ကျောင်းသားဗီဇာမှ အလုပ်ဗီဇာသို့ – အကျိုးဆောင်ရှေ့နေနှင့် တွေ့ဆုံမေးမြန်းခြင်း

【Unicode】

◈Ever Smile

ဒီတစ်ပတ်မှာတော့

နောက်နှစ်2019ခုနှစ်မှစ၍ အလုပ်စလျှောက်မည့်သူများနှင့် 2019ခုနှစ် 3လပိုင်းကျောင်းပြီး၍ 4လပိုင်း အလုပ်ဝင်မည့်သူများ
မိမိရရှိထားသော ဘွဲ့အမျိုးအစားနှင့် မိမိအလုပ်၊ဗီဇာကိုက်ညီမှုရှိမရှိ အလွယ်ကူဆုံးသိရှိစေရန်
သိထားသင့်သည့်အခြေခံအချက်များကို
ကျနော် မြန်မာစာသင်ပေးနေသော ဗီဇာလျှောက်ထားခြင်းအကျိုးဆောင်ရှေ့နေ Mr. Yokouchi ကို မေးမြန်းဖြစ်ခဲ့ပါတယ်။

Ever Smile
မင်္ဂလာပါ။ကျောင်းသားမှ အလုပ်ဗီဇာပြောင်းရာတွင် ဂရုစိုက်သင့်သည်များကို မေးခွင့်ပြုပါ
Mr.Yokouchi
ဟုတ်ကဲ့။သက်ဆိုင်တဲ့အချက်အလက်လေးတွေ ပြောပြသွားပါမယ်
Ever Smile
ကျနော်တို့က ဂျပန်နိုင်ငံ ဆန်းမွန်းကျောင်း၊ တက္ကသိုလ်မှ ဘွဲ့ရထားပါက ပြောင်းလို့ရနိုင်မယ့် ဗီဇာက ဘယ်လိုဗီဇာ အမျိုးအစားဖြစ်ပါသလဲ။
Mr.Yokouchi

技術・人文知識・国際業務ビザ

(ぎじゅつ・じんぶんちしき・こくさいぎょうむ)”နည်းပညာ ၊ Human resource၊ နိုင်ငံတကာစီးပွားရေး ပညာ” လို့ခေါ်တဲ့ ဗီဇာအမျိုးအစားဖြစ်ပါတယ်။

နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ ဘာသာရပ်တခုခုကို အထူးပြုလေ့လာထားသော အသိပညာရှင် ၊အတတ်ပညာရှင်အနေနဲ့ အလုပ်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

Ever Smile
ကျနော်တို့က အဲဗီဇာရဖို့ဆိုရင် ဗီဇာမရနိုင်တာတွေက ဘယ်လိုအလုပ်အမျိုးအစားများဖြစ်ပါသလဲ။
Mr.Yokouchi
အရိုးရှင်းဆုံးပြောရရင်တော့ မိမိလေ့လာသင်ယူထားသော ပညာရပ်တွေမလိုဘဲ သာမန်အလုပ်သမားတွေလုပ်လေ့ ရှိတဲ့အလုပ်အမျိုးတွေပါ။ ဥပမာ- ကွန်ဗီနီစတိုးမှာ Cashier ပဲကိုင်ရမည့်အလုပ်၊ စားသောက်ဆိုင်တွင် စားပွဲထိုး၊ စားဖိုမှူးအလုပ် စက်ရုံအလုပ်သမားတွေက ဒီဗီဇာရရန်ခက်ခဲပါတယ်။
Ever Smile
ကျနော်သိသလောက်ကတော့ ကျောင်းသားတွေ ကျောင်းပြီးပါက ကွန်ဗီနီစတိုး၊စားသောက်ဆိုင်၊ စက်ရုံတွေမှာ အလုပ်ရ၊ဗီဇာ ရလို့ အလုပ်လုပ်နေကြသူတွေလည်းရှိပါတယ်။
Mr.Yokouchi
ကွန်ဗီနီမှာ အလုပ်လုပ်လို့မရတာ မဟုတ်ပါဘူး။

Cashier စက်ပဲကိုင်ရပြီး အလုပ်ဝင်နေကြတဲ့ နိုင်ငံခြားသားတွေအများကြီးရှိပါတယ်။ တကယ်ဒီဗီဇာရရင် Cashier တစ်ခုတည်းလုပ်ရတာမဟုတ်ပါဘူး။

