“Travelling to Hakone by Free Pass Ticket”

Ever Smile^^🍀

【Zawgyi】

ဂ်ပန္နိုင္ငံတြင္ ေနထိုင္ၾကသူမ်ားႏွင့္ အလည္အပတ္လာေရာက္ၾကသူမ်ားအတြက္ ဗဟုသုတ ျဖစ္မယ္ထင္လို႔ တင္ျပပါရေစ။

ဒီတစ္ခါတင္ျပမွာကေတာ့ “Free Pass Ticket” အေၾကာင္းေလးပဲျဖစ္ပါတယ္။

ဂ်ပန္မွာ အမ်ားဆုံးသုံးၾကတဲ့ ပို႔ေဆာင္ဆက္သြယ္ေရ:က ရထားဆိုတာ သိၾကမွာပါေနာ္။ၿမိဳ႕တြင္း၊ၿမိဳ႕ျပင္ ဘယ္ေနရာမဆို ရထားႏွင့္ သြားနိုင္ပါတယ္။

လက္မွတ္ဆိုရင္လည္း ရိုးရိုးလက္မွတ္၊ အႀကိမ္ေရလက္မွတ္၊လေပးလက္မွတ္၊Prepaid IC card စသျဖင့္ အမ်ိဳးမ်ိဳးေပါ့။ လက္မွတ္အမ်ိဳးအစားအလိုက္ ေစ်းသက္သက္သာသာႏွင့္ သြားလာနိုင္တာေပါ့။

🍀 Free Pass Ticket ဆိုတာကလည္း တန္မွတန္ဆိုတဲ့ လက္မွတ္လို႔ ေျပာလို႔ရတာေပါ့။ သတ္မွတ္ဧရိယာအတြင္း အဝစီးေပါ့ေနာ္။ ခရီးသြားတဲ့အခါ တန္တာေပါ့။

ဘူတာ႐ုံေတြႏွင့္ လက္မွတ္အေရာင္းဆိုင္ေတြမွာ ဝယ္နိုင္ပါတယ္ေနာ္။

Free Pass Ticket နဲ႔သြားလို႔ရတဲ့ေနရာေတြ ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။

ဥပမာ-

🔺 ကမကုရ ဘုရားသြားဖူးတဲ့အခါ ⇒  Enoshima-Kamakura (Odakyu Line)

🔺 ေရွးေဟာင္းဂ်ပန္ယဥ္ေက်းမႈေနရာျဖစ္တဲ့ နစ္ကိုးသြားတဲ့အခါ ⇒ Nikko

🔺 နာမည္ႀကီး ေရပူစမ္းၿမိဳ႕ ⇒Hakone

🔺 တစ္ေန႔လုံး တိုက်ိဳအႏွံ့ JR ရထားလိုင္း ပတ္စီးခ်င္တဲ့အခါ ⇒JR 1 Day Free Ticket within Tokyo ေပါ့ေနာ္။

အခု တင္ျပခ်င္ကေတာ့ Hakone ကို Free Pass လက္မွတ္နဲ႔သြားျခင္းျဖစ္ပါတယ္။

လက္မွတ္အေၾကာင္းမေျပာခင္

Hakone ဆိုတာ ဘယ္လိုေနရာလဲ

Hakone ဆိုတာ တိုက်ိဳၿမိဳ႕နဲ႔အလွန္းသိပ္မေဝးလွတဲ့ ေန႔ခ်င္းျပန္ခရီးသြားလို႔ရေသာ သဘာဝေရပူစမ္းနာမည္ႀကီးတဲ့ေနရာတစ္ေနရာျဖစ္ပါတယ္။ ဂ်ပန္နိုင္ငံမွာ ရွိတဲ့ရာသီဥတု (၄)မ်ိဳးအလိုက္ သဘာဝရႈခင္းေတြကခံစားခ်က္ရသမ်ိဳးစုံကို ရရွိေစပါတယ္။ ရာသီအလိုက္ Sakura ၊ Momiji ၊ Ajisai စသည္ပန္းမ်ားႏွင့္ဖူဂ်ီေတာင္၊ Ashioko ေရကန္ရဲ့ သဘာဝအလွတရားေတြကိုလည္း ခံစားလို႔ရပါတယ္။ ေရွးယခင္ကတည္းက ဂ်ပန္လို႔ေျပာရင္ ေရပူစမ္းကလည္ပတ္စရာေနရာအျဖစ္ဦးေဆာင္သတ္မွတ္ခံထားရပါတယ္ေနာ္။ ေရပူစမ္းအမ်ိဳးမ်ိဳးရွိပါတယ္။ သဘာဝေရပူစမ္းထဲမွာကိုက ဒီေနရာက အသားအေရကို ဘာျဖစ္ေစတယ္၊ ဟိုေရပူစမ္းက ဘာကေကာင္းတယ္၊ စသည္ျဖင့္ အမ်ိဳးမ်ိဳး ရွိပါတယ္။လည္စရာလည္း အမ်ိဳးမ်ိဳးပါေနာ္။

