔အတြက္ေၾကာင့္ အမ်ိဳးသမီးေတြကို ပိုမိုေနရာေပးလာၾကၿပီး၊ ပင္စင္အရြယ္အသက္ ၆၀ေက်ာ္သြားလည္း အလုပ္လုပ္ကိုင္လိုပါက ၆၅ႏွစ္အထိ ခြင့္ျပဳေပးလာပါတယ္။ဒါေပမယ့္လည္း လူအင္အားကေတာ့ နည္းေနဆဲပါပဲ။
ဒါ့ေၾကာင့္ ဂ်ပန္အစိုးရမွ ျပည္ပမွ လူအင္အားသုံးစြဲဖို႔ စနစ္သစ္ေတြက်င့္သုံးလာပါတယ္။
※ႏွစ္အခ်က္
Globalizationေခတ္ႏွင့္အညီ ဂ်ပန္ကုမၸဏီအမ်ားစုဟာ ျပည္ပသို႔ထိုးေဖာက္၊လုပ္ငန္းခ်ဲ႕ထြင္လာပါတယ္။
ျပည္ပနိုင္ငံမွာ လုပ္ငန္းခ်ဲ႕ထြင္ဖို႔အတြက္ နိုင္ငံျခားသားဝန္ထမ္းရွိတာဟာ အားအင္တစ္ရပ္ပါပဲ။ အလုပ္အကိုင္စြမ္းရည္အျပင္ ဘာသာစကားအခက္အခဲ၊ယဥ္ေက်းမႈျပႆနာတို႔ကို ေက်ာ္လႊားနိုင္ေအာင္ နိုင္ငံျခားသားမ်ားကို အလုပ္ေခၚယူလာပါတယ္။

အလုပ္ရသြားၿပီးေနာက္ပိုင္းက အခက္အခဲမရွိေတာ့ဘူးလား။

အလုပ္ဝင္ၿပီးေနာက္ တစ္ေန႔မဟုတ္တစ္ေန႔ကေတာ့ အခက္အခဲၾကဳံတာပါပဲ။
ဘာေတြလဲဆိုရင္
ဘာသာစကားအခက္အခဲ (လုပ္ငန္းအသုံးအႏႈန္းမသိေသာေၾကာင့္ နားမလည္ျခင္း)
လူမႈဆက္ဆံေရး (ဂ်ပန္လူမ်ိဳးလုပ္ေဖာ္ကိုင္ဖက္ႏွင့္ ေျပာဆိုဆက္ဆံေရး မေျပလည္ျခင္း
ေနသားက်ဖို႔အခ်ိန္ (အနည္းဆုံး၆လ/တစ္ႏွစ္ၾကာမွ ေနသားက်တတ္ျခင္း)
အလုပ္ခ်ိန္မ်ားျခင္း (အခ်ိန္ပိုဆင္းရျခင္း)
ရာထူးတက္ခ်ိန္ (ရာထူး၊လစာတက္ခ်ိန္ မေသခ်ာတာမ်ိဳး
ေနထိုင္စားရိတ္ျမင့္မားျခင္းစတာေတြ ၾကဳံေတြ႕တာမ်ားပါတယ္။

အလုပ္ခြင္မွာ ၾကဳံေတြ႕ရတဲ့ အခက္အခဲကို မခံနိုင္လို႔ ေနရပ္ျပန္သြားသူမ်ားလည္းရွိပါတယ္။အမ်ားစုၾကဳံၾကတာကေတာ့ လုပ္ငန္းသုံးစကားလုံးေတြ မသိၾကတာပါ။မသိေတာ့ လုပ္ငန္းေရွ႕မေရာက္ဘူးေပါ့။တျဖည္းျဖည္းနဲ႔ ေလ့က်င့္ယူရပါတယ္။

