社員研修:ဝန်ထမ်းများလက်တွေ့လေ့လာပညာပေးသင်ကြားပို့ချခြင်း

【Unicode】

■Ever Smile

သူငယ်ချင်းတို့ ၄လပိုင်းရောက်တော့မယ်နော်။

ဂျပန်နိုင်ငံတွင် ယေဘူယျအားဖြင့် ကျောင်းတွေက ၃လပိုင်းတွင် ဘွဲ့နှင်းသဘင်ကျင်းပပြီး၊ ၄လပိုင်းမှာ အလုပ်သစ်ဝင်တဲ့ အလေ့အထရှိပါတယ်။
အလုပ်စဝင်တဲ့ရက် 入社式ကျင်းပတာလည်းရှိပါတယ်နော်။ (အလုပ်ပြောင်းသူတွေမပါ)
ကျောင်းပြီးခါစ ဝန်ထမ်းသစ်လေးတွေ ခန့်အပ်သော ကုမ္ပဏီတော်တော်များများက ဝန်ထမ်းသစ်များကို

 မိမိကုမ္ပဏီနှင့် သက်ဆိုင်သော လေ့လာမှတ်သားစရာများလက်တွေ့ပို့ချတဲ့သင်တန်း / အစီအစဉ် 

ကို တက်ရောက်စေပြီးမှ လုပ်ငန်းခွင်ထဲကို စဝင်ခိုင်းလေ့ရှိကြပါတယ်။

  1. ဂျပန်နိုင်ငံတွင် ဝန်ထမ်းတစ်ယောက်အနေဖြင့် လုပ်ကိုင်ရမည်များ
  2. မိမိကုမ္ပဏီဝန်ထမ်းများကို နိုင်ငံမှ ချမှတ်ထားသော စည်းကမ်းဥပဒေများ၊
  3. ကုမ္ပဏီမှ ချမှတ်ထားသော စည်းကမ်းဥပဒေများ

ကို ဝန်ထမ်းသစ်များအား အရင်ဆုံးနားလည်စေပြီးမှသာ လုပ်ငန်းခွင်တွင်းသို့ စတင်လုပ်ကိုင်စေကြတာဟာ ဂျပန်လူမျိုးတွေရဲ့ အလေ့တစ်ခုပဲဖြစ်ပါတယ်နော်။

ဘာတွေ လေ့ကျင့်ပေးတာလဲ

နိုင်ငံက လုပ်ငန်းရှင်များလိုက်နာရမည့်အချက်များကို လုပ်ငန်းရှင်များက လိုက်နာခြင်း၊ ကုမ္ပဏီမှ ဝန်ထမ်းများကို ချမှတ်ထားသည်များကို ဝန်ထမ်းများမှ လိုက်နာဆောင်ရွက်ခြင်းစသည်ဖြင့် အင်မတန်အရေးပါသော အချက်တွေကို လေ့ကျင့်ပေးပါတယ်။

အဲ့တာကို Compliance လို့ခေါ်ပြီး၊ ဂျပန်လူမျိုးတွေအတွက်ကတော့ အရမ်းကို အရေးပါပါတယ်။ ဒါကြောင့် ဝန်ထမ်းသစ်များကို ဒီအချက်တွေကို သေသေချာချာနားလည် သဘောပေါက်စေရန် လေ့ကျင့်သင်ကြားပေးချပေးခြင်းဖြစ်ပါတယ်။ ဝန်ထမ်းမှ Compliance ကို မလိုက်နာခြင်းသည်လည်းပဲ ကုမ္ပဏီမှ မလိုက်နာခြင်းနှင့် ထပ်တူဖြစ်တာကြောင့် ဝန်ထမ်းတစ်ဦးချင်းစီကို လိုက်နာစေရန် လေ့ကျင့်သင်ကြားပေးခြင်းပဲဖြစ်ပါတယ်။
Compliance တွေအများကြီးရှိပေမယ့် ဒီတခါ ကျနော်ပြောပြချင်တဲ့ Compliance ကတော့ဝန်ထမ်းသစ်တွေအတွက် 研修(kenshuu)  မှာ မဖြစ်မနေသင်ရတာမျိုးပါ။ (ကုမ္ပဏီအလိုက်တော့ ကွာခြားတတ်တာလည်း ရှိပါတယ်)

