ကၽြန္မ ဒီေန႔ေရးသားေဖာ္ျပမွာကေတာ့ ယဥ္ေက်းမႈဓေလ့ႏွင့္ အျပဳအမူပိုင္း ျဖစ္ပါတယ္။
နိုင္ငံရပ္ျခားသြားရင္ မိမိနိုင္ငံႏွင့္ ယဥ္ေက်းမႈဓေလ့စရိုက္ မတူညီလို႔ ျပႆနာတက္တာ၊ ဒုကၡေရာက္ရတာေတြ အမ်ားႀကီးပါ။
ေန႔စဥ္ေနထိုင္မႈမွာ ဆင္ျခင္နိုင္ေအာင္ ၾကည့္ၾကည့္ရေအာင္ေနာ္။


先輩(せんぱい) x 後輩(こうはい)ယဥ္ေက်းမႈ

ပထမဦးဆုံး
ဂ်ပန္ အေခၚ ဆဲင္ပိုင္း ( Sen pai )ပါပဲ။
ျမန္မာ အေခၚေတာ့ အႀကီးတန္းသူ။ကိုယ့္ထက္ႀကီးသူ။ အဂၤလိပ္လိုေတာ့ ( Senior ) ပါ။

ဂ်ပန္မွာေတာ့ ေက်ာင္းစေန ဘဝမွ ႐ုံးဝန္ထမ္း အလုပ္လုပ္အခ်ိန္အထိ ဆဲင္ပိုင္မ်ားက ေရွ႕ေနရာ ယူထားၾကၿပီး၊ ေနာက္လူမ်ားက အငယ္အေနႏွင့္ ေရွ႕လူအေပၚ အလိုက္သိရိုေသၾကရပါသည္။
ႀကီးသူရိုေသ သေဘာမ်ိဳးေပါ့။
ေရွးယခင္ကတည္းက ဂ်ပန္မွာ လူမူဆက္ဆံေရးပိုင္း တင္းၾကပ္တယ္လို႔ ၾကားသိရပါတယ္။ ယခင္ကဆိုလၽွင္ အလုပ္ဝင္လုပ္ရင္ ပင္စင္ယူသည္အထိ ဒီအလုပ္တစ္ခုတည္းမွာပဲ ဘဝႏွစ္ထားၿပီး၊ လုပ္သက္ႏႈန္းထားအလိုက္ ရာထူးအဆင့္ ျမင့္တက္သြားတဲ့စနစ္ေပါ့ေနာ္။ အသက္ႀကီးေလေလ ရာထူးႀကီးေလေလ။ အလုပ္စဝင္တာ မၾကာေသးတဲ့သူဆို အငယ္ဆုံးေနရာမွာေပါ့။ က်န္တာေတြက ဆဲင္ပိုင္းဆိုတဲ့ စီနီယာအဆင့္မွာ။

ဆဲင္ပိုင္း ခိုင္းသမၽွ အကုန္လုပ္ေပးရျခင္း။ ဆဲင္ပိုင္း၏ စိတ္အေျခအေနကိုၾကည့္ကာ မီးဆင္ၾကည့္က ရ ျခင္း။
အလုပ္ထဲတြင္ အလုပ္စခ်ိန္ ၉:၀၀ ဆိုၾကပါစို႔။ စီနီယာေတြက ၈:၅၀ အလုပ္လာလ်င္။ ကိုယ္သည္ ၈:၄၅  ေလာက္ အေရာက္ သြားမွ မ်က္ႏွာပန္းလွမည္။
ထို႔အျပင္ အလုပ္ခ်ိန္တြင္ ဆဲင္ပိုင္ ခိုင္းသမၽွ အလုပ္ အကုန္ လုပ္ေပးျခင္း။ တခါတရံ ထမင္းစားခ်ိန္ အတူတူသြားစားပါက၊ အငယ္က ဟင္းမွာ၊ထမင္းမွာ လုပ္ေပးရပါတယ္။ အမ်ားႏွင့္စားရၿပီး၊ ကိုယ့္ထက္စီနီယာႏွင့္ စားရတာဆိုေတာ့  စီနီယာတို႔ထက္ ေငြတန္ဖိုးပို စားျခင္း။ သုံးျခင္း( အသုံးအေဆာင္ ပစၥည္း၊ အိတ္၊ ဖိနပ္ စသည္ )တို႔ကို ဂ႐ုစိုက္ၾကပါတယ္တဲ့။
စီနီယာအေပၚ ေလးစားသမႈျပဳရန္ေပါ့။
႐ုံးအလုပ္ၿပီးခ်ိန္တြင္လဲ ဆဲင္ပိုင္ အလုပ္မွ မျပန္ေသးလ်င္ ကိုယ္ အျပန္ရ ခက္ပါၿပီ။ စီနီယာရဲ့ မ်က္ႏွာရိပ္ မ်က္ႏွာကဲကို အျမဲ ၾကည့္ေနရတဲ့ ဂ်ပန္လူမူအဖြဲ႕အစည္း။
တနည္းအားျဖင့္ ဆဲင္ပိုင္အား အညြန႔္တက္ အကြန႔္တက္ စကားေျပာရန္ ခက္ခဲလွေပသည္ တကား။
ဒီလို စီနီယာ၊ဂ်ဴနီယာ ယဥ္ေက်းမႈဟာ အခုခ်ိန္ထိ အနည္းငယ္ က်န္ရွိေနေသးတယ္ဆိုရင္ ယုံမလား။
ေခတ္ႀကီးေျပာင္းလဲလာၿပီး ယခင္ကဲ့သို႔ အရမ္း စည္းကမ္းမတင္းၾကပ္ေသာ္လည္း ဂ်ပန္ဓေလ့မွာ ကိမ္းေအာင္းေနဆဲပါ။
အျပဳအမူေတြထဲမွာ ရွိေနဆဲပါ။
ဥပမာ- ဂ်ဴနီယာရယ္ စီနီယာရယ္ ရွိေနတဲ့ အလုပ္ခန္းထဲ ဧည့္သည္လာတယ္ဆိုပါစို႔။
တံခါးေပါက္ကို အငယ္ျဖစ္သူက သြားဖြင့္ၿပီး ကိုယ့္အထက္လူႀကီးရွိတဲ့ေနရာဆီ လမ္းညႊန္ေပးရတာမ်ိဳး။
ဧည့္သည္ႏွင့္ အလုပ္Address card ဖလွယ္ၾကတဲ့အခါ စီနီယာၿပီးမွ အငယ္က မိမိလိပ္စာကတ္ကို ထုတ္ေပးရတာမ်ိဳးေလးေတြ ေပါ့ေနာ္။
စားေသာက္ပြဲသြားလို႔ အငယ္က ဆိုင္ဘိုကင္ ခ်ိတ္တာမ်ိဳး ၊ဟင္းပြဲမွာရင္တက္တက္ႂကြႂကြ မွာေပးတာမ်ိဳးေပါ့။

