ကျွန်မနှင့်တော့ ဖြစ်ပါ့မလားနှင့် ဂျပန်

【Unicode】

■MJ

မင်္ဂလာပါ စာဖတ်မိတ်ဆွေ အပေါင်းတို့ရှင့်၊ ဒီတစ်ပါတ် MJ ဖော်ပြသွားမှာကတော့

 “ကျွန်မနှင့်တော့ ဖြစ်ပါ့မလားနှင့် ဂျပန်” 

မြန်မာပြည်မှ ဂျပန်သို့ လာမယ့် မိတ်ဆွေများ နဲ့ ဂျပန်ရောက်နေသော မြန်မာများအတွက် စိတ်ပူစရာများ၊ ထူးဆန်းတဲ့ ဂျပန်နိုင်ငံ ရဲ့ အကြောင်းအရာ တချို့ရေးပြလိုက်ပါရစေနော်

❖မြန်မာပြည်က ထွက်မလာခင်ကတော့ လူတိုင်း စိတ်ပူမိမှာပါ

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြောအဆို အမူအယာက အစ အတွေးအခေါ်အထိ ယဉ်ကျေးမှုမတူတတ်တာလေးတွေ စဉ်းစားမိတော့ စိတ်တစ်ထင့်ထင့်၊ ဒါပေမဲ့လည်း ဘဝတိုးတက်အောင်ဆိုပြီး ရောက်လာတဲ့ ဂျပန်ပေါ့။ ကြုံရသမျှ အသစ်တွေဆိုတော့ ကြိုက်တာရော မကြိုက်တာရောပါလေ။

 

🌸အအေးဒဏ်

ကျွန်မ ဂျပန်ကိုစရောက်တော့ ဆောင်းရာသီ၊ ချမ်းသလား မမေးနဲ့ ဆိုတဲ့ ရာသီဥတု၊ရေခဲသေတ္တာထဲ ဝင်နေလားမှတ်တယ်။ဒီလိုနဲ့ ဒီနိုင်ငံကို ကျွန်မ စိတ်ကူးထဲ တိတ်တိတ်လေးပေးထားတဲ့ နိုင်ငံ အမည်က ရေခဲသေတ္တာ ရာသီဥတုရှိသော နိုင်ငံလို့ပေါ့။

အလုပ်လုပ်တာက မပင်ပန်းဘဲ အင်္ကျီအထူ ၅-၇ ထပ်၊ ချမ်းလွန်းလို့ ပခုံးလေးပင့် ဂုတ်လေးပုထားတာ များလေတော့ သတိရတိုင်း ပခုံးလေးကို ဆွဲဆွဲချမိသည်။ အလုပ်ပင်ပန်းလို့ ပခုံးညောင်းတာ မဟုတ်ဘဲ ရာသီအအေးဒဏ်ကြောင့် စိတ်ညစ်ရပါသည်ပေါ့။

 

🌸လူမှုဆက်ဆံရေး

ဂျပန်တွေက မြန်မာလူမျိုးတွေလိုမဟုတ်၊ စိတ်ဓါတ်ပိုပြတ်သားတာ တွေ့ရတယ်၊ ဒီ့တော့ မြန်မာတွေရဲ့ စိတ်ဓါတ်နဲ့ တခြားစီမို့ ဂျပန်မှာ ရည်ရှည်နေနိုင်မည်မဟုတ်လို့ တွေးမိပါတယ်၊

တစ်ခါကဆို လမ်းလျှောက်နေစဉ် ဓါတ်တိုင်က ထရမ်စဖိုမာ ဓါတ်အိုးကြီး ကြည့်ပြီး မြန်မာပြည် မီးအားနည်းတာကို သတိရမိတယ်။အဲဒါနဲ့ အဲ့ဒီစက် တစ်လုံးလောက် ငါတို့ မြန်မာပြည်ကို သယ်သွားချင်လိုက်တာနော်လို့ ကိုဂျပန်ကို ပြောဖူးပါတယ်။

ကိုဂျပန် ပြန်ပြောလိုက်တာက ကိုယ်လိုချင်ရင် ကိုယ့်ဟာကိုယ် ဖြစ်အောင်လုပ်ပေါ့တဲ့လေ။

သူများဆီက ပစ္စည်း အလကားယူဖို့ပဲတွေးနေတဲ့၊ အတွေးအခေါ် မရှိစေချင်တဲ့ သူတို့ အတွေးလေးပါ၊ သူတို့ အတွေးအခေါ် မှန်ပေမဲ့ သူတို့ အပြောလေးတွေက မနူးညံ့လေတော့ ရည်ရှည်နေလို့ ဖြစ်ပါ့မလား ပေါ့။

 

🌸ကုန်စျေးနှုန်း

ဂျပန်နိုင်ငံ ကုန်စျေးနူန်းက မြင့်သည်ထက်မြင့်တက်နေတာပါ၊၊ လွန်ခဲ့တဲ့ နှစ် ၂၀၊၃၀အတွင်းဆို ဘာဝယ်ဝယ် ယန်း၁၀၀ ထိ ပစ္စည်းတွေ တစ်ပုံကြီး။
ခုများဖြင့် ပစ္စည်းခြင်းတူတောင် စျေးခြင်းမတူတော့၊ အရေးထဲ လစာပေးငွေကလဲ လွန်ခဲ့တဲ့ နှစ် ၃၀-၅၀ တုန်းကနဲ့ မတူပြန်၊
ကုန်ပစ္စည်းအခွန်ဆိုရင် ဒီနှစ် ၂၀၁၉ခုနှစ် ၁၀လပိုင်းမှာ ၁၀ရာခိုင်နှုန်းထိ တိုးမယ်တဲ့နော်။

