✿ဂျပန်ကုမ္ပဏီအင်တာဗျူးအစီအစဉ်✿

【Zawgyi】 Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

■EM
ဂျပန်ကုမ္ပဏီအကြောင်းသိချင်ကြသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။
ဒီတစ်ခေါက် အင်တာဗျူးမှာတော့
နိုင်ငံတကာမှ အင်ဂျင်နီယာကျောင်းသူကျောင်းသားများအတွက် အလုပ်အကိုင်မိတ်ဆက်ပေးနေတဲ့ 株式会社エージェント / AGENT, Inc. Career Solution အဖွဲ့မှ Mr. Tateno နှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

ဂျပန်မှာ အလုပ်အကိုင်ရှာဖွေနေသူများအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ကုမ္ပဏီလင့်ခ်ကို တိုက်ရိုက်ကြည့်ချင်ရင်တော့

EM :Working Friends
မင်္ဂလာပါရှင့်
Mr.TATENO
မင်္ဂလာပါ
EM :Working Friends
အရင်ဆုံး ကုမ္ပဏီအကြောင်း သိပါရစေ။
Mr.TATENO
မင်္ဂလာပါ။ AGENT,Inc.မှ Tateno လို့ ခေါ်ပါတယ် ။ Career Solution အဖွဲ့မှာ တာဝန်ယူဆောင်ရွက်နေပါတယ်။
ကျွန်တော်တို့ကုမ္ပဏီက ဂျပန်နိုင်ငံ ရှိဘုယမှာ ရုံးချုပ်ရှိပြီး၊ အလုပ်အကိုင်မိတ်ဆက်သည့်လုပ်ငန်းလုပ်ကိုင်ပါတယ်။
လူမျိုးမခွဲခြားဘဲ အလုပ်မိတ်ဆက်ခြင်း ၊စေလွှတ်ဝန်ထမ်းမိတ်ဆက်ခြင်းပါ။

လုပ်ငန်းနယ်ပယ်ကတော့ ၄မျိုးခွဲခြားထားပါတယ်။
☑ Sales Solution :mobile shop (docomo, au)သို့ အရောင်းဝန်ထမ်းစေလွှတ်ခြင်း၊ အရောင်းမြှင့်တင်ရေး ဝန်ဆောင်မှု
☑ Tech Solution : ကုမ္ပဏီလုပ်ငန်းစဉ်၊ လုပ်ငန်းအချက်အလက်များကို digital စနစ်ပြောင်းလဲခြင်း
☑Marketing Solution : digital marketing လိုအပ်ချက်များကို ဖြေရှင်းပေးခြင်း (net affiliate, real affiliate)
☑ Career Solution

Mr.TATENO
Career Solution :Career ပိုင်းမှာတော့ ၃မျိုးထပ်ခွဲထားပါတယ်။

ဘွဲ့ရပြီး၂နှစ်အတွင်း အလုပ်မရသေးသူများ၊ အလုပ်ဝင်ပြီးပြီးချင်း ပထမဆုံး ဝင်သော အလုပ်မှာ အဆင်မပြေခဲ့သူများ၊ ပိုမို ကောင်းမွန်တဲ့ careerရလိုသူများအတွက် ရည်ရွယ်ပြီး အလုပ်မိတ်ဆက်ခြင်း

နိုင်ငံတကာမှ အင်ဂျင်နီယာများအတွက် အလုပ်မိတ်ဆက်ခြင်း။ဂျပန်စာN3 အထက်ရှိတဲ့ mechanical, IT, electrical အင်ဂျင်နီယာများကို အဓိက target ထားပါတယ်။
ဂျပန်နိုင်ငံအတွင်းသာမက ပြည်ပမှာနေထိုင်သူများကိုလည်း ဂျပန်နိုင်ငံရှိကုမ္ပဏီဆီ မိတ်ဆက်ပေးပြီး၊ ပြည်ပမှာဆိုရင် တိုက်ရိုက် အလုပ်အကိုင် ပြပွဲ ကျင်းပရွေးချယ်ကာ ဂျပန်စာအရည်အချင်းမြှင့်တင်နိုင်ရေးကိုလည်း ကူညီဆောင်ရွက်ပေးပါတယ်။ဒါ့အပြင် ဂျပန်မှာ နေထိုင်သူ ကျောင်းသူကျောင်းသားများရဲ့ career ဆွေးနွေးမှုကိုလည်း ဆောင်ရွက်ပေးပါတယ်။

