ဒီနေ့ကတော့ နေထိုင်စရိတ်အကြောင်း ပြောပြချင်ပါတယ်။

နေထိုင်ဖို့ကတော့ ငွေကြေးစားရိတ်စားခ ပိုကုန်ကျပါတယ်။
နိုင်ငံခြားသားတစ်ယောက်ရဲ့လစာကတော့ ကုမ္ပဏီစဝင်ဝင်ချင်း ယန်း၂သိန်း ကနေ ယန်း၂သိန်း ၃သောင်းအထိ ( မြန်မာငွေ၂၂သိန်းကနေ ၂၅သိန်းကြား) ရှိပြီး၊ အခွန်အခနှုတ်ပြီး ၁သိန်း၇သောင်းဝန်းကျင်ကျန်ပါတယ်။
အဲ့ထဲကမှ အိမ်ငှားခ၊ ရေမီးဂတ်စ် မီတာခ ၊စားစရိတ်၊ ရုံးသွားရုံးပြန်စရိတ်၊ခရီးစရိတ်၊ အထွေထွေသုံး အားလုံးပေါင်း တိုကျိုမှာဆိုရင် ၁သိန်း ကနေ ၁သိန်း၂သောင်း ဝန်းကျင် ကုန်ကျပါတယ်။ လစဉ်စုနိုင်တာကတော့ ယန်း၅သောင်း~၇သောင်းဝန်းကျင်လောက်ပါ။
အိမ်ငှားခက တစ်လ ယန်း၃၊၄သောင်းအခန်းကနေ ယန်း၇၊ ၈သောင်း ၉သောင်းအထိ အမျိုးမျိုးပါပဲ။
ကျွန်မနေတဲ့ အခန်းကတော့ လစဉ် 72,000¥ကုန်ကျပါတယ်။ အဲ့အပြင် ပတ်ဝန်းကျင်သန့်ရှင်းထိန်းသိမ်းရေးအတွက် ¥4,000ထပ်ပေါင်းပေးရပါတယ်။ ဈေးကြီးတဲ့အထဲမှာတော့ ပါပေမဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေပါတဲ့အပြင် အခန်းလုံခြုံရေးစနစ် secom လည်းတပ်ဆင်ထားပါတယ်။ ထပ်ခိုးပုံစံ အိပ်စင်ဖြစ်ပြီး အဝတ်အစား သိမ်းဆည်းတဲ့ အခန်းငယ်လေးပါဝင်ပါတယ်။ ဘူတာကနေ ၄မိနစ်ပဲလမ်းလျှောက်ရပြီး သွားလာရတာတော့ အဆင်ပြေပါတယ်။

အခန်းဖွဲ့စည်းပုံပါ။

 

ပါဝင်ပစ္စည်းတွေကတော့

  • TV
  • အဲယားကွန်း
  • ရေခဲသေတ္တာ
  • အဝတ်လျှော်စက်
  • အဝတ်ခြောက်ခံစနစ်
  • Micro wave
  • လျှပ်စစ်မီးဖို

ဖြစ်ပါတယ်။

အခန်းခနဲ့တင် စုစုပေါင်း ¥76,000 ကုန်ကျပေမဲ့၊ ကုမ္ပဏီမှ ဝန်ထမ်းအိမ်စရိတ် ထောက်ပံ့ငွေ ¥30,000ရရှိတဲ့အတွက် ကိုယ့် ထဲက ¥46,000 အခန်းခပေးချေရပါတယ်။

ပထမဆုံး ဂျပန်ရောက်ရောက်ချင်း ၂လကတော့ ကုမ္ပဏီဘက်မှ အခန်းပြင်ဆင်ထားပြီး၊ အခုနေတဲ့ အခန်းကလည်း ကုမ္ပဏီဘက်မှပြင်ဆင်ထားတဲ့ အခန်းမှာ ဆက်နေဖြစ်သွားပါတယ်။၂လပြည့်သွားတဲ့အခါ ကိုယ့်ဘာသာ အခန်းရှာရပြီး၊ ၆သောင်းတန် အခန်းကို ၂ပတ်လောက်ရှာပေမဲ့ အဆင်မပြေတာများတဲ့အတွက် အခုအခန်း မှာပဲ ဆက်နေဖြစ်ပါတယ်။

