(Zawgyi)

ဂ်ပန္မွာ စြန႔္စြန႔္စားစား အလုပ္လုပ္ကိုင္လ်က္ရွိတဲ့ ျမန္မာတိုင္းရင္းသူ၊တိုင္းရင္းသားမ်ား၏ ရွင္သန္ျခင္း အႏုပညာ

ဒီတစ္ေခါက္ရဲ့ ရွင္သန္ျခင္းအႏုပညာ အင္တာဗ်ဴးအစီအစဥ္မွာ ပါဝင္ကူညီတင္ဆက္ေပးထားတာကေတာ့ ဂ်ပန္မွာ ၄ႏွစ္ၾကာ ေနထိုင္ေနတဲ့ မခင္ျမင့္ ျဖစ္ပါတယ္။ ယခုႏွစ္ ၂၀၁၇ခုႏွစ္မွာ ခရီးသြားလုပ္ငန္းတြင္ အလုပ္စတင္ဝင္ေရာက္လုပ္ကိုင္ေနၿပီး၊ ယခင္၃ႏွစ္တာကာလကေတာ့ တိုက်ိဳက ဂ်ပန္ဘာသာစကားေက်ာင္းတက္ေရာက္ၿပီး၊ ခရီးသြားလာေရးႏွင့္ဟိုတယ္လုပ္ငန္း ေကာလိပ္မွာ ၂ႏွစ္ခန႔္ပညာသင္ၾကားခဲ့သူပါ။

ဂ်ပန္က လုပ္ငန္းခြင္အေတြ႕အၾကဳံအျပင္ ေက်ာင္းတက္ခဲ့တဲ့အခ်ိန္ရဲ့ ဘဝကိုလည္း သိခြင့္ရခဲ့ပါတယ္။

သူငယ္ခ်င္းတို႔ ေရာ?

ဂ်ပန္မွာ ေလ့လာရသမၽွကို ကိုယ္ပိုင္ကုမၸဏီေထာင္နိုင္တဲ့အထိ အသုံးခ်သြားမယ့္ သူမရဲ့ရွင္သန္ျခင္း အႏုပညာ မွတ္တမ္း


ဂ်ပန္စေရာက္တဲ့အခါ ဆက္ဆံေရးပိုင္း ေကာင္းမြန္ေအာင္ ျပဳမူေနထိုင္တယ္

WF : ဂ်ပန္ကို ေရာက္လာတဲ့အခါမွာ ဘာေတြၾကဳံေတြ႕ခဲ့လဲ။

ခင္: ေက်ာင္းတက္ရင္းနဲ႔အလုပ္လုပ္ရတာကေတာ့ အစပိုင္းမွာ ပင္ပန္းတယ္။ အသားမက်ဘူး။ ေက်ာင္းလည္းတက္ရတယ္ အလုပ္လည္းလုပ္ရေတာ့ ကိုယ္ပိုင္အခ်ိန္ မရွိသေလာက္ပဲ။ ဒါေပမဲ့ ေနာက္ပိုင္းက်ေတာ့ သူငယ္ခ်င္းေတြလည္းမ်ားလာေတာ့ ေပ်ာ္လာတယ္။  ကိုယ္ကေရာက္တာ မၾကာေသးခင္တုန္းက ေဘးလူေတြလုပ္ပုံကို လိုက္ၾကည့္တယ္။ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ စကားလွမ္းေျပာတယ္။ စိတ္ပါလက္ပါနဲ႔ ႏႈတ္ဆက္တယ္။အဲ့အတြက္ေၾကာင့္ ကိုယ့္ရဲ့ ပုံရိပ္က တက္လာတာေပါ့ေနာ္။ အျမဲေပ်ာ္ေပ်ာ္ေနေတာ့ ဂ်ပန္ေတြနဲ႔ေျပာဆိုရာမွာလည္း ၊ တျခားနိုင္ငံသားေတြႏွင့္ ေျပာရာမွာလည္း အဆင္ေျပခဲ့ပါတယ္။

အခ်ိန္ပိုင္းအလုပ္ကေန ကိုယ့္ရဲ့အေျပာအဆိုေတြ၊လူမူဆက္ဆံေရးပိုင္း အရမ္းအေထာက္အကူျပဳတယ္။
ကိုယ္ကိုတိုင္ကလည္း စကားေျပာရတာႀကိဳက္တယ္ေလ။ အဆင္ေျပသြားတာေပါ့။

ေနာက္တစ္ခု ပညာရလိုက္တာေတာ့ ရွိတယ္။ အဲ့တာက အခ်ိန္ပိုင္းအလုပ္ဝင္ရင္းနဲ႔ တစ္ခါတုန္းကေတာ့ ၾကဳံခဲ့ဖူးတယ္။ စေန၊ တနဂၤေႏြ ၂ရက္ပဲ ဝင္တဲ့ အလုပ္ပါ။ စစပိုင္းဆိုေတာ့ နားမလည္တာအမ်ားႀကီးပဲ။ ဂ်ပန္ေတြကလည္း တိက်တယ္။ ေျပာစရာရွိ ေျပာတာပဲ။သူ႔က ဘာလို႔ကိုယ့္ကို အဲ့လိုေျပာတာလဲ။ ငါလည္း ႀကိဳးစားေနတာပဲေလ ဆိုၿပီး ေပါ့။ ဒါေပမယ့္ ကိုယ္ကိုကိုယ္ ဘာလိုေနလည္းဆိုတာ ျပန္စဥ္းစားၾကည့္တယ္။ ျပန္သုံးသပ္တယ္။ ကိုယ္လည္း ျပင္စရာရွိတာ ျပင္ရမယ္။

အဲ့မွာ ပညာရလိုက္တာက တစ္ခုခုဆို စိတ္အရမ္းမထိခိုက္ေအာင္ ေတြးေခၚေနထိုင္ဖို႔ပဲ။ အားမေလ်ာ့ဖို႔ဘဲ။ စိတ္ထဲမထားဘဲ ေရွ႕ဆက္ဖို႔ေပါ့ေနာ္။

ဒါေပမယ့္ လူဆိုေတာ့လည္း စိတ္ထဲထားမိတာေတြေတာ့ ရွိတာေပါ့။ စိတ္ေပါ့ေပါ့ပါးပါးရွိေနဖို႔က အေရးႀကီးတယ္လို႔ ထင္တယ္။စိတ္ေပ်ာ့ေနရင္ ဘာမွ မလုပ္နိုင္ဘူး။ ေပ်ာ္ေပ်ာ္ေနတယ္။ မိသားစု၊သူငယ္ခ်င္းေတြႏွင့္ အျမဲအဆက္အသြယ္လုပ္တယ္။