ျမန္မာမွာလည္း ႀကီးသူရိုေသ ဆိုတဲ့ စကားရွိသလို၊ ဂ်ပန္မွာလည္း ရွိတာပါပဲေနာ္။
ဒါ့ေၾကာင့္ အလုပ္ထဲတြင္ သေဘာေကာင္းေသာ ဆဲင္ပိုင္ ႏွင့္ ေတြ႕ရပါလို၏ဟု ဆုေတာင္းၾကပါကုန္။


ေနာက္ထပ္ ဓေလ့တစ္ခုကိုေျပာရမယ္ဆိုရင္

ဖေယာင္းတိုင္လိုက်င့္

ဒါေလးကေတာ့ အသိစိတ္ဓါတ္ကို ရည္ညႊန္းထားတာေလးပါ။
ဖေယာင္းတိုင္ႏွင့္ ဥပမာေပးတာေပါ့။
ဘာလို႔လည္းဆိုရင္
ろうそくは身を減らして人を照らす
ဖေယာင္းတိုင္ဟာ မိမိကိုယ္ကို စေတးခံၿပီး၊ အလင္းေရာင္ထုတ္ေပးပါတယ္။
လူတစ္ဦးတေယာက္ဟာ သူမ်ားေကာင္းစားဖို႔အတြက္ ကိုယ္က်ိဳးစြန႔္ အနစ္အနာ ခံ သူ ျဖစ္ရင္၊ သူတပါးေကာင္းက်ိဳးကို အျမဲျပဳလုပ္ေပးေနရင္ ေကာင္းတယ္ဆိုၿပီး ေျပာတာပါ။
ဒီလို ျဖစ္ေအာင္ ကိုယ့္ကိုယ္ကို က်င့္ႀကံ အားထုပ္ ျပဳလုပ္တတ္ဖို႔ ဆိုရင္ ဖေယာင္းတိုင္လို က်င့္ႀကံရမယ္၊ ဖေယာင္းတိုင္လို က်င့္ေသာသူလို႔ ေျပာၾကပါတယ္။
တကယ္ေတာ့ ဖေယာင္းတိုင္ ဆိုတာ သူတပါး အလင္းရဖို႔ ကိုယ့္ထံမွ အလင္းေရာင္ေတြ ေပးၿပီး ေနာက္ဆုံးေတာ့ မီးစာကုန္ ရတာပါဘဲ။
ဒါေၾကာင့္ ေကာင္းေသာ အလုပ္လုပ္ျခင္း၊ သူတပါး အတြက္ ကိုယ္က အနစ္နာ ခံေပးျခင္းတို႔ကို ဖေယာင္းတိုင္လို ျပဳက်င့္သူလို႔ ေခၚေဝၚေလ့ ရွိၾကပါတယ္ေပါ့။


ႂကြတ္ႂကြတ္ႂကြတ္ >>> ပါးစပ္မွ စုပ္ထိုးသံ သို႔မဟုတ္ ပါးစပ္မွ စုပ္သပ္သံ

ကၽြန္မတို႔ ျမန္မာျပည္မွာ လသား ကေလးေလးေတြ အိပ္ေနရင္ ဒါမွ မဟုတ္ လူႀကီးတေယာက္နဲ႔ တေယာက္ ၾကား လက္ေျပာင္းတဲ့အခါ ကေလးနိုးမွာ ေၾကာက္ၿပီး ပါးစပ္က စုပ္သပ္ၾကတယ္ေပါ့ေနာ့။
ဒါေပမဲ့ ဂ်ပန္ေတြက သူတို႔ ကေလး ပိစိေလးေတြကို အဲ့လိုလုပ္တာ မႀကိဳက္ဘူး။ ႏြား စတဲ့ တိရိစၧာန္ကိုလဲ အဲ့လိုဘဲ စုပ္သပ္ေလေတာ့… ကဲ ဂ်ပန္နဲ႔ ေပါင္းတဲ့အခါ ဒါေလးေတြ ဂ႐ုစိုက္ၾကပါစို႔လား။


