✿ဂျပန်ကုမ္ပဏီအင်တာဗျူးအစီအစဉ်✿

【Zawgyi】 Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)
■EM
💠ဂျပန်ကုမ္ပဏီအကြောင်း သိလိုသူများအတွက်
💠Sound System, Robot နည်းပညာစိတ်ဝင်စားသူ အင်ဂျင်နီယာများအတွက်
MEMO Technos Inc.မှ ကုမ္ပဏီဥက္ကဌ Mr.WATANABE နှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။

လုပ်ငန်းနယ်ပယ်အကြောင်းနှင့် မြန်မာလူမျိုးခန့်အပ်သွားမယ့် အကြောင်းကိုလည်း အသေးစိတ်ပြောပြပေးခဲ့ပါတယ်။

EM
မင်္ဂလာပါရှင့်
Mr.WATANABE
မင်္ဂလာပါ
EM
အရင်ဆုံး ကုမ္ပဏီအကြောင်း သိပါရစေ။
Mr.WATANABE
ကျွန်တော်တို့ ကုမ္ပဏီဟာ စက်ရုံလုပ်ငန်းများအတွက် အသံပိုင်းဆိုင်ရာ၊ထိန်းချုပ်စက်ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ချွေတာရေးအပိုင်း  ထုတ်လုပ်ပေးခြင်းဖြစ်ပြီး၊ B to B လုပ်ငန်းဖြစ်ပါတယ်။

လုပ်ငန်းအနေနှင့်ကတော့ Automation Technology (自動制御)နှင့် Sound Solution Technology ကိုအဓိက ထား လုပ်ငန်းလည်ပတ်နေပြီး၊

အသေးစိတ်ပြောရရင်

(၁) Sound Solution : plant engineering sound system, Audio System (ဥပမာ- ဘူတာရုံမှာ အသံလွှင့်စက်ကရိယာများ)

(၂) Robot Solution: Robot system (စက်ရုံအလုပ်ရုံအတွင်း လှုပ်ရှားနိုင်အောင် ထိန်းချုပ်နိုင်တဲ့ စနစ်များ)
သုံးပါတယ်။

ကုမ္ပဏီကို ၂၀၀၆ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး၊ ရှေးရိုးကုမ္ပဏီကဲ့သို့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ သိပ်မရှိပါဘူး။ လွတ်လွတ်လပ်လပ် အလုပ်လုပ်ကိုင်နိုင်ရန် အဓိကထားပါတယ်။

 

EM
 B to B လုပ်ငန်းအဓိကလုပ်ဆောင်တာပေါ့နော်။ လုပ်ငန်းလည်ပတ်စေရန်အတွက် ဘယ်လိုအကြောင်းအချက်တွေကို အလေးပေးပါသလဲ။
Mr.WATANABE
Customer ဆီမှ အမှာ လက်ခံပြီး တီထွင်ပေးရတာဖြစ်တဲ့အတွက် နဂိုရှိပြီးသားနည်းပညာအပေါ်အခြေခံပြီး ပုံစံအသစ်ဖန်တီးရတာလည်းရှိပါတယ်။
Customerလိုချင်တဲ့ပုံစံကို သေချာ ဆောင်ရွက်ပေးပြီး၊ စက် ပစ္စည်း တကယ်ထိန်းချုပ်လှုပ်ရှားနိုင်သည်အထိကို ဆောင်ရွက်ပေးရပါတယ်။ ပုံစံအသစ်လည်း ဖြစ်နိုင်သလို ပုံစံအဟောင်းအတိုင်းလည်း ရှိပါတယ်။
အသစ်အသစ်ကို လိုလိုလားလားရှိသူ၊ အနည်းငယ်ခက်ခဲတယ်လို့ ထင်ရပေမယ့် တက်တက်ကြွကြွနှင့် အကောင်းမြင်စိတ်ရှိဖို့ကို အလေးထားပါတယ်။

မလုပ်ဖူး မကြုံဖူးတဲ့အရာဖြစ်လို့ လုပ်နိုင်မယ်မထင်ဘူးလို့မတွေးဘဲ မကြုံဖူးတဲ့အတွက် စမ်းသပ်စိန်ခေါ်လိုစိတ်ရှိရင် ရလဒ်လည်း ကောင်းမွန်မှာ အသေချာပါပဲ။

စိန်ခေါ်လိုစိတ်ရှိသူကို အားပေးပါတယ်။ ကုမ္ပဏီတွင်းမှာလည်း ဝန်ထမ်းများကိုယ်တိုင် မိမိမျှော်လင့်တဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ပုံစံကို သတ်မှတ်တဲ့ စည်းမျဉ်းလည်းရှိပါတယ်။ စွမ်းရည် မြင့်တာတစ်ခုတည်းမဟုတ်ဘဲ negative မကောင်းမြင်စိတ်ရှိသူဆိုရင် အတူတူအလုပ်လုပ်ဖို့ အဆင်မပြေဘူးလို့ တွေးပါတယ်။

 

