ပင်စင်ကြေး၊အခွန်နှင့် ပတ်သက်ပြီး ဆောင်ရွက်ထားသင့်သော အကြောင်းအချက်များ

【Unicode】

■Ever Smile

ဂျပန်မှာ နေထိုင်အလုပ်လုပ်ရင် အခွန်အခများ ပေးဆောင်ရတယ်လို့ ကြားဖူးနားဝရှိမယ်ထင်ပါတယ်။

အခွန်နှင့်ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် ဆောင်ရွက်ထားသင့်တာလေးများကို တင်ဆက်ပေးချင်ပါတယ်။

ပင်စင်ကြေးဆောင်ခြင်း

 

ပင်စင်ခွန်ဆောင်ခြင်းဆိုသည်မှာ ဂျပန်နိုင်ငံတွင်နေထိုင်သည့် မည်သည့်လူမျိုးမဆို အသက်20အထက် 60အောက်လူများပေးဆောင်ရသော အခွန်ဖြစ်ပါတယ်။ မဆောင်မနေရလို့ပြောနေပေမယ့်လည်း ဂျပန်လူမျိုး အချိန်ပိုင်းအလုပ်ပဲလုပ်တဲ့သူတွေက မဆောင်တဲ့သူတွေလည်းများပါတယ်။

ကျနော်တို့ ဂျပန်နိုင်ငံမှ ထွက်ခွာတော့မည်ဆိုပါက ပင်စင်ပြန်လည်ထုတ်ယူလို့ရပါတယ်။ ကျနော်တို့တွေက အလုပ်သမားအနေနဲ့ ဂျပန်ကိုလာပါက အလုပ်က လစာထဲမှ နှုတ်ပြီးဆောင်ပေးခြင်း အလုပ်ရှင်တစ်ဝက် မိမိတစ်ဝက်ပါ။ မဆောင်ပေးသည့်အလုပ်များလည်းရှိပါတယ်။

 ပင်စင်စာအုပ်ဆောင်ထားပါ 

ယခုဂျပန်မှာ ကျောင်းတက်နေဆဲကျောင်းသားတွေ Nenkin လို့ခေါ်တဲ့ အပြာရောင်စာအုပ်လေး မရှိသေးရင် ရပ်ကွက်ရုံးကိုသွားပြီး Nenkin menjou လုပ်ချင်လို့ပါလို့ တိုင်ပင်ပြီး စာအုပ်လေးလုပ်ထားသင့်ပါတယ်။

ကျောင်းသားတွေအနေနဲ့ကလည်း ဝင်ငွေအလိုက်ဆောင်ရမှာ ဖြစ်ပေမယ့် ကျနော်တို့ ကျောင်းသားဘဝမှာ မဆောင်ချင်ပါက 免除menjo (လျှော့ပေးခြင်း၊အခကြေးငွေမကုန်ကျခြင်း)လုပ်လို့ရတာလည်းရှိတတ်ပါတယ်။ကျောင်းသားဖြစ်လို့မဆောင်နိုင်သေးကြောင်း ရပ်ကွက်ရုံးမှာ တင်လို့ပါတယ်။

 menjoဘယ်လိုလျှောက်ရမလဲ 

Zairyu Card, Student Card ယူသွားရပါမယ်။ ဒါဆိုရင်သူတို့က မိမိတက်နေသောကျောင်းကို ရှာပြီး Menjo လုပ်လို့ ရမရ ပြောပါတယ်။ ကျောင်းတွေမှာ ကျောင်းသားကဒ်နဲ့ ရထားခdiscount ရတဲ့ ကျောင်းတွေက menjo လုပ်လို့ရပါတယ်။ အကယ်၍ မိမိတက်နေတဲ့ ကျောင်းက menjo မရပါက တခြားဖောင်များဖြည့်ပြီး menjo ထပ်လျှောက်လို့ရပါတယ်။ ဒါပေမယ့် over working လုပ်ထားတာ ပေါ်နေရင်တော့ မရနိုင်တာလည်းရှိပါတယ်။

 မဆောင်ထားတဲ့အခါ 

အကယ်၍ မလုပ်ထားဘဲ အလုပ်ဝင်ပါက အလုပ်မှ သင့်ကို nenkin ဆောင်ဖို့ သင့််ရဲ့Nenkin ID တောင်းပါက မလုပ်ရသေးပါက ထိုအခါမှ ရပ်ကွက်ရုံးကိုသွားပါက မိမိဂျပန်ရောက်သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ Nenkin ဆောင်ခိုင်းပါလိမ့်မယ်။ ထိုအခါ လက်ရှိကျောင်းသားမဟုတ်တော့လို့ Menjou လဲလုပ်လို့ မရတော့ပါ။

Nenkin နံပါတ်သည် လူတစ်ဦးတွင် တစ်ခုသာရှိသင့်ပါတယ်။ တချို့ အချိန်ပိုင်းအလုပ်တွေက Nenkin မဝင်မနေရဝင်ခိုင်းပါက ထိုနံပါတ်ကို သေချာမှတ်ထားကြပါ။ လူတစ်ယောက်ထဲ Nenkin နံပါတ် ၂မျိုး၃မျိုးရှိနေတတ်ကြပါတယ်။ တစ်မျိုးထဲဖြစ်အောင်ပြန်ပေါင်းရတာလည်း အလုပ်ရှုတ်ပါတယ်။ Nenkin က ဂျပန်ကနေနိုင်ငံပြန်တော့မယ်ဆိုရင် သွားစာရင်းသွင်းပြီး စာရွက်စာတမ်းတွေ ရလာပါက သိမ်းထားကာ နိုင်ငံပြန်ပြီးနောက် ၆လအထက် ၂နှစ်အတွင်း ပြန်လည်ထုတ်ယူလို့ရပါတယ်။