ကၽြန္ုပ္တို႔ရင္ဘတ္ နဲ႔ သူတို႔ႏွာေခါင္း

ျမန္မာမွာေတာ့ ကိုယ့္ကိုယ္ကို ကၽြန္ေတာ္၊ကၽြန္မ လို႔ ညႊန္းတဲ့ အခါ ရင္ဘတ္ေပၚ လက္ဖ်ားနဲ႔ ရည္ညႊန္း ေျပာဆိုၾကေပမယ့္၊
ဂ်ပန္မွာေတာ့ ကိုယ့္ကိုယ္ကို ရည္ညႊန္းတဲ့ အခါ ကိုယ့္လက္ညိဳးနဲ႔ ကိုယ့္ႏွာေခါင္းထိပ္ကို ထိလုနီးပါး ဒါမွမဟုတ္ ထိၿပီး ေျပာ္ဆိုၾကပါတယ္။
ဂ်ပန္ေတြနဲ႔ ေတြ႕တဲ့အခါ ေျပာၾကည့္ေပါ့ေနာ္။ ဂ်ပန္ေတြ သေဘာေပါက္လြယ္တဲ့ အမူအရာပါရွင့္။

ဘုရားကပ္တဲ့ အေမႊးတိုင္ရဲ့ အဓိပၸါယ္
ျမန္မာျပည္မွာ အေမႊးနံ့သာတိုင္ ဘုရားမွာ ကပ္လႉၿပီး ကိုယ့္ရဲ့ ဂုဏ္သတင္းေတြ ေမႊးျပန႔္ပါေစ လို႔ ဆုေတာင္းၾကတယ္။
ဂ်ပန္မွာေတာ့ အဲ့ဒီ့ အေမႊးတိုင္က ထြက္လာတဲ့ အခိုးအေငြ႕ အနံ့ကို လက္ႏွင့္ ကိုယ့္ဘက္ ခပ္ယူၿပီး (ေလႏွင့္အတူ ကိုယ့္ဆီကို လာေအာင္ လုပ္ယူၿပီး ) ကိုယ့္ခႏၲာကိုယ္ဆီ ေရာက္ေအာင္ လုပ္ယူၾကတယ္။
တခ်ိဳ႕ အခိုးအေငြ႕ကို လက္ခုပ္နဲ႔ သယ္ၿပီး ကိုယ့္ေခါင္း၊မ်က္ႏွာ၊ရင္ဘတ္ စသည္တို႔ဆီ ကပ္ယူၿပီး။ ဆုေတာင္းၾကတယ္ေလ။ ဆုေတာင္းပုံကေတာ့ အတူတူပါဘဲ။ ကိုယ့္ခႏၲာကိုယ္မွာ အေမႊးနံ့သာ ေကာင္းသတင္း ျခဳံလႊမ္း ပက္ျဖန္းပါေစေပါ့။