EM
ဝန်ထမ်းတိုင်းက မိမိလုပ်ဖော်ကိုင်ဖက်ပုံစံကို သတ်မှတ်တယ်ဆိုတာက ဘယ်လိုမျိုးလဲ
Mr.WATANABE
ဝန်ထမ်းတိုင်း အဆင်ပြေပြေအလုပ်လုပ်နိုင်စေရန် Guide Book ထုတ်ထားပြီး၊  ကုမ္ပဏီဥက္ကဌက သတ်မှတ်တာထက် ဝန်ထမ်းအစည်းအဝေးမှာ အကြံဖလှယ်ပြီး ဆွေးနွေးသတ်မှတ်ကြပါတယ်။

ကုမ္ပဏီဘက်မှ ဒီလိုအလုပ်လုပ်ရမယ်ဆိုပြီး ဆုံးဖြတ်တာမျိုးမဟုတ်ဘဲ၊ ဝန်ထမ်းကိုယ်တိုင် အလုပ်ပိုမိုအဆင်ပြေစေမယ့် နည်းလေးတွေကို သတ်မှတ်ပါတယ်။

ဥပမာ – MEMO technos မှာ အလုပ်အတူတူလုပ်ချင်တဲ့က ဘယ်လိုပုံစံမျိုးလဲ။

လေးစားထိုက်တဲ့သူပုံစံဆိုတာ ဘယ်လိုကို မျှော်မှန်းတာလဲ စသဖြင့် အစည်းအဝေး လုပ်ပါတယ်။

အားလုံးညှိနှိုင်းပြီးဆုံးဖြတ်ကြတဲ့အတွက် motivation လည်း များလာကြပါတယ်။

လမ်းညွှန်စာအုပ်မှာတော့ အခြေခံbusiness manner (နာမည်ကတ်ဖလှယ်ခြင်း၊ အပြုအမူပိုင်း၊ဖုန်းဖြေကြားခြင်း စသည်) ကိုလည်း ဖော်ပြထားပါတယ်။

မသိတာနားမလည်တာရှိရင် Guide Book ကြည့်ပြီးစီနီယာကို မေးမြန်းရင် အလုပ်မှာလည်း သိပ်ပြဿနာမရှိနိုင်ဘူးလို့ ထင်ပါတယ်။

 

EM
Guide Book ကြည့်လို့ရတော့ စိတ်အေးအေးနှင့် အလုပ်လုပ်နိုင်တယ်ထင်ပါတယ်။ ဆက်လက်ပြီး ဒီတစ်ခေါက် ခန့်အပ်မယ့် သူ ပုံစံလေးလည်း ပြောပြပေးပါ
Mr.WATANABE
အင်္ဂလိပ်စာ ပြောဆိုအလုပ်လုပ်နိုင်သူ ကို အဓိက ခေါ်ချင်ပါတယ်။ ဂျပန်စာကတော့ N2,N1 မှ ရယ်လို့မဟုတ်ပါ။နေ့စဉ်သုံးစကားကို ရေရေလည်လည် ပြောဆိုနိုင်ရင် အဆင်ပြေပါတယ်။

နောက်ပြီး ကျွန်တော်တို့က စက်မှုနည်းပညာ ကုမ္ပဏီဖြစ်တဲ့အတွက်

အင်ဂျင်နီယာ ဗီဇာ ရနိုင်တဲ့သူ (နည်းပညာဖြင့် ကျောင်းပြီးသူ၊ကောလိပ်၊တက္ကသိုလ်၊ လက်မှတ်၊အတွေ့အကြုံရှိသူက technician visa ရနိုင်ပါတယ်: ဂျပန်လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ) ခန့်ချင်ပါတယ်။

တခြားသော ဗီဇာတွေက မကောင်းဘူးမဟုတ်ရပါ။

ဥပမာ – Specialist in Humanities / International Services ဗီဇာ ပဲဆိုရင် technical ပိုင်း စက်ရုံအလုပ်ရုံ သွားရောက် စီမံရတာတို့ လုပ်ခွင့်မရှိပါဘူးtechnical ဖြစ်တဲ့အတွက် စက်ရုံအလုပ်ရုံထိသွားရခြင်း၊ ထောက်ပံ့ပေးရခြင်း၊နယ်ပယ်သုံး ဒီဇိုင်းရေးဆွဲပေးရခြင်း တွေရှိပါတယ်။

EM
အလုပ်ဝင်ပြီးနောက် လေ့ကျင့်ကာလ၊တာဝန်ယူရမယ့်အပိုင်းကိုလည်း ပြောပြပေးပါ။
Mr.WATANABE
ကုမ္ပဏီဝင်ပြီး ၂လခန့်က လေ့ကျင့်ကာလဖြစ်ပြီး၊နည်းပညာပိုင်းနှင့်ပတ်သက်ပြီး လေ့ကျင့်ရေးနည်းပြ နှင့်အတူ လေ့လာရပါမယ်။ ပုံမှန်ကတော့ အလုပ်ခွင်ထဲမှာပဲ လက်တွေ့ လုပ်ရင်း OJT လေ့လာသွားရမှာပါ။

