ဘာ့ကြောင့် ဂျပန်ကို ရွေးချယ်ခဲ့သလဲ

【Unicode】

■MJ

မင်္ဂလာပါ MJပါ။
စာမရေးဖြစ်တာ ကြာသွားပါတယ်နော်။ MJကိုယ်တိုင်လည်း ဂျပန်မှာ စကားပြန်လုပ်ရင်း ကြုံတွေ့ရတဲ့အကြောင်းလေးတွေကို တင်ဆက်ဖြစ်ပြီး၊ အဓိကအားဖြင့် မြန်မာကနေ ထရိန်နင်အလုပ်သင်လာ သူများအတွက် ရေးသားဖြစ်ပါတယ်။
ဟိုနေ့က ကိစ္စတခုရှိတာနဲ့ ထရိန်နင်အလုပ်သင်အနေနှင့် လာတဲ့ညီမလေးတစ်ယောက်နှင့် တွေ့မိတယ်ပေါ့၊ စကားဆက်မိရင်း မေးကြည့်တော့ ဂျပန်ရောက်တာ တစ်လတောင်မပြည့်သေးတဲ့ အသစ် ဆက်ဆက်လေးပေါ့ရှင့်။

ဒါနဲ့ MJလည်း သူနဲ့ စကားဖောင်ဖွဲ့ ပြောချိန်တွေထဲကနေ သူဘာလို့ ဂျပန်ပြည်ကို ရွေးချယ်လာခဲ့ရသလဲ ဆိုတဲ့ အကြောင်းလေး သိလိုက်ရပါတယ်။
မိတ်ဆွေတို့လည်း ဂျပန်ကိုမှ ဘာကြောင့်လာချင်တာလဲဆိုတာကို သေချာပြန်တွေးရင်တော့ ကောင်းမှာပေါ့နော်။

🎈ဘဝရှေ့ရေးအတွက် ကြိုတင်တွေးကြည့်မိခြင်း

အမရယ် ကျွန်မ မြန်မာပြည်မှာ နေစဉ် မိဘတွေက လယ်ယာလုပ်တယ်၊ ကျွန်မအောက်မှာ မောင်လေးနဲ့ ညီမလေးလည်း ရှိသေးတယ်၊ ပတ်ဝန်းကျင်က စကားသံတွေက ပြည်ပမှာ အလုပ်သွားလုပ်ရင် မြန်မာပြည်ထက် လစာငွေ အဆပေါင်းများစွာ ပိုတယ်လို့ ပြောကြတယ်၊ဒါနဲ့ ကျွန်မ စုံစမ်းကြည့်တော့ ဟုတ်တယ်၊ မိဘတွေ ပြန်ပြောပြတော့လည်း မိဘတွေ နားလည်တယ်၊ ဒါနဲ့ မိဘတွေနဲ့ စကားပြော နားလည်မူ့ယူပြီး ဂျပန်လာဖို့ ဆုံးဖြတ်ခဲ့တယ်ပေါ့၊နားလည်မူ့ဆိုတာကလည်း ကျွန်မတို့ မိသားစု ဘဝရှေ့ရေးအတွက်လေ အမ။

သမီးတို့ မိသားစု အိမ်သစ် တိုက်သစ်လေး ဆောက်ပြီး ကိုယ်ပိုင်ဆိုင်လေးဖွင့် အလုပ်လုပ်နိုင်တဲ့ အထိ ငွေရင်းလိုမယ်လေ အမ၊ ညီမရဲ့ ညီမလေးက စာတော်တယ် သူ့အတွက် ကျောင်းစရိတ်၊ မောင်လေးက ကားတစ်စီးဝယ်ပီး စီးပွားရေးလုပ်ချင်တာ။ဒါ့ကြောင့်လည်း လာချင်ခဲ့တာပါ။
သွားပြီးရင်တော့ ကြိုးစားရမှာပေါ့။ကိုယ့်နိုင်ငံလည်း မဟုတ်တော့ အစစအရာရာ ဂရုစိုက်ပြီး၊ စာလည်း သေချာလေ့လာဖြစ်တယ်။

🎈စိတ်ချရတဲ့ နိုင်ငံမို့ပါ

ဒီလိုနဲ့ ထိုင်း မလေးရှား ကိုးရီယား သွားရင် ငွေဘယ်လောက်ကုန်မယ် ဆိုတာက အစ ရှာကြည့်တယ်။ ဂျပန်က ခုခေတ်နဲ့ အညီ တပြေးထဲတန်းနေတဲ့ စျေးနူန်းက US ဒေါ်လာ ၂၈၀၀ ~ ၃၀၀၀ လို့ ပြောကြပါတယ်။ များပေမယ့် မတတ်နိုင်ဘူးပေါ့။ရသလောက်ရှာပြီး လာခဲ့တယ်။ တခြားနိုင်ငံ သွားရင် စိတ်ချရပါ့မလား လူရောင်းဝယ်တွေနဲ့ တိုးမှာလား ဆိုပြီးလည်း တွေးမိခဲ့ဖူးတယ်၊ ဂျပန်မှာက လူကုန်ကူးပြဿနာ ဖြစ်တယ်ရယ်လို့တော့ မကြားဘူးလေနော် အမ၊ ဒါ့ကြောင့် ရွေးမိတဲ့ထဲလည်း ပါတယ်လို့ ပြောပြပါတယ်။

