စာခ်ဳပ္ပါအေၾကာင္းအရာမ်ား

MJ🚩

【Zawgyi】

ျမန္မာမွ ဂ်ပန္သို႔ ထရိန္နင္ အလုပ္ နဲ႔ လာလုပ္လိုသူမ်ား အတြက္ အေတြ႕အၾကဳံ တခ်ိဳ႕ ေရးေပးေနေသာ MJ ပါရွင္။
ထရိန္နင္အလုပ္သင္ ဗီဇာနဲ႔ ဂ်ပန္သို႔လာရင္ ဘယ္လို လုပ္ရမလဲ။ ဘယ္လို ျပင္ဆင္ခဲ့ရ မလဲလို႔ သိလိုသူမ်ား အတြက္ အဆင့္ဆင့္ ေရးေပးလာခဲ့တာ မၾကာခင္ ၿပီးပါေတာ့မယ္ေနာ္။
ဒီတစ္ပါတ္ ဆက္ေရး မွာကေတာ့ ၿပီးခဲ့တဲ့ အႀကိမ္က စာခ်ဳပ္ခ်ဳပ္တဲ့ အခါ ၊ စာခ်ဳပ္ပါ အခ်က္ေတြကို ကာယကံရွင္ဘက္ကလဲ သိေစခ်င္လို႔ပါ။
ဂ်ပန္လာရ ၿပီးေရာ ဆိုၿပီး စာခ်ဳပ္ကို လက္မွတ္ထိုးရင္ ေနာက္မွ ျပင္မရတာမ်ိဳး ၾကဳံမွာစိုးလို႔ပါ။ ဂဃနဏ ႀကိဳတင္ သိထားေတာ့ ပိုေကာင္းတာေပါ့ေနာ္။

ၿပီးခဲ့တဲ့ အပိုင္းမွာက
၁။ ကုမၸဏီအမည္

၂။ ကုမၸဏီ လိပ္စာ

၃။ လုပ္ရမည့္ အလုပ္အမ်ိဳးအစား

၄။ အလုပ္မွ တစ္နာရီ ေပးေငြ (သတ္မွတ္ အနိမ့္ဆုံးလုပ္ခလစာ)အထိ ေရးသားတင္ဆက္ထားပါတယ္။

အခု ေနာက္အဆက္ (၅)မွ စေရး ပါမယ္ေနာ္။

၅။ အလုပ္ခ်ိန္ (စခ်ိန္၊ဆင္းခ်ိန္)

၆။ အလုပ္နားခ်ိန္၊အလုပ္ပိတ္ရက္

၇။ အလုပ္ဝင္ေငြ

၈။ အလုပ္လုပ္ရမယ့္ ကာလ (သတ္မွတ္ႏွစ္ အေရအတြက္)  

■ အလုပ္ခ်ိန္ (စခ်ိန္၊ဆင္းခ်ိန္)

ဂ်ပန္နိုင္ငံမွာ လူတစ္ေယာက္ရဲ့ အလုပ္ လုပ္ ခ်ိန္ကို တစ္ေန႔ ၈ နာရီ သတ္မွတ္ထားပါတယ္။ အလုပ္စခ်ိန္က အလုပ္ဌာနအလိုက္ အခ်ိန္အမ်ိဳးမ်ိဳး ရွိေပမဲ့ မ်ားေသာအားျဖင့္ ပုံမွန္ အလုပ္ခ်ိန္ကေတာ့ ၈ နာရီၾကာ ပါပဲရွင့္။ အလုပ္ခ်ိန္ခ်ည္းပဲ ၈နာရီပါ။ နားခ်ိန္ထည့္တြက္ရင္ ၈နာရီေက်ာ္၊၉နာရီေလာက္ေပါ့။
( ၈နာရီထက္ ပိုလုပ္ ရရင္ေတာ့ အိုဗာတိုင္/ အခ်ိန္ပို ဆင္းတယ္ ေခၚပါတယ္။အခ်ိန္ပိုက တစ္နာရီ ရေငြကလည္း မူလပုံမွန္အလုပ္ခ်ိန္တစ္နာရီခထက္ ၂၅% တိုးရ ရပါမယ္ )။
တစ္ခါတခါ ညသန္းေခါင္ ( 深夜しんや )အလုပ္ဆင္းေပးရတဲ့ အခ်ိန္မ်ိဳးဆိုရင္ ပုံမွန္တစ္နာရီ ရေငြထက္ ၃၅% ပိုရရပါဦးမယ္။ ရပိုင္ခြင့္ အမ်ိဳးမ်ိဳး ရွိတာေၾကာင့္ ကိုယ့္ရပိုင္ခြင့္ ကိုယ္ ေသခ်ာသိဖို႔ လိုအပ္ပါတယ္ ေနာ္။