労働基準法အလုပ်သမားဥပဒေ
✿နိုင်ငံမှ ချမှတ်ထားသော၊ ကုမ္ပဏီမှ ချမှတ်ထားသောအလုပ်သမား ဥပဒေကို လိုက်နာရမည်။ ဥပမာ- တနေ့ကို အလုပ်ချိန် ၈နာရီသာလုပ်ရမည်ဟု သတ်မှတ်ထားပါက ၈နာရီကိုကျော်လုပ်လို့မရပါ။ တစ်လကို အချိန်ပို နာရီ၄ဝသာလုပ်ခွင့်ရှိသည်ဟု သတ်မှတ်ထားပါက နာရီ၄ဝကို ကျော်လုပ်လို့မရပါ။ ဒီအချက်ကတော့ အလုပ်ရှင်နဲ့ အလုပ်သမား၊ ကုမ္ပဏီနှင့် ဝန်ထမ်းများသာလျင် ပတ်သတ်မှုရှိသော အချက်ဖြစ်ပါတယ်။
金融商品ငွေသားကဲ့သို့ သုံးနိုင်သော စျေးဝယ်လက်မှတ်များ
✿ဒါကတော့ ဘဏ်လုပ်ငန်းနဲ့ ပတ်သတ်သောလုပ်ငန်းတွေအတွက် အသေးစိတ်အများကြီးရှိပါတယ်။
Customer များရဲ့ ကိုယ်ရေးအချက်အလက်များ၊ ရုံးတွင်း အချက်အလက်များကို ထိန်းသိမ်းခြင်း
✿ ဒီအချက်ကိုတော့ လူတိုင်းနားလည်လောက်မယ်လို့ ထင်ပါတယ်။ Customer data ကို ကာယကံရှင်မှ လွဲ၍ တခြားမည်သူ့ကိုမှ ပြခွင့်မရှိပါ။ အလွယ်ဆုံး ဥပမာပေးရရင် စတိုးဆိုင်မှာ Suica မေ့ခဲ့တယ်ဆိုပါတော့ ပြန်သွားယူရင် မိမိဟုတ်ကြောင်းအထောက်အထားပြပြီး အဲဒါကို စစ်ပြီးမှ သူတို့က ပြန်ပေးကြခြင်းဖြစ်ပါတယ်။ ရုံးတွင်း လုပ်ငန်းစဉ်များ၊ customerအချက်အလက်များ ပေါက်ကြားသွားပါက အမှုရင်ဆိုင်ရမှာတို့၊ လုပ်ငန်းနာမည်ကျဆင်းတာတို့ ဖြစ်တတ်ပါတယ်။
景品表示法 မိမိဝယ်ယူသည့်ပစ္စည်းအပေါ်မှ ရရှိနိုင်သော ခံစားခွင့်များ
✿ နားလည်လွယ်အောင် ပြောရရင် ကံစမ်းမဲဖောက်ပေးခြင်းလို့ ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံမှာက ဥပဒေ ရှိပါတယ်။ မိမိကံစမ်းမဲဖောက်ပေးမည့် ငွေပမာဏသည် မိမိလုပ်ငန်းရောင်းအား၏ –% ကိုသာလျင် ကံစမ်းမဲအဖြစ် ဖောက်ပေးလို့ ရပါတယ်။ မြင်သာအောင်ပြောရရင် ကွန်ဗီနီတွေမှာ 700ယမ်း အထက်ဝယ်သူတွေကို ကံစမ်းမဲလက်မှတ် နှိုက်ခိုင်းတဲ့ အချိန်တွေရှိတာကို သတိထားကြည့်စေချင်ပါတယ်။ ဖောက်ပေးတဲ့ ပစ္စည်းက သူတို့ ခန့်မှန်းသတ်မှတ်ထားတဲ့ ရောင်းအားရဲ့ ရာခိုင်းနှုန်းနဲ့ တွက်ထားတဲ့ စျေးနှုန်းအတွင်းမှာပဲ ရှိပါတယ်။ ကျနော်တို့ နိုင်ငံလိုမျိုး အချဉ်ထုပ်ရောင်းတဲ့ ကုမ္ပဏီက ကားအစီးပေါင်းများစွာ မဲဖောက်ပေးနေပါပြီဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေပါ။
လုပ်ငန်းခွင်ဆိုင်ရာ အခြေခံအချက်များ
✿မိမိလုပ်ရမယ့် အလုပ်အပိုင်းများလည်း ပြောပါတယ်။

 

ဘာ့ကြောင့် လေ့လာရေးဆင်းရမှာလဲ

ဘွဲ့ရကျောင်းပြီးကာစ ဝန်ထမ်းအသစ်လေးတွေအတွက်ကတော့ လေ့ကျင့်မှုမရှိရင် ကုမ္ပဏီအကြောင်းလည်း သေချာနားမလည်၊မကျွမ်းဝင်သေးတော့ အမှားများတတ်လို့ပါ။

ဥပမာ- မိမိအလုပ်နေရာသည် အကယ်၍ စားသောက်ကုန်လုပ်ငန်းဆိုပါက

 ဧည့်သည်မှ ဒီပစ္စည်းက ဘယ်နိုင်ငံထွက်လဲ၊ ဘယ်မြို့ထွက်လဲ၊ လို့ အမေးခံရပါက မိမိမသိလျင် သိသော သူများကို သေသေချာချာ မေးပြီးမှ ပြန်လည်ဖြေကြားပေးကြပါ။ အကယ်၍ သိသူမရှိပါက သေချာမသိကြောင်း ဝန်ခံတောင်းပန်သည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
တကယ်မဟုတ်ဘဲဖြေပါက ပစ္စည်းလိမ်လည်မှု မြောက်ပါတယ်။ 

ထိုကဲ့သို့ အမှုတွေမဖြစ်ရလေအောင် ဝန်ထမ်းလေ့ကျင့်ရေးကာလမှာ စာတွေ့ လက်တွေ့များနှင့် သင်ကြားပို့ချ ကြပါတယ်။

အရှေ့မှာ ဖြစ်ခဲ့ တဲ့ လုပ်ငန်းတွေရဲ့ အမှုတွေကိုလည်း နမူနာအနေနဲ့ သင်ကြားပေးပြီး ၊ ဘာကြောင့် ဒီအမှု့ဖြစ်ခဲ့တယ်ဆိုတာကို စုပေါင်းစဉ်းစားဆွေးနွေးခြင်းများပြုလုပ်ပါတယ်။ မည်သို့ ပြုလုပ်ပါက ဒီအမှုကိစ္စကို ဖြေရှင်းနိုင်မည်အထိ အုပ်စုလိုက်ဆွေးနွေးညှိနိုင်းအဖြေရှာခြင်းများကို လည်း လေ့လာသင်ယူကြပါတယ်။

၄လပိုင်းအလုပ်ဝင်မည့်သူများလည်းအဆင်ပြေကြပါစေနော်။

■Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