Side business လုပ်လိုသူများအတွက် “bit work”သတင်းမီဒီယာကိုလည်း ဆောင်ရွက်နေပါတယ်။

EM :Working Friends
အင်ဂျင်နီယာမိတ်ဆက်ခြင်းမှာ နိုင်ငံလူမျိုးမရွေး၊ ဂျပန်နိုင်ငံတွင်းအပြင် မခွဲခြားဘူးလို့သိရပါတယ်။ ဘယ်လိုမျိုးလဲဆိုတာ အသေးစိတ်သိလို့ရမလား။
Mr.TATENO
ဟုတ်ကဲ့။
အခုလက်ရှိမှာ ဗီယက်နမ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ကိုရီးယားနိုင်ငံ၊မြန်မာနိုင်ငံမှ အင်ဂျင်နီယာများကို အလုပ်မိတ်ဆက်ပေးခဲ့ဖူးတဲ့ ရလဒ်တွေရှိပါတယ်။
အဆိုပါ နိုင်ငံများကို ကိုယ်တိုင်တိုက်ရိုက် သွားပြီး၊ အင်တာဗျူးရွေးချယ်၊ သတ်မှတ်စံနှုန်းနှင့် ပြည့်ညီသူကို အလုပ်မိတ်ဆက်ပေးပါတယ်။ ရွေးချယ်တာသာမက ဂျပန်စာသင်ကြားရေးနှင့် ဂျပန်လာရောက်ရန်လိုအပ်သည့် ဗီဇာကိစ္စအဝဝအထိ ကူညီဆောင်ရွက်ပေးပါတယ်။

မြန်မာနိုင်ငံမှ ဒီနှစ်မှာ အလုပ်မိတ်ဆက်ပေးခဲ့တာကတော့
မန္တလေး နည်းပညာတက္ကသိုလ်MTUမှ ဘွဲ့ရကျောင်းသားဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှ ဂျပန်စာသင်တန်းကျောင်းနှင့် ပူးပေါင်းပြီး MTU တွင် ဂျပန်စာသင်ခန်းလည်း ဖွင့်လှစ်ထားပါတယ်။

အိန္ဒိယမှာဆိုရင်တော့
လူတွေ့စစ်ဆေးမှုအပြီး အောင်မြင်သူကိုစုပြီး ဂျပန်စာသင်ကြားစေပါတယ်။ အင်ဂျင်နီယာကျောင်းဆင်း၊အင်ဂျင်နီယာစွမ်းရည် ရှိပြီးသားဖြစ်သည့်အတွက် ဘာသာစကားစွမ်းရည်ကို မြင့်တင်ပေးတာပါ။