အခန်းရှာတဲ့အခါ ဂရုစိုက်ရမှာက အခန်းဖွဲ့စည်းပုံနှင့် သန့်ရှင်းသပ်ရပ်မှု၊ဘေးပတ်ဝန်းကျင်၊ကုမ္ပဏီကနေ ဘယ်လောက်ဝေးလဲ၊ မြေညီထပ်ဟုတ်မဟုတ် ကိုယ်တိုင်သွားရောက် ကြည့်ရပါတယ်။အခန်းဖွဲ့စည်းပုံမှာတော့

ထပ်ခိုးပုံစံ အိပ်စင်က မြင့်လွန်းအားကြီးတာ၊ အခန်းအပြင်အဆင်ပုံစံ မကြိုက်တာတွေတွေ့ရပါတယ်။နောက်ပြီး မြေညီထပ်အခန်းဆိုရင် ဈေးချိုပေမဲ့ ၊ မိန်းကလေးနေမယ်ဆိုရင်တော့ အပေါ်ထပ်က ပိုစိတ်ချရပါတယ်။ မြေညီထပ်ဆိုရင် အလွယ်တကူ လူဝင်နိုင်လို့ပါ။ ဘေးအခန်းတွေက ဘယ်လိုပုံစံလဲဆိုတာ ကိုလည်း အိမ်မြေအကျိုးဆောင်ကို မေးဖို့မမေ့ပါနဲ့။ နောက်ဆုံး သတိထားရတာကတော့ ဘူတာကနေ ဘယ်မိနစ်လောက် လမ်းလျှောက်ရလဲ၊ ညဘက် ရုံးအပြန်မှာ စိတ်ချလက်ချ ပြန်နိုင်လား ဆိုတာတွေပါ စုံစမ်းရပါတယ်။ ဂျပန်နိုင်ငံက လုံခြုံရေးပိုင်း စိတ်ချရပေမဲ့ သတိထားတာတော့ မမှားဘူးပေါ့။

ကျွန်မလည်း ၆ဝဝဝဝသောင်းတန်အခန်းရှိပေမဲ့ ကုမ္ပဏီရှိတဲ့ ရှင်းဂျုခု နဲ့ ရထား၁နာရီကျော် စီးရတဲ့အတွက် မငှားဖြစ်လိုက်ပါဘူး။ရှင်းဂျုခုဘူတာကနေ အလုပ်အထိ ၁၅မိနစ်ခန့် လမ်းလျှောက်သွားရတာဖြစ်လို့ အိမ်ကနေ ၂နာရီနီးပါးလောက်ကြာမှာပါ။ အခုနေတဲ့နေရာကတော့ ရထားမိနစ်၃ဝပဲစီးရတော့ ပိုအဆင်ပြေပါတယ်။ အချိန်ရရင်၊ အခြေနည်းနည်းကျသွားရင် ၆ဝဝဝဝအခန်းပဲ ငှားဖြစ်မှာ သေချာပါတယ်။^^

ဂျပန်မှာ လာအလုပ်လုပ်မဲ့သူတို့လည်း အခန်းကို သေချာဂရုစိုက် ရှာစေချင်ပါတယ်။ တိုကျိုမှာက တစ်လ ယန်း၎၊၅ သောင်းအခန်းကနေ ယန်း၇၊ ၈သောင်း ၉သောင်းအထိ ရှိပါတယ်။

အခန်းစာချုပ်ဆိုရင်တော့ ယန်း ၁သိန်းခွဲ ကနေ ၂သိန်း အထိ တစ်ခါတည်းပေးချေရပါတယ်။

တစ်ခါတည်း အများကြီး ပေးရတယ်ဆိုတာကတော့ ဂျပန်မှာက ပထမဦးဆုံး စာချုပ်ချုပ်တဲ့အခါ လစာအပြင် စပေါ်ငွေ၊ ပွဲခ( Gratuity fee)၊ အခန်းအာမခံ စသဖြင့် ပေးချေရလို့ပါ။