☆အချိန်ပိုင်းအလုပ်သမားတွေကို အလုပ်ချိန် စီစဉ်တကျဝင်နိုင်ဖို့ထည့်ပေးရခြင်း
☆ပစ္စည်း အော်ဒါမှာခြင်း၊ ငွေစစ်ခြင်း စသည်ဖြင့်
Management လုပ်ရတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။

တကယ့်လုပ်ငန်းကြီးတွေကနေ ခန့်အပ်ခံရခြင်း
ဥပမာ-Seven Eleven Holding မှ အလုပ်ခန့်အပ်ခြင်းခံရပါက တစ်ဆင့်ပြီးတစ်ဆင့် လေ့လာသင်ယူကာ နောက်ပိုင်းတွင် ဆိုင်များစွာကို Management လုပ်ရပါမယ်။ရုံးချုပ်တွေမှာ လုပ်ရတာလည်းရှိပါတယ်။

ကွန်ဗီနီမှာ အလုပ်ခန့်သည့်နေရာတွင် Owner ဆိုင်လို့ခေါ်တဲ့ ပိုင်ရှင်သီးသန့် ရှိတဲ့  စတိုးဆိုင်ဆိုရင် ထိုဆိုင်မှ ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းလည်းရှိပါတယ်(ကျောင်းသားတုန်းက အချိန်ပိုင်းလုပ်ပြီး၊ကျောင်းပြီးနောက် တိုက်ရိုက်ခန့်သည့်အခါ)။ ယင်းဆိုင်ရှင်မှ ဒီဝန်ထမ်းသည် ဆိုင်၏Management ကိုပါ လုပ်ကိုင်ပါမည်ဟူသော အထောက်အထားစာ များထုတ်ပေးပါက ဗီဇာရရှိနိုင်ပါတယ်။

ဒါပေမဲ့ ဗီဇာရစေဖို့ လိမ်လည်ထုတ်ပေးသည်များလည်းရှိနေသည်ကို ဂျပန်လဝကမှလည်းသိနေပါသဖြင့် စစ်ဆေးမှုတင်းကြပ်ပါတယ်။ အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။
စားသောက်ဆိုင်နှင့် စက်ရုံအလုပ်များသည်လည်း ထို့အတူဖြစ်ပါတယ်။
ဒါကြောင့် အကယ်၍ မိမိက စီးပွားရေးဆန်းမွန်းကျောင်းပြီး၊ တက္ကသိုလ်မှ ဘွဲ့ရဖြစ်ပါက မိမိနှင့် မိမိလုပ်လိုသောအလုပ် ဗီဇာရနိုင်မရနိုင်နှင့် လိုအပ်သည့် စာရွက်စာတမ်းများကို တတ်သိနားလည်သော အကျိုးဆောင်များနှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Ever Smile
မည့့်သည့်အလုပ်က မိမိဘွဲ့နှင့် ကိုက်ညီသည်၊ မည့်သည့်အလုပ်က မကိုက်ညီပါ ဆိုသည်ကို မည်သို့ စစ်ဆေးရန်လိုအပ်ပါသလဲ။
Mr.Yokouchi

(1) အကယ်၍ သင်သည် သင်နိုင်ငံမှ ဘွဲ့ရဖြစ်ပါက ဂျပန်နိုင်ငံတွင် ဂျပန်ဘာသာစကားသင်တန်းကျောင်းပြီးရုံနှင့်လည်း လျှောက်ထားနိုင်သောအလုပ်များရှိပါတယ်။မိမိနိုင်ငံမှာ သင်ခဲ့တဲ့ နယ်ပယ်သာ ရပါတယ်။ ( ကွန်ပျူတာသိပ္ပံနှင့် ကျောင်းပြီးရင် ဆက်စပ် ဆော့ဝဲလ်ပိုင်းတို့ဘာတို့)
(2) သင့်နိုင်ငံတွင် ဘွဲ့မရခဲ့ပါက ဂျပန်နိုင်ငံတွင် အနည်းဆုံး ဆန်းမွန်းပြီးရပါမယ်။
မိမိနိုင်ငံမှဘွဲ့ရခဲ့၍ ဂျပန်တွင် ဆန်းမွန်း၊ တက္ကသိုလ်ပြီးပါက အလုပ်အကိုင်အခွင့်အရေးက အလွန်ကျယ်ပြန့်ပါတယ်။ မိမိရရှိထားသော ဘွဲ့အားလုံးထဲမှ မိမိလုပ်ကိုင်နိုင်သော အလုပ်များကိုရှာဖွေလို့ရပါတယ်။