ဂ်ပန္မွာ ဖုန္းေျပာျခင္း

ဂ်ပန္မွာ လက္ကိုင္ဖုန္းကို အသက္ ၅၊၁ဝႏွစ္ ကေလးမွစ ကိုင္ၾကပါတယ္။ ဒါေပမဲ့ အားလုံးဟာ စည္းကမ္းရွိၾကတယ္။ စည္းကမ္းရွိေအာင္လည္း သတ္မွတ္ၾကပါတယ္တဲ့။
မိဘဆိုတာ ကိုယ့္ကေလး ဘယ္အရြယ္ေရာက္ေရာက္ စိတ္ပူတတ္ေလေတာ့ အထူးသျဖင့္ ေက်ာင္းအဆင္း အိမ္အျပန္မွာ အိမ္ကို ေကာင္းေကာင္း ေရာက္ရဲ့လား ဆိုၿပီး မိဘေတြဟာ အလုပ္တစ္ဖက္ႏွင့္ မအားတဲ့ၾကားက ကေလးေတြဆီ ဖုန္းေခၚၾကတယ္။
ဒါေၾကာင့္ ေက်ာင္းကို ဖုန္းပါလာတတ္တဲ့ ကေလးေတြဆို ေက်ာင္းစည္းကမ္းအရ ေက်ာင္းခ်ိန္တြင္းမွာ ဖုန္းကို ေက်ာင္းမွာ အပ္ထားရၿပီး၊ ေက်ာင္းဆင္းမွ ကေလးေတြ လက္ထဲ ဖုန္းျပန္ေပးပါတယ္။ ( စာသင္ခ်ိန္သည္ ဖုန္း သုံးခ်ိန္မဟုတ္ ဟု ေက်ာင္းစည္းကမ္း ထုတ္လိုက္ျခင္းပါ။)
အလယ္တန္းေက်ာင္းသားျဖစ္လာရင္ေတာ့ ေက်ာင္းက ဖုန္းမသိမ္းေတာ့ ပါဘူး။ ဒါေပမဲ့ စည္းကမ္း တစ္ခုက ေက်ာင္းဆင္းမွ ဖုန္းသုံးခြင့္ျပဳပါတယ္တဲ့။ ေျပာစကား နားမေထာင္ရင္ ေတာ့ အကုန္သိမ္းမယ္ေပါ့။
အထက္တန္းေက်ာင္းသား ဆိုရင္ေတာ့ ေက်ာင္းအားခ်ိန္ သုံးရင္ မေျပာေတာ့ဘဲ စာသင္ေနတုန္း သုံးတာမိရင္ေတာ့ ေက်ာင္းအုပ္ခန္းေရာက္ၿပီး မင္နီ တားခံရတာပါဘဲ။
ဂ်ပန္နိုင္ငံဟာ စည္းကမ္းနဲ႔ ႀကီးတဲ့ နိုင္ငံမို႔။ ေက်ာင္းမွာကတည္းက ဒီလို စည္းကမ္းေလးေတြဟာ မေျပာဘဲ သိလာၾကတတ္ပါတယ္။
ဒါေၾကာင့္လည္း အလုပ္ဝင္လုပ္တဲ့အခါမွာလည္း အားလုံးဟာ စည္းကမ္း အပိုင္းေလးေတြကို ကိုယ္စီ ခြဲတတ္ လာၾကတယ္။ ဥပမာ ႐ုံးခ်ိန္၊အလုပ္ခ်ိန္ဆိုတာ ကိုယ္ပိုင္ အခ်ိန္မဟုတ္ဘဲ အလုပ္က ကိုယ့္ကို ပိုင္ဆိုင္ခ်ိန္မို႔ အလုပ္ႏွင့္ ဆိုင္ရာပဲ ေျပာၾကေလ့ ရွိပါတယ္။
ဒါေၾကာင့္ ကၽြန္မတို႔လည္း ဂ်ပန္မွာ အလုပ္ခ်ိန္၊ကိုယ္ပိုင္ခ်ိန္ရယ္လို႔ ခြဲျခားနားလည္ရင္ ပိုေကာင္းပါတယ္။
တခ်ိဳ႕က စည္းကမ္းပိုင္းမၾကပ္ဘူးလို႔ ေျပာၾကတာလဲ ၾကားဘူးပါတယ္။ ရွိေတာ့ ရွိတယ္ ရွားပါတယ္ေပါ့။ ရတယ္ဆိုတိုင္းလဲ လူ႔စည္းကမ္း သူ႔စည္းကမ္းဆိုတာ ရွိေတာ့ ပိုေကာင္းေစပါတယ္။

ေနာက္ ဖုန္းဂ႐ုစိုက္သုံးတဲ့ ေနရာကေတာ့ ရထားထဲမွာပါ။ ရထားစီးတဲ့အခါ စီးနင္းသူ အမ်ိဳးမ်ိဳးရွိပါတယ္။က်န္းမာသန္စြမ္းသူအျပင္၊မက်န္းမာသူမ်ားလည္း ေပါင္းစုံေပါ့။႐ုံးဝန္ထမ္းေတြဆိုရင္ အိမ္ျပန္ခ်ိန္ ရထားစီးရင္း နားၾက အိပ္ၾက နဲ႔ အပန္းေၿဖ အခ်ိန္ေလးပါ။ ဒီအခ်ိန္ကိုမွ ရထားထဲ ဖုန္းတစ္လုံးနဲ႔ လူတေယာက္ စကားေျပာေနရင္ ၾကားရတဲ့ လူေတြအတြက္ စိတ္အေႏွာက္အယွက္ျဖစ္ေစပါတယ္။ ဖုန္းက လွိုင္းေၾကာင့္ မက်န္းမာသူေတြကိုလည္း အေျခအေန ပိုဆိုးေစပါတယ္။
ဒါေၾကာင့္ ရထားထဲ ဖုန္းမေျပာရလို႔လဲ သတ္မွတ္ထားပါတယ္။ စည္းကမ္းမလိုက္နာသူလည္း တစ္ခါတေလ ေတြ႕ရတတ္ပါတယ္။ ဒါေပမဲ့ ရွားေတာ့ ရွားတယ္ေပါ့။ အလိုက္မသိတတ္တဲ့ လူထဲ ကိုယ္မပါဖို႔ဘဲ အေရးႀကီးပါတယ္ေလ။ မဟုတ္ဘူးလား။
ဒါေပမယ့္၊ ခၽြင္းခ်က္တစ္ခုေတာ့ ရွိပါတယ္။
ၿမိဳ႕ပါတ္ရထား၊ၿမိဳ႕တြင္း ရထားထဲမွာ ဖုန္းေျပာခြင့္ မေပးေပမဲ့၊ ခရီးရွည္စီး ရထားထဲမွာေတာ့ ဖုန္းေျပာဖို႔ ေနရာ သတ္မွတ္ေပးထားပါတယ္။