နာမည္ႀကီးထဲတစ္ခုဆိုရင္ Hakoneက  ၾကက္ဥမဲေတာင္
ၾကက္ဥအမဲ
ကမၻာေျမႀကီးရဲ့အပူခ်ိန္နဲ႔ မီးေတာင္ကေနထြက္တဲ့ ဂတ္စ္ကို သိပၸံနည္းအရ အသုံးခ်ၿပီးျပဳလုပ္ထားတဲ့ ၾကက္ဥအမဲ က ၾကက္ဥကို ေရပူစမ္းထဲမွာထည့္ျပဳတ္ၿပီး သိပၸံနည္းအရ(ဟိုက္ၿဒိဳဂ်င္ဆာလဖိုက္နဲပ အိုင္းယြန္း ဆာလဖိုက္)ဓါတ္ျပဳၿပီး အနက္ေရာင္ေျပာင္းသြားပါတယ္။ ၾကက္ဥမဲတစ္လုံးစားရင္ အသက္ ၇ႏွစ္ပိုရွည္တယ္လို႔ ေရွးဒ႑ာရီဆိုလည္းရွိပါတယ္တဲ့ေနာ္။

ဘယ္လို စီးၿပီး ဘယ္ေတြသြားမလဲ

Hakone ကို အသြားအျပန္ Odakyu Line ရထား၊Hakone ေတာင္တက္ရထား၊ Rope Way၊ Cable Car ၊ သေဘၤာ ၊ ဘက္စ္ကား အစရွိေသာယာဥ္စီးခမ်ားအားလုံးပါဝင္ၿပီး

🔺 2ညအိပ္ အသြားအျပန္လက္မွတ္ ယမ္း5400 (အခြန္ပါၿပီး) Shinjuku မွ

🔺 ၃ညအိပ္ အသြားအျပန္လက္မွတ္ ယမ္း 5940 (အခြန္ပါၿပီး) Shinjuku မွ

(※၂၀၁၈ခုႏွစ္ ၁လပိုင္း ေစ်းႏႈန္း)

Shinjuku ဘူတာမွ Kodawara ဘူတာအထိစီးၿပီး ထိုဘူတာတြင္ ရထားေျပာင္းစီးရပါတယ္။ Kodawara မွ Hakoneyumoto ဘူတာအထိစီးရပါမယ္။ ထိုေနရာမွ ကိုယ္သြားခ်င္တဲ့ ေနရာအသီးသီးသို႔ ရထားေျပာင္းစီးရပါတယ္ေနာ္။

🍀 သြားနည္း(၁)

Hakoneyomoto ဘူတာမွ (Hakone touzan) ရထားျဖင့္  Gora ဘူတာတြင္ ဆင္းရပါမည္။ Goraဘူတာမွ Cable Car ေျပာင္းစီး၍ Sounzen ဘူတာတြင္ဆင္းရပါမည္။ ထိုမွတဆင့္ Rope Way ေျပာင္းစီးလ်င္ ၾကက္ဥမဲေတာင္သို႔ေရာက္ရွိပါၿပီ။

Gora ဘူတာမွ Hakone Bijutsukan (Hakone အႏုပညာျပတိုက္) သို႔ သြားေရာက္ခ်င္ပါက ၂ဘူတာေျမာက္ Koen-Kami ဘူတာတြင္ဆင္း၍ သြားလို႔ရပါတယ္။ အသြားအျပန္မိမိအဆင္ေျပသလိုဝင္ေရာက္လည္ပတ္နိုင္ပါတယ္။

ၾကက္ဥမဲေတာင္မွ သေဘၤာစီးေသာေနရာသို႔ ရာသီဥတုသာယာလ်င္ Rope Way ျဖင့္လည္းသြားနိုင္ပါသည္။ Rope Way မရွိလ်င္ ဘက္စ္စီး၍ သြားရပါတယ္။ သေဘၤာစီးသြားကာ တဖက္ကမ္းတြင္  ဓါတ္ပုံရိုက္ ဟိုဒီၾကည့္၍ သေဘၤာျပန္စီးရပါမယ္။