■ အလုပ္နားခ်ိန္

အလုပ္နားခ်ိန္ကေတာ့ တေန႔ ၈ နာရီ အလုပ္ လုပ္တဲ့ အခါ နားခ်ိန္က ၁ နာရီေပါ့။ ဒီေတာ့ အလုပ္ထဲ ၉ နာရီ ရွိရမယ္လို႔ ဆိုလိုခ်င္တာပါရွင့္။
တခ်ိဳ႕ေတြက ၂၄ နာရီ စက္႐ုံ အလုပ္ေတြမို႔ စက္က မနားဘဲ လူပဲ တေန႔ ၈ နာရီၾကာႏႈန္း နဲ႔ ခြဲလုပ္ၾကရပါတယ္။ ဒီလို ၾကဳံလာရင္ သူငယ္ခ်င္း ၃ ေယာက္ စက္႐ုံသို႔ အတူေရာက္ အလုပ္လုပ္ေပမဲ့ ေန႔ဆိုင္း ညဆိုင္း ဆိုတဲ့ အခ်ိန္ခြဲျခားခံထားရတဲ့ အခါ တေယာက္နဲ႔ တေယာက္ေတာင္ ေသခ်ာမေတြ႕ရတာေတြရွိပါတယ္။ ဂ်ပန္ရဲ့ ထူးျခားမႈ တစ္ခုလို႔ ေျပာရမလား။ခံစားၾကည့္ေပါ့ေနာ္။
တစ္ခ်ိဳ႕ အလုပ္နားခ်ိန္ တစ္နာရီကို သတ္မွတ္ခ်ိန္ တစ္နာရီလုံး ရတဲ့ ကုမၸဏီ/ဌာနေတြ ရွိသလို။ တခ်ိဳ႕ ကုမၸဏီ/ဌာနေတြကေတာ့ ၃၀မိနစ္ + ၁၅မိနစ္ + ၁၅ မိနစ္), ( ၃၀မိနစ္ +၁၀မိနစ္ +၁၀မိနစ္ +၁၀မိနစ္ ) ဆိုၿပီး အမ်ိဳးမ်ိဳး ခြဲ နားေပးတာလည္း ရွိပါတယ္။ တစ္ျခားပုံစံႏွင့္ အနားေပးတာလည္း ရွိပါတယ္ေနာ္။

■ အလုပ္ ပိတ္ရက္

အလုပ္ပိတ္ရက္ ဆိုတာ ကေတာ့ မ်ားေသာအားျဖင့္ တစ္ပါတ္ ၂ ရက္ ပိတ္ၾကပါတယ္။ စေန တနဂၤေႏြ ေတြ အပိတ္မ်ားသလို။ စေန တနဂၤေႏြ ပိတ္မရတဲ့ အလုပ္ေတြလည္း ရွိပါတယ္။ ဥပမာ ေဆး႐ုံ ဟိုတယ္ စူပါမားကတ္ စတာေတြေပါ့။ ဒါေၾကာင့္ ကိုယ္ဝင္တဲ့ အလုပ္ရဲ့ စာခ်ဳပ္ပါအတိုင္းပဲ ပိတ္ရက္ သတ္မွတ္ေပးပါတယ္။မရခဲ့ရင္. စာခ်ဳပ္ေလး သက္ေသျပလို႔ ရတာေပါ့ေနာ္။
တကယ္လို႔ ..သတ္မွတ္ပိတ္ရက္မွာ ဆင္းေပးရတဲ့အခါ ပိတ္ရက္ျဖစ္တဲ့အတြက္ ရိုးရိုးအလုပ္ရက္ထက္ ေငြပိုရရမွာပါ။
ဂ်ပန္ေတြလည္း တိက် ၾကပါတယ္ေလ။ ကိုယ္လည္း တိက်ေပးလိုက္ေပါ့။

