အနာဂတ် ဂျပန်ပြည် နေထိုင်ရေး အဆင်ပြေမလား ခက်ခဲမလား

【Unicode】
■MJ

အနာဂတ် ဂျပန်ပြည်

တွေးဆကြည့်မိပါတယ်၊ အထူးသဖြင့် နေထိုင်မူ့ အစဉ်ပြေမလား ခက်ခဲမလားကိုပေါ့၊ ဂျပန်နိုင်ငံရဲ့ နေထိုင်မူ့က အနှောင်းပိုင်းကိုကြည့်ရင် ယခုထိ အခက်အခဲ မရှိခဲ့ပါဘူး၊ ဂျပန်နိုင်ငံဟာ လူတယောက်ဝင်ငွေ ထွက်ငွေ သင့်တင့် လုံလောက်စွာ ရပ်တည်နိုင်ဖို့အတွက် လူတစ်ယောက် အနည်းဆုံး ဝင်ငွေ မည်မျှရှိမှ လုံလောက်မယ် ရပ်တည်နိုင်မယ်လို့ တွေးပြီး ဂျပန်အစိုးရက လစာငွေ နာရီပိုင်းငွေ တို့ကို တွက်ပြီး ပေးနေသောကြောင့် ဖြစ်ပါတယ်၊

ဒါကြောင့်လည်း သမိုင်းတစ်လျှောက် ဝင်ငွေ ထွက်ငွေ မမျှသူမရှိခဲ့ပါဘူး၊ပြည်သူဘက်က အသုံးကြီးသူ အသုံးနည်းသူ တစ်ရက် လုပ်သင့်ချိန် အပြည့်အဝ မလုပ်၍ ဝင်ငွေနည်းသူ စသည်တို့ပဲ ကွာခြားပါတယ်။

ဂျပန်အစိုးရထံမှ ပညာရှင်တို့ရဲ့ စုပေါင်း အဖြေကြောင့် လူတစ်ယောက်ရဲ့ တစ်လရှိသင့်ဝင်ငွေ၊ ထိုဝင်ငွေပေါ် မူတည်၍ သုံးသင့်သည့် အသုံးစားရိတ်၊ အိမ်လခ စသည်တို့၏ တွက်ချက်ထားသည့် ဇယားမှာ ရပ်ကွက်ရုံးတိုင်းတွင် ရှိနေပြီး ထိုနေရာတိုင်းတွင်လည်း ဆေကစု စိုးဒန်း ရှိစု 生活相談室、コナーရှိပါတယ်၊ ကိုယ်၏ စားဝတ်နေရေး မပြေလည်ပါက ထိုနေရာတွင် တိုင်ပင် အကြံရယူလို့ ရပါတယ်။

ထိုနေရာထိ မသွားနိုင်သူများကလည်း သက်ဆိုင်ရာ link တွင် ကြည့်ရူ့ လေ့လာနိုင်ပါတယ်။ ( ဥပမာ https://www.shouhiseikatu.metro.tokyo.jp/ )

 အမျိုးမျိုးအကြံဉာဏ်ရယူနိုင် 

ဤသို့သော ဌာနများမှ အကြံကောင်း ရယူကာ ကိုယ်ပိုင် နေထိုင်မှု အခက်အခဲများအား ဖြေရှင်းပေးလေသောကြောင့် အနာဂတ် ဂျပန်ပြည်မှာ အဆင်ပြေမလားဆိုတာကတော့ ရလဒ်ကို ကြည့်ရမှာပေါ့။

