【Zawgyi】  Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

ဂျပန်ပြည်မှ ငွေကဒ် : Electronic Money အကြောင်း

■EM

ဒီနေ့အကြောင်းအရာကတော့ ဂျပန်နိုင်ငံမှာ နေထိုင်သူများအတွက် life

CARD အကြောင်းတစ်စေ့တစောင်း

ဂျပန်မှာ က ဈေးဝယ်တာပဲဖြစ်ဖြစ်၊ ဘိုကင်ချိတ်တာပဲဖြစ်ဖြစ် ကဒ်အသုံးပြုသူများပြားပါတယ်။

ဘယ်လိုကဒ်မျိုးလဲ…

ငွေသားထက် ကဒ်နှင့် ငွေရှင်းတယ်ဆိုတော့…

電子マネー Electronic Money လို့ခေါ်တာပါ။
အလွယ်ပြောရရင် ငွေဖြည့်ပြီးသုံးရတဲ့ကဒ်! ပိုက်ဆံအကြွေ မရှုပ်တော့ဘူးပေါ့။

အမျိုးအစားတွေကတော့

■Prepaid 

楽天Edy 
nanaco – convenience store တွေမှာ အသုံးများပါတယ်။ တစ်ချို့ စားသောက်ဆိုင်၊မုန့်ဆိုင်တွေမှာလည်း သုံးပါတယ်။ Edy ကတော့ အသုံးပြုနိုင်တဲ့ ဆိုင်ပိုများပြီး၊ဂျပန်တစ်နိုင်ငံလုံး နံပါတ်(၂) တဲ့။။

■Transportation Card

Suica 
PASMO – ရထား၊ကား IC card ဖြစ်ပေမယ့်၊ ဈေးဝယ်ရာမှာလည်း သုံးနိုင်ပါတယ်။ ငွေတော့ ကြိုဖြည့်ထားရပါမယ်။ အထူးသဖြင့် ဘူတာရုံနှင့် နီးတဲ့ ဆိုင်၊အရောင်းစက်တွေမှာ သုံးတာများပါတယ်။ (ရထားစီးကဒ်လည်းဖြစ်တော့ အမြဲအသင့်ပါတာပေါ့။)Suica ဆိုရင် Mobile Suica ဆိုပြီး ဖုန်းမှတစ်ဆင့် သုံးလို့လည်း ရပါတယ်။ credit card လျှောက်ထားလို့ ရပါတယ်တဲ့။

■နောက်မှ ငွေပေးချေရတဲ့

WAON
iD  – အကြွေးဝယ်စနစ်လိုမျိုး ဝယ်ပြီးနောက်မှ ငွေချေရပါတယ်။ သုံးပြီးမှ ငွေတောင်းခံလွှာ ရောက်လာမှာပါ။WAONကတော့ Aeon မှာ သုံးလို့ရပါတယ်။

■credit /debit card

 au WALLET 

– Master Cardသုံးလို့ရတဲ့ ဆိုင်တိုင်းမှာ သုံးနိုင်ပါတယ်။ au ဖုန်းကုမ္ပဏီက ဖြစ်တဲ့အတွက် au phone user တွေပဲ လျှောက်ထားလို့ရပါတယ်။

ရိုးရိုး Electronic money card ကတော့ ကိုယ်ရေးအချက်အလက်ဖြင့် ဝယ်ယူနိုင်ပါတယ်။

 

ဒါပေမယ့်
Credit Card လျှောက်ထားမယ်ဆိုရင်တော့
အမေး။ ။ ဂျပန်မှာ ခရက်ဒစ်ကဒ်ပြုလုပ်ဖို့ လွယ်မလား။
အဖြေ။ ။မလွယ်ပါဘူး။ ဂျပန်လူမျိုးမဟုတ်တဲ့အတွက် ခရက်ဒစ်ကဒ်ပြုလုပ်ရတာ ခက်ပါတယ်။
အချက်အလက်စစ်ဆေးရာမှာလည်း တင်းကြပ်တဲ့အတွက် မရတာလည်း ရှိပါတယ်။
မြန်မာနိုင်ငံသားမို့ မရတာမျိုးမဟုတ်ပါဘူး။ ဂျပန်ရောက်ခါစ ဆိုရင် မရတတ်ပါဘူး။

ကျွန်မလည်း ဘဏ်မှာ တစ်ခေါက်၊ ဈေးဝယ်စင်တာမှာ တစ်ခေါက်လျှောက်ထားတာမရပါဘူး။
နောက်ဆုံးတော့ ကဒ်ရသွားပါတယ်။ဘယ်ကလဲဆိုတော့ နောက်မှ ပြောမယ်နော်။

ပုံမှန်တော့ ခရက်ဒစ်ကဒ်မလိုအပ်ပေမယ့်၊ ခရီးသွားတဲ့အခါ ၊online shopping ဝယ်တဲ့အခါ အဆင်ပြေပါတယ်။

