လုပ်ငန်းခွင်ဖက်ရှင်

【Zawgyi】 Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)

■Hikari Moe

သည်းကျော်ချန်တို့ရေ…. ဒီတစ်ခါလုပ်ငန်းခွင်ပေါ်က ဖက်ရှင်တွေအကြောင်းပြောကြမယ်။ ဂျပန်နိုင်ငံက ရုံးဝန်ထမ်းတွေ ကုတ်အင်္ကျီင်္ီတွေပဲ ဝတ်ဆင်ကြတာလား ဆိုတဲ့မေးခွန်းကို ခဏခဏလာမေးကြပါတယ်။ ကုတ်အင်္ကျီနှင့်ဘောင်းဘီဆိုတာက ကုမ္ပဏီတွေရဲ့အခြေခံ ဝတ်စားဆင်ယင်မှုပါ။ casual wear လို့ခေါ်တဲ့ ပေါ့ပေါ့ပါးပါး အဝတ်အစားများကိုလည်း ဝတ်ဆင်ကြပါတယ်။ ဒီလိုcasual wearတွေကို မိမိတို့ရဲ့လုပ်ငန်းခွင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုဝတ်ဆင်ကြမလဲ ဆိုတာကို ပြောပြပေးပါ့မယ်။

ခြေခံ ဝတ်စားဆင်ယင်မှုမှာတော့

 

ရှပ်အင်္ကျီ ပုံစံလက်ရှည်နဲ့စကတ်အတို
Basic casual wear ပုံစံပါ။ ရှပ်အင်္ကျီ ကပွပွလေးဆိုပိုကောင်းပါတယ်။
အတွင်းခံကိုယ်ကျပ်၊ အပေါ်ခြုံလက်ရှည်၊ စကတ်အတို
ဆောင်းရာသီရဲ့basic casual wearပုံစံပါ။
လက်ပင်းအထောင် ဆွယ်တာ၊ အပေါ်ခြုံ လက်ရှည်အပွ၊ ဘောင်းဘီရှည်အပွ
ဆောင်းရာသီဝတ်စားဆင်ယင်ပုံ ပါ။ ဧည့်သည်နဲ့တွေ့ဖို့ဆိုရင်တော့ မဝတ်သင့်ပါဘူး။
လက်တစ်ဝက်ဘလောက်စ် အင်္ကျီ ၊ ဘောင်းဘီအရှည်
နွေရာသီရဲ့ ဝတ်ဆင်မှုပုံစံပါ။

 

မိမိရဲ့အလုပ်အပေါ်မူတည်ပြီးဝတ်ဆင်သင့်တာတွေကတော့

 

ငွေကြေးလုပ်ငန်းများ၊ဘဏ်၊ကုန်ပစ္စည်းထုတ်လုပ်သူ၊ဆေးပစ္စည်းအရောင်းကုမ္ပဏီ
အများရဲ့ယုံကြည်မှု၊စိတ်ချရမှုကိုနံပါတ်တစ်နေရာမှာထားတဲ့သူတွေဖြစ်လို့အဝတ်အစားကပုံမှန်ကုတ်အင်္ကျီနှင့် အပြင်အဆင်မှာရိုးရိုးယဉ်ယဉ်လေးဖြစ်နေသင့်ပါတယ်။ ကုတ်အင်္ကျီ  အရောင်ကမီးခိုးရောင်ဆိုရင်ပိုကောင်းပါတယ်။
နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းများ၊အကြံပေးလုပ်ငန်း
အများရှေ့မှာစကားထွက်ပြောသူ၊မီဒီယာတွေနဲ့ထိတွေ့ရမဲ့သူတွေဖြစ်တာကြောင့်dramatic style ကသင့်လျော်ပါတယ်။အဖြူအမဲကာလာ၊အနီအနက်နဲ့အပြာအနက်စတဲ့အရောင်တွဲဖက်မှုတွေကလူကိုပိုပြီးထင်ရှားစေပါတယ်။
မီဒီယာလုပ်ငန်းများ၊ကြော်ငြာလုပ်ငန်း၊ဒီဇိုင်းလုပ်ငန်း၊ဖက်ရှင်လုပ်ငန်း၊အလှပြုပြင်ရေး
Creative အလုပ်များဖြစ်တာကြောင့်လွတ်လပ်စွာဝတ်စားဆင်ယင်နိုင်ပါတယ်။အပြင်အဆင်ပိုင်းမှာတော့creative ဖြစ်နေရင်ပိုကောင်းပါတယ်။