အခက္အခဲေတြရွိရင္ ရင္ဖြင့္တယ္။တိုင္ပင္တယ္။ေဆြးေႏြးတယ္။ ဒီလိုနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းနိုင္ပါတယ္။

လူမူဆက္ဆံေရးေကာင္းရင္ အဆင္ေျပတယ္လို႔ ခံယူထားပါတယ္။


 ဂ်ပန္ဘာသာစကားသင္ရာကေန အခြင့္အေရးလက္လြတ္မခံဘဲ ဂ်ပန္ထိေရာက္ေအာင္ ႀကိဳးစားခဲ့တဲ့သူမ

WF : ဂ်ပန္လာျဖစ္တဲ့အေၾကာင္းအရင္းေလး ေျပာျပေပးပါ။

ခင္ :  အမွန္အတိုင္းအေျပာရရင္ ဂ်ပန္မွ ဂ်ပန္သြားရမယ္ဆိုၿပီး ႐ူးသြပ္ခဲ့တာမဟုတ္ပါဘူး။ ကိုယ့္အနာဂတ္က ကိုယ္ကိုယ္တိုင္ဆုံးျဖတ္ရမွာဆိုေတာ့လည္း တကၠသိုလ္တက္ေနစဥ္ကတည္းက အမ်ိဳးမ်ိဳးစဥ္းစားတာေပါ့။တကၠသိုလ္မွာက ဂ်ပန္ဘာသာေမဂ်ာယူထားတာေပါ့ေနာ္။ ဂ်ပန္ဘာသာအျပင္ တ႐ုတ္ေက်ာင္း၊ အဂၤလိပ္စာ၊ LCCI၊computer ​ေတြလည္း လုပ္ျဖစ္ပါတယ္။ ေက်ာင္းၿပီးရင္ စဥ္းစားထားတာက ျပည္ပနိုင္ငံတစ္နိုင္ငံမွာ ပညာဆက္သင္မယ္။ ကိုယ့္ရဲ့ ဘဝလမ္းေၾကာင္းကို ဆက္လက္ ျပဳျပင္မယ္ေပါ့။ ေက်ာင္းၿပီးသြားေတာ့ စဥ္းစားလိုက္တာက ဂ်ပန္စာကို ဘြဲ႕ရတဲ့အထိ သင္ယူၿပီးၿပီ။ ဂ်ပန္မွာ ဆက္လက္ပညာသင္ဖို႔လည္း ဂ်ပန္စာ၊ယဥ္ေက်းမႈပိုင္း သိေနေတာ့ မခက္ခဲေလာက္ဘူးေပါ့။ အေတြ႕အၾကဳံပိုင္း၊ဗဟုသုတပိုင္း လိုခ်င္ခဲ့တာပါ။ရည္မွန္းခ်က္ႀကီးႀကီးမားမားေတာ့ မရွိခဲ့ဘူး။ငယ္ရြယ္တုန္းမွာ တက္နိုင္သေလာက္ ပညာစုခ်င္တယ္ေပါ့။ အဲ့ဒါနဲ႔ပဲ ဂ်ပန္ေရာက္လာခဲ့တာပါ။

ဂ်ပန္ေရာက္ရွိတာ ၂၀၁၃ကဆိုေတာ့ မၾကာခင္ ၅ႏွစ္ထဲပါ။ဂ်ပန္ဘာသာသင္တန္းေက်ာင္းကိုပဲ အရင္တက္ေရာက္ပညာသင္ပါတယ္။ကၽြန္မေတာ့ ဂ်ပန္ကို ေရြးခဲ့တာ မွန္ကန္တဲ့ ေရြးခ်ယ္မႈလို႔ပဲထင္တယ္။ ေတာ္ေတာ္မ်ားမ်ား ပညာရတယ္။

တစ္ခ်ိဳ႕ကေတာ့ေျပာတယ္။ ဂ်ပန္စာႏွင့္ ေက်ာင္းၿပီးတာကို ဂ်ပန္မွာ စကားသင္တန္းေက်ာင္းဆက္တက္ေတာ့ ႏွေမၽွာစရာႀကီးတဲ့။ တိုက္ရိုက္တကၠသိုလ္၊ ေကာလိပ္ခ်ိတ္လည္း ရတာပဲေပါ့။ ဒါေပမယ့္ ကိုယ္တိုင္က ဂ်ပန္လူေနမႈပိုင္း နားမလည္ေတာ့ အရင္ဆုံး က်င့္သားရေအာင္နဲ႔ သတင္းအခ်က္အလက္ရွာေဖြလို႔ရေအာင္ အခ်ိန္ယူလိုက္တာပါ။

တစ္ေယာက္တည္းလာခဲ့ရတဲ့ အခ်ိန္တုန္းကေတာ့ ေတြေဝတယ္။ ေၾကာက္တယ္။

တကယ့္ဂ်ပန္ရဲ့ ေနထိုင္မႈအပိုင္းက ဘယ္လိုလဲ သတင္းအခ်က္အလက္ဘာမွ မသိဘူးေလ။

ဂ်ပန္လူမ်ိဳးေတြနဲ႔ဆက္ဆံေရးပိုင္း( ဂ်ပန္မွာ ခြဲျခားဆက္ဆံခံရတာေတြ ရွိတယ္လို႔ ၾကားဖူးေတာ့ ေၾကာက္မိတာပဲ)

ဂ်ပန္အစားအစာ (အသားစိမ္းငါးစိမ္း၊ေရညႇိေတြ) စားနိုင္ပါ့လား။

ေက်ာင္းတက္ရမွာဆိုေတာ့ စားရိတ္က အဆင္ေျပပါ့မလား။

လုပ္နိုင္ပါ့မလား ဆိုၿပီးစိုးရိမ္ခဲ့တယ္။ အမ်ိဳးမ်ိဳးေပါ့။

အဓိက စိုးရိမ္စိတ္ကို အားတင္းေက်ာ္ျဖတ္ခဲ့တယ္။ စိတ္ဓါတ္ခိုင္မာေအာင္ က်င့္တယ္။ အနာဂတ္ေကာင္းဖို႔ကို ပဲ ေတြးၿပီး စိတ္ခိုင္ေအာင္ေနတယ္။ ေရရွည္ကို တြက္ၿပီး အားတင္းလာခဲ့ရတာေပါ့ေနာ္။