ဥပမာ ၅သောင်း တန် အခန်း   –  စုစုပေါင်း ယန်း၁သိန်း ၆သောင်းခန့် ကျသင့်ပါတယ်။

အကြောင်းအရာကုန်ကျငွေ
အခန်းခ 50000¥50,000
စပေါ်ငွေ (deposit)
၁လစာ
¥50,000
အိမ်ရှင်အပေါ်ဆုကြေး/ပွဲခ
(gratuity fee) ၁လစာ
¥50,000
သဘာဝဘေးအာမခံ၊
အခန်းအာမခံ
¥15,000

တစ်ချို့ ပွဲခ( Gratuity fee) မပေးရတာတွေလည်း ရှိပါတယ်။

နှစ်မျိုးစလုံးမပေးရတာလည်း ရှိပါတယ်။ ပေးရရင် တစ်လစာကို ပွဲခ စရံခ အဖြစ်ပေးရတာပါ။

 

ကျွန်မအခန်းစာချုပ်ချုပ်တုန်းကတော့ ယန်း၂သိန်း နီးပါး ပေးချေရပါတယ်။

အကြောင်းအရာကုန်ကျငွေ
အခန်းခ (တစ်လစာ)¥72,000
ပတ်ဝန်းကျင်ထိန်းသိမ်းခ
(တစ်လ)
¥4,000
အခန်း wifi¥2,300
အခန်းတွင်းစက် တပ်ဆင်ခ
(လုံခြုံရေးစနစ် secom)
¥18,000
အခန်းအာမခံ¥15,000
Rental Guarantee System¥78,000

 

အခန်းကတော့ တော်တော်များများ အသုံးအဆောင်ပါပြီးသားဖြစ်လို့၊ ထပ်ဝယ်ရတာတော့

အကြောင်းအရာကုန်ကျငွေ
ထမင်းပေါင်းအိုး ¥5,000
Iron  ¥2,800
Hair dryer ¥2,000
Kettle ¥2,000
အိပ်ရာခင်း စောင် ¥12,000
တခြား  ¥ 5,000

၃သောင်း (မြန်မာငွေ ၃သိန်း) နီးနီးတော့ သုံးလိုက်ရပါတယ်။

ဆက်လက်ပြီး လစဉ်အသုံးစရိတ်အကြောင်း ပြောပြချင်ပါတယ်။

အပြင်မှာ စားရင် တစ်ခါ ¥700 ကနေ ¥1,000 နီးပါးကုန်ပါတယ်။ တစ်ပတ်မှာ အနည်းဆုံး ၂ခါတော့ အပြင်မှာ စားဖြစ်ပါတယ်။

လစဉ် စားစရိတ်က ¥35,000 ဝန်းကျင် ကုန်ပါတယ်။ အလုပ်မှာ နေ့လည်စာ အပြင်မှာ အစားများတဲ့သူဆိုရင်တော့ ¥45,000 ဝန်းကျင်ကုန်ပါတယ်။

ရုံးသွားရုံးပြန်ခရီးစရိတ် ကတော့ လစဉ်¥10,000 ကျသင့်ပြီး၊ကုမ္ပဏီမှ ပေးချေပေးပါတယ်။

ရေမီးလျှပ်စစ် ဂတ်စ် ဖိုးကတော့ ¥8,000 လောက်ကျသင့်ပါတယ်။အထွထွေသုံး¥5,000 လောက်ပါ။

တစ်လတစ်လ ပျှမ်းမျှ ¥65,000 ကုန်ပါတယ်။

တစ်ခါတလေ ကုမ္ပဏီမှာ စားသောက်ပွဲ၊ညစာစားပွဲ သွားရရင်တော့ တစ်ခါ ¥3,000 ကနေ ¥5,000 အထိ အပိုသုံး ဖြစ်ပါတယ်။