အစီအစဉ်ကတော့ ဒီလိုပါ

EM :Working Friends
အမျိုးမျိုးဝန်ဆောင်မှုပေးနေတာပဲနော်။လုပ်ငန်းတွင်ကျယ်အောင် ဦးစားပေးအလေးပေးတဲ့အရာမျိုးရှိပါသလား။
Mr.TATENO
ကျွန်တော်တို့က အလယ်လတ်စား ကုမ္ပဏီဖြစ်တာနှင့်အညီ စိန်ခေါ်လိုမှုကို အမြဲ အလေးအနက်ထားပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း career solution အဖွဲ့ဝင်ပြီး ၁နှစ်အတွင်းမှာပဲ ဂျပန်နိုင်ငံတွင်းသာမက နိုင်ငံခြားထိ (ဗီယက်နမ်၊ကိုရီးယား၊အိန္ဒိယ)သွားပြီး၊ အလုပ်အခွင့်အလမ်းရရှိအောင် ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။
ဘယ်သူမဆို ကြိုးစား၊စိန်ခေါ်လိုစိတ်ရှိတယ်ဆိုရင် အခွင့်အရေးရရှိပြီး၊
ကုမ္ပဏီအနေနှင့် ဝန်ထမ်းလူကြီး၊လက်အောက်ငယ်သား လူမှုဆက်ဆံရေးလည်း မတင်းကြပ်တဲ့အတွက် အားလုံး စိတ်တူကိုယ်တူ ကြိုးစားလို့ရပါတယ်။
EM :Working Friends
ဘယ်သူမဆို အခွင့်အရေးရှရှိနိုင်တာကတော့ စိတ်ဝင်စားစရာ အချက်ပါပဲ။လက်တွေ့ အလုပ်ခန့်အပ်၊မိတ်ဆက်ပေးတဲ့အခါမှာ ဘယ်လိုလူမျိုးပုံစံဆိုပြီး ကန့်သတ်ချက်လေးတွေ ရှိပါသလား။
Mr.TATENO
မသတ်မှတ်ထားပေမယ့် အလုပ်ကို သေချာလုပ်ကိုင်နိုင်သူ၊ မိမိကိုယ်ကို ယုံကြည်မှုရှိသူမျိုးက ကျွန်တော်တို့နှင့် သင့်တော်တယ်လို့ ထင်မိပါတယ်။
EM :Working Friends
ဘယ်လိုလူမျိုးကို အလုပ်ခန့်အပ်မိတ်ဆက်ပါသလဲ။
Mr.TATENO
နိုင်ငံခြားသား၊ဂျပန်လူမျိုးဆိုပြီး မခွဲခြားတဲ့အတွက်border-less ဖြစ်ပါတယ်။
Target ပုံစံတော့ မသတ်မှတ်ထားပေမယ့် ကျွန်တော်တို့ ကုမ္ပဏီတွင်း global အဖွဲ့ဆိုရင်တော့ ဂျပန်စာတတ်ကျွမ်းရမည့်အပြင် အင်္ဂလိပ်စာလည်း ကျွမ်းကျင်ရပါမယ်။ အလုပ်ရှာဖွေရေးလုပ်ငန်းမှာ user ကို support လုပ်ပေးနိုင်လောက်သူဖြစ်ရပါမယ်။

Mobile sales ပိုင်းမှာတော့ N2 အထက်နှင့် လူမှုဆက်ဆံရေးကောင်းမွန်သူဆိုလျှင် အဆင်ပြေပါတယ်။ဈေးဝယ်သူဧည့်သည်တွေနှင့် ထိတွေ့ဆက်ဆံရမှာ ဖြစ်လို့၊ ဂျပန်စာအရည်အချင်း မြင့်မားသူမျိုးကို လက်ခံခန့်အပ်ပါတယ်။ အရောင်းဝန်ထမ်းနှင့် event staff ကတော့ ဂျပန်စာအရည်အချင်း N2 အထက်ရှိထားရင် ပိုအဆင်ပြေပါတယ်။

အင်ဂျင်နီယာမိတ်ဆက်ပေးရာမှာကတော့ Skills နှင့် ဂျပန်စာN3၊ အလုပ်လုပ်ချင်စိတ်ရှိရပါမယ်။