ဂ်ပန္နိုင္ငံ ခရီးသြားလုပ္ငန္းကုမၸဏီႀကီးမွာ ဝင္ေရာက္အလုပ္လုပ္ကိုင္ေနၿပီး စြမ္းရည္အမ်ိဳးမ်ိဳးတိုးတက္လာပါတယ္။

WF: လက္ရွိအလုပ္အကိုင္ႏွင့္ တက္ခဲ့တဲ့ ေကာလိပ္က ဟိုတယ္ႏွင့္ခရီးသြားလုပ္ငန္းေနာ္။ခရီးသြားလုပ္ငန္းကို ေရြးခ်ယ္ျဖစ္ပုံေလး ႏွင့္ တာဝန္ယူလုပ္ကိုင္ရတဲ့အပိုင္းေလးကို ေျပာျပေပးပါ။

ခင္ :  ဂ်ပန္-ျမန္မာ ခရီးသြားလာေရးပိုင္းက အခုကေနစၿပီး တြင္က်ယ္လာမယ္လို႔ျမင္တယ္။ ေကာလိပ္ေက်ာင္း ေရြးတဲ့အခ်ိန္တုန္းကလည္း ဂ်ပန္ကို ခရီးသြားလာေရး စတင္က်ယ္လာေနၿပီးဆိုေတာ့ ခရီးသြားလာေရးလုပ္ငန္းက အက်ိဳးအေမၽွာ္ရွိတယ္ေပါ့ေနာ္။

ကိုယ္ကိုတိုင္ကလည္း ခရီးသြားဝါသနာပါေတာ့ ေရြးခ်ယ္လိုက္တာပါ။ ေကာလိပ္က ၂ႏွစ္ခန႔္ သင္ရပါတယ္။ ေက်ာင္းၿပီးခါနီးမွာ ေက်ာင္းကေန အလုပ္အကိုင္အမ်ိဳးမ်ိဳး မိတ္ဆက္ပါတယ္။

အဲ့ထဲမွာမွ အဆင္ေျပတဲ့ ခရီးသြားကုမၸဏီကို ေလၽွာက္ထား၊ လူေတြ႕အင္တာဗ်ဴး ၃ဆင့္ေျဖၿပီး အလုပ္ရခဲ့ပါတယ္။ အလုပ္စဝင္တာက ဒီႏွစ္ ၂၀၁၇ ၄လပိုင္းက ပါ။လက္ေတြ႕ ခရီးသြားကုမၸဏီမွာ တာဝန္က်တဲ့ေနရာကေတာ့ နာရီတာေလဆိပ္  ဧည့္သည္ဝန္ေဆာင္မႈအပိုင္း ျဖစ္ပါတယ္။ ဧည့္သည္ေတြႏွင့္ တိုက္ရိုက္ထိေတြ႕ စကားေျပာရတယ္။ ျပႆနာေျဖရွင္းေပးရတယ္။

ဝန္ေဆာင္မႈပိုင္းကို အထူးဂ႐ုစိုက္ရတယ္။

တစ္ခါတေလ ေလဆိပ္ေကာင္တာမွာ အဆင္သင့္ရွိေပးရတယ္။

နိုင္ငံျခားသားေတြကို ယဥ္ေက်းမႈ မိတ္ဆက္ေပးရတယ္ စသျဖင့္ေပါ့ေနာ္။

အဓိက ဧည့္ခံပိုင္းစကားအသုံးအႏႈန္း၊ ယဥ္ေက်းအသုံးအႏႈန္းေတြ တိုးတက္လာတယ္။ ဂ်ပန္စကားေျပာစြမ္းရည္လည္း တိုးတက္လာတယ္။

ဂ်ပန္လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အလုပ္လုပ္ရာမွာ သူတို႔က တိက်တယ္၊လုပ္ကိုင္မယ့္ အစီအစဥ္ကို ႀကိဳတင္ဆြဲတယ္။

ေနာက္တစ္ခုက ေလဆိပ္မွာလုပ္ရတဲ့အတြက္ ဂ်ပန္႐ုံးလိုမဟုတ္ဘဲ ေပ်ာ္ဖို႔ေကာင္း၊နိုင္ငံေပါင္းစုံကလူေတြႏွင့္ ေျပာဆိုဆက္ဆံရတယ္။

ကိုယ္ကိုတိုင္က ရယ္ရယ္ေမာေမာနဲ႔ စကားေျပာရတာ ႀကိဳက္ႏွစ္သက္တဲ့အတြက္ အဆင္ေျပသြားတာေပါ့။


ဂ်ပန္ကသင္ခဲ့တဲ့ ပညာျဖင့္ ျမန္မာ-ဂ်ပန္ခရီးသြားလုပ္ငန္းရဲ့ တစ္ေထာင့္တစ္ေနရာကို ထမ္းရြက္ခ်င္တဲ့ သူမ

WF : ေမၽွာ္လင့္ထားတဲ့အရာက?
ခင္ : ေနာက္ပိုင္းဆိုရင္ ကိုယ္ပိုင္ ခရီးသြားကုမၸဏီဖြင့္နိုင္တဲ့အထိ ႀကိဳးစားမယ္။

အခုဆို ျမန္မာဘက္ကေန ဂ်ပန္ကို အလည္လာတာ နည္းပါးေနေသးတယ္။နိုင္ငံျခားခရီးနည္းပါးတယ္ေပါ့ေနာ္။ သြားလာေရး သတင္းမသိတာေတြလည္းရွိသလို သြားဖို႔ အခက္အခဲေတြ ရွိမယ္ထင္ပါတယ္။ အဲ့အပိုင္းကို မွန္မွန္ကန္ကန္ ဝန္ေဆာင္မႈ ေပးသြားခ်င္တယ္။

လုပ္ငန္းဖြင့္ ရင္ ျမန္မာကို အဓိက ။ ဂ်ပန္ေနရာအႏွံ့ သြားနိုင္ေအာင္ေပါ့ေနာ္။

အခုလုပ္ေနတဲ့ ကုမၸဏီကလည္း ျမန္မာမွာ ႐ုံးခြဲတစ္ခုရွိတယ္။ အမ်ားႀကီး ဖြင့္ေစခ်င္တယ္။


ဂ်ပန္ေတြ နိုင္ငံျခားသားကို ေခၚယူအလုပ္ခန႔္တယ္ဆိုတာက ဂ်ပန္ႏွင့္မတူတဲ့
နိုင္ငံျခားသားရဲ့အေတြးအေခၚေတြကို အသုံးခ်ဖို႔လို႔ ထင္တာပဲ။

