Customer Service & Hospitality

【Unicode】

■Ever Smile

customer first ကို ကျင့်သုံးသော ဂျပန်

ဒီနေ့ကတော့ ဗဟုသုတရဖွယ်ရာလေး တင်ဆက်ပေးပါရစေ။ကျနော်ကျောင်းမှာသင်ရတဲ့အချက်လေးတွေကို ပြန်လည် ဝေမျှတာပါ။

ကျနော် ဂျပန်နိုင်ငံတွင်နေထိုင်စဉ် လုပ်ငန်းအတွေ့အကြုံနှင့် ကျောင်းတွင်သင်ကြားခဲ့သော ပညာရပ်များမှ ထုတ်နှုတ်တင်ပြချင်တာကတော့ Service နဲ့ Hospitality ရဲ့ မတူညီတဲ့ အချက်လေးတွေဖြစ်ပါတယ်။
Service လုပ်ငန်းများတွင်ကျင့်သုံးနေတဲ့ ဂျပန်လုပ်ငန်းတွေက ကျနော်တို့အားလုံးရဲ့အပြုံးလေးများဖြင့် ဧည့်သည်တွေကို ပြုံးပျော်စေရမယ်။ သူတို့လေးတွေရဲ့ အပြုံးကိုမြင်ရတဲ့အရသာဟာ ငါတို့တွေရဲ့အပြုံးလေးတွေကို ပိုပြီးအားဖြစ်စေပါတယ်။

Customer Satisfaction
CS ကိုရဖို့ဆိုရင် အရင်ဆုံးစဉ်းစားသင့်တာက ငါသာဧည့်သည်ဆိုပါက ဘယ်လိုဖြစ်စေချင်လဲ? ဆိုတာကို သိအောင်အရင်လုပ်ရပါမယ်။ ငါတို့အားလုံးရဲ့လစာကို ဧည်သည်တွေက ပေးနေတာဖြစ်လို့ ဧည့်သည်တွေကို အာရုံစိုက်ရမယ်၊ ဂရုစိုက်ရမယ်၊ သတိထားတတ်ရမယ်လို့ တွေးတာမျိုး။

ဧည့်သည်နှင့်စကားပြောဆိုဆက်ဆံရေးကလည်း ဘယ်အရာထက်မဆို အရေးပါအရာရောက်သော တာဝန်တစ်ခုဖြစ်ပါတယ်။ စကားပြောဆိုဆက်ဆံတဲ့အခါ ကိုယ်နေဟန်ထား၊ စကားအသုံးအနှုန်းနှင့် အမူအရာများ အားလုံးက Customer Service Manner ဖြစ်ပါတယ်။ လူတစ်ယောက်ကိုတွေ့ရင် First Impression ကအရေးကြီးသလို ဝန်ထမ်းတွေမှာလည်း ဝတ်စားဆင်ယဉ်မှုက မိမိလုပ်ငန်းအပေါ်အကျိုးသက်ရောက်မှုများစွာ ရှိပါတယ်။ စတိုင်ထုတ်ခြင်းမဟုတ်ဘဲ သပ်သပ်ရပ်ရပ် သေသေသပ်သပ် ဝတ်စားဆင်ယင် လှုပ်ရှားသွားလာမှုလည်း လေ့ကျင့်ထားကြပါတယ်။ ဂျပန်တွေက လူတိုင်းပြုံးတတ်အောင် Smile Training ကို အလုပ်မဝင်ခင် နေ့တိုင်း လေ့ကျင့်လေ့ရှိတဲ့ အလုပ်တွေအလွန်များပါတယ်။ အတုယူစရာအလွန်ကောင်းတယ်လို့ မြင်မိပါတယ်။

Communication ကောင်းတဲ့လူတစ်ယောက်ရဲ့ အဓိကသော့ချက်က နှုတ်ဆက်စကားပြောဆိုတတ်ခြင်းလို့လည်းပြောလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တွေ့ကြတဲ့အခါ မိမိဘက်မှစတင်နှုတ်ဆက်ခြင်း၊ နှုတ်ဆက်တဲ့ ကိုယ်အမူအရာမှန်မှန်ကန်ကန်လုပ်ဆောင်နိုင်ခြင်းကလည်း ပွိုင့်ပါပဲနော်။ Service ဆိုသည်မှာ ဘယ်နေရာ၊ဘယ်အချိန်၊ ဘယ်သူပဲဖြစ်ဖြစ်တူညီစွာ ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။ ဧည့်သည်အဆင့်အတန်းမခွဲပါဘူး။ Service ကို ကုန်သွယ်ရောင်းဝယ်လို့တော့ မရပါဘူး။ ကြိုတင်ပြုလုပ်ပြီး ဂိုထောင်ထဲထည့်ထားလို့လည်းမဖြစ်နိုင်ပါဘူးနော်။

 

Hospitality
Hospitality ဆိုတာကတော့ Customer Satisfaction ကို ဘယ်အရာထက်ကိုမဆို အလေးထားဆောင်ရွက်နေပါတယ်။ Hospitality ဆိုတာကတော့ ဒီနေရာ၊ ဒီအချိန်မှာ သင့်ကိုသာလျှင်ပေးသော ဝန်ဆောင်မှုမျိုးဖြစ်ပါတယ်။ အခြားသူရဲ့ အခြေအနေကို မိမိသာဆိုလျင်ဟု ကိုယ်စားဝင်စဉ်းစားပြီး ဝန်ဆောင်မှုပေးနိုင်သည်အထိ ကြိုးစားကြရပါတယ်။ CS ဖြစ်စဉ်ကို အတူတူနားလည်သဘောပေါက်ပြီး ဧည့်သည်မျှော်လင့်ထားသော ဝန်ဆောင်မှုထက်သာလွန်သော ဝန်ဆောင်မှုများပေးနိုင်သည်အထိ ငါတို့အားလုံး အတူတူကြိုးစားကြရအောင်ဆိုပြီး ဝန်ထမ်းအားလုံးကိုHospitality ကိုမွေးဖွားလုပ်ဆောင်နိုင်အောင် လေ့ကျင့်သင်ကြားပေးနေတဲ့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းတွေကို ကျနော်အရမ်းသဘောကျပါတယ်။
 Hospitality ကို အဓိကထားနေတဲ့ လုပ်ငန်းများ 

ဥပမာ-ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းတွေမှာဆိုရင် Hospitality ကို သဘာဝအတိုင်းလုပ်ဆောင်နိုင်တဲ့ ဝန်ထမ်းတွေ အများကြီးလိုအပ်ပါတယ်။ သူများတဖက်သားကို Hospitality ကောင်းကောင်းပေးနိုင်ဖို့ဆိုတာ အလုပ်မှာပျော်တဲ့၊ အလုပ်ကိုချစ်တဲ့ တန်ဖိုးထားတဲ့ ဝန်ထမ်းဖြစ်ဖို့တော့ လိုအပ်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင်တွေက Employee Satisfaction ကို အရင် UP လုပ်နိုင်ဖို့ကလည်း လုပ်ငန်းတစ်ခုအောင်မြင်ဖို့အဓိကသော့ချက်ဖြစ်ပါတယ်နော်။

Omotenashi ဝန်ဆောင်မှုကောင်းတယ် လို့ ကမ္ဘာ့အလယ်နာမည်ကြီးနေတဲ့ ဂျပန်နိုင်ငံကိုး အတုယူကြိုးစားစေချင်မိပါတယ်။

ကြိုးစားကြည့်ကြပါနော်။

■Ever Smile

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