သေဘၤာဆင္းပါက ဘက္စ္ကားျဖင့္ Hakoneyumoto ဘူတာသို႔ျပန္၍ ထိုဘူတာတြင္ ေရပူစမ္းရွိပါတယ္။ Hakone ဆိုရင္ ေရပူစမ္းက နာမည္ႀကီးပါတယ္။ ဝင္ျဖစ္ေအာင္ဝင္ဖို႔တိုက္တြန္းပါရေစ။ သဘာဝေရပူစမ္းျဖစ္ေသာေၾကာင့္ ခႏၶာကိုယ္အတြက္အလြန္ေကာင္း ပါတယ္။က်န္းမာတာေပါ့ေနာ္။

🍀 သြားနည္း(၂)

Hakoneyumoto ဘူတာမွ Hakone touzen Bus စီးၿပီး Motohakone မွတ္တိုင္တြင္ဆင္းရပါမည္။ ထိုေနရာသည္ သေဘၤာစီးေသာေနရာျဖစ္ပါတယ္။ သေဘၤာစီးေသာအခါ Togendai ဘူတာ တြင္ဆင္း၍  ထိုဘူတာမွ Rope Way ျဖင္ ့ ၾကက္ဥမဲေတာင္ကို သြားရမွာျဖစ္ပါတယ္။

ၾကက္ဥမဲေတာင္မွ Rope Way ျဖင့္ Sounzen  ဘူတာ သို႔ ျပန္စီးရပါမယ္။ Sounzen ဘူတာမွ Cable Car စီး၍ လမ္းတစ္ဝက္တြင္ Hakone အႏုပညာတိုက္ရွိေသာ Koen-kami ဘူတာတြင္ဆင္းရပါမည္။ ထိုမွတဆင့္ Cable Car ျပန္စီး၍Gora ဘူတာသို႔ ျပန္လည္ေရာက္ရွိပါမည္။

Gora ဘူတာမွ Hakone touzan ရထား Hakone yumoto ဘူတာသို႔ျပန္လည္ေရာက္ရွိပါတယ္။

ထိုဘူတာတြင္ အခ်ိန္ရလ်င္လည္ပတ္ ေရပူစမ္းဝင္၍ Shinjuku သို႔ ျပန္နိဳင္ပါေၾကာင္း လမ္းညႊန္တင္ျပအပ္ပါတယ္။

Ever Smile^^




【Unicode】

“Travelling to Hakone by Free Pass Ticket”

Ever Smile^^🍀

ဂျပန်နိုင်ငံတွင် နေထိုင်ကြသူများနှင့် အလည်အပတ်လာရောက်ကြသူများအတွက် ဗဟုသုတ ဖြစ်မယ်ထင်လို့ တင်ပြပါရစေ။

ဒီတစ်ခါတင်ပြမှာကတော့ “Free Pass Ticket” အကြောင်းလေးပဲဖြစ်ပါတယ်။

ဂျပန်မှာ အများဆုံးသုံးကြတဲ့ ပို့ဆောင်ဆက်သွယ်ရေ:က ရထားဆိုတာ သိကြမှာပါနော်။မြို့တွင်း၊မြို့ပြင် ဘယ်နေရာမဆို ရထားနှင့် သွားနိုင်ပါတယ်။

လက်မှတ်ဆိုရင်လည်း ရိုးရိုးလက်မှတ်၊ အကြိမ်ရေလက်မှတ်၊လပေးလက်မှတ်၊Prepaid IC card စသဖြင့် အမျိုးမျိုးပေါ့။ လက်မှတ်အမျိုးအစားအလိုက် စျေးသက်သက်သာသာနှင့် သွားလာနိုင်တာပေါ့။

🍀Free Pass Ticket ဆိုတာကလည်း တန်မှတန်ဆိုတဲ့ လက်မှတ်လို့ ပြောလို့ရတာပေါ့။ သတ်မှတ်ဧရိယာအတွင်း အဝစီးပေါ့နော်။ ခရီးသွားတဲ့အခါ တန်တာပေါ့။

ဘူတာရုံတွေနှင့် လက်မှတ်အရောင်းဆိုင်တွေမှာ ဝယ်နိုင်ပါတယ်နော်။

Free Pass Ticket နဲ့သွားလို့ရတဲ့နေရာတွေ တော်တော်များများရှိပါတယ်။

ဥပမာ-

🔺 ကမကုရ ဘုရားသွားဖူးတဲ့အခါ ⇒  Enoshima-Kamakura (Odakyu Line)