 

 အဝတ်အစားတစ်ခုချင်းစီနှင့် ပတ်သက်ပြီး သိထားသင့်တဲ့ ဆောင်ရန်၊ရှောင်ရန်များ 
အပေါ်ကုတ် အင်္ကျီ ဝယ် မယ်ဆိုရင်
လက်ရှည်ကိုဝယ်သင့်ပါတယ်။ခုခေတ်မှာတော့လက်တဝက်ကုတ်အင်္ကျီတွေ ပေါ်နေပါပြီ။တထောင်ဆစ်လောက်အထိရှည်တဲ့လက်နဲ့ ကုတ်အင်္ကျီ ဟာprofessional ပုံစံမပေါက်လို့ရှောင်သင့်ပါတယ်။တစ်နှစ်လုံးသုံးမှာဖြစ်လို့မကျေတဲ့အသားကိုရွေးဝယ်သင့်ပါတယ်။cottonကုတ်အင်္ကျီတွေကတော့ဝတ်ရင်အေးပေမဲ့အသား က ကျေလွယ်ပါတယ်။ နွေရာသီကုတ်ဝယ်ရင်တော့နွေရာသီအထူးထုတ်cotton အသားမဟုတ်တာတွေကိုရွေးဝယ်ဖို့တိုက်တွန်းလိုက်ပါတယ်။
ရုံး စကတ်ဝယ်မယ်ဆိုရင်
ရိုးရှင်းတဲ့ပုံစံ၊ ဆွဲသားဖြစ်ပြီး ဒူးဆစ်အုပ်ရုံအရှည်လေးတွေက ပိုပြီးဆွဲဆောင်မှုရှိစေမှာ ဖြစ်ပါတယ်။ အဆင့်တန်းမြင့်မြင့်နဲ့လှပနေတဲ့ ပုံစံကို ပုံဖော်ပေးမှာဖြစ်ပါတယ်။ ဝတ်ပြီး ခုံမှာထိုင်လိုက်တဲ့အခါမှာတော့ ၁ဝစင်တီမီလောက်အပေါ်ကို တက်သွားမှာဖြစ်လို့ အရှည်ကိုမဝယ်ခင် သေသေချာချာစစ်ဖို့လိုပါတယ်။ အထိုင်အထလုပ်မှာဖြစ်လို့ ကျေတဲ့အသားကို မဝယ်သင့်ပါဘူး။ အသားကပ်ခြေအိတ်ကို မဖြစ်မနေဝတ်သင့်ပါတယ်။ ခြေသလုံးသားကြီးသူများကတော့ အသားကပ်ခြေအိတ် အမဲရောင်ကိုဝတ်ဆင်သင့်ပါတယ်။ အမဲရောင်ဟာခြေတံသွယ်သရောင်ထင်စေမှာဖြစ်ပါတယ်။
pant ဘောင်းဘီဝယ်မယ်ဆိုရင်
Full legging straight pantဘောင်းဘီကအကောင်းဆုံးပါ။ သွက်လက်ဖြတ်လတ်နေတဲ့ပုံစံပေါက်သလို၊ အထိုင်အထပြုလုပ်တဲ့နေရာမှာလည်း အဆင်ပြေစေပါတယ်။ အရမ်းပါးတဲ့အသားဆိုရင် အဆင်မသင့်ရင် အတွင်းခံနေရာက ပေါ်နေတတ်လို့ အသားထူထူရွေးဝယ်ဖို့တော့ လိုပါတယ်။ အဖြူရောင်ကတော့ ပါးလွန်းလို့ရှောင်သင့်ပါတယ်။ အရွေးမှားရင်business ဘက်မရောက်ဘဲ sexy ပုံစံဖြစ်သွားတတ်ပါတယ်။ အမဲရောင်ကတော့ပုံမှန်ပါ။ အညိုနဲ့မီးခိုးရောင်တွေလည်း ကောင်းပါတယ်။ ခုနောက်ပိုင်းlight beige,grey beige အရောင်တွေလည်း ခေတ်စားလာပါတယ်။ အရောင်ရင့်တွေက လူကြီးပုံစံပေါက်ပြီး၊ အရောင်နုနုလေးတွေကတော့ ယဉ်ယဉ်လေးနဲ့လှပစေပါတယ်။ အရောင်တောက်လွန်းတဲ့လိမ္မော်ရောင်၊ အနီရောင်တွေကတော့ရှောင်သင့်ပါတယ်။ ဂျင်းဘောင်းဘီကတော့ အလုပ်မှာလုံးဝမဝတ်သင့်ပါဘူး။
အောက်ခံအင်္ကျီအပါးဝယ်မယ်ဆိုရင်
အင်္ကျီ ပါးရင် အောက်ခံအင်္ကျီ အပါးလေးတွေနဲ့တွဲဝတ်တာအကောင်းဆုံးပါ။ ချွေးစုတ်တဲ့အသားဆိုရင် ကောင်းသလို၊ အင်္ကျီမှာ ချွေးကွက်တွေမပေါ်မဲ့အသားကတော့ အကောင်းဆုံးပါ။ ရင်မဟိုက်စေဖို့လည်း သတိပြုသင့်တယ်။ ဂျပန်နိုင်ငံမှာဆိုရင်တော့ UNIQLO  အရောင်းဆိုင်မှာရှိပါတယ်။ Vပုံစံလည်ပင်း၊ Uပုံစံလည်ပင်းစသဖြင့် အမျိုးမျိုးရှိပါတယ်။ လည်ပင်းပေါက်အကျယ်က လည်ပင်းကနေအောက်ဖက်ဆင်းရင် 7စင်တီမီတာလောက် အနက်ကအကောင်းဆုံးပါ။
ဂါဝန်ဝယ်မယ်ဆိုရင်
အရမ်းအပွကြီးတွေကမကောင်းပါဘူး။ ခန္ဓာကိုယ်နဲ့ကွက်တိလောက်ပဲ ကောင်းပါတယ်။ formalပုံစံလေးတွေကိုတော့ အခမ်းအနားတွေမှာလည်း ဝတ်ကြပါတယ်။
ဆွယ်တာဝယ်မယ်ဆိုရင်
ဆောင်းရာသီ ကုတ်အင်္ကျီ အောက်မှာဝတ်တာများပါတယ်။ အနက်ရောင်က လူသုံးများပါတယ်။ လက်မှာကြယ်သီးတွေ၊ လည်ပင်းမှာကြယ်သီးတွေပါတာတွေကို ရှောင်သင့်ပါတယ်။
ဖိနပ်ဝယ်မယ်ဆိုရင်