ဥပမာ – ထုတ်လုပ်ရေးအစီအစဉ်ကတော့

(၁)Customer အမှာကို သေချာနားလည်သဘောပေါက်အောင်လုပ်မယ်

(၂)တီထွင်ထုတ်လုပ်ရေးအစီအစဉ် အကြမ်း➠တီထွင်/ဒီဇိုင်း/အမှတ်ပေး ➠တီထွင်ရေးအစီအစဉ် ညှိနှိုင်း

(၃)တီထွင်ထုတ်လုပ်မယ်

(၄)ထုတ်လုပ်ရေးပိုင်း ပြန်စစ်၊စမ်းသပ်ကြည့်မယ်

(၅)Customerဆီ ပေးပို့၊ တပ်ဆင်၊ စမ်းသပ်

(၆) သတ်မှတ်ကာလအတွင်း maintenance

ဒီလိုအဆင့်ဆင့် သွားပါတယ်။

EM
ဟုတ်ကဲ့။ အနာဂတ်မှာ ဘယ်လို career ပိုင်းအတွေ့အကြုံ ရနိုင်ပါသလဲ
Mr.WATANABE
စက်ရုပ်များ၊ လူမဲ့ထိန်းချုပ်စနစ်၊ စွမ်းအင်ချွေတာရေးပိုင်း ဝင်ရောက်အလုပ်လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက် ဒီနည်းပညာကိုသာ ကောင်းမွန်ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်မယ်ဆိုရင် ဘယ်နေရာ စက်ရုံ၊အလုပ်ရုံမှာမဆို အသုံးချနိုင်မှာပါ။

အကယ်၍ မြန်မာပြန်ပြီး ကိုယ်ပိုင်လုပ်ငန်းထောင်မယ်ဆိုရင်တောင် အသုံးတည့်လာမှာပါ။

EM
မြန်မာလူမျိုးများကို အလုပ်ခန့်အပ်ဖို့ ဖြစ်လာပုံလေးကိုလည်း ပြောပြပေးပါ။
Mr.WATANABE
မြန်မာနှင့် တော်တော်လေး ရေစက်ပါပါတယ်။ မြန်မာ မိတ္ထီလာမြို့မှာ ကုမ္ပဏီတည်ထောင်ခဲ့ဖူးပါတယ်။ (ဂျပန်လူမျိုးထဲမှာ ပထမဦးဆုံးလို့ထင်ပါတယ်)

Myanmar Aerospace Engineering University Meiktila မှာလည်း နည်းပညာအကြောင်း ဆွေးနွေးပို့ချဖူးပါတယ်။

လက်ရှိမှာတော့ မြန်မာဘက်လုပ်ငန်းမဖွင့်တော့ပေမယ့် မြန်မာလူမျိုးများရဲ့ စိတ်နေသဘောထားလည်း နားလည်တဲ့အတွက်MEMO technos မှာလည်း ခန့်အပ်သွားချင်ပါတယ်။

EM
မြန်မာလူမျိုးအကြောင်းသိထားတော့ အလုပ်မှာ ပိုအဆင်ပြေတာပေါ့နော်။ အရင်က အလုပ်ခန့်တဲ့အခါ အခက်အခဲလေးများ ရှိခဲ့ပါလား
Mr.WATANABE
မြန်မာမှာ ကုမ္ပဏီဖွင့်တုန်းက ခံစားမိတာက ဝန်ထမ်း ဘယ်လိုခံစားနေရလဲဆိုတာ သိဖို့ ခက်တဲ့အကြောင်းပါ။

စိတ်ထဲမှာဘယ်လိုခံစားရတယ် ၊ ဘယ်နေရာတွေမှာ ကျေနပ်ပြီး၊ဘယ်အပိုင်းမှာ လိုနေတယ်ဆိုတာကို ဖွင့်ပြောလေ့မရှိကြဘူး။ ရုတ်တရပ် အလုပ်ထွက်သွားတာလည်း ကြုံခဲ့ရတော့ တတ်နိုင်သလောက်တော့ ဝန်ထမ်းဘက်က ဘယ်လိုခံစားရလဲဆိုတာ တွေးကြည့် မေးကြည့်ပါတယ် ^^

EM
အခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်။
Mr.WATANABE
မြန်မာလူမျိုးများရဲ့ စိတ်နေသဘောထားကို သဘောကျပါတယ်။ အတူတူ အလုပ်လုပ်ခွင့်ရရင် ကောင်းမှာပါ။နည်းပညာတတ်ကျွမ်းသူကို အတတ်နိုင်ဆုံး ခန့်ထားချင်ပါတယ်။

💠Company profile💠

Company name
株式会社MEMOテクノス (MEMO Technos Inc.)

Tokyo Head Office
〒252-0331 神奈川県相模原市南区大野台1-5-2

Website
https://www.memotechnos.co.jp/

Established
October 2006

Capital
5million yen

Representative
Director : Mr. WATANABE MASABUMI

Number of employees
14

နောင်လည်း အစီအစဉ်ကောင်းတွေ တင်ဆက်ပေးမှာ ဖြစ်လို့
စောင့်မျှော်ပေးပါအုံးနော်။
■EM

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