ဂျပန်မှာ ကျောင်းသားဗီဇာကနေ အလုပ်ဗီဇာပြောင်းတဲ့အခါ

Ever Smile^^🍀

【Unicode】

အလုပ်ဗီဇာထဲမှာမှ အလုပ်အမျိုးအစားအလိုက် စည်းမျဉ်းကန့်သတ်ချက်တွေ၊နေထိုင်ခွင့်တွေ မတူညီပါဘူး။ ရာထူးအမျိုးအစားအလိုက်၊ ကုမ္ပဏီအလိုက်၊မိမိရဲ့ တက္ကသိုလ်ကျောင်းမေဂျာအလိုက် ဗီဇာလည်း ကွာခြားသွားပါမယ်။

ဂျပန်မှာ တက္ကသိုလ်(သို့) ဆန်းမွန်း ဘွဲ့ရပညာသင် နိုင်ငံခြားသားကျောင်းသားများပြောင်းလဲနိုင်တဲ့ အလုပ်ဗီဇာနေထိုင်ခွင့်在留資格(ざいりゅうしかく)တစ်မျိုးကတော့

Engineer/Specialist in Humanities/ International Services

留学生の在留資格 「技術(技術)、人文知識(じんぶんちしき)・国際業務(こくさいぎょうむ)」

ကျောင်းတက်နေသူမှမဟုတ်ပါဘူး။ မြန်မာကနေ တိုက်ရိုက် အလုပ်ဗီဇာလျှောက်ထားရာတွင်လည်း ဒီနေထိုင်ခွင့်ဖြင့် ဗီဇာ ရရှိတာ များပါတယ်။

ဒီအလုပ်ဗီဇာအမျိုးအစားက ဘာလဲ ကြည့်ကြည့်ရအောင်။

နယ်ပယ်အမျိုးအစားပညာရပ်ဥပမာ အလုပ်အမျိုးအစား
技術(ぎじゅつ) နည်းပညာ理系(りけい)နည်းပညာအတတ်ကိုလေ့လာထားသူသိပ္ပံနည်းပညာဆိုင်ရာ
System Engineer
Programmer
Designပိုင်း တီထွင်ရေးသားထုတ်လုပ်ခြင်း
အဆောက်အဦးပုံစံဒီဇိုင်းဆွဲ၊တီထွင်ထုတ်လုပ်ခြင်း
စသည်
人文知識(အသိပညာ) B.A ဝိဇ္ဇာဘွဲ့ပိုင်းဆိုင်ရာ အသိပညာရပ်လေ့လာထားသူစီးပွားရေး၊စီမံခန့်ခွဲရေး၊စာရင်းအင်း၊အထွေထွေရုံးလုပ်ငန်း၊မန်နေဂျာ
ဘဏ်လုပ်ငန်း၊အကြံပေး စသည်
国際業務(နိုင်ငံတကာစီးပွားရေးလုပ်ငန်း) ဝိဇ္ဇာဘွဲ့ပိုင်းဆိုင်ရာ အသိပညာရပ်လေ့လာထားသူTranslator & Interpreter
Language Teacher
ကြော်ငြာလုပ်ငန်း
ကုန်သွယ်ရေးလုပ်ငန်း
ဒီဇိုင်းပိုင်း
ကုန်ပစ္စည်းထုတ်လုပ်မှု တိုးတက်ရေး စသည်

အရင်ဆုံး ဂျပန်မှာ တက္ကသိုလ်(သို့) ဆန်းမွန်း ဘွဲ့ရပညာသင်ကျောင်းသားများ အလုပ်ဗီဇာ「技術、人文知識・国際業務」ကိုပြောင်းတဲ့အခါ လိုအပ်တဲ့အချက်အလက်တွေက

1. မိမိအလုပ်လျှောက်သောအလုပ်က ဝန်ထမ်းအင်အားသင့်တင့်တဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်းကြီးဖြစ်ရပါမည်။

