ဂ်ပန္ခရစ္စမတ္ Big Event

ဂ်ပန္လူမ်ိဳးေတြဟာခရစ္စမတ္ပြဲေတာ္ကိုအထူးႏွစ္သက္ၾကပါတယ္

။ႏွစ္ကုန္ပိုင္းလည္းျဖစ္ေတာ့ ခရစ္စမတ္၊ႏွစ္သစ္ကူးအခ်ိန္နဲ႔ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္ကာလေပါ့။

အခ်ိန္ကာလအားျဖင့္ ၂၄ရက္ည ပိုင္းမွ ၂၅ရက္အထိ။

ခရစ္စမတ္သစ္ပင္ အလွဆင္၊ အရသာရွိတဲ့ ၾကက္ကင္စားၿပီး၊ လက္ေဆာင္ေပးပို႔။^^

၂၄ညမွာဆိုရင္ ခရစ္စမတ္ကိတ္မုန႔္ ၊ ၾကက္ေၾကာ္ (fried chicken, roasted chicken) စားေလ့ရွိၾကတယ္။

အယ္ ၾကက္ေၾကာ္၊ၾကက္ကင္????? ဘာဆိုင္လဲ လို႔ ေတြးသူမ်ားအတြက္ လင္းပါရေစ။

ဂ်ပန္မွာေတာ့ ခရစ္စမတ္ဆို ကိတ္မုန႔္ႏွင့္ ၾကက္ေၾကာ္က မပါမျဖစ္ ။

စူပါမားကတ္ေတြမွာဆိုရင္လည္း  ၂၄ရက္ကစၿပီး၊ ၾကက္ေၾကာ္၊ကိတ္မုန္႔ အပီအျပင္ ေရာင္းၿပီ။

အၿပိဳင္အဆိုင္ေပါ့။

အဓိက ေရာင္းခ်တာက KFC !  သားသားမီးမီးႀကိဳက္ႀကိဳက္မဟုတ္လား။

၁၁လပိုင္းေလာက္ကတည္းက ဂ်ပန္ KFC ကန္တကီးမွ  ေၾကာ္ျငာအစီအစဥ္စပါၿပီ။ ႏွစ္စဥ္ စိတ္ဝင္စားစရာပုံစံႏွင့္ ခရစ္စမတ္ၾကက္ကင္ေလာကကို လႊမ္းျခဳံထားတာေပါ့ေနာ္။

ႏွစ္စဥ္ေၾကာ္ျငာေလး ၾကည့္ၾကည့္ youtube မွာ ရွာၾကည့္လို႔ရပါတယ္။

ခရစ္စမတ္ကို ဘာသာေရးပြဲဆိုတာထက္ ေပ်ာ္ပြဲရႊင္ပြဲအေနႏွင့္ ဆင္ႏႊဲၾကတာေပါ့။

ဒီဇင္ဘာေရာက္ၿပီဆိုတာနဲ႔ တစ္ၿမိဳ႕လုံးတစ္နယ္လုံး ခရစ္စမတ္အထိအေတြ႕ အရသာမ်ားလႊမ္းျခဳံလို႔ပဲ။

ဘူတာတိုင္းလိုလို ခရစ္စမတ္ေၾကာ္ျငာမ်ား၊ ကုန္တိုက္မ်ားကလည္း အားက်မခံ ခရစ္စမတ္သစ္ပင္၊ ေစ်းဆိုင္ခန္းေလးမ်ားကလည္း ခရစ္စမတ္ကံစမ္းမဲ စတာေတြနဲ႔ စည္ကားလို႔ေပါ့။

ကၽြန္မေတာင္မွ ခရစ္စမတ္ကံစမ္းမဲ ေပါက္ပါေသးတယ္။ေစ်းဝယ္ကဒ္ကူပြန္ေပါ့။ ကုန္တိုက္မွာ ဝယ္စရာရွိတာနဲ႔ အေတာ္ပဲ ^^

ေနာက္ၿပီး၊ ရိုမန႔္ဆန္တဲ့အခ်ိန္ကာလတစ္ခုလို႔ပဲေျပာရမလား။သမီးရည္းစားတိုင္းရဲ့ ရိုမန႔္အခ်ိန္လို႔ေျပာရပါမယ္။