WF: ဂ်ပန္မွာ အလုပ္မဝင္ခင္ သတိထားရတာေတြက 
ခင္ : အလုပ္မဝင္ခင္မွာ ကိုယ့္ဘက္က ေသခ်ာျပင္ဆင္ထားရပါမယ္။ ပညာအရည္အခ်င္းပိုင္း ( ဂ်ပန္စာ၊ အဂၤလိပ္စာ၊တစ္ျခားစြမ္းရည္)

ကၽြန္မဆိုရင္ အဂၤလိပ္စာ TOIEC ေျဖတယ္။ အျခား အရည္အခ်င္းစစ္စာေမးပြဲေတြ ေျဖဆိုတယ္။

အခုဆိုရင္

国内旅行業務取扱管理者    ဂ်ပန္နိုင္ငံတြင္း ခရီးသြားလုပ္ငန္းလုပ္ကိုင္နိုင္ခြင့္

総合旅行業務取扱管理者     ဂ်ပန္ျပည္တြင္းျပည္ပ ခရီးသြားလုပ္ငန္းလုပ္ကိုင္နိုင္ခြင့္

ေအာင္ျမင္ထားပါတယ္။

ေနာက္ပိုင္း မွာ အဂၤလိပ္စာ ၾကည့္လာတဲ့ ကုမၸဏီေတြမ်ားလာတယ္။ သူတို႔က နိုင္ငံျခားကို ထိုးေဖာက္ခ်င္တဲ့အတြက္ ဘာသာစကားစြမ္းရည္ႂကြယ္ဝတဲ့ နိုင္ငံျခားသား၊ ကုမၸဏီက ခ်ဲ႕ထြင္မယ့္နိုင္ငံစကားေျပာတတ္တဲ့ သူ စသျဖင့္

နိုင္ငံျခားသားျဖစ္လို႔သာ အလုပ္ေခၚလာတယ္။ နိုင္ငံျခားသားက ဂ်ပန္ဆန္ဖို႔ မလိုဘူး။ ဂ်ပန္နဲ႔မတူတဲ့ အေတြးအေခၚပိုင္းကို အသုံးခ်သြားဖို႔ လိုလာတယ္လို႔ ထင္ပါတယ္။ အထူးသျဖင့္ ျပည္ပထိုးေဖာက္ခ်င္တဲ့ ကုမၸဏီေတြကို ေလၽွာက္ရင္ေပါ့ေနာ္။

အဲ့ေတာ့ ဂ်ပန္စာ တစ္ခုတည္းမဟုတ္ဘဲ၊ ကိုယ့္ရဲ့ ပင္ကိုယ္စြမ္းရည္၊ ကိုယ့္နိုင္ငံရဲ့ စြမ္းရည္စသျဖင့္ ေနသြားရင္ အဆင္ေျပမယ္ထင္တယ္။

လုံးဝ ဂ်ပန္ဆန္ရမယ္ဆိုတာ မဟုတ္ဘူး။ေကာင္းတာရွိရင္ အတုယူ၊ မေကာင္းတာရွိရင္လည္း ဖယ္ရွားဖို႔လို႔ ထင္ပါတယ္။


ဂ်ပန္မွာ အလုပ္လုပ္ရင္ လိုက္ေလ်ာညီေထြရွိမႈက အေရးႀကီးဆုံး

WF: ဂ်ပန္နိုင္ငံမွာ ေနထိုင္မႈဘဝကို ဘယ္လိုျမင္မိလဲ။

ခင္ : အကုန္ ေကာင္းတယ္။ဒါေပမဲ့ ဂ်ပန္က နည္းနည္း ေအးစက္စက္နိုင္တယ္။ သူမ်ားကို မစြက္ဖက္တတ္ဘူးပဲေခၚမလား။ကိုဘ့္ဘာသာေနတယ္။

စာအုပ္ႀကီးဒီဇိုင္းပဲေျပာမလား။ တိက်လြန္းတယ္။

အဲ့အတြက္ေတာ့ ေနလို႔ထိုင္လို႔ အဆင္ေၿပ ေဘးကင္းပါတယ္။ဘယ္နိုင္ငံသားမဆို ေနလို႔အဆင္ေျပတယ္။

လိုက္ေလ်ာညီေထြရွိရင္ ေအးေဆးပဲ။

တိက်တဲ့အတြက္ အမွားေတာ့နည္းတာေပါ့ေနာ္။


ဂ်ပန္လာမယ့္သူေတြအတြက္ စကားလက္ေဆာင္

ခင္ : ကိုယ္ကိုတိုင္လည္း ဂ်ပန္စာသင္ၿပီး လမ္းေတြပြင့္လာတာကို ျမင္လာတယ္။ လုပ္ခ်င္တာေတြ၊ လုပ္သင့္တာေတြ ျမင္လာတယ္။ လုပ္ခ်င္တာကို အာ႐ုံစိုက္ၿပီးလုပ္တာအေကာင္းဆုံးပဲ။

ေနာင္လာမယ့္ အစ္ကို၊အစ္မ၊ ေမာင္ေလး၊ညီမေလးမ်ားလည္း ကိုယ့္ဘဝကိုယ္ေသခ်ာစဥ္းစား၊အနာဂတ္ကို ေတြးၿပီး ေရွ႕ကို ရဲရဲႀကီး ဆက္လိုက္ပါ လို႔ ေျပာခ်င္ပါတယ္။


ပရိုဖိုင္

အမည္    🍀🍀🍀   ခင္ျမင့္ လို႔ ေခၚပါတယ္ရွင့္

အသက္     🍀🍀🍀  24ႏွစ္ ပါ ( ၂၀၁၇ ခုႏွစ္ အင္တာဗ်ဴးအခ်ိန္)

ပညာအရည္အခ်င္း  🍀🍀🍀  +oberlin university,JTB travel &hotel college,N1, BA(Japanese) Mandalay University of Foreign Languages, 国内旅行業務取扱管理者,総合旅行業務取扱管理者

အလုပ္   🍀🍀🍀  Narita Airport ၊ ဧည့္သည္ဝန္ေဆာင္မႈအပိုင္း မွာ တာဝန္ယူလုပ္ကိုင္ေနပါတယ္။