တစ်ဦးတစ်ယောက်ပိုင် လုပ်ငန်းတွင် အလုပ်ရသဖြင့် ဗီဇာလျှောက်ထားလျှင် မရနိုင်ပါ။ ကုမ္ပဏီဝန်ထမ်းအင်အား ၂ယောက်၃ယောက်ပဲရှိတဲ့ ကုမ္ပဏီဆိုရင် မရပါဘူး။

2. အလွန်လွယ်ကူသောအလုပ် (ဥပမာ-အချိန်ပိုင်းအလုပ်သမားများလုပ်သော အလုပ် ကွန်ဗီနီစတိုးဆိုင်မှာ အရောင်းစာရေးမအလုပ်တစ်မျိုးတည်း)နဲ့ဗီဇာလျှောက်လျှင် မရနိုင်ပါ။ အရောင်းတင်မက ကွန်ဗီနီမှာ လုပ်ရမယ့်ပစ္စည်းမှာခြင်း၊ Management လုပ်ခြင်းများ ကို ပါ လုပ်ဆောင်ရမည့် စီမံရေး၊ကြီးကြပ်ရေးပိုင်းလို ဝန်ထမ်းအနေဖြင့် အလုပ်လျှောက်မှသာ ဗီဇာရနိုင်ပါမည်။

3. အလုပ်ချိန်က သတ်မှတ်နှုန်းထားကို ပြည့်မီရပါမယ်။

မိမိသည် စကားပြန်ရာထူးဖြင့် အလုပ်လျှောက်ခဲ့သည်ရှိသော် ထိုကုမ္ပဏီတွင် စကားပြန်အလုပ်မှာ တစ်ပတ်တစ်ခါ လောက်သာရှိပါက သာမန်ဝန်ထမ်းအလုပ်လုပ်ချိန်တစ်ပတ်နာရီ၄ဝစာ အလုပ်မရှိ၍ ဗီဇာမကျနိုင်ပါ။ (အလုပ်ချိန်တစ်ရက် ၈နာရီဆိုရင် တစ်ပတ်ကို နာရီ ၄၀ကျော်က ပုံမှန်အလုပ်ချိန်ဖြစ်ပါတယ်)

4. မိမိသင်ယူထားသော ပညာရပ်နှင့် မိမိလုပ်ကိုင်မည့်အလုပ် ကိုက်ညီမှုမရှိပါက လည်းဗီဇာမရနိုင်ပါ။

ဥပမာ- IT နဲ့ကျောင်းပြီးထားသော သူသည် Sale&Marketing ရာထူးဖြင့်ဗီဇာလျှောက်ထားပါက မရရှိနိုင်ပါ။ သို့သော် ဂျပန်နိုင်ငံ တက္ကသိုလ်ဘွဲ့ရ နှင့် မိမိနိုင်ငံတွင် ၄နှစ်တက္ကသိုလ်ဘွဲ့ရ ဖြစ်ပါက

မိမိနိုင်ငံမှ Business ဘွဲ့ရထားတယ်ဆိုရင် နောက်ဆုံးဂျပန်တွင် ရထားသော ဘွဲ့ (သို့ ) မိမိနိုင်ငံမှယူလာသော ဘွဲ့ နှစ်မျိုးလုံးဖြင့် လျှော့ပေါ့စဉ်းစားပေးပါသည်။

ဥပမာ- အိုင်တီနည်းပညာနဲ့ဘွဲ့ရထားသောကျောင်းသားသည် ကွန်ပျူတာကုမ္ပဏီ တွင် အရောင်းအဝယ်ဌာန(အရောင်းဝန်ထမ်း) တွင်အလုပ်ရရှိ၍ ဗီဇာလျှောက်ထားပါက မရနိုင်ပါ။ ကွန်ပျူတာ ဆားဗစ်ဌာနအနေဖြင့်အလုပ်လျှောက်ထားပါက ရရှိနိုင်ပါတယ်။ ထို့အတူ စီးပွားရေးကျောင်းဆင်းက ကားပြင် အလုပ်ဖြင့် ဗီဇာလျှောက်ထားပါက မရနိုင်ပါ။ Management & Accounting , Marketing ဖြင့် ဗီဇာလျှောက်ထားပါက ရရှိနိုင်ပါတယ်။