အတြဲတိုင္း ရင္ခုန္စိတ္လႈပ္ရွားဖြယ္ အလွဆင္ထားမႈ၊ ကုန္တိုက္မ်ားရဲ့ အစီအစဥ္ ၊ လက္ေဆာင္ပစၥည္း စတာေတြေပါ့။မိသားစုႏွင့္ အတူရွိတာထက္ ခ်စ္သူရည္းစားႏွင့္ ေလၽွာက္လည္တာမ်ားပါတယ္။ လည္စရာကေတာ့ အလွမီးျပေနရာ illumination၊ စကိတ္ကြင္း၊ေရွာ့ပင္း ေတြပဲျဖစ္ပါတယ္။

Roppongi
ထားပါ။ ဂ်ပန္မွာက ဘာသာေရးပြဲေတာ္ထက္ ေပ်ာ္ပြဲရႊင္ပြဲ ျဖစ္ေနတာကိုး။

ကေလးငယ္ရွိတဲ့ အိမ္ေတြကေတာ့ ကေလးအတြက္ ခရစ္စမတ္လက္ေဆာင္ ျပင္ဆင္ေပးၾကပါတယ္။

ဆန္တာက ေပးတဲ့လက္ေဆာင္အေနႏွင့္ ကေလးအိပ္ေနတုန္းမွာ အိပ္ရာေဘးထားထားတာ၊

မနက္ေရာက္ေတာ့ လက္ေဆာင္ေလးနဲ႔ ေပ်ာ္ၿပီေလ။

အဲ့ေတာ့ ဂ်ပန္က ခရစ္စမတ္က ထူးဆန္းစရာေတြအမ်ားႀကီးပါေနာ္။


အေနာက္နိုင္ငံေတြက ခရစ္စမတ္ႏွင့္ ဂ်ပန္ခရစ္စမတ္ ဘာေတြကြာမလဲ။
ဂ်ပန္ခရစ္စမတ္

(၁)ခရစ္စမတ္ေန႔ထက္ ခရစ္စမတ္ Eve ၂၄ရက္ေန႔က အဓိက

(၂)strawberry short cake  ဆန္တာပုံေလးတင္ထားတဲ့ ခရစ္စမတ္ကိတ္ စားတယ္

(၃) KFC chicken စားတယ္

(၄) သမီးရည္းစား ႏွစ္ေယာက္တည္း ဆင္ႏႊဲ

(၅) လက္ေဆာင္ဆို နည္းနည္းပဲ ရတယ္(ပိုမေပးဘူး ^^) တန္ဖိုးႀကီးပစၥည္းေပးတတ္တယ္။

(၆) ခရစ္စမတ္ေန႔ လည္း ဆိုင္ဖြင့္

(၇) ၂၆ရက္ ေရာက္တာနဲ႔ ခရစ္စမတ္သစ္ပင္ စတာေတြကို သိမ္းဆည္း(ႏွစ္သစ္ကူးအတြက္ ဂ်ပန္ရိုးရာပုံစံ အလွဆင္)

အေမရိကန္က ခရစ္စမတ္အခ်ိန္

(၁) ခရစ္စမတ္ေန႔ ၂၅ရက္က အဓိက

(၂)ကြတ္ကီး၊butter cake ရိုးရိုးကိတ္

(၃) အသားေပါင္ေျခာက္၊ အမဲသား၊ ၾကက္ဆင္သား (တစ္ခ်ိဳ႕ ငါးဟင္း)