Game centerတို့ သီချင်းဆိုတို့သွားမယ်ဆိုရင်တော့ တစ်ခေါက် ¥2,000 ကနေ ¥5,000 အထိ ပြင်ဆင်ထားဖို့ ပြောချင်ပါတယ်။

ဥပမာ – သီချင်းကာရာအိုကေဆိုရင် ၁နာရီခွဲ လောက်ကို ¥1,200 လောက်ပေးရပါတယ်။

disney land သွားမယ်ဆိုရင်တော့ စားစရိတ်အပါအဝင် 10,000 ¥ဝန်းကျင်

ခရီးဝေးသွားမယ်ဆိုရင်တော့ ၄ / ၅သောင်းပြင်ဆင်ရပါမယ်။

ဂျပန်မလာခင်ပြင်ဆင်ထားရမှာကတော့ ယန်းငွေ ၂သိန်း ဝန်းကျင်နှင့် နေ့စဉ်သုံးပစ္စည်းများပါပဲ။

ပိုက်ဆံပြင်ဆင်ခိုင်းတာကတော့ ကုမ္ပဏီအလိုက် လစာပေးချေရက်နှင့် လူမှုထောက်ပံ့မှု ကွာခြားလို့ပါပဲ။

တစ်ချို့သော ကုမ္ပဏီတွေကတော့ နိုင်ငံရောက်ရောက်ချင်း သုံးစရိတ်ထုတ်ပေးတာရှိသလို၊ ဂျပန်လူမျိုးတွေနှင့်တန်းတူ သတ်မှတ်ရက်မှ လစာထုတ်ပေးတာလည်း ရှိပါတယ်။

အခန်းကတော့ ဝန်ထမ်းအိမ်ရာ စီစဉ်ပေးတာလည်းရှိပြီး၊ ကိုယ်တိုင်အိမ်ရှာပြီးနေရတာလည်းရှိတဲ့အတွက် အလုပ်လုပ်မဲ့ ကုမ္ပဏီကို သေချာမေးမြန်းပြီး ၊ ငွေကြေးစီစဉ်ထားတာ အကောင်းဆုံးပါပဲ။

ကျွန်မရဲ အသုံးစရိတ်ကို တွက်ချက်ပြပါမယ်

အကြောင်းအရာကုန်ကျငွေ
လစဉ်သုံးငွေ + အထွေထွေ¥70,000
အခန်းခ
¥78,000
စုစုပေါင်း¥¥148,000

 

ကုမ္ပဏီကနေ အိမ်စရိတ်ထောက်ပံ့ကြေး၊လူနေမှုအလှအပထောက်ပံ့ကြေးများလည်းရတဲ့အတွက် လစာအပြင်၃၅ဝဝဝလောက် ပိုရပါတယ်။ကျန်တာတော့ ငွေစု ^^

မိတ်ဆွေတို့လည်း စရိတ်ချိန်ဆနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

 

နောင်လည်း စိတ်ဝင်စားစရာ အကြောင်းအရာများကို ဆက်လက်ဖော်ပြသွားပါမယ်ရှင်။

ဂျပန်နိုင်ငံမှာ အလုပ်လုပ်ချင်သူများအတွက် သတင်းအချက်အလက် ကဏ္ဍစုံ တင်ပြပေးသွား ဖို့ရည်ရွယ်ပါတယ် ။

ဂျပန်မှာ အလုပ်လုပ်ရင်း ပျော်ရွှင်စရာနေ့ရက်များ ပိုင်ဆိုင်ကြပါစေ။

ကျေးဇူးတင်ရှိပါတယ်။

 

Author Profile

EM
EM
မိတ်ဆွေတို့ ပြုံးပျော်နိုင်စေရန် ဂျပန်အကြောင်းရေးသားတင်ဆက်လိုက်ပါတယ်။
🌼🌼🌼🌼🌼
ရွှေမန္တလေးမှလာပြီး တိုကျိုမှာ အလုပ်လုပ်နေပါတယ်။ သိမှတ်ရသမျှ ဝေမျှပေးသွားပါမယ်ရှင်။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