ဟိုတယ်လုပ်ငန်းအကြောင်း

【Zawgyi】➠ Unicode Font ဖြင့်ဖတ်ရန်(စာပေါ်နှိပ်ပါ)
■Ever Smile

✿ဟိုတယ်လုပ်ငန်းလို့ပြောလိုက်ရင် ဘယ်အလုပ်ကို အရင်ဆုံးတွေးမိလဲ?

ဟိုတယ်လုပ်ငန်းဆိုသည်မှာ  ဧည့်သည်ကို စိတ်ကျေနပ်မှုအကောင်းဆုံး ဘယ်လိုဝန်ဆောင်မှုတွေပေးရမယ်ဆိုတဲ့ အဓိက ဆားဗစ်လုပ်ငန်းဖြစ်ပါတယ်။

လူကိုစိတ်ကျေနပ်မှုဖြင့် လုပ်ငန်းလည်ပတ်ရတဲ့ ဝန်ဆောင်မှုဖြစ်တာကြောင့်

စွမ်းရည်အနေနှင့် ဧည့်သည်ရဲ့ စိတ်ကို ဖက်နိုင်ပြီး သူရဲ့ လိုအပ်ချက်ကို request မလုပ်ခင် မိမိဘက်မှ ကြိုတင်ဝန်ဆောင်မှုပေးနိုင်ခြင်းသည်လည်း အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။

ဒီလိုဟိုတယ်တစ်ခု လည်ပတ်နိုင်ဖို့ ဘယ်လိုဝန်ထမ်းဌာနတွေရှိပြီး ဘာတွေလုပ်ရမလဲ???

အဓိကအနေနဲ့ကတော့ အပိုင်း၂ပိုင်းခွဲလို့ ရပါတယ်။

ရုံးလုပ်ငန်းပိုင်း

 

 ■人事(HR)、総務(General Affairs)、経営企画(Corporate Planning)、経理財務(Accounting Finance)、営業・販売促進(Sales / sales promotion)、サービス開発(Service development ) 

ဝန်ထမ်းခန့်အပ်ခြင်းမှအစ မားကတ်တင်းအဆုံး ဟိုတယ်တစ်ခုလည်ပတ်ဖို့အတွက် အဓိကဖြစ်တဲ့ လူသားအရင်းအမြစ်နဲ့ စာရင်းအင်းစီမံခန့်ခွဲမှုပိုင်း အစစအရာရာလုပ်ကိုင်ရသောအပိုင်းဖြစ်ပါတယ်။ သာမန်ကုမ္ပဏီတစ်ခုမှာရှိတဲ့ ရုံးလုပ်ငန်းနဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေက သိပ်မခြားနားပါဘူး။

ဧည့်သည်နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသော ဌာနများ

 

 ■コンサルタント(Consultant), コーディネーター(Coordinator), ホールスタッフ(Hall Staff)、フロント(Front)、ウェイター(Waiter)、支配人(manager) 

 

 Consultant  ။  ။ သူကတော့ ဟိုတယ်ရဲ့ အဓိကသူလို့လည်း ပြောလို့ရပါတယ်။ CS request (customer satisfaction) တွေကို အတတ်နိုင်ဆုံး  စိတ်တိုင်းကျဆောင်ရွက်ပေးရခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် C သွားချင်သောနေရာများကို ဘွတ်ကင်ယူပေးရတာတွေလည်းများပါတယ်။ အခြားသော လုပ်ငန်းဆောင်တာများလည်း CS အလိုက် လုပ်ဆောင်ပေးရသော တကယ့်ကို အရည်အချင်းပြည့်မှီတဲ့ သူဆိုလည်း မမှားပါဘူး။

 ဧည့်ကြိုဌာန  ။  ။ မိမိလုပ်ကိုင်သောဟိုတယ်ပေါ်မူတည်ပေမယ့် ဧည့်သည်ကို လေဆိပ်အထိသွားကြိုရသောသူများနှင့် ဟိုတယ်တွင်းသို့ ဝင်ရောက်လာသော ဧည့်သည်ကို ကားတံခါးဖွင့်ပေး၍ မိမိဟိုတယ်မှ ကြိုဆိုပါတယ်မှ အစ ဧည့်သည်ယူဆောင်လာသောပစ္စည်းများကို အခန်းအထိ သယ်ယူပို့ဆောင်ပေးရပါတယ်။ ယောင်္ကျားလေးတွေ လုပ်ကြရတာများပါတယ်။