ေနာက္ တစ္ေနရာကေတာ့ ေဆး႐ုံပါ။ ေဆး႐ုံမွာလည္း ဖုန္းေျပာဖို႔ ေနရာသီးသန႔္ သတ္မွတ္ ထားပါတယ္။
ကဲ ဂ်ပန္လာရင္ ဒီလို အေၾကာင္းေလးေတြသိဖို႔ ေရးေပးလိုက္ပါတယ္ေနာ္။ နို႔မို႔ တျခားလူေတြက မႀကိဳက္ဘူး နားညီးတယ္လို႔ အေျပာမခံရေအာင္၊အၾကည့္မခံရေအာင္ လို႔ ေရးေပးလိုက္ပါတယ္။
ေနာက္ၾကဳံရင္လဲ ဂ်ပန္အေၾကာင္းေလးေတြ ေရးျပမယ္ေနာ္။ ေကာင္းတဲ့ စည္းကမ္းေတြဆို အတုယူသင့္ယူရမွာေပါ့ေနာ္။
MJ




ကျွန်မ ဒီနေ့ရေးသားဖော်ပြမှာကတော့ ယဉ်ကျေးမှုဓလေ့နှင့် အပြုအမူပိုင်း ဖြစ်ပါတယ်။
နိုင်ငံရပ်ခြားသွားရင် မိမိနိုင်ငံနှင့် ယဉ်ကျေးမှုဓလေ့စရိုက် မတူညီလို့ ပြဿနာတက်တာ၊ ဒုက္ခရောက်ရတာတွေ အများကြီးပါ။
နေ့စဉ်နေထိုင်မှုမှာ ဆင်ခြင်နိုင်အောင် ကြည့်ကြည့်ရအောင်နော်။


先輩(せんぱい) x 後輩(こうはい)ယဉ်ကျေးမှု

ပထမဦးဆုံး
ဂျပန် အခေါ် ဆဲင်ပိုင်း ( Sen pai )ပါပဲ။
မြန်မာ အခေါ်တော့ အကြီးတန်းသူ။ကိုယ့်ထက်ကြီးသူ။ အင်္ဂလိပ်လိုတော့ ( Senior ) ပါ။

ဂျပန်မှာတော့ ကျောင်းစနေ ဘဝမှ ရုံးဝန်ထမ်း အလုပ်လုပ်အချိန်အထိ ဆဲင်ပိုင်များက ရှေ့နေရာ ယူထားကြပြီး၊ နောက်လူများက အငယ်အနေနှင့် ရှေ့လူအပေါ် အလိုက်သိရိုသေကြရပါသည်။
ကြီးသူရိုသေ သဘောမျိုးပေါ့။
ရှေးယခင်ကတည်းက ဂျပန်မှာ လူမူဆက်ဆံရေးပိုင်း တင်းကြပ်တယ်လို့ ကြားသိရပါတယ်။ ယခင်ကဆိုလျှင် အလုပ်ဝင်လုပ်ရင် ပင်စင်ယူသည်အထိ ဒီအလုပ်တစ်ခုတည်းမှာပဲ ဘဝနှစ်ထားပြီး၊ လုပ်သက်နှုန်းထားအလိုက် ရာထူးအဆင့် မြင့်တက်သွားတဲ့စနစ်ပေါ့နော်။ အသက်ကြီးလေလေ ရာထူးကြီးလေလေ။ အလုပ်စဝင်တာ မကြာသေးတဲ့သူဆို အငယ်ဆုံးနေရာမှာပေါ့။ ကျန်တာတွေက ဆဲင်ပိုင်းဆိုတဲ့ စီနီယာအဆင့်မှာ။