ဒါဆို ဂ်ပန္မွာအလုပ္လုပ္တာ ေကာင္းပါ့မလား

ေကာင္းက်ိဳးကေတာ့ရွိပါတယ္။
ဂ်ပန္ရဲ့ လုပ္ငန္းခြင္အျပင္ လူေနမႈဘဝကိုပါ ေလ့လာနိုင္မယ္။ဗဟုသုတတိုးလာမယ္။
ဂ်ပန္ကုမၸဏီေတြက ဝန္ထမ္းကို အစကေနေလ့က်င့္သင္ၾကားေပးတဲ့အေလ့ရွိေတာ့ ပညာတိုးလာမယ္။ျပည္ပထိုးေဖာက္ခ်င္တဲ့ ကုမၸဏီအတြက္ မိမိကိုယ္တိုင္က ကုမၸဏီရဲ့စြမ္းအင္တစ္ရပ္ျဖစ္လာမယ္။
မိမိရဲ့ သင္ယူမႈ၊စိတ္အားထက္သန္မႈ၊အလုပ္စြမ္းရည္ ျမင့္တက္လာမႈေၾကာင့္ အနာဂတ္အလားအလာေကာင္းမြန္လာမယ္။တျခားလည္းရွိဦးမွာပါ။
စကားလက္ေဆာင္နိုင္ငံျခားမွာ အလုပ္လုပ္ဖို႔ဆိုတာ အခက္အခဲေပါင္းမ်ားစြာ နဲ႔ ရင္ဆိုင္ရပါတယ္။
ဘယ္မွာ အလုပ္လုပ္ပါေစ ေကာင္းက်ိဳးဆိုးက်ိဳးကေတာ့ ရွိတတ္တာပါပဲ။ အေရးႀကီးတာက သတင္းအခ်က္အလက္ မပ်က္နားစြင့္ေနဖို႔ပါပဲ။
မိတ္ေဆြတို႔လည္း ေပ်ာ္ရႊင္စြာ အလုပ္လုပ္နိုင္ၾကပါေစ။ဒီတစ္ေခါက္ေတာ့ ဒီမၽွပါပဲ။
ကိုးကား :