■ အလုပ္မွ သတ္မွတ္ လစာ

ဆိုလိုခ်င္တာက စာခ်ဳပ္ထဲကလို လစာ လို႔ ေျပာၿပီး။ ဂ်ပန္ေရာက္တဲ့ အခါ ထင္သလို ေငြ မရ ခဲ့ရင္ စာခ်ဳပ္ျပၿပီး အလုပ္အခ်ိန္ေပးဖို႔ ေငြေပးဖို႔ ေတာင္းဆိုလို႔ ရပါတယ္။
( တစ္ခ်ိဳ႕ အလုပ္ပါးလို႔ ဆိုၿပီး အလုပ္ခ်ိန္ေလၽွာ့ ရေငြေလ်ာ့ တာေတြ ျဖစ္တတ္လို႔ပါေနာ္)

■  အလုပ္လုပ္ရမယ့္ ကာလ (သတ္မွတ္ႏွစ္ အေရအတြက္)

ျမန္မာျပည္ကေန စာခ်ဳပ္ခ်ဳပ္စဥ္မွာ ကာလက ၃ႏွစ္မွ ၅ ႏွစ္ စာခ်ဳပ္ေပါ့ေနာ္။ ပုံမွန္ကေတာ့ ၃ႏွစ္မ်ားပါတယ္ေနာ္။
ခုေနာက္ပိုင္း ၃ ႏွစ္ စာခ်ဳပ္တင္မက ၅ ႏွစ္ စာခ်ဳပ္ထိ လုပ္ခြင့္ရတဲ့ စာခ်ဳပ္မ်ားပါ ရွိလာပါၿပီမို႔ ကံေကာင္းသူေတြလည္း တိုးလာၾကပါၿပီ။ရွားေတာ့ ရွားပါေသးတယ္ေလ။
ဂ်ပန္ေရာက္လာရင္ စာခ်ဳပ္သက္တမ္းအျပင္ ႏွစ္စဥ္ အလုပ္သင္စြမ္းရည္စာေမးပြဲေျဖဆိုၿပီး သက္တမ္းတိုးမတိုး ကြာျခားသြားတာလည္း မေမ့ပါနဲ႔ေနာ္။ စာေမးပြဲေအာင္မွ သက္တမ္းတိုးတာပါေနာ္။
စာခ်ဳပ္အေၾကာင္း တိုတိုေလးေရးရင္ ဒီေလာက္ပါပဲ။

MJ ရဲ့ ဒီတစ္ပါတ္ စာကို ဒီေလာက္နဲ႔ပဲ ရပ္ခြင့္ ျပဳပါေနာ္။ ေရွ႕တစ္ပါတ္မွာေတာ့ စာဖတ္သူငယ္ခ်င္းအားလုံး အတြက္ ဂ်ပန္နိုင္ငံေရာက္ၿပီးေနာက္ အလုပ္သင္ကာလ ၃ ႏွစ္တာ အတြက္ ျပင္ဆင္ျခင္း ႏွင့္ ၅ ႏွစ္တာအထိ ေနထိုင္ခြင့္ ရမယ့္အေၾကာင္းေလးေတြကို ေရးေပးပါ့မယ္ေနာ္။