EM :Working Friends
အလုပ်မိတ်ဆက်ပြီးနောက်ပိုင်း ကုမ္ပဏီဝင်တဲ့အခါမှာ ဘယ်လိုမျိုး training တွေ ရှိပါသလဲ။
Mr.TATENO
ဟုတ်ကဲ့
Mobile sales ပိုင်းမှာက training တစ်လရှိပါတယ်။ ကာလအတွင်းမှာ ဂျပန်business manner နှင့် အရောင်းဝန်ထမ်းနှင့် သက်ဆိုင်တဲ့ ဗဟုသုတ မှတ်သားစရာများ၊ဖုန်းနှင့် သက်ဆိုင်တဲ့ ဗဟုသုတများကို လေ့လာစေပါတယ်။
အင်ဂျင်နီယာ မိတ်ဆက်ကုမ္ပဏီမှာကတော့ ကုမ္ပဏီတစ်ခုနှင့်တစ်ခု ကွဲပြားမှုတော့ ရှိပေမယ့် အနည်းဆုံး ဝန်ထမ်းသစ်အတွက် training ၂လခန့် ရှိပါတယ်။ ၂လအတွင်းမှာ သက်ဆိုင်ရာ အင်ဂျင်နီယာပိုင်းနှင့်ဂျပန်စာလေ့ကျင့်ပေးပါတယ်။
EM :Working Friends
အလုပ်ဝင်ပြီးနောက် အနာဂတ်တိုးတက်ရေး အလားအလာရှိပါသလား။
Mr.TATENO
၂၀၃ဝခုနှစ်မှာ ဂျပန်နိုင်ငံတွင် အင်ဂျင်နီယာဦးရေ မလုံလောက်မှု လူ၃သိန်းကျော်အထိရှိလာနိုင်တယ်လို့ ပညာရှင်တို့ ခန့်မှန်းထားကြပါတယ်။ မလုံလောက်သည့်အတွက် ဈေးကွက်တန်ဖိုးကလည်း မြင့်မားလာမယ်။ ဝင်ငွေလည်း မြင့်မားလာနိုင်ပါတယ်။ ဒါတင်သာမက အင်္ဂလိပ်စာကျွမ်းကျင်သူ၊ IT ၊စက်ပစ္စည်းနည်းပညာ ကျွမ်းကျင်သူက ပိုမို မြင့်မားတဲ့ နေရာတစ်ခုကို ရနိုင်တဲ့အတွက် ဂျပန်မှာ ကြာကြာနေထိုင်ချင်သူက အင်ဂျင်နီယာလိုင်းက အဆင်ပြေမယ်လို့ ထင်ပါတယ်။
မြန်မာပြန်တဲ့အခါမှာလည်း အလုပ်ရာထူးကောင်းကောင်း ရနိုင်တယ်လို့ မြင်မိပါတယ်။
EM :Working Friends
နိုင်ငံခြားသားကို အလုပ်မိတ်ဆက်ပေးသည့်အခါ အခက်အခဲရှိပါသလား။
Mr.TATENO
အလုပ်အင်တာဗျူးမှသည် ဂျပန်ရောက်လာသည်အထိ ထွေထွေထူးထူး ပြဿနာမရှိခဲ့ပါဘူး။
တစ်ခါတုန်းကတော့ အလုပ်အမြဲနောက်ကျတာမျိုး၊အလုပ်ခဏခဏနားတာမျိုးတော့ ရှိခဲ့ဖူးပါတယ်။
EM :Working Friends
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ဆုံးအနေနှင့် စကားလက်ဆောင်လေး ပြောကြားပေးပါအုံး။
Mr.TATENO
အင်ဂျင်နီယာစိတ်ဝင်စားသူများ၊ နိုင်ငံလူမျိုး မခွဲခြားဘဲ အလုပ်ချိတ်ဆက်ပေးနေသည့်အတွက် ဆက်သွယ်ပေးပါနော်။ စောင့်မျှော်နေပါမယ်။

ကုမ္ပဏီကို တိုက်ရိုက်လျှောက်ထားချင်ရင်တော့

AGENT,Inc

Company profile

Company name
AGENT,Inc

Tokyo Head Office
〒150-0042東京都渋谷区宇田川町33-7 アイ・アンド・イー渋谷ビル4F

Branch Offices
Osaka Office,Nagoya Office,Fukuoka Office,Hiroshima Office

Established
April 2004

Capital
50 million yen

Representative
Representative Director :四宮 浩二

Number of employees
220

ဂျပန်ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်လိုသော အင်ဂျင်နီယာများ
အခွင့်အရေးလက်လွှတ်မခံပါနဲ့နော်။
ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

နောင်လည်း အစီအစဉ်ကောင်းတွေ တင်ဆက်ပေးမှာ ဖြစ်လို့
စောင့်မျှော်ပေးပါအုံးနော်။
■EM

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