(၄) မိသားစု၊ေဆြမ်ိဳးႏွင့္အတူ လူအမ်ားႏွင့္ ဆင္ႏႊဲ

(၅) လက္ေဆာင္ဆိုရင္ ႀကိဳက္သေလာက္ေပး၊ ခရစ္စမတ္ပါတီပြဲမွာ လက္ေဆာင္ေပးၾကတယ္။

(၆) ဆိုင္တိုင္းလိုလို ပိတ္

(၇) ႏွစ္သစ္အထိ အလွဆင္ထား


စသျဖင့္ မတူညီ ကြဲျပားခ်က္ေတြ အမ်ားႀကီးပါေနာ္။

နိုင္ငံယဥ္ေက်းမႈ မတူညီရာကေန စသလားပဲ။

သူငယ္ခ်င္းတို႔လည္း ခရစ္စမတ္မွာ ေပ်ာ္ရႊင္ပါေစ။

Merry Christmas 




ဂျပန်ခရစ်စမတ် Big Event

ဂျပန်လူမျိုးတွေဟာခရစ်စမတ်ပွဲတော်ကိုအထူးနှစ်သက်ကြပါတယ်။

နှစ်ကုန်ပိုင်းလည်းဖြစ်တော့ ခရစ်စမတ်၊နှစ်သစ်ကူးအချိန်နဲ့ ပျော်စရာကောင်းတဲ့ အချိန်ကာလပေါ့။

အချိန်ကာလအားဖြင့် ၂၄ရက်ည ပိုင်းမှ ၂၅ရက်အထိ။

ခရစ်စမတ်သစ်ပင် အလှဆင်၊ အရသာရှိတဲ့ ကြက်ကင်စားပြီး၊ လက်ဆောင်ပေးပို့။^^

၂၄ညမှာဆိုရင် ခရစ်စမတ်ကိတ်မုန့် ၊ ကြက်ကြော် (fried chicken, roasted chicken) စားလေ့ရှိကြတယ်။

အယ် ကြက်ကြော်၊ကြက်ကင်????? ဘာဆိုင်လဲ လို့ တွေးသူများအတွက် လင်းပါရစေ။

ဂျပန်မှာတော့ ခရစ်စမတ်ဆို ကိတ်မုန့်နှင့် ကြက်ကြော်က မပါမဖြစ် ။

စူပါမားကတ်တွေမှာဆိုရင်လည်း  ၂၄ရက်ကစပြီး၊ ကြက်ကြော်၊ကိတ်မုန့် အပီအပြင် ရောင်းပြီ။

အပြိုင်အဆိုင်ပေါ့။

အဓိက ရောင်းချတာက KFC !  သားသားမီးမီးကြိုက်ကြိုက်မဟုတ်လား။

၁၁လပိုင်းလောက်ကတည်းက ဂျပန် KFC ကန်တကီးမှ  ကြော်ငြာအစီအစဉ်စပါပြီ။

နှစ်စဉ် စိတ်ဝင်စားစရာပုံစံနှင့် ခရစ်စမတ်ကြက်ကင်လောကကို လွှမ်းခြုံထားတာပေါ့နော်။

နှစ်စဉ်ကြော်ငြာလေး ကြည့်ကြည့် youtube မှာ ရှာကြည့်လို့ရပါတယ်။

ခရစ်စမတ်ကို ဘာသာရေးပွဲဆိုတာထက် ပျော်ပွဲရွှင်ပွဲအနေနှင့် ဆင်နွှဲကြတာပေါ့။

ဒီဇင်ဘာရောက်ပြီဆိုတာနဲ့ တစ်မြို့လုံးတစ်နယ်လုံး ခရစ်စမတ်အထိအတွေ့ အရသာများလွှမ်းခြုံလို့ပဲ။

ဘူတာတိုင်းလိုလို ခရစ်စမတ်ကြော်ငြာများ၊ ကုန်တိုက်များကလည်း အားကျမခံ ခရစ်စမတ်သစ်ပင်၊ စျေးဆိုင်ခန်းလေးများကလည်း ခရစ်စမတ်ကံစမ်းမဲ စတာတွေနဲ့ စည်ကားလို့ပေါ့။

ကျွန်မတောင်မှ ခရစ်စမတ်ကံစမ်းမဲ ပေါက်ပါသေးတယ်။စျေးဝယ်ကဒ်ကူပွန်ပေါ့။

ကုန်တိုက်မှာ ဝယ်စရာရှိတာနဲ့ အတော်ပဲ ^^

နောက်ပြီး၊ ရိုမန့်ဆန်တဲ့အချိန်ကာလတစ်ခုလို့ပဲပြောရမလား။သမီးရည်းစားတိုင်းရဲ့ ရိုမန့်အချိန်လို့ပြောရပါမယ်။

အတွဲတိုင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် အလှဆင်ထားမှု၊ ကုန်တိုက်များရဲ့ အစီအစဉ် ၊ လက်ဆောင်ပစ္စည်း စတာတွေပေါ့။