https://www.nhk.or.jp/kokusaihoudou/archive/2017/02/0217.html

http://www.mhlw.go.jp/stf/houdou/0000148933.html

http://toyokeizai.net/articles/-/126809



Unicode ဖြင့်ကြည့်ရန်

တကယ်အလုပ်အကိုင်အခွင့်အရေးရှိရဲ့လား။

ဂျပန်လူမျိုးတွေဟာ ဝန်ထမ်းရွေးချယ်ရာမှာ စေ့စေ့စပ်စပ်ရှိလှပါတယ်။သေချာတွက်ချက်ပြီး၊လူရွေးခေါ်ပါတယ်။
၃/၄ဆင့် လူတွေ့စစ်ဆေးမေးမြန်းပြီး၊ကိုယ်ရေးအချက်အလက်စာရွက်စာတမ်းပိုင်းကိုလည်း သေချာစစ်ဆေးပါတယ်။
နောက်ပြီး ဂျပန်နိုင်ငံရဲ့ အလုပ်ခေါ်ရာသီက မတ်လမှာ ကျင်းပလေ့ရှိပါတယ်။
ဒီနေရာမှာ အခက်အခဲကြုံလာပါတယ်။နိုင်ငံခြားသား ဝန်ထမ်းခေါ်ယူရာမှာ သတ်မှတ်စည်းမျဉ်းတွေ များလွန်းလို့ နိုင်ငံခြားသားကကော လာလုပ်ကိုင်ရဲ့လား။ တကယ်အလုပ်လုပ်ချင်တဲ့ နိုင်ငံခြားသားအနေနှင့် အလုပ်ရဖို့အခွင့်အလမ်းရှိရဲ့လား။အထက်မှာ ပြောခဲ့သလို ဂျပန်ကုမ္ပဏီဘက်မှ အလုပ်ခန့်တာ များလာတယ်ဆိုပေမယ့် အခက်အခဲတွေကတော့ ရှိနေပါသေးတယ်။ထိုအခက်အခဲတွေကို ကျော်လွှားဖို့လိုတာပေါ့နော်။
အခက်အခဲကတော့
(၁) ဂျပန်စာအရည်အချင်း
ဂျပန်စာ အရည်အချင်းစာမေးပွဲ N3အထက်
(၂) သတင်းအချက်အလက်
ဂျပန်အလုပ်အင်တာဗျူးသွားမယ်ဆိုရင် မိမိအလုပ်ဝင်ချင်တဲ့ ကုမ္ပဏီအကြောင်းကို စ လယ် ဆုံး ပြေးကွက်မရှိအောင်ကို လေ့လာထားဖို့လိုအပ်ပါတယ်။ဘာကြောင့် အလုပ်လျှောက်ရတာလဲ၊ အကြောင်းပြချက်ကို မေးမြန်းလို့ပါ။)
မြန်မာမှာတော့ ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်သတင်းအချက်အလက်ပိုင်းရရှိမှု အားနည်းသေးတယ် လို့ ထင်မိပါတယ်။ကြိုးစားရှာကြတာပေါ့။
(၃) အရည်အချင်းမိမိတတ်ကျွမ်းတဲ့ အရည်အချင်းတစ်ခုတော့ရှိရပါမယ်။
ဂျပန်စာအရည်အချင်း၊အင်္ဂလိပ်စာ၊IT engineering စသည်အပြင် စိတ်စွမ်းရည်
နားရှုပ်သွားရင် တောင်းပန်ပါတယ်။ဂျပန်မှာက အလုပ်အင်တာဗျူးမှာ ကိုယ်ဘာတွေလုပ်နိုင်လဲကို ဖော်ကြူးပြောဆိုရလို့ပါ။
ပညာရှင်အဆင့် ဆရာကြီးမှအလုပ်ခန့်တယ်လို့လည်း မဟုတ်ပါဘူး။
မိမိလုပ်နိုင်တဲ့အရာ၊ မိမိရဲ့ အားနည်းချက်၊အားသာချက်ကို ဂုဏ်ယူစွာ ထုတ်ပြောရတာပေါ့။
ဂျပန်အလုပ်အင်တာဗျူးမှာက စိတ်ဓါတ်ခွန်အားအပိုင်းကိုလည်း အရည်အချင်းအဖြစ်ယူဆထားလို့ပါပဲ။စိတ်အားထက်သန်မှုကို လိုချင်တာပေါ့။
(၄) ဗီဇာအခက်အခဲ
ပညာသင်လာစဉ် အလုပ်လျှောက်ထားလိုက်လို့ အလုပ်ရသွားခဲ့ရင်တော့ ပူစရာမလိုပါဘူး။သို့ပေမဲ့ ကျောင်းပြီးခါနီးအထိ အလုပ်ရှာမတွေ့ရင်တော့ ကျောင်းသားဗီဇာကုန်ပြီး၊မပြန်မဖြစ်ပြန်ရပါမယ်။
အလုပ်ကနေ ထွက်ပြေးသူများလာလို့ ဂျပန်လူဝင်မှုကြီးကြပ်ရေးကလည်း ပိုမိုတင်းကြပ်လာပါတယ်။အလုပ်ရှာဖို့အတွက် ဗီဇာသီးသန့်ထုတ်ပေးတာမရှိတဲ့အတွက် အလည်အပတ်ဗီဇာနဲ့ အလုပ်ပြန်လာရှာမှပါပဲ။ ပိုက်ဆံကုန်တာပေါ့နော်။တခြားအခက်အခဲလည်း ရှိပါတယ်။