ဒီအလုပ်လုပ်သည့်သူက အနည်းဆုံး အင်္ဂလိပ်စကားတော့ နည်းနည်းပြောတတ်ရပါတယ်။ နောက်ဧည့်ကြိုကတော့ reception မှာ လုပ်ရတာပါ။ ရုပ်ရည်အတင့်အသင့်ပြေပြစ်မှုရှိပြီး မျက်နှာချိုသာ ဖော်ရွေသူများနှင့် သင့်တော်သောအလုပ်ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းလုပ်ချင်တဲ့ လူငယ်တော်တော်များများ စိတ်ကူးယဉ်တဲ့ နေရာလို့ ပြောရင်လည်း မမှားလောက်ပါဘူး။

 ဖုန်းအော်ပရေတာဌာန ။  ။ နာမည်အတိုင်းပါပဲ အနယ်နယ်အရပ်ရပ်မှ ဖုန်းဆက်လာသော Customer များနှင့် တိုက်ရိုက်ပြောဆိုရသော ဌာနပဲဖြစ်ပါတယ်။ ဘာသာစကားအရည်အချင်း ရှိသူများကို ခန့်အပ်ပါတယ်။

 Waiter & Waitress  ။  ။ ဟိုတယ်ထဲတွင်ဖွင့်လှစ်ထားသော စားသောက်ဆိုင်၊ ဘား၊ ကလပ်များတွင် တာဝန်ထမ်းဆောင်ကြရပါတယ်။ သူတို့သည်လည်း ဘာသာစကား အရည်အချင်းလိုအပ်ပါတယ်။

 Gym & Pool Staff  ။  ။ ဟိုတယ်သို့ လာရောက်တည်းခိုသော ဧည့်သည်များကို နည်းစနစ်များလမ်းညွှန်ပေးခြင်းမှအစ သန့်ရှင်းရေး အစစအရာရာ လုပ်ဆောင်ရပါတယ်။
စသည်ဖြင့် ဧည့်သည်နှင့်တိုက်ရိုက်ဆက်ဆံရသော ဌာနများမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်က CS က သတ်မှတ်တဲ့ ဟိုတယ်ရဲ့ ပွိုင့်ကို တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ပြောရလောက်အောင် အရေးပါပါတယ်။
နောက်ဆုံးတစ်ခုကတော့ နောက်ပိုင်းဌာန လို့ပဲအလွယ်သုံးပြီးတင်ပြပါရစေ။
ဟိုတယ်တစ်ခု လည်ပတ်ဖို့ဆိုတာ ဟိုတယ်တစ်ခုလုံး လှပသန့်ရှင်းနေစေဖို့ သစ်ပင်ပန်းမံတွေ အမြဲစိမ်းလန်းစိုပြေနေစေဖို့ မှ အစ ဧည့်သည်များအတွက် အခန်းသန့်ရှင်းရေး ၊ အဝတ်လျှော်မီးပူတိုက်ခြင်း၊ စားသောက်ရန်ချက်ပြုတ်ခြင်းလုပ်ငန်းများ၊ မုန့်ဖုတ်လုပ်ငန်းများ စသည်ဖြင့် ဧည့်သည်နှင့် တိုက်ရိုက်ထိတွေမှုမရှိသော်လည်းပဲ အရေးပါသော စားဖိုမှူး၊ မုတ်ဖုတ်ပညာရှင်များ၊ အရက်ဖျော်စပ်ပညာရှင်များ လည်းရှိနေပါတယ်။

ဟိုတယ်လုပ်ငန်းသည် နယ်ပယ်အသီးသီးမှ ပညာရှင်များ စုဝေးရာနေရာ၊ နိုင်ငံစုံ လူမျိုးစုံ စုဝေးရာနေရာ Diver City တစ်ခုလည်းဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။

မိမိနှင့် ကိုက်ညီတဲ့အလုပ်အမျိုးအစားကို ရွေးချယ်နိုင်ပါစေ။

■Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