ဂ်ပန္မွာ ေနထိုင္တာ  🍀🍀🍀 ၄ႏွစ္ေက်ာ္

ႏွစ္သက္သည့္အရာ 🍀🍀🍀  ခရီးသြားျခင္း

ပုံရိပ္ 🍀🍀🍀 ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္သူ

တိုက်ိဳမွာ အႀကိဳက္ဆုံးေနရာ 🍀🍀🍀  Takadanobaba

ဂ်ပန္ရဲ့အျပဳအမူ    🍀🍀🍀 ဂ်ပန္ေတြရဲ့ က်ိဳးႏြံမႈ

အႀကိဳက္ဆုံး ဂ်ပန္စကား   🍀🍀🍀いつも元気だね ( ခ်ီးမြမ္းတဲ့စကားေလးေပါ့ေနာ္၊ ၾကားရတာ ပီတီျဖစ္မိပါတယ္)


ဂ်ပန္မွာ စိတ္ေပါ့ေပါ့ပါးပါးနဲ႔ ဆက္ဆံေရးအဆင္ေျပၿပီး၊ လိုက္ေလ်ာညီေထြ ေနနိုင္မႈ အေရးႀကီး ဆုံးပါလို႔ တိုက္တြန္းေျပာဆိုထားပါတယ္။

အဓိကကစိတ္ဓါတ္မက်ဖို႔ ဇြဲမေလွ်ာ့ဖို႔နဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္ဖို႔ပါပဲ။

သူငယ္ခ်င္းတို႔လည္းအဆင္ေျပပါေစ။




(Unicode)

ဂျပန်မှာ စွန့်စွန့်စားစား အလုပ်လုပ်ကိုင်လျက်ရှိတဲ့ မြန်မာတိုင်းရင်းသူ၊တိုင်းရင်းသားများ၏ ရှင်သန်ခြင်း အနုပညာ

ဒီတစ်ခေါက်ရဲ့ ရှင်သန်ခြင်းအနုပညာ အင်တာဗျူးအစီအစဉ်မှာ ပါဝင်ကူညီတင်ဆက်ပေးထားတာကတော့ ဂျပန်မှာ ၄နှစ်ကြာ နေထိုင်နေတဲ့ မခင်မြင့် ဖြစ်ပါတယ်။ ယခုနှစ် ၂၀၁၇ခုနှစ်မှာ ခရီးသွားလုပ်ငန်းတွင် အလုပ်စတင်ဝင်ရောက်လုပ်ကိုင်နေပြီး၊ ယခင်၃နှစ်တာကာလကတော့ တိုကျိုက ဂျပန်ဘာသာစကားကျောင်းတက်ရောက်ပြီး၊ ခရီးသွားလာရေးနှင့်ဟိုတယ်လုပ်ငန်း ကောလိပ်မှာ ၂နှစ်ခန့်ပညာသင်ကြားခဲ့သူပါ။

ဂျပန်က လုပ်ငန်းခွင်အတွေ့အကြုံအပြင် ကျောင်းတက်ခဲ့တဲ့အချိန်ရဲ့ ဘဝကိုလည်း သိခွင့်ရခဲ့ပါတယ်။

သူငယ်ချင်းတို့ ရော?

 ဂျပန်မှာ လေ့လာရသမျှကို ကိုယ်ပိုင်ကုမ္ပဏီထောင်နိုင်တဲ့အထိ အသုံးချသွားမယ့် သူမရဲ့ ရှင်သန်ခြင်း အနုပညာမှတ်တမ်း


ဂျပန်စရောက်တဲ့အခါ ဆက်ဆံရေးပိုင်းကောင်းအောင် ပြုမူနေထိုင်တယ်

WF : ဂျပန်ကို ရောက်လာတဲ့အခါမှာ ဘာတွေကြုံတွေ့ခဲ့လဲ။

ခင်:  ကျောင်းတက်ရင်းနဲ့အလုပ်လုပ်ရတာကတော့ အစပိုင်းမှာ ပင်ပန်းတယ်။ အသားမကျဘူး။
ကိုယ်ကရောက်တာ မကြာသေးတော့ ဘေးလူတွေလုပ်ပုံကို လိုက်ကြည့်တယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ စကားလှမ်းပြောတယ်။ စိတ်ပါလက်ပါနဲ့ နှုတ်ဆက်တယ်။အဲ့အတွက်ကြောင့် ကိုယ့်ရဲ့ ပုံရိပ်က တက်လာတာပေါ့နော်။ အမြဲပျော်ပျော်နေတော့ ဂျပန်တွေနဲ့ပြောဆိုရာမှာလည်း ၊ တခြားနိုင်ငံသားတွေနှင့် ပြောရာမှာလည်း အဆင်ပြေခဲ့ပါတယ်။

အချိန်ပိုင်းအလုပ်ကနေ ကိုယ့်ရဲ့အပြောအဆိုတွေ၊လူမူဆက်ဆံရေးပိုင်း အရမ်းအထောက်အကူပြုတယ်။

ကိုယ်ကိုတိုင်ကလည်း စကားပြောရတာကြိုက်တယ်လေ။ အဆင်ပြေသွားတာပေါ့။

နောက်တစ်ခု ပညာရလိုက်တာတော့ ရှိတယ်။ အဲ့တာက အချိန်ပိုင်းအလုပ်ဝင်ရင်းနဲ့ တစ်ခါတုန်းကတော့ ကြုံခဲ့ဖူးတယ်။ စနေ၊ တနင်္ဂနွေ ၂ရက်ပဲ ဝင်တဲ့ အလုပ်ပါ။ စစပိုင်းဆိုတော့ နားမလည်တာအများကြီးပဲ။ ဂျပန်တွေကလည်း တိကျတယ်။ ပြောစရာရှိ ပြောတာပဲ။သူ့က ဘာလို့ကိုယ့်ကို အဲ့လိုပြောတာလဲ။ ငါလည်း ကြိုးစားနေတာပဲလေ ဆိုပြီး ပေါ့။ ဒါပေမယ့် ကိုယ်ကိုကိုယ် ဘာလိုနေလည်းဆိုတာ ပြန်စဉ်းစားကြည့်တယ်။ ပြန်သုံးသပ်တယ်။ ကိုယ်လည်း ပြင်စရာရှိတာ ပြင်ရမယ်။

အဲ့မှာ ပညာရလိုက်တာက တစ်ခုခုဆို စိတ်အရမ်းမထိခိုက်အောင် တွေးခေါ်နေထိုင်ဖို့ပဲ။ အားမလျော့ဖို့ဘဲ။ စိတ်ထဲမထားဘဲ ရှေ့ဆက်ဖို့ပေါ့နော်။