မိသားစုနှင့် အတူရှိတာထက် ချစ်သူရည်းစားနှင့် လျှောက်လည်တာများပါတယ်။

လည်စရာကတော့ အလှမီးပြနေရာ illumination၊ စကိတ်ကွင်း၊ရှော့ပင်း တွေပဲဖြစ်ပါတယ်။

Roppongi

ထားပါ။ ဂျပန်မှာက ဘာသာရေးပွဲတော်ထက် ပျော်ပွဲရွှင်ပွဲ ဖြစ်နေတာကိုး။

ကလေးငယ်ရှိတဲ့ အိမ်တွေကတော့ ကလေးအတွက် ခရစ်စမတ်လက်ဆောင် ပြင်ဆင်ပေးကြပါတယ်။

ဆန်တာက ပေးတဲ့လက်ဆောင်အနေနှင့် ကလေးအိပ်နေတုန်းမှာ အိပ်ရာဘေးထားထားတာ၊ မနက်ရောက်တော့ လက်ဆောင်လေးနဲ့ ပျော်ပြီလေ။

အဲ့တော့ ဂျပန်က ခရစ်စမတ်က ထူးဆန်းစရာတွေအများကြီးပါနော်။


အနောက်နိုင်ငံတွေက ခရစ်စမတ်နှင့် ဂျပန်ခရစ်စမတ် ဘာတွေကွာမလဲ။

ဂျပန်ခရစ်စမတ်

(၁)ခရစ်စမတ်နေ့ထက် ခရစ်စမတ် Eve ၂၄ရက်နေ့က အဓိက

(၂)strawberry short cake  ဆန်တာပုံလေးတင်ထားတဲ့ ခရစ်စမတ်ကိတ် စားတယ်

(၃) KFC chicken စားတယ်

(၄) သမီးရည်းစား နှစ်ယောက်တည်း ဆင်နွှဲ

(၅) လက်ဆောင်ဆို နည်းနည်းပဲ ရတယ်(ပိုမပေးဘူး ^^) တန်ဖိုးကြီးပစ္စည်းပေးတတ်တယ်။

(၆) ခရစ်စမတ်နေ့ လည်း ဆိုင်ဖွင့်

(၇) ၂၆ရက် ရောက်တာနဲ့ ခရစ်စမတ်သစ်ပင် စတာတွေကို သိမ်းဆည်း(နှစ်သစ်ကူးအတွက် ဂျပန်ရိုးရာပုံစံ အလှဆင်)

အမေရိကန်က ခရစ်စမတ်အချိန်

(၁) ခရစ်စမတ်နေ့ ၂၅ရက်က အဓိက

(၂)ကွတ်ကီး၊butter cake ရိုးရိုးကိတ်

(၃) အသားပေါင်ခြောက်၊ အမဲသား၊ ကြက်ဆင်သား (တစ်ချို့ ငါးဟင်း)

(၄) မိသားစု၊ဆွေမျိုးနှင့်အတူ လူအများနှင့် ဆင်နွှဲ

(၅) လက်ဆောင်ဆိုရင် ကြိုက်သလောက်ပေး၊ ခရစ်စမတ်ပါတီပွဲမှာ လက်ဆောင်ပေးကြတယ်။

(၆) ဆိုင်တိုင်းလိုလို ပိတ်

(၇) နှစ်သစ်အထိ အလှဆင်ထား


စသဖြင့် မတူညီ ကွဲပြားချက်တွေ အများကြီးပါနော်။

နိုင်ငံယဉ်ကျေးမှု မတူညီရာကနေ စသလားပဲ။

သူငယ်ချင်းတို့လည်း ခရစ်စမတ်မှာ ပျော်ရွှင်ပါစေ။

Merry Christmas 

Author Profile

EM
EM
မိတ္ေဆြတို႔ ျပံဳးေပ်ာ္ႏိုင္ေစရန္ ဂ်ပန္အေၾကာင္းေရးသားတင္ဆက္လိုက္ပါတယ္။
🌼🌼🌼🌼🌼
ေရႊမႏၲေလးမွလာၿပီး တိုက်ိဳမွာ အလုပ္လုပ္ေနပါတယ္။ သိမွတ္ရသမွ် ေဝမွ်ေပးသြားပါမယ္ရွင္။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