ထိုဌာန၏ ဖြေရှင်းပေးမှုကြောင့် အခက်အခဲရှိပါက က​ျော်လွှား နိုင်သော်လည်း၊ ကိုယ်ပိုင်ဝင်ငွေ လုံလောက်အောင် ရှာနိုင်ပါလျက်နှင့် မရှာဘဲ ပျင်းရိခြင်းသည်သာ ကိုယ်၏ ချို့ယွင်းချက်ပင် ဖြစ်လေမည်။ ထို ဌာန၏ အကြံပေးချက်မှာ ဥပမာ အားဖြင့် ကိုယ်ပိုင်ဝင်ငွေ၏ ၁/၄ ထိ ကို အိမ်လခ ပေးဆောင်ရန် အသုံးပြုပါ၊ ထို့ထက်ပို အိမ်လခစျေးကြီးနေရာတွင် မနေသင့်၊ စသည် တစ်ဦးချင်းစီ၏ အနာဂတ် အခက်အခဲသည် နိုင်ငံအထိ အခက်အခဲ ဖြစ်စေသောကြောင့် အနာဂတ်ဂျပန်နိုင်ငံအတွင် နိုင်ငံသားတယောက်ခြင်းစီအပေါ် အလေးထားပါသည်။

ထို့အပြင် တစ်လဝင်ငွေပေါ် မူတည်၍ တစ်လသုံးသင့်သည့် မုန့်ဖိုး၊ ( ဥပမာ ကိုယ်၏ ဝင်ငွေ၏ ၁၀% သည် တစ်လ မုန့်ဖိုး အသုံးစားရိတ်ဖြစ်ပါသည်) အကယ်၍ အိမ်ထောင်သည် မိသားစု ဖြစ်ပါက ခင်ပွန်းသည်၏ မုန့်ဖိုး အသုံးစရိတ်မှာ ၁၀%၊ အိမ်ရှင်မ၏ မုန့်ဖိုး သည် ခင်ပွန်းသည် မုန့်ဖိုးထက် တဝက်၊ ကလေးရှိပါက မိခင် မုန့်ဖိုးထက် တဝက်သည် ကလေး မုန့်ဖိုး၊ စသည် စသည် အတွင်းကျကျ စနစ်ဇယားရှိသောကြောင့် အနာဂတ် ဂျပန်ပြည်၏ နေထိုင်မှု မှာ အသုံးစည်းကမ်းရှိပါက စိုးရိမ်စရာ မရှိပါပေ၊

ဒါပေမယ့် အနာဂတ်ဂျပန်ကို အမျိုးမျိုးခန့်မှန်းချက်တွေ ပေးကြပါတယ်။
「生活総研」未来年表မှ ကိုးကားပြပါရစေ။

2020 : 60歳以上の人口が日本全体の4割に達し、シニア関連ビジネス市場が160兆円拡大する
၂၀၂၀ခုနှစ်တွင် အသက်၆၀အထက် ဂျပန်လူမျိုးဦးရေဟာ လူဦးရေရဲ့ ၄၀ရာခိုင်နှုန်းအထိရောက်ရှိပြီး၊ စီးပွားရေးမှာ သက်ကြီးရွယ်အိုနှင့် ဆက်စပ်တဲ့လုပ်ငန်းစျေးကွက်က 160 trillion Yen အထိ ရှိလာနိုင်တယ်။

 

2030 : この年以降マイナス成長に転じた日本経済が、先進国の地位から転落する(2030年代以降)
၂၀၃၀ခုနှစ်မှာ ဂျပန်စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းမှုကြောင့် developed country အဆင့်မှ အဆင့်ကျသွားနိုင်တယ်။

 

国内すべての家庭と工場にスマートメーターが普及。日本のスマート化が実現する
ထိုနှစ်ဝန်းကျင်မှာပဲ ဂျပန်နိုင်ငံတွင်း အိမ်၊စက်ရုံတွေမှာ smart meter များ အသုံးများလာပြီး၊ smart အဆင့်မြင့်နေထိုင်မှု လက်တွေ့အကောင်အထည်ပေါ်လာနိုင်တယ်။
ကိုးကား:「生活総研」未来年表

စသဖြင့် အမျိုးမျိုး ခန့်မှန်းချက်တွေ ထုတ်ထားကြပါတယ်။
ဒီတော့ အနာဂတ်မှာ ဘယ်လိုဖြစ်လာနိုင်သလဲ။