ဒါပေမယ့် လူဆိုတော့လည်း စိတ်ထဲထားမိတာတွေတော့ ရှိတာပေါ့။ စိတ်ပေါ့ပေါ့ပါးပါးရှိနေဖို့က အရေးကြီးတယ်လို့ ထင်တယ်။စိတ်ပျော့နေရင် ဘာမှ မလုပ်နိုင်ဘူး။ ပျော်ပျော်နေတယ်။ မိသားစု၊သူငယ်ချင်းတွေနှင့် အမြဲအဆက်အသွယ်လုပ်တယ်။

အခက်အခဲတွေရှိရင် ရင်ဖွင့်တယ်။တိုင်ပင်တယ်။ဆွေးနွေးတယ်။ ဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါတယ်။

လူမူဆက်ဆံရေးကောင်းရင် အဆင်ပြေတယ်လို့ ခံယူထားပါတယ်။


 ဂျပန်ဘာသာစကားသင်ရာကနေ အခွင့်အရေးလက်လွတ်မခံဘဲ ဂျပန်ထိရောက်အောင် ကြိုးစားခဲ့တဲ့သူမ

WF : ဂျပန်လာဖြစ်တဲ့အကြောင်းအရင်းလေး ပြောပြပေးပါ။

ခင် :  အမှန်အတိုင်းအပြောရရင် ဂျပန်မှ ဂျပန်သွားရမယ်ဆိုပြီး ရူးသွပ်ခဲ့တာမဟုတ်ပါဘူး။ ကိုယ့်အနာဂတ်က ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ရမှာဆိုတော့လည်း တက္ကသိုလ်တက်နေစဉ်ကတည်းက အမျိုးမျိုးစဉ်းစားတာပေါ့။တက္ကသိုလ်မှာက ဂျပန်ဘာသာမေဂျာယူထားတာပေါ့နော်။ ဂျပန်ဘာသာအပြင် တရုတ်ကျောင်း၊ အင်္ဂလိပ်စာ၊ LCCI၊computer  တွေလည်း လုပ်ဖြစ်ပါတယ်။ ကျောင်းပြီးရင် စဉ်းစားထားတာက ပြည်ပနိုင်ငံတစ်နိုင်ငံမှာ ပညာဆက်သင်မယ်။ ကိုယ့်ရဲ့ ဘဝလမ်းကြောင်းကို ဆက်လက် ပြုပြင်မယ်ပေါ့။ ကျောင်းပြီးသွားတော့ စဉ်းစားလိုက်တာက ဂျပန်စာကို ဘွဲ့ရတဲ့အထိ သင်ယူပြီးပြီ။ ဂျပန်မှာ ဆက်လက်ပညာသင်ဖို့လည်း ဂျပန်စာ၊ယဉ်ကျေးမှုပိုင်း သိနေတော့ မခက်ခဲလောက်ဘူးပေါ့။ အတွေ့အကြုံပိုင်း၊ဗဟုသုတပိုင်း လိုချင်ခဲ့တာပါ။ရည်မှန်းချက်ကြီးကြီးမားမားတော့ မရှိခဲ့ဘူး။ငယ်ရွယ်တုန်းမှာ တက်နိုင်သလောက် ပညာစုချင်တယ်ပေါ့။ အဲ့ဒါနဲ့ပဲ ဂျပန်ရောက်လာခဲ့တာပါ။

ဂျပန်ရောက်ရှိတာ ၂၀၁၃ကဆိုတော့ မကြာခင် ၅နှစ်ထဲပါ။ဂျပန်ဘာသာသင်တန်းကျောင်းကိုပဲ အရင်တက်ရောက်ပညာသင်ပါတယ်။ကျွန်မတော့ ဂျပန်ကို ရွေးခဲ့တာ မှန်ကန်တဲ့ ရွေးချယ်မှုလို့ပဲထင်တယ်။ တော်တော်များများ ပညာရတယ်။

တစ်ချို့ကတော့ပြောတယ်။ ဂျပန်စာနှင့် ကျောင်းပြီးတာကို ဂျပန်မှာ စကားသင်တန်းကျောင်းဆက်တက်တော့ နှမျှောစရာကြီးတဲ့။ တိုက်ရိုက်တက္ကသိုလ်၊ ကောလိပ်ချိတ်လည်း ရတာပဲပေါ့။ ဒါပေမယ့် ကိုယ်တိုင်က ဂျပန်လူနေမှုပိုင်း နားမလည်တော့ အရင်ဆုံး ကျင့်သားရအောင်နဲ့ သတင်းအချက်အလက်ရှာဖွေလို့ရအောင် အချိန်ယူလိုက်တာပါ။

တစ်ယောက်တည်းလာခဲ့ရတဲ့ အချိန်တုန်းကတော့ တွေဝေတယ်။ ကြောက်တယ်။

တကယ့်ဂျပန်ရဲ့ နေထိုင်မှုအပိုင်းက ဘယ်လိုလဲ သတင်းအချက်အလက်ဘာမှ မသိဘူးလေ။

ဂျပန်လူမျိုးတွေနဲ့ဆက်ဆံရေးပိုင်း( ဂျပန်မှာ ခွဲခြားဆက်ဆံခံရတာတွေ ရှိတယ်လို့ ကြားဖူးတော့ ကြောက်မိတာပဲ)

ဂျပန်အစားအစာ (အသားစိမ်းငါးစိမ်း၊ရေညှိတွေ) စားနိုင်ပါ့လား။

ကျောင်းတက်ရမှာဆိုတော့ စားရိတ်က အဆင်ပြေပါ့မလား။

လုပ်နိုင်ပါ့မလား ဆိုပြီးစိုးရိမ်ခဲ့တယ်။ အမျိုးမျိုးပေါ့။

အဓိက စိုးရိမ်စိတ်ကို အားတင်းကျော်ဖြတ်ခဲ့တယ်။ စိတ်ဓါတ်ခိုင်မာအောင် ကျင့်တယ်။ အနာဂတ်ကောင်းဖို့ကို ပဲ တွေးပြီး စိတ်ခိုင်အောင်နေတယ်။ ရေရှည်ကို တွက်ပြီး အားတင်းလာခဲ့ရတာပေါ့နော်။


ဂျပန်နိုင်ငံ ခရီးသွားလုပ်ငန်းကုမ္ပဏီကြီးမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေပြီး စွမ်းရည်အမျိုးမျိုးတိုးတက်လာပါတယ်။

WF: လက်ရှိအလုပ်အကိုင်နှင့် တက်ခဲ့တဲ့ ကောလိပ်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းနော်။ခရီးသွားလုပ်ငန်းကို ရွေးချယ်ဖြစ်ပုံလေး နှင့် တာဝန်ယူလုပ်ကိုင်ရတဲ့အပိုင်းလေးကို ပြောပြပေးပါ။