ဒီေတာ့ လာမဲ့ အႀကိမ္မွာ အလုပ္သင္ ရဲ့ ၃ ႏွစ္တာ ကာလအျပည့္ ဂ်ပန္မွာ ေအာင္ျမင္စြာ ေနထိုင္ေက်ာ္ျဖတ္နိုင္ေရးကို ရည္ရြယ္ေရးပါမယ္။
ေမးခ်င္တာ ရွိရင္လည္း ေမးထားနိုင္ပါတယ္လို႔။

MJ🚩




【Unicode】

စာချုပ်ပါအကြောင်းအရာများ

MJ🚩

မြန်မာမှ ဂျပန်သို့ တရိန်နင် အလုပ် နဲ့ လာလုပ်လိုသူများ အတွက် အတွေ့အကြုံ တချို့ ရေးပေးနေသော MJ ပါရှင်။
ထရိန်နင်အလုပ်သင် ဗီဇာနဲ့ ဂျပန်သို့လာရင် ဘယ်လို လုပ်ရမလဲ။ ဘယ်လို ပြင်ဆင်ခဲ့ရ မလဲလို့ သိလိုသူများ အတွက် အဆင့်ဆင့် ရေးပေးလာခဲ့တာ မကြာခင် ပြီးပါတော့မယ်နော်။
ဒီတစ်ပါတ် ဆက်ရေး မှာကတော့ ပြီးခဲ့တဲ့ အကြိမ်က စာချုပ်ချုပ်တဲ့ အခါ ၊ စာချုပ်ပါ အချက်တွေကို ကာယကံရှင်ဘက်ကလဲ သိစေချင်လို့ပါ။
ဂျပန်လာရ ပြီးရော ဆိုပြီး စာချုပ်ကို လက်မှတ်ထိုးရင် နောက်မှ ပြင်မရတာမျိုး ကြုံမှာစိုးလို့ပါ။ ဂဃနဏ ကြိုတင် သိထားတော့ ပိုကောင်းတာပေါ့နော်။

ပြီးခဲ့တဲ့ အပိုင်းမှာက
၁။ ကုမ္ပဏီအမည်

၂။ ကုမ္ပဏီ လိပ်စာ

၃။ လုပ်ရမည့် အလုပ်အမျိုးအစား

၄။ အလုပ်မှ တစ်နာရီ ပေးငွေ (သတ်မှတ် အနိမ့်ဆုံးလုပ်ခလစာ) အထိ ရေးသားတင်ဆက်ထားပါတယ်။

အခု နောက်အဆက် (၅)မှ စရေး ပါမယ်နော်။

၅။ အလုပ်ချိန် (စချိန်၊ဆင်းချိန်)

၆။ အလုပ်နားချိန်၊အလုပ်ပိတ်ရက်

၇။ အလုပ်ဝင်ငွေ

၈။ အလုပ်လုပ်ရမယ့် ကာလ (သတ်မှတ်နှစ် အရေအတွက်)

■ အလုပ်ချိန် (စချိန်၊ဆင်းချိန်)

ဂျပန်နိုင်ငံမှာ လူတစ်ယောက်ရဲ့ အလုပ် လုပ် ချိန်ကို တစ်နေ့ ၈ နာရီ သတ်မှတ်ထားပါတယ်။ အလုပ်စချိန်က အလုပ်ဌာနအလိုက် အချိန်အမျိုးမျိုး ရှိပေမဲ့ များသောအားဖြင့် ပုံမှန် အလုပ်ချိန်ကတော့ ၈ နာရီကြာ ပါပဲရှင့်။ အလုပ်ချိန်ချည်းပဲ ၈နာရီပါ။ နားချိန်ထည့်တွက်ရင် ၈နာရီကျော်၊၉နာရီလောက်ပေါ့။
( ၈နာရီထက် ပိုလုပ် ရရင်တော့ အိုဗာတိုင်/ အချိန်ပို ဆင်းတယ် ခေါ်ပါတယ်။အချိန်ပိုက တစ်နာရီ ရငွေကလည်း မူလပုံမှန်အလုပ်ချိန်တစ်နာရီခထက် ၂၅% တိုးရ ရပါမယ် )။
တစ်ခါတခါ ညသန်းခေါင်  深夜(しんや )အလုပ်ဆင်းပေးရတဲ့ အချိန်မျိုးဆိုရင် ပုံမှန်တစ်နာရီ ရငွေထက် ၃၅% ပိုရရပါဦးမယ်။ ရပိုင်ခွင့် အမျိုးမျိုး ရှိတာကြောင့် ကိုယ့်ရပိုင်ခွင့် ကိုယ် သေချာသိဖို့ လိုအပ်ပါတယ် နော်။