ဗီဇာပြောင်းလျှောက်ထားရာတွင် သတိထားရမည့် အချက်များ

🍀 မိမိလျှောက်ထားသော ကုမ္ပဏီတွင် မိမိအတွက် အလုပ်လုံလောက်သော ပမာဏရှိရပါမည်။

🍀 ဂျပန်လူမျိုး ကိုယ်နှင့် ပညာအရည်အချင်းတူသောသူများနှင့် လစာတူရပါမည်။ အကယ်၍ မိမိက လစာနည်းနေပါက ဗီဇာမကျနိုင်ပါ။

🍀 မိမိရရှိထားသောဘွဲ့နှင့်အလုပ်တစ်ထပ်တည်းကျရပါမယ်။

🍀 လုံလောက်သောဝန်ထမ်းဦးရေရှိသော ကုမ္ပဏီ ဖြစ်ရပါမယ်။ ဝန်ထမ်းဦးရေများသော ကုမ္ပဏီ ကြီးဖြစ်ပါက ဗီဇာရရန်ပိုသေချာပါတယ်။

🍀 မိမိနောက်ဆုံးတက်ခဲ့သော ကျောင်း၏ စာမေးပွဲရလဒ်သည်လည်း ဗီဇာလျှောက်ထားရာတွင် အရေးပါပါတယ်။ နောက်တစ်ခုကတော့ ကျောင်းခေါ်ချိန်ပါ။ (ဗီဇာလျှောက်ထားတဲ့အခါ ကျောင်းအောင်လက်မှတ်၊အမှတ်စာရင်းတွေနှင့်တကွ တင်လျှောက်ရတာပါ)

🍀 နောက်ဆုံးတစ်ခု အရေးကြီးတာက လက်ရှိ ဂျပန်တွင်နေထိုင်စဉ်တစ်လျှောက်လုံး ကျန်းမာရေးခွန်၊ ဝင်ငွေခွန် အစရှိသည်တို့ကိုလည်း ပုံမှန်ဆောင်ထားသော ရိုးသားကြိုးစားသူများ ဖြစ်ပါက စိတ်အေးချမ်းသာစွာဖြင့် ဗီဇာ လျှောက်ထားနိုင်ပါတယ်။

ဂျပန်မှာ သက်မွေးဝမ်းကျောင်းတတ်ပြီး အလုပ်ဝင်ဖို့ စိတ်ကူးထားရင် ဒါလေးတွေ ဂရုစိုက်ကြဖို့ မမေ့ပါနဲ့နော်။

သူငယ်ချင်းတို့ အဆင်ပြေပါစေ။

Ever Smile^^🍀




ဂ်ပန္မွာ ေက်ာင္းသားဗီဇာကေန အလုပ္ဗီဇာေျပာင္းတဲ့အခါ

Ever Smile^^🍀

【Zawgyi】

အလုပ္ဗီဇာထဲမွာမွ အလုပ္အမ်ိဳးအစားအလိုက္ စည္းမ်ဥ္းကန႔္သတ္ခ်က္ေတြ၊ေနထိုင္ခြင့္ေတြ မတူညီပါဘူး။ ရာထူးအမ်ိဳးအစားအလိုက္၊ ကုမၸဏီအလိုက္၊မိမိရဲ့ တကၠသိုလ္ေက်ာင္းေမဂ်ာအလိုက္ ဗီဇာလည္း ကြာျခားသြားပါမယ္။