ဂျပန်နှင့် နိုင်ငံခြားသား

ဂျပန်နိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ဘယ်လောက်များပါသလဲ။
၂၀၁၆ခုနှစ်မှာ နိုင်ငံခြားသားအလုပ်သမားအရေအတွက်က ၁ဝသိန်း၈သောင်း ကျော်သွားပါပြီ။ ထိုအရေအတွက်ထဲ ပညာသင်ရင်း အချိန်ပိုင်းလုပ်ကိုင်ကြတဲ့ နိုင်ငံခြားသားက ၂သိန်းကျော်ရှိပါတယ်တဲ့။
ကုမ္ပဏီဝန်ထမ်းအဖြစ်လုပ်နေသူရှိသလို ပညာသင်ရင်းအချိန်ပိုင်းအလုပ် လုပ်ကြသူများရှိပါတယ်။ အလုပ်ဗီဇာဖြင့် လာရောက်တဲ့ ကုမ္ပဏီဝန်ထမ်းဆိုလျှင် ဂျပန်လူမျိုးနည်းတူ အလုပ်ချိန်၊ကန့်သတ်ချက်၊နည်းဥပဒေတွေကို လိုက်နာရပါတယ်။
ယခုဆိုလျှင် ဂျပန်ကုမ္ပဏီတွေကနေ နိုင်ငံခြားသားဝန်ထမ်းများကို ပိုမိုခန့်အပ်လာကြပါပြီ။၂၀၁၆ခုနှစ်အတွင်းက နိုင်ငံခြားသားအလုပ်ခန့်အပ်နှုန်းဒေတာကိုကြည့်ရင် ၂၀၁၅ထက် (၁၃.၅)ရာခိုင်နှုန်း များပြားလာတာကိုတွေ့ရပါတယ်။(ဂျပန်နိုင်ငံကျန်းမာရေးနှင့် အလုပ်သမားဝန်ကြီးဌာနမှ)
ဂျပန်အစိုးရရဲ့စီမံချက်ထဲမှာလည်း ၂၀၂ဝတိုကျိုအိုလံပစ်အထိ နိုင်ငံခြားသားပညာသင်ကျောင်းသားကျောင်းသူ ၃သိန်းအထိ လက်ခံသွားမယ်လို့ ဆိုပါတယ်။
Japan Association for Promotion of Internationalization ရဲ့ စစ်တမ်းအရ ပညာတော်သင်နိုင်ငံခြားသားတွေရဲ့ ၂၂ရာခိုင်နှုန်းက ဂျပန်မှာ အလုပ်လုပ်ဖို့ဆန္ဒရှိကြတယ် လို့သိရပါတယ်။ရှေ့လျှောက်လည်း နိုင်ငံခြားသား ပိုများလာမှာပေါ့။
ဘာ့ကြောင့် နိုင်ငံခြားသား များပြားလာတာလဲ။
※တစ်အချက်
ဂျပန်နိုင်ငံရဲ့ လူဦးရေလျော့နည်းလာမှု ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုများပြားလာတဲ့အတွက် အလုပ်လုပ်ကိုင်နိုင်တဲ့ သူနည်းပါးလာပါတယ်။ထို့အတွက်ကြောင့် အမျိုးသမီးတွေကို ပိုမိုနေရာပေးလာကြပြီး၊ ပင်စင်အရွယ်အသက် ၆ဝကျော်သွားလည်း အလုပ်လုပ်ကိုင်လိုပါက ၆၅နှစ်အထိ ခွင့်ပြုပေးလာပါတယ်။ဒါပေမယ့်လည်း လူအင်အားကတော့ နည်းနေဆဲပါပဲ။
ဒါ့ကြောင့် ဂျပန်အစိုးရမှ ပြည်ပမှ လူအင်အားသုံးစွဲဖို့ စနစ်သစ်တွေကျင့်သုံးလာပါတယ်။
※နှစ်အချက်
Globalizationခေတ်နှင့်အညီ ဂျပန်ကုမ္ပဏီအများစုဟာ ပြည်ပသို့ထိုးဖောက်၊လုပ်ငန်းချဲ့ထွင်လာပါတယ်။
ပြည်ပနိုင်ငံမှာ လုပ်ငန်းချဲ့ထွင်ဖို့အတွက် နိုင်ငံခြားသားဝန်ထမ်းရှိတာဟာ အားအင်တစ်ရပ်ပါပဲ။ အလုပ်အကိုင်စွမ်းရည်အပြင် ဘာသာစကားအခက်အခဲ၊ယဉ်ကျေးမှုပြဿနာတို့ကို ကျော်လွှားနိုင်အောင် နိုင်ငံခြားသားများကို အလုပ်ခေါ်ယူလာပါတယ်။