★အလုပ်အမျိုးအစားကို ပြန်ပြောရရင်★

ဥပမာ(1) မြန်မာနိုင်ငံတွင် ITဘွဲ့ရ၊ ဂျပန်တွင် Business ဘွဲ့ရဖြစ်ပါက ထိုသူသည် IT ရော စီးပွားရေး နှင့်သက်ဆိုင်သော အလုပ်နေရာရော လျှောက်ထားလို့ ရပါတယ်။
ဥပမာ (2) မြန်မာနိုင်ငံတွင် ဘာသာစကားမေဂျာတစ်ခုခုဖြင့်ဘွဲ့ရထားပြီး ဂျပန်တွင် ခရီးသွားလုပ်ငန်းဘွဲ့ရထားပါက ဘာသာပြန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေမှာ လုပ်လို့ရပါတယ်။

Ever Smile
မိမိရရှိထားသောဘွဲ့ နှင့် အလုပ်ကိုက်ညီမှုရှိပါက ဗီဇာအတွက် တခြားစိတ်ပူစရာများ ရှိပါသေးလား သိပါရစေ။
Mr.Yokouchi
ဟုတ်ကဲ့၊ ရှိပါသေးတယ်။ မိမိကိုခန့်အပ်သော ကုမ္ပဏီမှ မိမိနှင့် ရာထူးတန်းတူဂျပန်လူမျိုးများထက် မိမိလခက နည်းနေပါက ဗီဇာမရနိုင်ပါ။ အကယ်၍ သင်ကများနေပြီး ဂျပန်လူမျိုးများက နည်းနေပါက ပြဿနာမရှိပါ။
Ever Smile
အခြားသတိထားရမည့် အချက်များကိုလည်း သင်ပြပေးပါနော်။
Mr.Yokouchi
တခြားအနေနဲ့ကတော့ မိမိအလုပ်ဝင်မည့် လုပ်ငန်းက လုပ်ငန်းဝင်ငွေအရှုံး နှစ်တွေဆက်တိုက်ပြနေရင်တော့ လုပ်ငန်းဘက်မှ နိုင်ငံခြားသားတစ်ဦးကို အလုပ်ရည်ရှည်ခန့်အပ်နိုင်သော အရည်အချင်းမရှိ၍ ဗီဇာမရနိုင်ချေရှိပါတယ်။ တစ်နှစ်တလေ လုပ်ငန်းတိုးချဲ့လို့ အရှုံးပြနေတာက ပြဿနာ မရှိပါဘူး။
Ever Smile
အခုလိုအသေးစိတ်ရှင်းပြပေးတာကျေးဇူးတင်ပါတယ်။ အကယ်၍ အခြားဆွေးနွေးတိုင်ပင်လိုသည်များရှိပါက ဆက်သွယ်၍ ရနိုင်သော လိပ်စာလေးများ စာဖတ်သူများအတွက် တောင်းဆိုချင်ပါတယ်။
Mr.Yokouchi
ဟုတ်ကဲ့၊ရပါတယ်။ ကျနော်က အခုမြန်မာစာသင်နေပါတယ်။ မြန်မာလူမျိုးတွေကို အရမ်းသဘောကြတဲ့အတွက်ကြောင့် မိတ်ဆက်စကားပြောပြီး ဖုန်းနဲ့ပဲဖြစ်စေ၊လူကိုယ်တိုင်ပဲဖြစ်စေ လာရောက်ဆွေးနွေးနိုင်ပါတယ်။

ကျောင်းမှ အလုပ်ဗီဇာပြောင်းဖို့ပြင်နေတဲ့ သူငယ်ချင်းတို့
ဒီစာလေးဖတ်ပြီး အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။
အဆင်ပြေပါစေ။

✦PROFILE✦

マンデラ国際行政書士事務所
行政書士 : 横内 仁 亮
〒 169-0075
東京都新宿区高田馬場3-2-14-504
📱 080-3710-0481
✉ masaaki@mandala.tokyo

◈Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