🔺 ရှေးဟောင်းဂျပန်ယဉ်ကျေးမှုနေရာဖြစ်တဲ့ နစ်ကိုးသွားတဲ့အခါ ⇒ Nikko

🔺 နာမည်ကြီး ရေပူစမ်းမြို့ ⇒Hakone

🔺 တစ်နေ့လုံး တိုကျိုအနှံ့ JR ရထားလိုင်း ပတ်စီးချင်တဲ့အခါ ⇒JR 1 Day Free Ticket within Tokyo ပေါ့နော်။

အခု တင်ပြချင်ကတော့ Hakone ကို Free Pass လက်မှတ်နဲ့သွားခြင်းဖြစ်ပါတယ်။

လက်မှတ်အကြောင်းမပြောခင်

Hakone ဆိုတာ ဘယ်လိုနေရာလဲ

Hakone ဆိုတာ တိုကျိုမြို့နဲ့အလှန်းသိပ်မဝေးလှတဲ့ နေ့ချင်းပြန်ခရီးသွားလို့ရသော သဘာဝရေပူစမ်းနာမည်ကြီးတဲ့နေရာတစ်နေရာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ရှိတဲ့ရာသီဥတု (၄)မျိုးအလိုက် သဘာဝရှုခင်းတွေကခံစားချက်ရသမျိုးစုံကို ရရှိစေပါတယ်။ ရာသီအလိုက် Sakura ၊ Momiji ၊ Ajisai စသည်ပန်းများနှင့်ဖူဂျီတောင်၊ Ashioko ရေကန်ရဲ့ သဘာဝအလှတရားတွေကိုလည်း ခံစားလို့ရပါတယ်။ ရှေးယခင်ကတည်းက ဂျပန်လို့ပြောရင် ရေပူစမ်းကလည်ပတ်စရာနေရာအဖြစ်ဦးဆောင်သတ်မှတ်ခံထားရပါတယ်နော်။ ရေပူစမ်းအမျိုးမျိုးရှိပါတယ်။ သဘာဝရေပူစမ်းထဲမှာကိုက ဒီနေရာက အသားအရေကို ဘာဖြစ်စေတယ်၊ ဟိုရေပူစမ်းက ဘာကကောင်းတယ်၊ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။လည်စရာလည်း အမျိုးမျိုးပါနော်။

နာမည်ကြီးထဲတစ်ခုဆိုရင် Hakoneက  ကြက်ဥမဲတောင်
ကြက်ဥအမဲ
ကမ္ဘာမြေကြီးရဲ့အပူချိန်နဲ့ မီးတောင်ကနေထွက်တဲ့ ဂတ်စ်ကို သိပ္ပံနည်းအရ အသုံးချပြီးပြုလုပ်ထားတဲ့ ကြက်ဥအမဲ က ကြက်ဥကို ရေပူစမ်းထဲမှာထည့်ပြုတ်ပြီး သိပ္ပံနည်းအရ(ဟိုက်ဒြိုဂျင်ဆာလဖိုက်နဲပ အိုင်းယွန်း ဆာလဖိုက်)ဓါတ်ပြုပြီး အနက်ရောင်ပြောင်းသွားပါတယ်။ ကြက်ဥမဲတစ်လုံးစားရင် အသက်ရနှစ်ပိုရှည်တယ်လို့ ရှေးဒဏ္ဍာရီဆိုလည်းရှိပါတယ်တဲ့နော်။

ဘယ်လို စီးပြီး ဘယ်တွေသွားမလဲ 

Hakone ကို အသွားအပြန် Odakyu Line ရထား၊Hakone တောင်တက်ရထား၊ Rope Way၊ Cable Car ၊ သင်္ဘော ၊ ဘက်စ်ကား အစရှိသောယာဉ်စီးခများအားလုံးပါဝင်ပြီး

🔺 2ညအိပ် အသွားအပြန်လက်မှတ် ယမ်း5400 (အခွန်ပါပြီး) Shinjuku မှ

🔺 ၃ညအိပ် အသွားအပြန်လက်မှတ် ယမ်း 5940 (အခွန်ပါပြီး) Shinjuku မှ

(※၂၀၁၈ခုနှစ် ၁လပိုင်း စျေးနှုန်း)

Shinjuku ဘူတာမှ Kodawara ဘူတာအထိစီးပြီး ထိုဘူတာတွင် ရထားပြောင်းစီးရပါတယ်။ Kodawara မှ Hakoneyumoto ဘူတာအထိစီးရပါမယ်။ ထိုနေရာမှ ကိုယ်သွားချင်တဲ့ နေရာအသီးသီးသို့ ရထားပြောင်းစီးရပါတယ်နော်။

🍀 သွားနည်း(၁)