■ အလုပ်နားချိန်

အလုပ်နားချိန်ကတော့ တနေ့ ၈ နာရီ အလုပ် လုပ်တဲ့ အခါ နားချိန်က ၁ နာရီပေါ့။ ဒီတော့ အလုပ်ထဲ ၉ နာရီ ရှိရမယ်လို့ ဆိုလိုချင်တာပါရှင့်။
တချို့တွေက ၂၄ နာရီ စက်ရုံ အလုပ်တွေမို့ စက်က မနားဘဲ လူပဲ တနေ့ ၈ နာရီကြာနှုန်း နဲ့ ခွဲလုပ်ကြရပါတယ်။ ဒီလို ကြုံလာရင် သူငယ်ချင်း ၃ ယောက် စက်ရုံသို့ အတူရောက် အလုပ်လုပ်ပေမဲ့ နေ့ဆိုင်း ညဆိုင်း ဆိုတဲ့ အချိန်ခွဲခြားခံထားရတဲ့ အခါ တယောက်နဲ့ တယောက်တောင် သေချာမတွေ့ရတာတွေရှိပါတယ်။ ဂျပန်ရဲ့ ထူးခြားမှု တစ်ခုလို့ ပြောရမလား။ခံစားကြည့်ပေါ့နော်။
တစ်ချို့ အလုပ်နားချိန် တစ်နာရီကို သတ်မှတ်ချိန် တစ်နာရီလုံး ရတဲ့ ကုမ္ပဏီ/ဌာနတွေ ရှိသလို။ တချို့ ကုမ္ပဏီ/ဌာနတွေကတော့ ၃၀မိနစ် + ၁၅မိနစ် + ၁၅ မိနစ်), ( ၃၀မိနစ် +၁၀မိနစ် +၁၀မိနစ် +၁၀မိနစ် ) ဆိုပြီး အမျိုးမျိုး ခွဲ နားပေးတာလည်း ရှိပါတယ်။ တစ်ခြားပုံစံနှင့် အနားပေးတာလည်း ရှိပါတယ်နော်။

■ အလုပ် ပိတ်ရက်

အလုပ်ပိတ်ရက် ဆိုတာ ကတော့ များသောအားဖြင့် တစ်ပါတ် ၂ ရက် ပိတ်ကြပါတယ်။ စနေ တနင်္ဂနွေ တွေ အပိတ်များသလို။ စနေ တနင်္ဂနွေ ပိတ်မရတဲ့ အလုပ်တွေလည်း ရှိပါတယ်။ ဥပမာ ဆေးရုံ ဟိုတယ် စူပါမားကတ် စတာတွေပေါ့။ ဒါကြောင့် ကိုယ်ဝင်တဲ့ အလုပ်ရဲ့ စာချုပ်ပါအတိုင်းပဲ ပိတ်ရက် သတ်မှတ်ပေးပါတယ်။မရခဲ့ရင်. စာချုပ်လေး သက်သေပြလို့ ရတာပေါ့နော်။
တကယ်လို့ ..သတ်မှတ်ပိတ်ရက်မှာ ဆင်းပေးရတဲ့အခါ ပိတ်ရက်ဖြစ်တဲ့အတွက် ရိုးရိုးအလုပ်ရက်ထက် ငွေပိုရရမှာပါ။
ဂျပန်တွေလည်း တိကျ ကြပါတယ်လေ။ ကိုယ်လည်း တိကျပေးလိုက်ပေါ့။