အလုပ်ရသွားပြီးနောက်ပိုင်းက အခက်အခဲမရှိတော့ဘူးလား။

အလုပ်ဝင်ပြီးနောက် တစ်နေ့မဟုတ်တစ်နေ့ကတော့ အခက်အခဲကြုံတာပါပဲ။
ဘာတွေလဲဆိုရင်
ဘာသာစကားအခက်အခဲ (လုပ်ငန်းအသုံးအနှုန်းမသိသောကြောင့် နားမလည်ခြင်း)
လူမှုဆက်ဆံရေး (ဂျပန်လူမျိုးလုပ်ဖော်ကိုင်ဖက်နှင့် ပြောဆိုဆက်ဆံရေး မပြေလည်ခြင်း
နေသားကျဖို့အချိန် (အနည်းဆုံး၆လ/တစ်နှစ်ကြာမှ နေသားကျတတ်ခြင်း)
အလုပ်ချိန်များခြင်း (အချိန်ပိုဆင်းရခြင်း)
ရာထူးတက်ချိန် (ရာထူး၊လစာတက်ချိန် မသေချာတာမျိုး
နေထိုင်စားရိတ်မြင့်မားခြင်းစတာတွေ ကြုံတွေ့တာများပါတယ်။

အလုပ်ခွင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲကို မခံနိုင်လို့ နေရပ်ပြန်သွားသူများလည်းရှိပါတယ်။အများစုကြုံကြတာကတော့ လုပ်ငန်းသုံးစကားလုံးတွေ မသိကြတာပါ။မသိတော့ လုပ်ငန်းရှေ့မရောက်ဘူးပေါ့။တဖြည်းဖြည်းနဲ့ လေ့ကျင့်ယူရပါတယ်။

ဒါဆို ဂျပန်မှာအလုပ်လုပ်တာ ကောင်းပါ့မလား

ကောင်းကျိုးကတော့ရှိပါတယ်။
ဂျပန်ရဲ့ လုပ်ငန်းခွင်အပြင် လူနေမှုဘဝကိုပါ လေ့လာနိုင်မယ်။ဗဟုသုတတိုးလာမယ်။
ဂျပန်ကုမ္ပဏီတွေက ဝန်ထမ်းကို အစကနေလေ့ကျင့်သင်ကြားပေးတဲ့အလေ့ရှိတော့ ပညာတိုးလာမယ်။ပြည်ပထိုးဖောက်ချင်တဲ့ ကုမ္ပဏီအတွက် မိမိကိုယ်တိုင်က ကုမ္ပဏီရဲ့စွမ်းအင်တစ်ရပ်ဖြစ်လာမယ်။
မိမိရဲ့ သင်ယူမှု၊စိတ်အားထက်သန်မှု၊အလုပ်စွမ်းရည် မြင့်တက်လာမှုကြောင့် အနာဂတ်အလားအလာကောင်းမွန်လာမယ်။တခြားလည်းရှိဦးမှာပါ။

✿စကားလက်ဆောင်✿

နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ဆိုတာ အခက်အခဲပေါင်းများစွာ နဲ့ ရင်ဆိုင်ရပါတယ်။
ဘယ်မှာ အလုပ်လုပ်ပါစေ ကောင်းကျိုးဆိုးကျိုးကတော့ ရှိတတ်တာပါပဲ။ အရေးကြီးတာက သတင်းအချက်အလက် မပျက်နားစွင့်နေဖို့ပါပဲ။
မိတ်ဆွေတို့လည်း ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ကြပါစေ။ဒီတစ်ခေါက်တော့ ဒီမျှပါပဲ။
ကိုးကား :

https://www.nhk.or.jp/kokusaihoudou/archive/2017/02/0217.html

http://www.mhlw.go.jp/stf/houdou/0000148933.html

http://toyokeizai.net/articles/-/126809

Author Profile

EM
EM
မိတ္ေဆြတို႔ ျပံဳးေပ်ာ္ႏိုင္ေစရန္ ဂ်ပန္အေၾကာင္းေရးသားတင္ဆက္လိုက္ပါတယ္။
🌼🌼🌼🌼🌼
ေရႊမႏၲေလးမွလာၿပီး တိုက်ိဳမွာ အလုပ္လုပ္ေနပါတယ္။ သိမွတ္ရသမွ် ေဝမွ်ေပးသြားပါမယ္ရွင္။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