ခွန်

 

အခွန်ကတော့ အမျိုးအစားများပါတယ်။

 နိုင်ငံကိုဆောင်ရတဲ့ National Tax 

တစ်နှစ် ဝင်ငွေ ပေါ်မူတည်ပြီးဆောင်ရတဲ့ ဝင်ငွေခွန်၊

 Local Tax 

Local Tax ကတော့ မိမိနေထိုင်ရာ ဒေသကိုဆောင်ရတဲ့ အခွန်

ရှေ့နှစ်မှမိမိဝင်ငွေပေါ်မူတည်ပြီး ဆောင်ရပါတယ်။

Local Tax(Juumin zei) ကိုဆောင်ကြတဲ့ အများဆုံးပုံစံကတော့ ဝန်ထမ်းဖြစ်ပါက အလုပ်မှ လစဉ်မိမိလစာမှ နှုတ်ယူထားပြီး ဆောင်ပြီးချိန်တွင် လိုရင်ထပ်တောင်းပိုလျင် ပြန်အမ်းစနစ်နဲ့ နောက်တနည်းကတော့ ကျောင်းသားတွေနဲ့လည်းသက်ဆိုင်ပါတယ်။

အချိန်ပိုင်းအလုပ်တွေလုပ်တဲ့ အတွက်ကြောင့် ရှေ့နှစ်ဝင်ငွေကိုကြည့်ပြီး ယခုနှစ်တွင် ရပ်ကွက်ရုံးမှ အပိုင်း၄ပိုင်းခွဲခါ အခွန်ဖြတ်ပိုင်း ပို့ပေးပါတယ်။ မဆောင်ပါက အတိုးတက်ပါတယ်။ မဖြစ်မနေဆောင်ကြရပါမယ်။

အများအားဖြင့် ၄လပိုင်းကျောင်းသားတွေဆို ဥပမာ-2017နှစ် 4လပိုင်းဂျပန်ကိုရောက်ပါက ထိုကျောင်းသားဝင်ငွေသည် 5လပိုင်းမှ 12လပိုင်း စုစုပေါင်းသည် ယန်း120သောင်းမကျော်ပါက Juuminzei ဆောင်ရန်မလိုပါ။ သို့ဖြစ်ပါ၍ 2018 ခုနှစ်တွင် Juumin zei မလိုပါ။

သို့သော် 2018၁လမှ 12လအထိ ဝင်ငွေစုစုပေါင်း ယန်း120သောင်းကျော်ပါက 2019တွင် အခွန်စာရွက်ရောက်ပါမည်။ 4ခါခွဲရောက်ပါမည်။ သတ်မှတ်နောက်ဆုံးရက်ထိမဆောင်ထားပါက အတိုးတက်ပါမည်။ ဗီဇာတိုးလျင် အခွန်ဆောင်ထားသော ပြေစာပြခိုင်းခံရသူများလည်းရှိပါတယ်။ အကုန်တခါတည်းမဆောင်နိုင်ပါက သွားရောက်ဆွေနွေးလို့ရပါတယ်။ Kazei shoumeisho နဲ့ nouzei shoumeisho ပြေစာလိုချင်ပါက Zairyu Card ယူသွားပြီး ရပ်ကွက်ရုံးမှာ ကာယကံရှင်ကိုယ်တိုင် တင်လို့ရပါတယ်။

 ယာဉ်အတွက် အခွန် 

ကား၊ဆိုင်ကယ် ရှိသောသူများလည်း နှစ်စဉ် 4လ1ရက်မှ စ၍ ကား၊ဆိုင်ကယ်ခွန် ဆောင်ရပါတယ်။ 5လပိုင်းထဲမှာ မိမိယာဉ်ဆောင်ရမည့် ပြေစာကိုပို့ပေး၍ သတ်မှတ်ရက်အတွင်း ဆောင်ရပါတယ်။ ယာဉ်သေး (kei jidousha zei ) 122 cc အထက် 660 cc အောက်နှင့် jidousha zei ကတော့ ကျန်တဲ့ယာဉ်အမျိုးအစားများပေါ့နော်။ ယာဉ်ဝယ်တဲ့အခါမှာလည်း စာရင်းသွင်းရပြီး မသုံးတော့လို့ စွန့်ပစ်တဲ့အခါမှာလည်း စာရင်းသွင်းရပါတယ်။

ဂျပန်နိုင်ငံတွင်နေထိုင်နေကြသော မြန်မာနိုင်ငံသားအားလုံး အဆင်ပြေကြပါစေ။

Author Profile

Ever Smile
Ever Smile
☺️ဂျပန်မှာ နေထိုင်စဉ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံ အခက်အခဲများနှင့် သာယာပျော်ရွှင်စရာများကို
ဂျပန်နဲ့ပတ်သတ်တဲ့ သူများအားလုံး သိရှိနားလည်စေသော စေတနာဖြစ် သိထားသလောက် ဗဟုသုတလေးများကို ဝေမျှပါရစေနော်။😁
ကိုယ်တတ်စွမ်းသလောက် ဂျပန်မြန်မာ ပေါင်းကူးတံတားတစ်စင်းအဖြစ် တာဝန်ထမ်းဆောင်ချင်ပါတယ်☺️
🍀🍀🍀