ဆဲင်ပိုင်း ခိုင်းသမျှ အကုန်လုပ်ပေးရခြင်း။ ဆဲင်ပိုင်း၏ စိတ်အခြေအနေကိုကြည့်ကာ မီးဆင်ကြည့်က ရ ခြင်း။
အလုပ်ထဲတွင် အလုပ်စချိန် ၉:၀၀ ဆိုကြပါစို့။ စီနီယာတွေက ၈:၅၀ အလုပ်လာလျင်။ ကိုယ်သည် ၈:၄၅  လောက် အရောက် သွားမှ မျက်နှာပန်းလှမည်။
ထို့အပြင် အလုပ်ချိန်တွင် ဆဲင်ပိုင် ခိုင်းသမျှ အလုပ် အကုန် လုပ်ပေးခြင်း။ တခါတရံ ထမင်းစားချိန် အတူတူသွားစားပါက၊ အငယ်က ဟင်းမှာ၊ထမင်းမှာ လုပ်ပေးရပါတယ်။ အများနှင့်စားရပြီး၊ ကိုယ့်ထက်စီနီယာနှင့် စားရတာဆိုတော့  စီနီယာတို့ထက် ငွေတန်ဖိုးပို စားခြင်း။ သုံးခြင်း( အသုံးအဆောင် ပစ္စည်း၊ အိတ်၊ ဖိနပ် စသည် )တို့ကို ဂရုစိုက်ကြပါတယ်တဲ့။
စီနီယာအပေါ် လေးစားသမှုပြုရန်ပေါ့။
ရုံးအလုပ်ပြီးချိန်တွင်လဲ ဆဲင်ပိုင် အလုပ်မှ မပြန်သေးလျင် ကိုယ် အပြန်ရ ခက်ပါပြီ။ စီနီယာရဲ့ မျက်နှာရိပ် မျက်နှာကဲကို အမြဲ ကြည့်နေရတဲ့ ဂျပန်လူမူအဖွဲ့အစည်း။
တနည်းအားဖြင့် ဆဲင်ပိုင်အား အညွန့်တက် အကွန့်တက် စကားပြောရန် ခက်ခဲလှပေသည် တကား။
ဒီလို စီနီယာ၊ဂျူနီယာ ယဉ်ကျေးမှုဟာ အခုချိန်ထိ အနည်းငယ် ကျန်ရှိနေသေးတယ်ဆိုရင် ယုံမလား။
ခေတ်ကြီးပြောင်းလဲလာပြီး ယခင်ကဲ့သို့ အရမ်း စည်းကမ်းမတင်းကြပ်သော်လည်း ဂျပန်ဓလေ့မှာ ကိမ်းအောင်းနေဆဲပါ။
အပြုအမူတွေထဲမှာ ရှိနေဆဲပါ။
ဥပမာ- ဂျူနီယာရယ် စီနီယာရယ် ရှိနေတဲ့ အလုပ်ခန်းထဲ ဧည့်သည်လာတယ်ဆိုပါစို့။
တံခါးပေါက်ကို အငယ်ဖြစ်သူက သွားဖွင့်ပြီး ကိုယ့်အထက်လူကြီးရှိတဲ့နေရာဆီ လမ်းညွှန်ပေးရတာမျိုး။
ဧည့်သည်နှင့် အလုပ်Address card ဖလှယ်ကြတဲ့အခါ စီနီယာပြီးမှ အငယ်က မိမိလိပ်စာကတ်ကို ထုတ်ပေးရတာမျိုးလေးတွေ ပေါ့နော်။
စားသောက်ပွဲသွားလို့ အငယ်က ဆိုင်ဘိုကင် ချိတ်တာမျိုး ၊ဟင်းပွဲမှာရင်တက်တက်ကြွကြွ မှာပေးတာမျိုးပေါ့။

မြန်မာမှာလည်း ကြီးသူရိုသေ ဆိုတဲ့ စကားရှိသလို၊ ဂျပန်မှာလည်း ရှိတာပါပဲနော်။
ဒါ့ကြောင့် အလုပ်ထဲတွင် သဘောကောင်းသော ဆဲင်ပိုင် နှင့် တွေ့ရပါလို၏ဟု ဆုတောင်းကြပါကုန်။


နောက်ထပ် ဓလေ့တစ်ခုကိုပြောရမယ်ဆိုရင်

ဖယောင်းတိုင်လိုကျင့်

ဒါလေးကတော့ အသိစိတ်ဓါတ်ကို ရည်ညွှန်းထားတာလေးပါ။
ဖယောင်းတိုင်နှင့် ဥပမာပေးတာပေါ့။
ဘာလို့လည်းဆိုရင်
ろうそくは身を減らして人を照らす
ဖယောင်းတိုင်ဟာ မိမိကိုယ်ကို စတေးခံပြီး၊ အလင်းရောင်ထုတ်ပေးပါတယ်။
လူတစ်ဦးတယောက်ဟာ သူများကောင်းစားဖို့အတွက် ကိုယ်ကျိုးစွန့် အနစ်အနာ ခံ သူ ဖြစ်ရင်၊ သူတပါးကောင်းကျိုးကို အမြဲပြုလုပ်ပေးနေရင် ကောင်းတယ်ဆိုပြီး ပြောတာပါ။
ဒီလို ဖြစ်အောင် ကိုယ့်ကိုယ်ကို ကျင့်ကြံ အားထုပ် ပြုလုပ်တတ်ဖို့ ဆိုရင် ဖယောင်းတိုင်လို ကျင့်ကြံရမယ်၊ ဖယောင်းတိုင်လို ကျင့်သောသူလို့ ပြောကြပါတယ်။
တကယ်တော့ ဖယောင်းတိုင် ဆိုတာ သူတပါး အလင်းရဖို့ ကိုယ့်ထံမှ အလင်းရောင်တွေ ပေးပြီး နောက်ဆုံးတော့ မီးစာကုန် ရတာပါဘဲ။
ဒါကြောင့် ကောင်းသော အလုပ်လုပ်ခြင်း၊ သူတပါး အတွက် ကိုယ်က အနစ်နာ ခံပေးခြင်းတို့ကို ဖယောင်းတိုင်လို ပြုကျင့်သူလို့ ခေါ်ဝေါ်လေ့ ရှိကြပါတယ်ပေါ့။


ကြွတ်ကြွတ်ကြွတ် >>> ပါးစပ်မှ စုပ်ထိုးသံ သို့မဟုတ် ပါးစပ်မှ စုပ်သပ်သံ

ကျွန်မတို့ မြန်မာပြည်မှာ လသား ကလေးလေးတွေ အိပ်နေရင် ဒါမှ မဟုတ် လူကြီးတယောက်နဲ့ တယောက် ကြား လက်ပြောင်းတဲ့အခါ ကလေးနိုးမှာ ကြောက်ပြီး ပါးစပ်က စုပ်သပ်ကြတယ်ပေါ့နော့။
ဒါပေမဲ့ ဂျပန်တွေက သူတို့ ကလေး ပိစိလေးတွေကို အဲ့လိုလုပ်တာ မကြိုက်ဘူး။ နွား စတဲ့ တိရိစ္ဆာန်ကိုလဲ အဲ့လိုဘဲ စုပ်သပ်လေတော့… ကဲ ဂျပန်နဲ့ ပေါင်းတဲ့အခါ ဒါလေးတွေ ဂရုစိုက်ကြပါစို့လား။