■ အလုပ်မှ သတ်မှတ် လစာ

ဆိုလိုချင်တာက စာချုပ်ထဲကလို လစာ လို့ ပြောပြီး။ ဂျပန်ရောက်တဲ့ အခါ ထင်သလို ငွေ မရ ခဲ့ရင် စာချုပ်ပြပြီး အလုပ်အချိန်ပေးဖို့ ငွေပေးဖို့ တောင်းဆိုလို့ ရပါတယ်။
( တစ်ချို့ အလုပ်ပါးလို့ ဆိုပြီး အလုပ်ချိန်လျှော့ ရငွေလျော့ တာတွေ ဖြစ်တတ်လို့ပါနော်)

■ အလုပ်လုပ်ရမယ့် ကာလ (သတ်မှတ်နှစ် အရေအတွက်)

မြန်မာပြည်ကနေ စာချုပ်ချုပ်စဉ်မှာ ကာလက ၃နှစ်မှ ၅ နှစ် စာချုပ်ပေါ့နော်။ ပုံမှန်ကတော့ ၃နှစ်များပါတယ်နော်။
ခုနောက်ပိုင်း ၃ နှစ် စာချုပ်တင်မက ၅ နှစ် စာချုပ်ထိ လုပ်ခွင့်ရတဲ့ စာချုပ်များပါ ရှိလာပါပြီမို့ ကံကောင်းသူတွေလည်း တိုးလာကြပါပြီ။ရှားတော့ ရှားပါသေးတယ်လေ။
ဂျပန်ရောက်လာရင် စာချုပ်သက်တမ်းအပြင် နှစ်စဉ် အလုပ်သင်စွမ်းရည်စာမေးပွဲဖြေဆိုပြီး သက်တမ်းတိုးမတိုး ကွာခြားသွားတာလည်း မမေ့ပါနဲ့နော်။ စာမေးပွဲအောင်မှ သက်တမ်းတိုးတာပါနော်။
စာချုပ်အကြောင်း တိုတိုလေးရေးရင် ဒီလောက်ပါပဲ။

MJ ရဲ့ ဒီတစ်ပါတ် စာကို ဒီလောက်နဲ့ပဲ ရပ်ခွင့် ပြုပါနော်။ ရှေ့တစ်ပါတ်မှာတော့ စာဖတ်သူငယ်ချင်းအားလုံး အတွက် ဂျပန်နိုင်ငံရောက်ပြီးနောက် အလုပ်သင်ကာလ ၃ နှစ်တာ အတွက် ပြင်ဆင်ခြင်း နှင့် ၅ နှစ်တာအထိ နေထိုင်ခွင့် ရမယ့်အကြောင်းလေးတွေကို ရေးပေးပါ့မယ်နော်။

ဒီတော့ လာမဲ့ အကြိမ်မှာ အလုပ်သင် ရဲ့ ၃ နှစ်တာ ကာလအပြည့် ဂျပန်မှာ အောင်မြင်စွာ နေထိုင်ကျော်ဖြတ်နိုင်ရေးကို ရည်ရွယ်ရေးပါမယ်။
မေးချင်တာ ရှိရင်လည်း မေးထားနိုင်ပါတယ်လို့။

MJ🚩

Author Profile

MJ
MJ
မဂၤလာပါ
ဂ်ပန္အေၾကာင္း တင္ဆက္ေပးသြားပါမယ္
ဘာသာျပန္ အလုပ္လည္း လုပ္ေနပါတယ္ရွင္။လိုအပ္တဲ့အခါလည္း အသံျပဳလိုက္ပါေနာ္^^။
ခရီးထြက္ျခင္းနဲ႔ အားကစား ဝါသနာ ပါ ပါတယ္ရွင္။