 နေထိုင်မှုပိုင်း 

နေထိုင်မှုမှာက အပေါ်မှာ ရေးခဲ့တဲ့အတိုင်းပါပဲ၊ ၊ 生活 ( စားဝတ်နေရေး)  ပြန်လည်ဖို့အတွက် ဆက်စပ်နေတာက မိမိကိုယ်တိုင် ဆောင်ရွက်ဖို့က အဓိကပါပဲ၊ လက်လူပ်မှ ပါးစပ်လူပ်ရမယ် ဆိုတဲ့ မြန်မာစကားအတိုင်းပါပဲ။

 အဆင်ပြေမလား 

အထက်ဖော်ပြပြီးအတိုင်း အဆင်ပြေစေရန် အလို့ငှာ လူတိုင်းတာဝန်ယူမှု လိုအပ်ပါတယ်။ ဂျပန်နိုင်ငံအနေနှင့်ကလည်း အနာဂတ်နိုင်ငံ အဆင်ပြေစေရေးအတွက်နိုင်ငံတော် အခွန်နှုန်းကို ယခုနှစ်၂၀၁၉ခုနှစ် ၁၀ လပိုင်းမှစ ပြည်သူလူထုထံမှ ယခုလက်ရှိ ၈% မှသည် ၁၀% သို့ တိုးကောက်တော့မည် ဖြစ်ပါကြောင်းရှင့်။

 ခက်ခဲမလား 

ဂျပန်နိုင်ငံ စီးပွားရေး ကဏ္ဍဘက်က ကြည့်လျှင် မြေယာစျေးကွက် တည်ငြိမ်ရန်လည်း ၂၀၃၀ ထိ ထိန်းချုပ်သွားဖို့ အစီအစဉ်တွေ ရှိနေပါတယ်။
ဂျပန်နိုင်ငံ နည်းပညာ တွင်လည်း ၂၀၃၀ ခုနှစ် အလယ်ပိုင်းတွင် ကွန်ပျူတာ စနစ်များအစားထိုး လုပ်ကိုင်နိုင်ရန် စီစဉ်နေခြင်း စတာတွေပေါ့နော်။

ဂျပန်နိုင်ငံ၏ 21 ရာစု စျေးကွက် အင်္ဂလန် ပြင်သစ် ဂျာမဏီ ဥရောပ ကဲ့သို့ကြီးမားလှစွာသော အိမ်နီးချင်းနိုင်ငံများ၏ marketing ကဲ့သို့ နိုင်ငံတကာနှင့် ဆက်သွယ်လိုသည့် စျေးကွက်ဖြစ်အောင်လည်း ကြိုးစားလျက် ရှိပေသည်။

အနာဂတ် အဆင်ပြေစေရန်၂၀၃၀-၄၀-၅၀ စီမန်ကိန်း တို့ရှိသည့်အပြင် နောက်ရာစုထိပါ တွေးဆထားသည်ကို တွေ့ရသောကြောင့် အတုယူဖွယ်ကောင်းလှပါပေသည်၊

ဂျပန်ပြည်မှာ နေထိုင်မူ့ အစဉ်ပြေမလား ခက်ခဲမလားတို့၏ အတွေးက
ဂျပန်နိုင်ငံရဲ့ နှစ်တို၊နှစ်ရှည်စီမံကိန်းများ အောင်မြင်စေရန် ကြိုးပမ်းမှုနှင့် မိမိတစ်ကိုယ်ရည်စွမ်းအား(ကြိုးစားအားထုတ်မှု) သည်သာ အဓိက ဖြစ်ပေမည်ဟု ထင်မိပါသည်။

■MJ

Author Profile

MJ
MJ
မဂၤလာပါ
ဂျပန်အကြောင်း တင်ဆက်ပေးသွားပါမယ်
ဘာသာပြန် အလုပ်လည်း လုပ်နေပါတယ်ရှင်။လိုအပ်တဲ့အခါလည်း အသံပြုလိုက်ပါနော်^^။
ခရီးထွက်ခြင်းနဲ့ အားကစား ဝါသနာ ပါ ပါတယ်ရှင်။