ဂ်ပန္မွာ တကၠသိုလ္(သို႔) ဆန္းမြန္း ဘြဲ႕ရပညာသင္ နိုင္ငံျခားသားေက်ာင္းသားမ်ားေျပာင္းလဲနိုင္တဲ့ အလုပ္ဗီဇာေနထိုင္ခြင့္在留資格(ざいりゅうしかく)တစ္မ်ိဳးကေတာ့

Engineer/Specialist in Humanities/ International Services

留学生の在留資格 「技術(技術)、人文知識(じんぶんちしき)・国際業務(こくさいぎょうむ)」

ေက်ာင္းတက္ေနသူမွမဟုတ္ပါဘူး။ ျမန္မာကေန တိုက္ရိုက္ အလုပ္ဗီဇာေလၽွာက္ထားရာတြင္လည္း ဒီေနထိုင္ခြင့္ျဖင့္ ဗီဇာ ရရွိတာ မ်ားပါတယ္။

ဒီအလုပ္ဗီဇာအမ်ိဳးအစားက ဘာလဲ ၾကည့္ၾကည့္ရေအာင္။

နယ္ပယ္အမ်ိဳးအစားပညာရပ္ဥပမာ အလုပ္အမ်ိဳးအစား
技術(ぎじゅつ) နည္းပညာ
Science
理系(りけい)နည္းပညာအတတ္ကိုေလ့လာထားသူသိပၸံနည္းပညာဆိုင္ရာ
System Engineer
Programmer
Designပိုင္း တီထြင္ေရးသားထုတ္လုပ္ျခင္း
အေဆာက္အဦးပုံစံဒီဇိုင္းဆြဲ၊တီထြင္ထုတ္လုပ္ျခင္း
စသည္
人文知識(အသိပညာ) B.Aဝိဇၨာဘြဲ႕ပိုင္းဆိုင္ရာ အသိပညာရပ္ေလ့လာထားသူစီးပြားေရး၊စီမံခန႔္ခြဲေရး၊စာရင္းအင္း၊အေထြေထြ႐ုံးလုပ္ငန္း၊မန္ေနဂ်ာ
ဘဏ္လုပ္ငန္း၊အႀကံေပး စသည္
国際業務(နိုင္ငံတကာစီးပြားေရးလုပ္ငန္း)ဝိဇၨာဘြဲ႕ပိုင္းဆိုင္ရာ အသိပညာရပ္ေလ့လာထားသူTranslator & Interpreter
Language Teacher
ေၾကာ္ျငာလုပ္ငန္း
ကုန္သြယ္ေရးလုပ္ငန္း
ဒီဇိုင္းပိုင္း
ကုန္ပစၥည္းထုတ္လုပ္မႈ တိုးတက္ေရး စသည္

အရင္ဆုံး ဂ်ပန္မွာ တကၠသိုလ္(သို႔) ဆန္းမြန္း ဘြဲ႕ရပညာသင္ေက်ာင္းသားမ်ား အလုပ္ဗီဇာ「技術、人文知識・国際業務」ကိုေျပာင္းတဲ့အခါ လိုအပ္တဲ့အခ်က္အလက္ေတြက

1. မိမိအလုပ္ေလၽွာက္ေသာအလုပ္က ဝန္ထမ္းအင္အားသင့္တင့္တဲ့ ကုမၸဏီ၊ အဖြဲ႕အစည္းႀကီးျဖစ္ရပါမည္။ တစ္ဦးတစ္ေယာက္ပိုင္ လုပ္ငန္းတြင္ အလုပ္ရသျဖင့္ ဗီဇာေလၽွာက္ထားလၽွင္ မရနိုင္ပါ။ ကုမၸဏီဝန္ထမ္းအင္အား ၂ေယာက္၃ေယာက္ပဲရွိတဲ့ ကုမၸဏီဆိုရင္ မရပါဘူး။