 

❖တစ်ယောက်တည်း ဂျပန်ရောက်တော့ …
🌸ကိုယ့်နိုင်ငံ မဟုတ်လေတော့

တစ်ယောက်ထဲပေါ့လေ၊ ဒါပေမဲ့ မြန်မာပြည်က  ထွက်လာတုန်းက အဖော်ပါပေတော့၊ ဆွေမျိုးမရှိပေမယ့် အဖော်ရှိပါတယ်။
ကောင်းပါတယ်လေ၊ တခါတလေ တယောက်ထဲဘဝရဲ့ လွတ်လပ်စွာ ပျော်ရွှင်ရတဲ့ ရလဒ်ကလဲ။

 

🌸ထူးဆန်းပါလေ့

တိုင်းတပါးမှာ ဆွေမရှိမျိုးမရှိနေရတာ မထူးဆန်းပေမဲ့။

ထူးဆန်းတာကတော့ တစ်ယောက်နဲ့ တယောက် စကားစပ်မိတဲ့အခါ မွေးရပ်မြေတွေတူကြ၊

လက်ရှိနေထိုင်ရာ လိပ်စာ မြို့နယ်တွေတူကြနဲ့ ဆိုတော့လည်း

နီးစပ်ရာ ဆွေမျိုး၊ ခင်ရာ ဆွေမျိုး ဖြစ်သွားတာလေးတွေကိုက ချစ်စရာကောင်းပါတယ်နော်။

ဒီလို မြန်မာအလေ့အထလေးတွေ တွေ့နိုင်တာကိုကပဲ ရင်ထဲ လှိုက်ဖိုရပါတယ်လေ။

 

🌸သူတို့ရဲ့当たり前 (ဂျပန်တို့အတွက်တော့ မထူးဆန်းပေမဲ့)

ဂျပန်က ကိုယ့်နိုင်ငံလည်း မဟုတ်ဘူး။ ဒီတော့ တွေးကြည့်ရင်ကို မတူညီတဲ့အပိုင်း၊ဓလေ့ဆိုတာရှိမှာပါ။ပါတ်ဝန်းကျင် ပြောင်းလဲမှု ၁၀၀ % ကြောင့်လည်း ကိုယ့်အနေနှင့်ကတော့ အထူးအဆန်းတွေကိုဖြစ်လို့။

တစ်ခါကပေါ့။ ။

အလုပ်ကအပြီး အိမ်အပြန်ဆိုရင် လမ်းအမျိုးမျိုး လျှောက်ကြည့်တယ်။ဂျပန်က ဘယ်လိုအခြေအနေလည်း ဆိုတာလည်း နားလည်ရအောင်ပေါ့နော်။

အရာရာဟာ မတွေ့ဘူး မကြုံဘူးလေတော့ အသစ်တွေကြည့်ပါပဲ။

ဒီလိုနဲ့ တစ်ခေါက်က အပြန်လမ်းမှာ  ဘာရယ်မသိပေါ့ လမ်းလျှောက်။ နောက်တော့မှ သိလိုက်ရတာက အဲ့ဒီ့ လမ်းထဲက ဆိုင်တွေက စနက်ခ်ဆိုင် ပါ့ဘ်ဆိုင်  နော်မိရဆိုင် နဲ့ ရုပ်ဆွ အဆုံး လာ့ဖ်ဟိုတယ်ဆိုင်ခန်းများ တည်ရှိရာ လမ်းပါပေလော။

မြန်မာပြည်မှာ မတွေ့ဖူးတဲ့ဆိုင်တွေ ဂျပန်မှာ လွယ်လင့်တကူ ရှိနေတာ သိလိုက်ရတော့ စိတ်ထဲ တုန်လူပ်သွားတာအမှန်ပါပေ၊ ဒီလိုဆို ကျွန်မနှင့်တော့ ဖြစ်ပါ့မလား ဂျပန်ရယ်ပေါ့

 

🌸တကယ်တန်းပြောရရင် ဂျပန်နိုင်ငံက ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ

ဒီတော့ ဘာပဲလုပ်လုပ် စက်ပစ္စည်း အသုံးများတယ်။ ကွန်ပျူတာခေတ် ရောက်လာပြန်တော့ ခုချိန် ကုမ္ပဏီဝန်ထမ်းအလုပ်လုပ်မယ်ဆိုရင်လည်း ကွန်ပျူတာ အခြေခံလောက်မှ နားမလည်ရင် ရုံးအလုပ်လည်း မရနိုင်။

ခက်ပါတယ် ဂျပန်ရယ် ကွန်ပျူတာခေတ်မှာ လူဖြစ်တာမဟုတ်တဲ့ ရှေ့ရှေ့က လူဖြစ်နေသူတွေအတွက်ကတော့ ဂျပန်မှာ အလုပ်လုပ်ရတာ ခေတ်နဲ့ အမီလိုက်ရတာ မောတော့မောတယ်ပေါ့။

သူတို့ပြောစကားကို ပြန်ပြောရရင်

ကိုယ်လိုချင်ရင် ကိုယ်တိုင်ဖြစ်အောင်လုပ်ယူ။

ကိုယ်တိုင်ဘာမှ မလုပ်ဘဲနဲ့တော့ တိုးတက်လာမှာမဟုတ်ပါဘူး။

မိတ်ဆွေတို့ရော ဖြစ်နိုင်ပါ့မလား။
ဖြစ်နိုင်အောင် ပြင်ဆင်ကြပါနော်။

MJ♡

Author Profile

MJ
MJ
မဂၤလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။