ကျွန်ုပ်တို့ရင်ဘတ် နဲ့ သူတို့နှာခေါင်း

မြန်မာမှာတော့ ကိုယ့်ကိုယ်ကို ကျွန်တော်၊ကျွန်မ လို့ ညွှန်းတဲ့ အခါ ရင်ဘတ်ပေါ် လက်ဖျားနဲ့ ရည်ညွှန်း ပြောဆိုကြပေမယ့်၊
ဂျပန်မှာတော့ ကိုယ့်ကိုယ်ကို ရည်ညွှန်းတဲ့ အခါ ကိုယ့်လက်ညိုးနဲ့ ကိုယ့်နှာခေါင်းထိပ်ကို ထိလုနီးပါး ဒါမှမဟုတ် ထိပြီး ပြော်ဆိုကြပါတယ်။
ဂျပန်တွေနဲ့ တွေ့တဲ့အခါ ပြောကြည့်ပေါ့နော်။ ဂျပန်တွေ သဘောပေါက်လွယ်တဲ့ အမူအရာပါရှင့်။

ဘုရားကပ်တဲ့ အမွှေးတိုင်ရဲ့ အဓိပ္ပါယ်
မြန်မာပြည်မှာ အမွှေးနံ့သာတိုင် ဘုရားမှာ ကပ်လှူပြီး ကိုယ့်ရဲ့ ဂုဏ်သတင်းတွေ မွှေးပြန့်ပါစေ လို့ ဆုတောင်းကြတယ်။
ဂျပန်မှာတော့ အဲ့ဒီ့ အမွှေးတိုင်က ထွက်လာတဲ့ အခိုးအငွေ့ အနံ့ကို လက်နှင့် ကိုယ့်ဘက် ခပ်ယူပြီး (လေနှင့်အတူ ကိုယ့်ဆီကို လာအောင် လုပ်ယူပြီး ) ကိုယ့်ခန္တာကိုယ်ဆီ ရောက်အောင် လုပ်ယူကြတယ်။
တချို့ အခိုးအငွေ့ကို လက်ခုပ်နဲ့ သယ်ပြီး ကိုယ့်ခေါင်း၊မျက်နှာ၊ရင်ဘတ် စသည်တို့ဆီ ကပ်ယူပြီး။ ဆုတောင်းကြတယ်လေ။ ဆုတောင်းပုံကတော့ အတူတူပါဘဲ။ ကိုယ့်ခန္တာကိုယ်မှာ အမွှေးနံ့သာ ကောင်းသတင်း ခြုံလွှမ်း ပက်ဖြန်းပါစေပေါ့။


ဂျပန်မှာ ဖုန်းပြောခြင်း

ဂျပန်မှာ လက်ကိုင်ဖုန်းကို အသက် ၅၊၁ဝနှစ် ကလေးမှစ ကိုင်ကြပါတယ်။ ဒါပေမဲ့ အားလုံးဟာ စည်းကမ်းရှိကြတယ်။ စည်းကမ်းရှိအောင်လည်း သတ်မှတ်ကြပါတယ်တဲ့။
မိဘဆိုတာ ကိုယ့်ကလေး ဘယ်အရွယ်ရောက်ရောက် စိတ်ပူတတ်လေတော့ အထူးသဖြင့် ကျောင်းအဆင်း အိမ်အပြန်မှာ အိမ်ကို ကောင်းကောင်း ရောက်ရဲ့လား ဆိုပြီး မိဘတွေဟာ အလုပ်တစ်ဖက်နှင့် မအားတဲ့ကြားက ကလေးတွေဆီ ဖုန်းခေါ်ကြတယ်။
ဒါကြောင့် ကျောင်းကို ဖုန်းပါလာတတ်တဲ့ ကလေးတွေဆို ကျောင်းစည်းကမ်းအရ ကျောင်းချိန်တွင်းမှာ ဖုန်းကို ကျောင်းမှာ အပ်ထားရပြီး၊ ကျောင်းဆင်းမှ ကလေးတွေ လက်ထဲ ဖုန်းပြန်ပေးပါတယ်။ ( စာသင်ချိန်သည် ဖုန်း သုံးချိန်မဟုတ် ဟု ကျောင်းစည်းကမ်း ထုတ်လိုက်ခြင်းပါ။)
အလယ်တန်းကျောင်းသားဖြစ်လာရင်တော့ ကျောင်းက ဖုန်းမသိမ်းတော့ ပါဘူး။ ဒါပေမဲ့ စည်းကမ်း တစ်ခုက ကျောင်းဆင်းမှ ဖုန်းသုံးခွင့်ပြုပါတယ်တဲ့။ ပြောစကား နားမထောင်ရင် တော့ အကုန်သိမ်းမယ်ပေါ့။
အထက်တန်းကျောင်းသား ဆိုရင်တော့ ကျောင်းအားချိန် သုံးရင် မပြောတော့ဘဲ စာသင်နေတုန်း သုံးတာမိရင်တော့ ကျောင်းအုပ်ခန်းရောက်ပြီး မင်နီ တားခံရတာပါဘဲ။
ဂျပန်နိုင်ငံဟာ စည်းကမ်းနဲ့ ကြီးတဲ့ နိုင်ငံမို့။ ကျောင်းမှာကတည်းက ဒီလို စည်းကမ်းလေးတွေဟာ မပြောဘဲ သိလာကြတတ်ပါတယ်။
ဒါကြောင့်လည်း အလုပ်ဝင်လုပ်တဲ့အခါမှာလည်း အားလုံးဟာ စည်းကမ်း အပိုင်းလေးတွေကို ကိုယ်စီ ခွဲတတ် လာကြတယ်။ ဥပမာ ရုံးချိန်၊အလုပ်ချိန်ဆိုတာ ကိုယ်ပိုင် အချိန်မဟုတ်ဘဲ အလုပ်က ကိုယ့်ကို ပိုင်ဆိုင်ချိန်မို့ အလုပ်နှင့် ဆိုင်ရာပဲ ပြောကြလေ့ ရှိပါတယ်။
ဒါကြောင့် ကျွန်မတို့လည်း ဂျပန်မှာ အလုပ်ချိန်၊ကိုယ်ပိုင်ချိန်ရယ်လို့ ခွဲခြားနားလည်ရင် ပိုကောင်းပါတယ်။
တချို့က စည်းကမ်းပိုင်းမကြပ်ဘူးလို့ ပြောကြတာလဲ ကြားဘူးပါတယ်။ ရှိတော့ ရှိတယ် ရှားပါတယ်ပေါ့။ ရတယ်ဆိုတိုင်းလဲ လူ့စည်းကမ်း သူ့စည်းကမ်းဆိုတာ ရှိတော့ ပိုကောင်းစေပါတယ်။