2. အလြန္လြယ္ကူေသာအလုပ္ (ဥပမာ-အခ်ိန္ပိုင္းအလုပ္သမားမ်ားလုပ္ေသာ အလုပ္ ကြန္ဗီနီစတိုးဆိုင္မွာ အေရာင္းစာေရးမအလုပ္တစ္မ်ိဳးတည္း)နဲ႔ဗီဇာေလၽွာက္လၽွင္ မရနိုင္ပါ။ အေရာင္းတင္မက ကြန္ဗီနီမွာ လုပ္ရမယ့္ပစၥည္းမွာျခင္း၊ Management လုပ္ျခင္းမ်ား ကို ပါ လုပ္ေဆာင္ရမည့္ စီမံေရး၊ႀကီးၾကပ္ေရးပိုင္းလို ဝန္ထမ္းအေနျဖင့္ အလုပ္ေလၽွာက္မွသာ ဗီဇာရနိုင္ပါမည္။

3. အလုပ္ခ်ိန္က သတ္မွတ္ႏႈန္းထားကို ျပည့္မီရပါမယ္။

မိမိသည္ စကားျပန္ရာထူးျဖင့္ အလုပ္ေလၽွာက္ခဲ့သည္ရွိေသာ္ ထိုကုမၸဏီတြင္ စကားျပန္အလုပ္မွာ တစ္ပတ္တစ္ခါ ေလာက္သာရွိပါက သာမန္ဝန္ထမ္းအလုပ္လုပ္ခ်ိန္တစ္ပတ္နာရီ၄ဝစာ အလုပ္မရွိ၍ ဗီဇာမက်နိုင္ပါ။ (အလုပ္ခ်ိန္တစ္ရက္ ၈နာရီဆိုရင္ တစ္ပတ္ကို နာရီ ၄၀ေက်ာ္က ပုံမွန္အလုပ္ခ်ိန္ျဖစ္ပါတယ္)

4. မိမိသင္ယူထားေသာ ပညာရပ္ႏွင့္ မိမိလုပ္ကိုင္မည့္အလုပ္ ကိုက္ညီမႈမရွိပါက လည္းဗီဇာမရနိုင္ပါ။

ဥပမာ- IT နဲ႔ေက်ာင္းၿပီးထားေသာ သူသည္ Sale&Marketing ရာထူးျဖင့္ဗီဇာေလၽွာက္ထားပါက မရရွိနိုင္ပါ။ သို႔ေသာ္ ဂ်ပန္နိုင္ငံ တကၠသိုလ္ဘြဲ႕ရ ႏွင့္ မိမိနိုင္ငံတြင္ ၄ႏွစ္တကၠသိုလ္ဘြဲ႕ရ ျဖစ္ပါက

မိမိနိုင္ငံမွ Business ဘြဲ႕ရထားတယ္ဆိုရင္ ေနာက္ဆုံးဂ်ပန္တြင္ ရထားေသာ ဘြဲ႕ (သို႔ ) မိမိနိုင္ငံမွယူလာေသာ ဘြဲ႕ ႏွစ္မ်ိဳးလုံးျဖင့္ ေလၽွာ့ေပါ့စဥ္းစားေပးပါသည္။

ဥပမာ- အိုင္တီနည္းပညာနဲ႔ဘြဲ႕ရထားေသာေက်ာင္းသားသည္ ကြန္ပ်ဴတာကုမၸဏီ တြင္ အေရာင္းအဝယ္ဌာန(အေရာင္းဝန္ထမ္း) တြင္အလုပ္ရရွိ၍ ဗီဇာေလၽွာက္ထားပါက မရနိုင္ပါ။ ကြန္ပ်ဴတာ ဆားဗစ္ဌာနအေနျဖင့္အလုပ္ေလၽွာက္ထားပါက ရရွိနိုင္ပါတယ္။ ထို႔အတူ စီးပြားေရးေက်ာင္းဆင္းက ကားျပင္ အလုပ္ျဖင့္ ဗီဇာေလၽွာက္ထားပါက မရနိုင္ပါ။ Management & Accounting , Marketing ျဖင့္ ဗီဇာေလၽွာက္ထားပါက ရရွိနိုင္ပါတယ္။