🎈လက်တွေ့ ဂျပန်သို့ ရောက်ရာဝယ်

ဂျပန်လူမျိုးတွေက ယဉ်ကျေးတယ်၊ အလုပ်ထဲမှာလည်း စိတ်ရှည်ရှည်နဲ့ ရှင်းပြသလို၊အပြင်မှာ လမ်းမသိလို့မေးရင်လည်း သေသေချာချာပြောပြကြတယ်။တိုးတက်တဲ့နိုင်ငံဖြစ်တဲ့အတွက် ရောက်ခါစက အသစ်အဆန်းတွေများလိုက်တာ၊ စက်မှုတိုးတက်တော့ ရထားလက်မှတ်ဝယ်ရင်ရော၊လက်မှတ်စစ်တာရော စက်တွေနဲ့ပဲ အလုပ်လုပ်သွားကြတာ တွေ့ရပါတယ်။
အခုဆိုရင် ထရိန်နင် ဗီဇာကို အရင်က၃ နှစ် ဗီဇာဖြစ်ပေမယ့် တော်ရင် ၅ နှစ် တိုးရတာတွေလည်း ရှိပါတယ်။ နောက်ဆို ၁၀ နှစ် ထပ်တိုးဦးမယ်ဆိုပဲ၊ ၁၀နှစ်နှင့် အထက်ရသွားရင် မိသားစုလိုက် လာနေခွင့်ပေးတဲ့ အခွင့်အရေးပါ ရမယ်ပြောတယ်၊ ဒါပေမဲ့၅ နှစ်တိုးရဖို့ JLPT N3 အောင်မှ၊ ၁၀ နှစ်နေဖို့အတွက် JLPT N2 အောင်မှတဲ့ အဲ့ဒါတော့ ကျပ်တယ်နော် အမ၊ တဲ့လေ။
အလုပ်အမျိုးအစားလည်း အရင်ထက်ပိုတိုးလာပြီး၊ဂျပန်စာတော်ရင်တော်သလို ကျွမ်းကျင်ပညာရှင်လိုမျိုး ပညာရနိုင်တာပေါ့နော်။

🎈 ဝင်ငွေ

ဝင်ငွေပိုင်းကတော့ ကိုယ်စုရင်စုသလို ရပါတယ်။ မြန်မာမှာလည်း ဝင်ငွေကောင်းကောင်းအလုပ်တွေ များလာရင်ကောင်းမှာပဲလို့ တွေးမိပါတယ်။

ဘာ့ကြောင့် ဂျပန်ကို ရွေးချယ်ခဲ့သလဲ ဆိုရင်

ညီမကတော့

ပထမတစ်ချက် နိုင်ငံ အရွေးမမှားစေဖို့၊
ဒုတိယတစ်ချက် ကိုယ်လက်လှမ်းမီမယ့် ဗီဇာလမ်းကြောင်း၊
တတိယတစ်ချက် အလုပ်အကိုင်အမျိုးအစားကို သေချာလေ့လာဖြစ်ပါတယ်။
ဥပမာ- ကျောင်းဗီဇာမှာဆိုရင် သင်ယူမယ့် ဘာသာရပ်၊ကျောင်းအပေါ်လိုက်ပြီး ကွာတယ်ကြားလို့
ခု ညီမရဲ့ ထရိန်နင် ဗီဇာ ထဲမှာလည်း အလုပ်အကိုင် အမျိုးမျိုးခွဲထားတာဖြစ်လို့၊ ကိုယ်ဝါသနာပါရာအလုပ်၊ မြန်မာပြည် ပြန်သွားရင်လည်း ဘဝ လမ်းကြောင်းမှာ အထောက်အကူ ဆက်တိုက်ဖြစ်စေမဲ့ အလုပ်ကို ရွေးချယ်ခဲ့တာပါပဲ အမရယ်တဲ့လေ။

ဒီကလေး တတ်နိုင်သလောက်ခြေလှမ်းတော့ လေ့လာတာပဲလို့ ကျွန်မတွေးမိပါတယ်

ဒီညီမလေးနည်းတူ ဂျပန်ကို ရည်မှန်းချက်များစွာပွေ့ပိုက်ပြီး လာခဲ့သူများအတွက် အားတင်းထားဖို့လည်း ပြောချင်ပါတယ်။

ဂျပန်မှာနေထိုင်အလုပ်လုပ်ရေးအဆင်ပြေအောင် ကြိုတင်လေ့လာရှာဖွေပြီးမှ လာရောက်ကြဖို့လည်း တိုက်တွန်းအပ်ပါတယ်။

❤️သူ့အပြောလေးတွေ နားထောင်ရင်း အားလုံးလည်း ဂျပန်ကိုမလာခင် သေချာလေ့လာဆုံးဖြတ်နိုင်စေဖို့ ပြန်လည် မျှဝေလိုက်ရပါတယ်။❤️

MJ

( စာဖတ်ပရိသတ်များအား လေးစားစွာဖြင့် )

Author Profile

MJ
MJ
မဂၤလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။