၃စင်တီကနေ ၅စင်တီကြားက ဒေါက်အမြင့်ဟာ အကောင်းဆုံးပါ။ ဖိနပ်ဘေးဘက်က နည်းနည်း ကျယ်တာကောင်းပါတယ်။စီးရတာအဆင်ပြေပါတယ်။ ခြေအိတ်က အသားရောင်က အကောင်းဆုံးပါ။

Casual wearတွေကို အလုပ်အင်တာဗျူးတွေမှာတော့ မဝတ်ပါနဲ့လို့ အကြံပေးပါရစေ။

အပေါ်မှာဖော်ပြခဲ့တဲ့ ပစ္စည်းလေးတွေကတော့ ဝယ်ထားသင့်တဲ့ပစ္စည်းလေးတွေပါ။

ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။

သည်းကျော်ချန်တို့ရေ…… နောက်တခါပြန်တွေ့ကြမယ်နော်။

ဘိုင့်ဘိုင်

ချစ်တဲ့-ဟိခါ့လိမိုး

■Hikari Moe

Author Profile

Hikari Moe
Hikari Moe
👩🏻‍💻တိုကျိုကကုမ္ပဏီတခုရဲ့ ဝန်ထမ်းတဦးပါ။
🖊စာရေးခြင်းရဲ့ ရည်ရွယ်ချက်ဟာ အသိပညာနဲ့ ကိုယ်တွေ့ အတွေ့အကြုံများကို မျှဝေပေးဖို့ပါ။
📚လက်ရှိလဲ ဂျပန်နိုင်ငံရဲ့ ဗဟုသုတများကို စုစည်းနေပါတယ်။
🤗ဂျပန်သည်းကျော်ချန်အားလုံးအတွက် အသုံးဝင်သော ဗဟုသုတများနဲ့ အကြံဉာဏ်များလဲပေးချင်ပါတယ်။
🙋🏻သိလိုသောအကြောင်းအရာများရှိလျှင် comment တွင်ရေးသားနိုင်ပါတယ်။
အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေးပါ့မယ်။
ချစ်တဲ့💖သျှင်မိုး