ဗီဇာေျပာင္းေလၽွာက္ထားရာတြင္ သတိထားရမည့္ အခ်က္မ်ား

🍀  မိမိေလၽွာက္ထားေသာ ကုမၸဏီတြင္ မိမိအတြက္ အလုပ္လုံေလာက္ေသာ ပမာဏရွိရပါမည္။

🍀  ဂ်ပန္လူမ်ိဳး ကိုယ္ႏွင့္ ပညာအရည္အခ်င္းတူေသာသူမ်ားႏွင့္ လစာတူရပါမည္။ အကယ္၍ မိမိက လစာနည္းေနပါက ဗီဇာမက်နိုင္ပါ။

🍀  မိမိရရွိထားေသာဘြဲ႕ႏွင့္အလုပ္တစ္ထပ္တည္းက်ရပါမယ္။

🍀  လုံေလာက္ေသာဝန္ထမ္းဦးေရရွိေသာ ကုမၸဏီ ျဖစ္ရပါမယ္။ ဝန္ထမ္းဦးေရမ်ားေသာ ကုမၸဏီ ႀကီးျဖစ္ပါက ဗီဇာရရန္ပိုေသခ်ာပါတယ္။

🍀  မိမိေနာက္ဆုံးတက္ခဲ့ေသာ ေက်ာင္း၏ စာေမးပြဲရလဒ္သည္လည္း ဗီဇာေလၽွာက္ထားရာတြင္ အေရးပါပါတယ္။ ေနာက္တစ္ခုကေတာ့ ေက်ာင္းေခၚခ်ိန္ပါ။ (ဗီဇာေလၽွာက္ထားတဲ့အခါ ေက်ာင္းေအာင္လက္မွတ္၊အမွတ္စာရင္းေတြႏွင့္တကြ တင္ေလၽွာက္ရတာပါ)

🍀  ေနာက္ဆုံးတစ္ခု အေရးႀကီးတာက လက္ရွိ ဂ်ပန္တြင္ေနထိုင္စဥ္တစ္ေလၽွာက္လုံး က်န္းမာေရးခြန္၊ ဝင္ေငြခြန္ အစရွိသည္တို႔ကိုလည္း ပုံမွန္ေဆာင္ထားေသာ ရိုးသားႀကိဳးစားသူမ်ား ျဖစ္ပါက စိတ္ေအးခ်မ္းသာစြာျဖင့္ ဗီဇာ ေလၽွာက္ထားနိုင္ပါတယ္။

ဂ်ပန္မွာ သက္ေမြးဝမ္းေက်ာင္းတတ္ၿပီး အလုပ္ဝင္ဖို႔ စိတ္ကူးထားရင္ ဒါေလးေတြ ဂ႐ုစိုက္ၾကဖို႔ မေမ့ပါနဲ႔ေနာ္။

သူငယ္ခ်င္းတို႔ အဆင္ေျပပါေစ။

Author Profile

Ever Smile
Ever Smile
☺️ဂ်ပန္မွာ ေနထိုင္စဥ္မွာ ၾကဳံေတြ႕ရတဲ့ အေတြ႕အၾကဳံ အခက္အခဲမ်ားႏွင့္ သာယာေပ်ာ္ရႊင္စရာမ်ားကို
ဂ်ပန္နဲ႔ပတ္သတ္တဲ့ သူမ်ားအားလုံး သိရွိနားလည္ေစေသာ ေစတနာျဖစ္ သိထားသေလာက္ ဗဟုသုတေလးမ်ားကို ေဝမၽွပါရေစေနာ္။😁
ကိုယ္တတ္စြမ္းသေလာက္ ဂ်ပန္ျမန္မာ ေပါင္းကူးတံတားတစ္စင္းအျဖစ္ တာဝန္ထမ္းေဆာင္ခ်င္ပါတယ္☺️
🍀🍀🍀