လျှောက်ထားမယ်ဆိုရင်

(၁) လျှောက်ထားသူ၏အချက်အလက်စစ်ဆေးခြင်း
(၂) ဝင်ငွေအလုပ်အကိုင် စစ်ဆေးခြင်း
(၃) နေထိုင်သည့်ကာလ
(၄) လျှောက်လွှာဖောင် စစ်ဆေးခြင်း
ဆိုပြီး အဆင့်၎မျိုးဖြင့် စစ်ဆေးလေ့ရှိပါတယ်။ တစ်ခုခု အလွဲအမှားနှင့် စည်းမျဉ်းနှင့် မကိုက်ညီတဲ့အချက်အလက် ပါလာရင်တော့ မရပါဘူး။ ကိုယ့်ဘက်က အချက်အလက်ပြည့်စုံပေမဲ့ ကဒ်ကုမ္ပဏီမှ စည်းမျဉ်းတင်းကြပ်ရင် လည်း မရတတ်ပါဘူး။
ပုံမှန်အားဖြင့် လျှောက်လွှာတင်ပြီး သီတင်း ၂ပတ်မှ ၁လကြာ အချက်အလက်စစ်ဆေးမှုပြုလုပ်လေ့ရှိပါတယ်။ အဆင်ပြေရင် ကုမ္ပဏီဘက်မှ အကြောင်းကြားစာရောက်လာပါမယ်။

၁လကျော်လို့မှ ကဒ်ရောက်မလာရင်တော့ စစ်ဆေးမှုမှာ မအောင်ခဲ့ဘူးလို့ မှတ်ရပါမယ်။ မအောင်ခဲ့ရင် ၆လအတွင်း အရင်လျှောက်ထားတဲ့ ကဒ်ကုမ္ပဏီဆီထပ်မလျှောက်တာအကောင်းဆုံးပါပဲ။စစ်ဆေးမှုတစ်ခုကို ၆လကြာ မှတ်တမ်းတင်ထားတတ်လို့ပါတဲ့။

ဒါဆို ဘယ်မှာ သွားလျှောက်ရမလဲ။
ဂျပန်ရောက်ခါစဆိုရင် ရဖို့ ခက်ခဲပါတယ်။
ဒါ့ကြောင့်  Global serviceအပြင် နိုင်ငံခြားသားဖြစ်လည်း လျှောက်ထားရလွယ်ကူတဲ့ အမျိုးအစားကို ပြောရရင်

Rakuten Card
Shopping Card ဆိုပေမဲ့ visa, master card, JCB တံဆိပ်ရွေးလို့ရတော့ ခရက်ဒစ်ကဒ်အသုံးပြုနိုင်တဲ့ နေရာတိုင်း အသုံးပြုနိုင်ပါတယ်။
ခရီးသွားရင်လည်း၊ မြို့တွင်း ဈေးဝယ်ရင်လည်း အသုံးပြုနိုင်ပါတယ်။
ဖောင်ဖြည့်ပြီး cardလက်ထဲရောက်တဲ့အထိ ၂ပတ်၊၃ပတ် ကြာပါတယ်။အင်တာနက်မှတစ်ဆင့် အချက်အလက်တွေ ဖြည့်သွင်းရပါတယ်။

ကဒ်ရလာပြီဆိုရင်တော့ Rakutenမှဝန်ဆောင်မှုမှန်သမျှ အသုံးပြုနိုင်ပါတယ်။
ဥပမာ-
Rakuten အွန်လိုင်းရှော့ပင်း၊Rakuten point၊Edy၊ ဖုန်း၊ခရီးသွားဝန်ဆောင်မှု၊ မြို့တွင်း ဈေးဆိုင်၊ စားသောက်ဆိုင်များ

ကျွန်မကတော့ ဂျပန်စရောက်ရောက်ချင်း ဘဏ်ကနေ လျှောက်ထားတဲ့ ကတ်က မရတာနဲ့ Rakuten ကိုလျှောက်လိုက်ပါတယ်။ အိုကေတယ်။
နောက်Aeon card လျှောက်တယ်။ ရတယ်။ အခုတော့ ကတ်နှင့် ငွေရှင်းချင်တဲ့အခါ အဆင်ပြေသွားပါတယ်။
ခရစ်ဒစ်ကဒ်  အသုံးမလွန်ဖို့တော့ သတိရပါနော်။

တခြားကဒ်အမျိုးအစားတွေလည်း ရှိပါတယ်။ electronic money ဆိုလည်း အမျိုးမျိုး။

EM’s comment ⇒ လိုလိုမယ်မယ် credit card လုပ်ထားပေမယ့်
 debit cardနှင့် ရထားIC card (prepaid electronic money)ကို ပိုသုံးဖြစ်ပါတယ်။ အသုံးမလွန်တော့ဘူးပေါ့နော် ^^။

ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။အသုံးဝင်မယ်လို့ ထင်ပါတယ်။
အဆင်ပြေပါစေ။

EM

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