ခင် :  ဂျပန်-မြန်မာ ခရီးသွားလာရေးပိုင်းက အခုကနေစပြီး တွင်ကျယ်လာမယ်လို့မြင်တယ်။ ကောလိပ်ကျောင်း ရွေးတဲ့အချိန်တုန်းကလည်း ဂျပန်ကို ခရီးသွားလာရေး စတင်ကျယ်လာနေပြီးဆိုတော့ ခရီးသွားလာရေးလုပ်ငန်းက အကျိုးအမျှော်ရှိတယ်ပေါ့နော်။

ကိုယ်ကိုတိုင်ကလည်း ခရီးသွားဝါသနာပါတော့ ရွေးချယ်လိုက်တာပါ။ ကောလိပ်က ၂နှစ်ခန့် သင်ရပါတယ်။ ကျောင်းပြီးခါနီးမှာ ကျောင်းကနေ အလုပ်အကိုင်အမျိုးမျိုး မိတ်ဆက်ပါတယ်။

အဲ့ထဲမှာမှ အဆင်ပြေတဲ့ ခရီးသွားကုမ္ပဏီကို လျှောက်ထား၊ လူတွေ့အင်တာဗျူး ၃ဆင့်ဖြေပြီး အလုပ်ရခဲ့ပါတယ်။ အလုပ်စဝင်တာက ဒီနှစ် ၂၀၁၇ ၄လပိုင်းက ပါ။လက်တွေ့ ခရီးသွားကုမ္ပဏီမှာ တာဝန်ကျတဲ့နေရာကတော့ နာရီတာလေဆိပ် ဧည့်သည်ဝန်ဆောင်မှုအပိုင်း ဖြစ်ပါတယ်။ ဧည့်သည်တွေနှင့် တိုက်ရိုက်ထိတွေ့ စကားပြောရတယ်။ ပြဿနာဖြေရှင်းပေးရတယ်။

ဝန်ဆောင်မှုပိုင်းကို အထူးဂရုစိုက်ရတယ်။

တစ်ခါတလေ လေဆိပ်ကောင်တာမှာ အဆင်သင့်ရှိပေးရတယ်။

နိုင်ငံခြားသားတွေကို ယဉ်ကျေးမှု မိတ်ဆက်ပေးရတယ် စသဖြင့်ပေါ့နော်။

အဓိက ဧည့်ခံပိုင်းစကားအသုံးအနှုန်း၊ ယဉ်ကျေးအသုံးအနှုန်းတွေ တိုးတက်လာတယ်။ ဂျပန်စကားပြောစွမ်းရည်လည်း တိုးတက်လာတယ်။

ဂျပန်လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်လုပ်ရာမှာ သူတို့က တိကျတယ်၊လုပ်ကိုင်မယ့် အစီအစဉ်ကို ကြိုတင်ဆွဲတယ်။

နောက်တစ်ခုက လေဆိပ်မှာလုပ်ရတဲ့အတွက် ဂျပန်ရုံးလိုမဟုတ်ဘဲ ပျော်ဖို့ကောင်း၊နိုင်ငံပေါင်းစုံကလူတွေနှင့် ပြောဆိုဆက်ဆံရတယ်။

ကိုယ်ကိုတိုင်က ရယ်ရယ်မောမောနဲ့ စကားပြောရတာ ကြိုက်နှစ်သက်တဲ့အတွက် အဆင်ပြေသွားတာပေါ့။


ဂျပန်ကသင်ခဲ့တဲ့ ပညာဖြင့် မြန်မာ-ဂျပန်ခရီးသွားလုပ်ငန်းရဲ့ တစ်ထောင့်တစ်နေရာကို ထမ်းရွက်ချင်တဲ့ သူမ

WF : မျှော်လင့်ထားတဲ့အရာက?

ခင် : နောက်ပိုင်းဆိုရင် ကိုယ်ပိုင် ခရီးသွားကုမ္ပဏီဖွင့်နိုင်တဲ့အထိ ကြိုးစားမယ်။

အခုဆို မြန်မာဘက်ကနေ ဂျပန်ကို အလည်လာတာ နည်းပါးနေသေးတယ်။နိုင်ငံခြားခရီးနည်းပါးတယ်ပေါ့နော်။ သွားလာရေး သတင်းမသိတာတွေလည်းရှိသလို သွားဖို့ အခက်အခဲတွေ ရှိမယ်ထင်ပါတယ်။ အဲ့အပိုင်းကို မှန်မှန်ကန်ကန် ဝန်ဆောင်မှု ပေးသွားချင်တယ်။

လုပ်ငန်းဖွင့် ရင် မြန်မာကို အဓိက ။ ဂျပန်နေရာအနှံ့ သွားနိုင်အောင်ပေါ့နော်။

ဖြစ်နိုင်ရင် ဂျပန်မှာ ရှိနေတုန်း မြန်မာအချင်းချင်း ခရီးသွားလေးလည်း စီစဉ်ချင်တယ်။

အခုလုပ်နေတဲ့ ကုမ္ပဏီကလည်း မြန်မာမှာ ရုံးခွဲတစ်ခုရှိတယ်။ အများကြီး ဖွင့်စေချင်တယ်။


ဂျပန်တွေ နိုင်ငံခြားသားကို ခေါ်ယူအလုပ်ခန့်တယ်ဆိုတာက ဂျပန်နှင့်မတူတဲ့

နိုင်ငံခြားသားရဲ့အတွေးအခေါ်တွေကို အသုံးချဖို့လို့ ထင်တာပဲ။

WF: ဂျပန်မှာ အလုပ်မဝင်ခင် သတိထားရတာတွေက 

ခင် : အလုပ်မဝင်ခင်မှာ ကိုယ့်ဘက်က သေချာပြင်ဆင်ထားရပါမယ်။ ပညာအရည်အချင်းပိုင်း ( ဂျပန်စာ၊ အင်္ဂလိပ်စာ၊တစ်ခြားစွမ်းရည်)

ကျွန်မဆိုရင် အင်္ဂလိပ်စာ TOIEC ဖြေတယ်။ အခြား အရည်အချင်းစစ်စာမေးပွဲတွေ ဖြေဆိုတယ်။

အခုဆိုရင်

国内旅行業務取扱管理者   ဂျပန်နိုင်ငံတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နိုင်ခွင့်

総合旅行業務取扱管理者   ဂျပန်ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းလုပ်ကိုင်နိုင်ခွင့်