နောက် ဖုန်းဂရုစိုက်သုံးတဲ့ နေရာကတော့ ရထားထဲမှာပါ။ ရထားစီးတဲ့အခါ စီးနင်းသူ အမျိုးမျိုးရှိပါတယ်။ကျန်းမာသန်စွမ်းသူအပြင်၊မကျန်းမာသူများလည်း ပေါင်းစုံပေါ့။ရုံးဝန်ထမ်းတွေဆိုရင် အိမ်ပြန်ချိန် ရထားစီးရင်း နားကြ အိပ်ကြ နဲ့ အပန်းဖြေ အချိန်လေးပါ။ ဒီအချိန်ကိုမှ ရထားထဲ ဖုန်းတစ်လုံးနဲ့ လူတယောက် စကားပြောနေရင် ကြားရတဲ့ လူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဖုန်းက လှိုင်းကြောင့် မကျန်းမာသူတွေကိုလည်း အခြေအနေ ပိုဆိုးစေပါတယ်။
ဒါကြောင့် ရထားထဲ ဖုန်းမပြောရလို့လဲ သတ်မှတ်ထားပါတယ်။ စည်းကမ်းမလိုက်နာသူလည်း တစ်ခါတလေ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ ရှားတော့ ရှားတယ်ပေါ့။ အလိုက်မသိတတ်တဲ့ လူထဲ ကိုယ်မပါဖို့ဘဲ အရေးကြီးပါတယ်လေ။ မဟုတ်ဘူးလား။
ဒါပေမယ့်၊ ချွင်းချက်တစ်ခုတော့ ရှိပါတယ်။
မြို့ပါတ်ရထား၊မြို့တွင်း ရထားထဲမှာ ဖုန်းပြောခွင့် မပေးပေမဲ့၊ ခရီးရှည်စီး ရထားထဲမှာတော့ ဖုန်းပြောဖို့ နေရာ သတ်မှတ်ပေးထားပါတယ်။

နောက် တစ်နေရာကတော့ ဆေးရုံပါ။ ဆေးရုံမှာလည်း ဖုန်းပြောဖို့ နေရာသီးသန့် သတ်မှတ် ထားပါတယ်။
ကဲ ဂျပန်လာရင် ဒီလို အကြောင်းလေးတွေသိဖို့ ရေးပေးလိုက်ပါတယ်နော်။ နို့မို့ တခြားလူတွေက မကြိုက်ဘူး နားညီးတယ်လို့ အပြောမခံရအောင်၊အကြည့်မခံရအောင် လို့ ရေးပေးလိုက်ပါတယ်။
နောက်ကြုံရင်လဲ ဂျပန်အကြောင်းလေးတွေ ရေးပြမယ်နော်။ ကောင်းတဲ့ စည်းကမ်းတွေဆို အတုယူသင့်ယူရမှာပေါ့နော်။
MJ

Author Profile

MJ
MJ
မဂၤလာပါ
ဂ်ပန္အေၾကာင္း တင္ဆက္ေပးသြားပါမယ္
ဘာသာျပန္ အလုပ္လည္း လုပ္ေနပါတယ္ရွင္။လိုအပ္တဲ့အခါလည္း အသံျပဳလိုက္ပါေနာ္^^။
ခရီးထြက္ျခင္းနဲ႔ အားကစား ဝါသနာ ပါ ပါတယ္ရွင္။