Hakoneyomoto ဘူတာမှ (Hakone touzan) ရထားဖြင့်  Gora ဘူတာတွင် ဆင်းရပါမည်။ Goraဘူတာမှ Cable Car ပြောင်းစီး၍ Sounzen ဘူတာတွင်ဆင်းရပါမည်။ ထိုမှတဆင့် Rope Way ပြောင်းစီးလျင် ကြက်ဥမဲတောင်သို့ရောက်ရှိပါပြီ။

Gora ဘူတာမှ Hakone Bijutsukan (Hakone အနုပညာပြတိုက်) သို့ သွားရောက်ချင်ပါက ၂ဘူတာမြောက် Koen-Kami ဘူတာတွင်ဆင်း၍ သွားလို့ရပါတယ်။ အသွားအပြန်မိမိအဆင်ပြေသလိုဝင်ရောက်လည်ပတ်နိုင်ပါတယ်။

ကြက်ဥမဲတောင်မှ သင်္ဘောစီးသောနေရာသို့ ရာသီဥတုသာယာလျင် Rope Way ဖြင့်လည်းသွားနိုင်ပါသည်။ Rope Way မရှိလျင် ဘက်စ်စီး၍ သွားရပါတယ်။ သင်္ဘောစီးသွားကာ တဖက်ကမ်းတွင်  ဓါတ်ပုံရိုက် ဟိုဒီကြည့်၍ သင်္ဘောပြန်စီးရပါမယ်။

သင်္ဘောဆင်းပါက ဘက်စ်ကားဖြင့် Hakoneyumoto ဘူတာသို့ပြန်၍ ထိုဘူတာတွင် ရေပူစမ်းရှိပါတယ်။ Hakone ဆိုရင် ရေပူစမ်းက နာမည်ကြီးပါတယ်။ ဝင်ဖြစ်အောင်ဝင်ဖို့တိုက်တွန်းပါရစေ။ သဘာဝရေပူစမ်းဖြစ်သောကြောင့် ခန္ဓာကိုယ်အတွက်အလွန်ကောင်း ပါတယ်။ကျန်းမာတာပေါ့နော်။

🍀 သွားနည်း(၂)

Hakoneyumoto ဘူတာမှ Hakone touzen Bus စီးပြီး Motohakone မှတ်တိုင်တွင်ဆင်းရပါမည်။ ထိုနေရာသည် သင်္ဘောစီးသောနေရာဖြစ်ပါတယ်။ သင်္ဘောစီးသောအခါ Togendai ဘူတာ တွင်ဆင်း၍  ထိုဘူတာမှ Rope Way ဖြင့် ကြက်ဥမဲတောင်ကို သွားနိုင်ပါတယ်။

ကြက်ဥမဲတောင်မှ Rope Way ဖြင့် Sounzen  ဘူတာ သို့ ပြန်စီးရပါမယ်။ Sounzen ဘူတာမှ Cable Car စီး၍ လမ်းတစ်ဝက်တွင် Hakone အနုပညာတိုက်ရှိသော Koen-kami ဘူတာတွင်ဆင်းရပါမည်။ ထိုမှတဆင့် Cable Car ပြန်စီး၍Gora ဘူတာသို့ ပြန်လည်ရောက်ရှိပါမည်။

Gora ဘူတာမှ Hakone touzan ရထား Hakone yumoto ဘူတာသို့ပြန်လည်ရောက်ရှိပါတယ်။

ထိုဘူတာတွင် အချိန်ရလျင်လည်ပတ် ရေပူစမ်းဝင်၍ Shinjuku သို့ ပြန်နိုင်ပါကြောင်း လမ်းညွှန်တင်ပြအပ်ပါတယ်။

Ever Smile^^🍀

Author Profile

Ever Smile
Ever Smile
☺️ဂ်ပန္မွာ ေနထိုင္စဥ္မွာ ၾကဳံေတြ႕ရတဲ့ အေတြ႕အၾကဳံ အခက္အခဲမ်ားႏွင့္ သာယာေပ်ာ္ရႊင္စရာမ်ားကို
ဂ်ပန္နဲ႔ပတ္သတ္တဲ့ သူမ်ားအားလုံး သိရွိနားလည္ေစေသာ ေစတနာျဖစ္ သိထားသေလာက္ ဗဟုသုတေလးမ်ားကို ေဝမၽွပါရေစေနာ္။😁
ကိုယ္တတ္စြမ္းသေလာက္ ဂ်ပန္ျမန္မာ ေပါင္းကူးတံတားတစ္စင္းအျဖစ္ တာဝန္ထမ္းေဆာင္ခ်င္ပါတယ္☺️
🍀🍀🍀