အောင်မြင်ထားပါတယ်။

နောက်ပိုင်း မှာ အင်္ဂလိပ်စာ ကြည့်လာတဲ့ ကုမ္ပဏီတွေများလာတယ်။ သူတို့က နိုင်ငံခြားကို ထိုးဖောက်ချင်တဲ့အတွက် ဘာသာစကားစွမ်းရည်ကြွယ်ဝတဲ့ နိုင်ငံခြားသား၊ ကုမ္ပဏီက ချဲ့ထွင်မယ့်နိုင်ငံစကားပြောတတ်တဲ့ သူ စသဖြင့်

နိုင်ငံခြားသားဖြစ်လို့သာ အလုပ်ခေါ်လာတယ်။ နိုင်ငံခြားသားက ဂျပန်ဆန်ဖို့ မလိုဘူး။ ဂျပန်နဲ့မတူတဲ့ အတွေးအခေါ်ပိုင်းကို အသုံးချသွားဖို့ လိုလာတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ပြည်ပထိုးဖောက်ချင်တဲ့ ကုမ္ပဏီတွေကို လျှောက်ရင်ပေါ့နော်။

အဲ့တော့ ဂျပန်စာ တစ်ခုတည်းမဟုတ်ဘဲ၊ ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်၊ ကိုယ့်နိုင်ငံရဲ့ စွမ်းရည်စသဖြင့် နေသွားရင် အဆင်ပြေမယ်ထင်တယ်။

လုံးဝ ဂျပန်ဆန်ရမယ်ဆိုတာ မဟုတ်ဘူး။ကောင်းတာရှိရင် အတုယူ၊ မကောင်းတာရှိရင်လည်း ဖယ်ရှားဖို့လို့ ထင်ပါတယ်။


ဂျပန်မှာ အလုပ်လုပ်ရင် လိုက်လျောညီထွေရှိမှုက အရေးကြီးဆုံး

WF: ဂျပန်နိုင်ငံမှာ နေထိုင်မှုဘဝကို ဘယ်လိုမြင်မိလဲ။

ခင် : အကုန် ကောင်းတယ်။ဒါပေမဲ့ ဂျပန်က နည်းနည်း အေးစက်စက်နိုင်တယ်။ သူများကို မစွက်ဖက်တတ်ဘူးပဲခေါ်မလား။ကိုဘ့်ဘာသာနေတယ်။

စာအုပ်ကြီးဒီဇိုင်းပဲပြောမလား။ တိကျလွန်းတယ်။

အဲ့အတွက်တော့ နေလို့ထိုင်လို့ အဆင်ပြေ ဘေးကင်းပါတယ်။ဘယ်နိုင်ငံသားမဆို နေလို့အဆင်ပြေတယ်။

လိုက်လျောညီထွေရှိရင် အေးဆေးပဲ။

တိကျတဲ့အတွက် အမှားတော့နည်းတာပေါ့နော်။


ဂျပန်လာမယ့်သူတွေအတွက် စကားလက်ဆောင်

ခင် : ကိုယ်ကိုတိုင်လည်း ဂျပန်စာသင်ပြီး လမ်းတွေပွင့်လာတာကို မြင်လာတယ်။ လုပ်ချင်တာတွေ၊ လုပ်သင့်တာတွေ မြင်လာတယ်။ လုပ်ချင်တာကို အာရုံစိုက်ပြီးလုပ်တာအကောင်းဆုံးပဲ။

နောင်လာမယ့် အစ်ကို၊အစ်မ၊ မောင်လေး၊ညီမလေးများလည်း ကိုယ့်ဘဝကိုယ်သေချာစဉ်းစား၊အနာဂတ်ကို တွေးပြီး ရှေ့ကို ရဲရဲကြီး ဆက်လိုက်ပါ လို့ ပြောချင်ပါတယ်။


ပရိုဖိုင်

အမည်  🍀🍀🍀. ခင်မြင့် လို့ ခေါ်ပါတယ်ရှင့်

အသက်     🍀🍀🍀   24နှစ် ပါ ( ၂၀၁၇ ခုနှစ် အင်တာဗျူးအချိန်)

ပညာအရည်အချင်း  🍀🍀🍀+oberlin university,JTB travel &hotel college ,N1, BA(Japanese) Mandalay University of Foreign Languages, 国内旅行業務取扱管理者,総合旅行業務取扱管理者

အလုပ်   🍀🍀🍀  Narita Airport ၊ ဧည့်သည်ဝန်ဆောင်မှုအပိုင်း မှာ တာဝန်ယူလုပ်ကိုင်နေပါတယ်။

ဂျပန်မှာ နေထိုင်တာ 🍀🍀🍀 ၄နှစ်ကျော်

နှစ်သက်သည့်အရာ 🍀🍀🍀 ခရီးသွားခြင်း

ပုံရိပ် 🍀🍀🍀 ပျော်ပျော်ရွှင်ရွှင်နေတတ်သူ

တိုကျိုမှာ အကြိုက်ဆုံးနေရာ  🍀🍀🍀  Takadanobaba

ဂျပန်ရဲ့အပြုအမူ     🍀🍀🍀. ဂျပန်တွေရဲ့ ကျိုးနွံမှု

အကြိုက်ဆုံး ဂျပန်စကား  🍀🍀🍀 いつも元気だね ( ချီးမွမ်းတဲ့စကားလေးပေါ့နော်၊ ကြားရတာ ပီတီဖြစ်မိပါတယ်)

ဂျပန်မှာ စိတ်ပေါ့ပေါ့ပါးပါးနဲ့ ဆက်ဆံရေးအဆင်ပြေပြီး၊ လိုက်လျောညီထွေ နေနိုင်မှု အရေးကြီးဆုံးပါလို့ တိုက်တွန်းပြောဆိုထားပါတယ်။

အဓိကကစိတ်ဓါတ်မကျဖို့ ဇွဲမလျှော့ဖို့နဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့ပါပဲ။

သူငယ်ချင်းတို့လည်းအဆင်ပြေပါစေ။

Author Profile

EM
EM
မိတ္ေဆြတို႔ ျပံဳးေပ်ာ္ႏိုင္ေစရန္ ဂ်ပန္အေၾကာင္းေရးသားတင္ဆက္လိုက္ပါတယ္။
🌼🌼🌼🌼🌼
ေရႊမႏၲေလးမွလာၿပီး တိုက်ိဳမွာ အလုပ္လုပ္ေနပါတယ္။ သိမွတ္ရသမွ် ေဝမွ်ေပးသြားပါမယ္ရွင္။
🌸🌸🌸🌸🌸
Writer & Editor at Working Friends
よろしくお願いします🤗